အခန်း (၃၁၆)
Vol. 22 Ch. 316
တစ်လခန့် ကြာပြီးသည့်နောက် ခရမ်းရောင် နက်နဲလောကနှင့် ကောင်းကင်မူလလောက ချိတ်ဆက်ထားသည့် တည်နေရာတွင် လူပေါင်းများစွာတို့ ရှုပ်ထွေးလျက် ရှိနေ၏။ တော်တော်များများတို့သည် တည်နေရာ ဖြတ်သန်းကာ ရောက်ရှိလာကြ၏။ ထိုသူများသည် မြေအင်မော်တယ်လောကမှ ဖြစ်ပြီး ခရမ်းရောင် နက်နဲလောကမှတဆင့် ကောင်းကင်မူလလောကကြီးထဲသို့ လာရောက်ကြခြင်း ဖြစ်၏။ တစ်ယောက်ချင်းစီတိုင်းသည် ကိုယ့်အကြံအစည် နှင့် ကိုယ်ပင်။
ကွာစီအင်ပါယာတစ်ယောက်သည် ခရမ်းရောင်နက်နဲကြယ် တည်နေရာထဲတွင် အင်ပါယာဖြစ်လာသည်ကို သိရှိပြီးသည့်နောက် အင်ပါယာတစ်ယောက်ဖြစ်ရန်မှာ လွယ်ကူသည်မဟုတ်ကြောင်း သိရှိသော သူအားလုံးအတွက် အံ့အားသင့်စရာ ဖြစ်လာခဲ့၏။ အကုန်လုံးသည် တကယ်ပင် အံချီးနဘမ်းဖြစ်နေကြသည်။
ဖန်းဟန် အဆင့်နိမ့်နယ်မြေဆီသို့ ဆင်းသက်လာကြောင်း သိရှိပြီးနောက် ဤနှစ်ခုကြားတွင် သူတို့က ခန့်မှန်းမိခဲ့ကြ၏။ လက်ရှိအချိန်မှာတော့ လူပေါင်းများစွာတို့သည် ကောင်းကင် မူလလောကကြီးဆီသို့ ရောက်ရှိလာကြပြီး ခရမ်းရောင်နက်နဲလောကထဲတွင် အင်ပါယာဖြစ်ခဲ့သူကို သိချင်မိကြ၏။ သို့ပေမဲ့ သူတို့မထင်မှတ်ထားအောင်ပင် အချိန်အတော်ကြာအောင် မေးမြန်းပြီးနောက် ကောင်းကင် မူလလောကကြီးထဲရှိ တစ်ချို့သော သာမန်ကျင့်ကြံသူများသည် ခရမ်းရောင်နက်နဲလောကကြီးကို ဖြတ်သန်းပြီး အင်ပါယာ ဖြစ်လာခဲ့သူမှာ မည်သူဖြစ်မှန်း မသိရှိခဲ့ကြချေ။
တော်တော်များများသည် တခြားသောလောကထဲတွင် သူတို့ကျင့်ကြံသူတစ်ယောက် အင်ပါယာဖြစ်ခဲ့သည်ကို သိရှိပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ကာပင် မေးမြန်းလျက် ရှိနေသေး၏။
ရလာဒ်အားဖြင့် မြေအင်မော်တယ်လောကမှ လူများသည် ကြောင်တောင်တောင်နှင့်ပင် ခံစားနေမိကြ၏။ ဤလောကကြီးသည် ဘာတွေဖြစ်နေသနည်း။ သူတို့၏ လောကထဲတွင် ရှိနေသည့် လူတစ်ယောက်သည် ခရမ်းရောင် နက်နဲလောကထဲသို့ သွားရောက်၍ အင်ပါယာဖြစ်ခဲ့၏။ သို့ပေမဲ့ ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် သူများသည် အဘယ့်ကြောင့် ထိုသတင်းကို မသိရှိရသနည်း။
ဤအရာသည် ၎င်းတို့၏ အပြစ်တော့ မဟုတ်ချေ။ မု့န်ရှင်းကျီ သည် အင်ပါယာ ဖြစ်လာပြီးနောက် နဂါးအင်ပါယာ ကဲ့သို့ ဟိတ်ကြီးဟန်ကြီး မလုပ်ခဲ့ချေ။ ၎င်းသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ဖန်းဟန်နှင့်အတူ သိုသိုသိပ်သိပ် ပြန်လာခဲ့သည်။ ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူပြီးနောက် ခရမ်းရောင် နက်နဲလောကကြီးဆီသို့ ထပ်သွားကာ ပြဿနာရှာခဲ့၏။ အင်ပါယာဖြစ်လာပြီးနောက် သုသည် ကောင်းကင်မူလလောကကြီးထဲတွင် နှစ်နာရီကြာသာ နေထိုင်ခဲ့၏။
တခြား မည်သည့်နေရာကိုမှ မသွားခဲ့ချေ။ မုန့်ရှင်းကျီ အင်ပါယာ ဖြစ်လာသည်ကို ပြင်ပလူများ သိရှိသည်ဆိုမှသာ အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။
"အင်ပါယာဖြစ်လာခဲ့တာ ဘယ်သူလဲ"
ကျောက်စိမ်း ရထားလုံးကြီးပေါ်တွင် ထိုင်နေသောသူသည် မျက်မှောင်ကုတ်ကာဖြင့် အင်ပါယာဆက်ခံသူစာရင်း ဟူသော ကျောက်စိမ်းပြားကို အသာကြည့်ရှုနေ၏။ ရောမ ရောက်လျှင် ရောမလို ကျင့်ရမည်ဖြစ်သည်။ ကောင်းကင်မူလလောကထဲတွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူသည် အခြားသော အရာများကို မသင်ယူထားလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဟူသော အရာကိုတော့ ကောင်းကောင်း သိရှိနေပြီ ဖြစ်၏။
အင်ပါယာဆက်ခံသူစာရင်းကို လူသားအားလုံး ရရှိခဲ့သည် ဖြစ်သောကြောင့် သူသည်လည်း ရရှိရန် မခက်ခဲချေ။ စာရင်းထဲတွင် အဆင့်လေးနေရာတွင် ရှိနေသည့် နဂါးအင်ပါယာသည် ပထမသုံးယောက်ကို ကျော်ဖြတ်ကာဖြင့် အင်ပါယာအရင်ဆုံး ဖြစ်ခဲ့၏။ သူ၏ နောက်တွင်တော့ ကွာစီအင်ပါယာများ တန်းစီလျက် ရှိနေလေ၏။ ခရမ်းရောင် နက်နဲလောကကြီးထဲတွင် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့သူမှာ နဂါးအင်ပါယာဖြစ်ကြောင်း အားလုံးက သိရှိသည် ဆိုသော်လည်း ၎င်းအင်ပါယာဖြစ်လာခဲ့သည့် တည်နေရာသည် ခရမ်းရောင် နက်နဲလောကကြီး၏ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ထိုကြောင့် မတူညီကြောင်း သိရှိပြီး ဖြစ်သည်။ ပြောရမည်ဆိုလျှင် အင်ပါယာဆက်ခံခြင်း စာရင်းတွင်မပါ ဝင်သော လူတစ်ယောက်သည် ကွာစီအင်ပါယာများကို ကျော်ဖြတ်ကာဖြင့် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုသူသည် အင်ပါယာတစ်ယောက် ဖြစ်လာခဲ့ပြီးနောက် အားလုံး၏ အမြင်အောက်မှ ပုန်းအောင်းလျက် ရှိနေသည်။ သူတို့သည် အင်ပါယာဖြစ်လာသည့်လူ ကို ရှာဖွေ့မတွေ့ရှိပါက ဖန်းဟန်ကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူချေ။
"နတ်သားတော်"
ဘေးတစ်ဖက်ရှိ အဖြူရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်း ကွာစီအင်ပါယာသည် ကျောက်စိမ်းပြားကို ကိုင်ထား၏။ သူသည် ခေါင်းကိုငုံ့ကာဖြင့် စဉ်းစားလျက် ရှိနေ၏။
"လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာနဲ့ တိုက်ခိုက်ခဲ့တဲ့လူက ဖန်းဟန်နဲ့ ဆက်စပ်နေတယ် ထင်လား"
ဖန်းဟန်၏ အော်ရာများနှင့် ဆက်စပ်နေသည့် ထိုသူသည် မည်သည့် အရာကိုမှ မလျှို့ဝှက်ခဲ့ချေ။ ဝှက်ဖဲ အကုန်လုံးကို ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ဖန်းကလန်၏ နတ်ဘုရားအတတ်ပညာနှင့် ပေါင်းစပ်ကာ အကျယ်တဝင့်ပင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
"အဲလူက ဖန်းဟန်ဖြစ်လိမ့်မယ်လို့ သံသယမဝင်ဘူးလား"
အဖြူရောင်ဝတ်စုံနှင့်လူက အေးစက်စက် ပြောလိုက်၏။ သူ၏ တွက်ချက်မှုသည် ယုတ္တိတော့ မတန်လှချေ။ ဖန်းဟန်သည် ကောင်းကင်ကို ငြင်းပယ်ကာဖြင့် ရုတ်တရက်ကြီး အင်ပါယာဖြစ်သွားသည်လား။
"မဖြစ်နိုင်ဘူး"
သတ်လတ်ပိုင်းလူသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။
"ဖန်းဟန်နဲ့ အဲအင်ပါယာက ပတ်သက်နေလိမ့်မယ်လို့ ကျုပ် သံသယ ဝင်မိတယ်။ ပြီးတော့ တိုက်ခိုက်တဲ့အချိန်မှာ လွင့်မျော တိမ်တောင်ကို ပစ်မှတ်ရုံတင်မကဘူး အင်မော်တယ်နန်းတော်၊ ပြီးတော့ ထိုက်ချူတောင်တန်းက လူတွေကိုလည်း ပစ်မှတ်ထားခဲ့သေးတယ်။ ဒီကိစ္စက တစ်ခုခုတော့ တစ်ခုခုပဲ"
မြေအင်မော်တယ်လောကကြီး၌ ဤဂိုဏ်းသုံးခုတို့သည် ဖန်းကလန်ကို ဝိုင်းဝန်းကာ တိုက်ခိုက်ခဲ့ကြောင်း အားလုံး သိရှိပြီးဖြစ်၏။ အဓိကလက်သည် သည် လွင့်မျောတိမ်တောင် ဖြစ်ပြီး ဖန်းကလန်မှ လူပေါင်းတစ်သောင်းကျော် တို့သည် လွင့်မျောတိမ်တောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖန်းဟန်နှင့် ၎င်း၏ ကာကွယ်စောင့်ရှောက်သူ သာလျှင် သေဘေးမှ မနည်းလွတ်အောင် ပြေးခဲ့ရ၏။
ယခု ဖန်းကလန်၏ နည်းစနစ်များကို အသုံးပြုနိုင်သည့် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာပြီး ထိုဂိုဏ်းသုံးဂိုဏ်းမှ လူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၏။ အဖြစ်အပျက်များ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက် မရှိဟု ပြောဆိုပါက ယုံကြည်ရန် ခက်ပေလိမ့်မည်။
အဖြူရောင်ဝတ်စုံနှင့်လူသည် ကျောက်စိမ်းပြားကို အသာသိမ်းလိုက်၏။ သူသည် တွေဝေငေးငိုင်လျက် ရှိနေတုန်းပင်။ သူသည် ထိုင်ခုံလက်ရန်းအား လက်ချောင်းများနှင့် တတောက်တောက် ခေါက်ရင်းမှ ဖြေးညှင်းစွာ ပြောလိုက်သည်။
"ဖန်းဟန်က နက်နဲကြယ်တည်နေရာထဲမှာ အင်ပါယာ ဖြစ်ခဲ့တဲ့လူ လက်ထဲ ရောက်နေတာ မဟုတ်ဘဲ တခြား တော်ဝင်အင်ပါယာလက်ထဲကို ရောက်နေတာလည်း ဖြစ်နိုင်တယ်"
"ဒီဖြစ်နိုင်ချေကို ဖယ်ရှားလို့တော့ မရဘူး" သက်လတ်ပိုင်း ကွာစီအင်ပါယာသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
တော်ဝင်အင်ပါယာတစ်ယောက်၏ အော်ရာများကို ထုတ်ဖော်ရန်မှာ လွယ်ကူသော်လည်း ဖန်းကလန်၏ တိုက်ခိုက်ချက်များကို ထုတ်ဖော်ရန်မှာတော့ ခက်ခဲလှချေ၏။ တော်ဝင်အင်ပါယာတစ်ယောက်အနေဖြင့် ဖန်းကလန်၏ နည်းလမ်းများကို သင်ယူရန်မှာ လွယ်ကူလှမည် မဟုတ်ချေ။ နတ်ဘုရားအတတ်ပညာများကို တစ်ချက်ကြည့်လိုက်ရုံနှင့် ကျွမ်းကျင်သွားသည့် သူများရှိကြောင်း သူတို့ သိရှိ၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ပါရမီရှင် ဆိုသည်မှာ တစ်ရာတွင် တစ်ယောက်သာ ရှိပေလိမ့်မည်။
"အခြေအနေက နည်းနည်းတော့ ရှုပ်ထွေးလိမ့်မယ်" အဖြူရောင်ဝတ်စုံနှင့်လူက တီးတိုးရေရွတ်လိုက်၏။
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် တကယ်ပင် စွမ်းအားမြင့်လွန်းလှ၏။ တော်ဝင်အင်ပါယာများ ကြားထဲတွင် မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်၏။ တကယ်ကို စွမ်းအားမြင့်လှသည့်လူများနှင့် ရင်ဆိုင်ရာတွင် အလုံးစုံ သုတ်သင်နိုင်သူဖြစ်၏။ သို့ပေမဲ့ ယခု ရှုံးခဲ့ပြီဖြစ်၏။ ယှဉ်ပြိုင် တိုက်ခိုက်ရာ၌ တစ်နာရီပင် မခံခဲ့ချေ။
ကြည့်ရသည်မှာ လာရောက်တိုက်ခိုက်ခဲ့သော အင်ပါယာသည် ခန့်မှန်း၍မရအောင် အားကောင်းသည့် အဆင့်သို့ ရောက်ရှိသည့်ပုံပင်။ တော်ဝင်အင်ပါယအဆင့်၏ ထိပ်ဆုံး၌ပင် ရောက်ရှိနေနိုင်၏။ မည်မျှကြောက်မက်ဖွယ်ရာ ကောင်းလှသနည်း။
သို့ပေမဲ့ ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အဆင့်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရချိန်တွင် လွင့်မျောတိမ်တောင်၏ အင်ပါယာသည် အဘယ့်ကြောင့် ထွက်ပြေးရန် နည်းလမ်းကို မရွေးချယ်ရသနည်း။
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် ဦးနှောက်ပျက်သွားသောကြောင့် မိမိ မနိုင်နိုင်သော အင်ပါယာကို အသက်အသေခံ၍ ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်လား။ မဟုတ်နိုင်ချေ။ ဦးနှောက်ပျက်သွားသည် မဟုတ်ပါက ထွက်ပြေး၍ မရနိုင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် တော်ဝင်အင်ပါယာတစ်ယောက်ကို ချုပ်ထိန်းထားဖို့ ဆိုလျှင် အမှောင်ထဲတွင် ပုန်းအောင်းနေသော နောက်ထပ် အင်ပါယာတစ်ယောက် ရှိရပေဦးမည်။
ဖန်းကလန်တစ်ခုလုံး သုတ်သင်ရှင်းလင်းခံရပြီးနောက် တော်ဝင်အင်ပါယာနှစ်ယောက် ပါဝင်ပတ်သက် လာခြင်းသည် တကယ်ကို ကြောက်မက်ဖွယ်ရာ ဖြစ်လာခဲ့၏။
" ဖန်းဟန် ဘယ်လိုများ ဒီကိစ္စကို လုပ်ခဲ့တာလဲ။ " အဖြူရောင်ဝတ်စုံနှင့်လူက စဉ်းစားလိုက်သည်။
သူ၏ လက်ရှိအခြေအနေအရနှင့် သွားရောက် ရင်ဆိုင်လျှင်ပင် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားနိုင်ကြောင်း သူ သိရှိသည်။
အဆင့်နိမ့်နယ်မြေဆီသို့ ရောက်ရှိခဲ့သည်မှာ ဆယ်ရက်သာ ကြာမြင့်သေးသော်လည်း ဖန်းဟန်သည် တော်ဝင်အင်ပါယာနှစ်ယောက်၏ အကူအညီကို ရရှိခဲ့ပြီ ဖြစ်၏။ ၎င်း၏ အမွေအနှစ်များကို တစ်ဖက်လူများအား ပေးအပ်လိုက်သည်လား။ ထိုသို့သာ ဖြစ်နိုင်ချေရှိ၏။ တော်ဝင်အင်ပါယာနှစ်ယောက်သည် ဘာအကျိုးအမြတ်မှ မရရှိဘဲနှင့် ဖန်းဟန်ကို ကူညီလိမ့်မည် မဟုတ်ချေ။