← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

အသက်နှစ်ရှိုက်စာ ကြာပြီးသည့်နောက် မည်သည့်လှုပ်ရှားမှုများ မရှိတော့ချေ။ လူများအားလုံးတို့သည် မျက်လုံးကို အသာဖြည်းညင်းစွာဖွင့်၍ ၎င်းတို့ကို မော့ကြည့်လိုက်၏။ သွေးနီရောင်ကဲ့သို့ ဖြစ်တည်နေသည့် မိုးကြိုးမြားများအားလုံးသည် ရုတ်တရက် မည်သူမျှ သတိမပြုမိလောက်သည့် အချိန်အတောအတွင်း ပျောက်ကွယ်သွားခဲ့၏။

နတ်ဘုရားကပ်ဘေးကြီးတစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ကောင်းကင်ကြီးတစ်ခုလုံးသည် ပြန်လည်ကာ ရှင်းလင်းလာခဲ့သည်။ “ငါမသေဘူးလား”

တစ်စုံတစ်ယောက်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ လှည့်ကြည့်လိုက်၏။ ပြီးနောက် အနီးအနားတွင် ရှိသည့် လူများကိုလည်း သေသေချာချာကြည့်ရှုနေ၏။ သူသည် အိမ်မက်မက် သကဲ့သို့ပင် ခံစားလျက်ရှိ၏။ တစ်ရက်အတွင်း သေခြင်းတရားကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရ၏။ တော်ရုံသတ္တိမကောင်းသည့် သူများဆိုပါက ဖြစ်တည်ခဲ့သည့်အခြေအနေများ၏အောက်တွင် သွေးပျက်၍ပင် သေဆုံးသွားနိုင်၏။

“ဒါ နတ်ဘုရားကပ်ဘေးကြီး မဟုတ်လား”

“ဖြစ်နိုင်တယ်”

“ဒီလိုအရာမျိုးမို့လို့ပဲ သူတော်စင်အဆင့် သတ်ဖြတ်ခြင်းအစီအရင်ကြီးကို ဘာမှအားစိုက်မထုတ်ရဘဲနဲ့ ဖျောက်ကွယ်ပစ်လိုက်တာကိုး”

“ဒါက မလွန်လွန်းဘူးလား”

“သူတော်စင်အဆင့် အစီအရင်လေးတစ်ခုပဲလေ။ အဲလောက်ကြီး အားသုံးဖျက်ဆီးစရာ လိုလို့လား”

“ဒါပေမဲ့ မင်းဘယ်လိုထင်နေလို့လဲ”

ဟူး

“အစီအရင်ကို ဖန်တီးခဲ့တဲ့လူက တကယ့်ကို ကြီးမားတဲ့ရည်မှန်းချက်ရှိပုံပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ နတ်ဘုရားကပ်ဘေးထဲကို ရောက်သွားတာပဲ။ သနားစရာကောင်းတယ်”

“နတ်ဘုရားကပ်ဘေးက အကြောင်းအရင်း မရှိဘဲ ပေါ်လာမှာမဟုတ်ဘူးလေ”

“အကြောင်းအရင်းမရှိဘဲ လုံးဝမပေါ်ဘူး။ ဖြစ်နိုင်တာက” လူတစ်ချို့သည် သက်မချလိုက်မိ၏။ သူတို့သည် ‌ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။

တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးအနှံ့တွင် နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်နိုင်သည့်လူဟူ၍ မည်သူမှမရှိနိုင်ပေ။ ဖြစ်နိုင်သည်မှာ ကောင်းကင် လျှို့ဝှက်နန်းဆောင်၏သခင်သာလျှင် ရှိ၏။ သို့ပေမဲ့ သူတို့ ဇဝေဇဝါ ဖြစ်တည်နေသည်မှာ တစ်ဖက်လူသည် အဘယ်သို့ နတ်ဘုရားကပ်ဘေးကြီးကို ဆွဲဆောင်နိုင်စွမ်း ရှိနေသည်နည်း။

“သတိထား”

အကြီးအကဲတစ်ယောက်၏ အမူအယာသည်လေးနက်သွား၏။ သူတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အတွင်းဘက်ဆီသို့ လှမ်းကာကြည်ရှုလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ သတင်းအချက်အလက်များအား သက်ဆိုင်ရာဂိုဏ်းဆီသို့ ပေးပို့လိုက်သည်။ ဤအရာ၌ သတင်းအချက်များတင်မကဘဲ ပုံရိပ်ယောင်မြင်ကွင်းများပင် ပါဝင်လျက်ရှိနေ၏။

သတင်းအချက်အလက်များ ပြန့်နှံ့သွားချိန်မှာတော့ အားလုံးသော သူတို့၏ နှလုံးသားထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် နေရာယူသွားခဲ့ပြီ ဖြစ်လေသည်။ သာမန်လူ တစ်ယောက်အနေဖြင့် အဘယ်သို့နတ်ဘုရားကပ်ဘေးကို ဆင့်ခေါ်နိုင်စွမ်း ရှိပေလိမ့်မည်နည်း။ စောဏက သူတော်စင်အဆင့် အစီအရင်ကို သုံးသပ်ရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်၏ အားအင်အဆင့်ကို အထင်အမြင်သေးခဲ့ပုံပေါ်၏။

အချိန်ခဏလောက်ကြာပြီးသည့်နောက် ကပ်ဘေးကြီးတစ်ခုလုံးသည် အလုံးစုံပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ လူနှစ်ယောက်သည် အလျှင်အမြန် ပြေးလာခဲ့ကြ၏။ နှစ်ယောက်လုံးသည် အကြီးအကဲများ ဖြစ်သည်။

တစ်ယောက်သည် ဖြူလျော်နေသည့် မျက်နှာနှင့်အတူ စုတ်ပြတ်သပ်လျက်ရှိနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ၎င်းသည် ဓားတစ်စင်းပေါ်သို့ လှမ်းတက်ကာ ရောက်ရှိလာခဲ့သည်။ လေဟာနယ်ထဲတွင် မတ်မတ်ရပ်ပြီးနောက် မျက်မှောင်ကုပ် လိုက်၏။

အခြားတစ်ဖက်မှာတော့ နဂါးဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ဖြစ်ပြီး သာမာန်ထက်ပို သော အော်ရာကို ထုတ်ဖော်လျက်ရှိ၏။ လှုပ်ရှားမှုတစ်ခုလုံးသည် တကယ်ပင် ဂုဏ်သိက္ခာ၌ ကြီးကျယ်မြင့် မြတ်ပုံပေါ်၏။

“ပိုင်ချမ်းဖန်”

ဓားကို စီးနင်းလာသည့် အဘိုးအိုသည် မျက်လုံးကို မှေးကျဉ်းစွာဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

“လုချန်းဂီ ခင်ဗျားအသက်ရှင်နေသေးတာလား” ပိုင်ချမ်းဖန်သည် အမှတ်မထင်မေးလိုက်၏။

“ခင်ဗျားတို့တောင်အသက်ရှင်သေးတာပဲ ကျုပ်က ဘာလို့သေရမှာလဲ” လုချန်းဂီသည် အေးစက်စက် ပြောလိုက်သည်။

၎င်းတို့နှစ်ယောက်သည် သိဟောင်းကျွမ်းဟောင်းများသာဖြစ်၏။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော် တုန်းက ပိုင်ချမ်းဖန်သည် တော်ဝင်ရင်နိုင်ငံတော်၏ အင်ပါယာ ဖြစ်ခဲ့သည့်အချိန်တွင် ကြီးမြတ်လှသည့် ရည်မှန်းချက်တည်ရှိခဲ့၏။ ထို့ကြောင့် သူသည် တော်ဝင်ရင်နိုင်ငံကို ဦးဆောင်ကာဖြင့် အရာအားလုံးကို ဝါးမျိုလွှမ်းမိုးနိုင်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေနှင့် တော်ဝင်ဓားဂိုဏ်း တို့နှင့် ကတောက်ကဆများ ဖြစ်တည်ခဲ့ဖူး၏။

“ဟမ့်”

ပိုင်ချမ်းဟန်သည် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးနောက် ထူးမခြားလှသလို ပြောလိုက်သည်။ “အခုအချိန်မှာ ခင်ဗျားနဲ့ ငြင်းဖို့အတွက် အချိန်မရှိဘူး၊ ဒီကိုလာရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ တူတူပဲ နေလိမ့်မယ်”

လုချန်းဂီသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ သူသည် နည်းဗျူဟာရှိရှိနှင့် သဘောတူညီလိုက်၏။

“ဘာတွေအဖြေရှာပြီးပြီလဲ” ပိုင်ချမ်းဟန်က ထပ်မံကာ မေးမြန်းလိုက်၏။

“သူတော်စင်အဆင့် အစီအရင် .... နတ်ဘုရားကပ်ဘေး” လုချန်းဂီသည် ဤစကားတစ်ခုကိုသာ ပြောဆိုလိုက်၏။ သူမြင်သည့် ကိစ္စရပ်များအားလုံးကို ပိုင်ချမ်းဖန်လည်း မြင်ခဲ့သည်မှာသေချာသည်။

“တစ်စုံတစ်ယောက်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရင်ဆိုင်ဖို့အတွက် ဒီနေရာမှာ အစီအရင်တစ်ခုကို ဖန်တီးခဲ့တယ်။ မထင်မှတ်ထားလောက်အောင်ပဲ တစ်ဖက်လူက နတ်ဘုရား ကပ်ဘေးကြီးကို ဆွဲခေါ်ခဲ့တယ်။ ဒါကြောင့် အစီအရင်ကြီးတစ်ခုလုံး ပျက်စီးသွားခဲ့တယ်” ပိုင်ချမ်းဖန်သည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်၏။

၎င်းသည် လက်ဝါးကို အသာဆန့်တန်းပြီးသည့်နောက် နတ်ဘုရား ရွှေရောင်ပစ္စည်းစတစ်ခုကို လှမ်းကာ ဆွဲယူလိုက်၏။ သူသည် သေသေချာချာကြည့်ရှုပြီးသည့်နောက် လက်ငါးချောင်းကို အသာပိတ်ကာဖြင့် ထိုအရာကို အမှုန့်ကဲ့သို့ဖြစ်အောင် ချိုးခြေလိုက်တော့၏။ ဤအရာသည် အစီအရင်ပစ္စည်းတစ်ခုရှိ၏။ သူ၏ အမြင်အရဆိုလျှင် ဘာတစ်ခုမှ သဲလွန်စမရှိချေ။ ထို့ပြင် ယခင်အစီအရင်ကြီးသည် နတ်ဘုရားကပ်ဘေး၏ အောက်တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်သောကြောင့် မည်သည့်သဲလွန်စမှ မကျန်တော့ချေ။ နောက်ကွယ်တွင် ရှိနေသည့်လူကို သူတို့အဖြေရှာမရနိုင်ပေ။

“တော်ဝင်ရင်နိုင်ငံတော်က ဘယ်လိုဖြစ်ပြီး ဒီကိစ္စမှာ ပါလာတာလဲ”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဒီနေရာမှာရှိနေတယ်လေ၊။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သတ်ဖြတ်ခြင်း အစီအရင်ကို ဖန်တီးခဲ့တယ်ဆိုတော့ လွန်လွန်းတယ်။ တော်ဝင်ရင်နိုင်ငံတော်အနေနဲ့ ဘာတစ်ခုမှ ကာကွယ်ပေးနိုင်တဲ့ပုံမပေါ်ဘူး” လုချမ်းဂီသည် ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ကျုပ်သွားရမယ်၊ ပြီးတော့ နန်းဆောင်သခင်ကို ကျုပ်တို့တော်ဝင် ဓားဂိုဏ်းဆီကို ပြောင်းရွှေ့ဖို့အတွက် သွားပြီး ဖိတ်ခေါ်မှဖြစ်မယ်။ ဒါဆိုရင် ဒီနေ့လိုမျိုးအဖြစ်မျိုး ဘယ်တော့ မှဖြစ်လာမှာမဟုတ်ဘူး”

“လုပ်ရဲလား”

ပိုင်ချမ်းဖန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။ သူတော်စင်ဘုရင် တစ်ယောက်၏ အရှိန်အဝါများသည် ရုတ်တရက်ဆိုသလိုပဲ ဖြစ်တည်လာခဲ့၏။ ဤအရာသည် တော်ဝင်သဲကန္တာရမြို့ ဖြစ်၏။ သူ၏ပိုင်နက်လည်း ဖြစ်လို့နေခဲ့၏။

“အတိတ်တုန်းက ဒါက တော်ဝင်ရင် နိုင်ငံတော်ရဲ့ဌာနေပဲ၊ ဒါပေမဲ့ ဒီနေ့ချိန်မှာတော့ ကျုပ်ကိုယ်တိုင်လာခဲ့ပြီ” ပိုင်ချမ်းဖန်သည် လေးနက် တည်ကြည်စွာ ပြောလိုက်၏။

“ခင်ဗျားတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလေ။ ကျုပ်တို့ပူးပေါင်းလိုက်ရင်ရော” လုချမ်းဂီသည် သေသေချာချာ ပြောဆိုလိုက်၏။

“ဟမ့်” ပိုင်ချမ်းဖန်၏ မျက်လုံးများသည်ကျဉ်းမြောင်းသွားခဲ့၏။ သူသည်သဘောမတူသလိုပင်။ သူ့အနေနှင့် ဤလူကို မောင်းထုတ်လိုက်ချင်၏။ သို့ပေမဲ့ သူ၏ကိုယ်ပိုင် အားအင်အဆင့်ကို သုံးသပ်လိုက်သည့် အချိန်မှာတော့ သူသည် အဆင့်တူချင်းတွင်ရှိနေသည့် လုချမ်းဂီကို ယှဉ်ပြိုင် နိုင်လိမ့်မည် မဟုတ်ကြောင်းကို လက်ခံလိုက်ရ၏။

လုချမ်းဂိသည် ပိုင်ချမ်းဖန်ကို လှမ်းကြည့်လိုက်၏။ သူ၏ အမူအယာသည် မပြောင်းလဲပေ။ ခပ်ဝေးဝေးဆီသို့ လျှောက်သွား၏။ လက်ရှိအခြေအနေမှာတော့ သူ့၌ အဓိကတာဝန်ကြီးတစ်ခုသာရှိ၏။ သူသည် တော်ဝင်ဓားဂိုဏ်းကို ကိုယ်စားပြုသည်သာမက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ခဲ့ခြင်းပင် ဖြစ်သည်။ တော်ဝင်သူတော်စင်ဖြစ်နိုင်သည့် အခွင့်အရေးကို ဝယ်ယူရန် အခွင့်အရေးလည်း သူ့၌ရှိသည်။

ဟုတ်ပေ၏။ တော်ဝင်သူတော်စင်၊ သူတို့တော်ဝင်ဓားဂိုဏ်းသည် တော်ဝင် သူတော်စင် တစ်ယောက် လိုအပ်လျက် ရှိ‌နေ၏။ ဤအရာသည် အချိန်အတော်ကြာ တည်ရှိ၍ မဖြစ်နိုင်သော အားနည်းမှုတစ်ခုပင် ဖြစ်လေ၏။

သူတော်စင်ဘုရင် နှစ်ယောက်သည် တော်ဝင်သဲကန္တာရမြို့သို့ လှမ်းဝင်လိုက်သည့်အချိန်မှာတော့ မိုင်ထောင်ချီ အဝေးတွင် ရှိနေသည့် ကြက်သွေးရောင် မီးတောက်နတ်နယ်မြေရဲ့ အဓိကဟောခန်းထဲမှာတော့ ဝိညာဉ်ကျောက်စိမ်းများကို ထားသိုထား၏။

ခရက် ခရက် ခရက်

ကွဲကြေသည့် အသံနှစ်ခုထွက်ပေါ်လာခဲ့ပြီး ကျောက်စိမ်းပြားနှစ်ခုသည် အက်ကွဲကြောင်းများ ဖြစ်တည် လာခဲ့၏။ နတ်ဘုရားအလင်းတန်းများ မှေးမှိန်သွားခဲ့ပြီးသည့်နောက် ဟောခန်းကို စောင့်ကြပ်ရန် တာဝန်ယူ ထားသော တပည့်များအားလုံးသည် ကြောင်အသွားခဲ့သည်။

၎င်းတို့သည် ကျောက်စိမ်းပြားနှစ်ခုကို လှမ်းကြည့်လိုက်ပြီးသည့်နောက် မျက်နှာသွင်ပြင်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။ အချိန်အတော်ကြာ ပြီးသည့်နောက် သူတို့သည် သတိပြန်ဝင်လာ၏။ ထို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်မိကြ၏။ “ပြဿနာတက်ပြီ။ နတ်အရှင်နဲ့ နတ်သားတော်တို့ သေဆုံးသွားခဲ့ပြီ”

All Chapters