← Chapters

အပိုင်း (၃၄၂)

Vol. 23 Ch. 342

အပိုင်း (၃၄၂)

Vol. 23 Ch. 342

လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်ဟူသော စာတမ်းသည် အားလုံးသော သူတို့၏ နှလုံးသားများကို လှုပ်ခါသွားစေခဲ့၏။ အားလုံးသောကျင့်ကြံသူတို့သည် ၎င်းတို့၏ လောကကြီးနှင့် တခြားသော လောကကြီးများ အကြောင်းကို အနည်းငယ်တော့ သိရှိကြ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အားလုံးသောသူတို့၏ လောကကြီးကို သေသေချာချာ သိရှိသွားသလိုပင်။

နန်းဆောင်သခင်သည် လောကကြီး၏ ပါရမီရှင်စာရင်း အသီးသီးကို ထုတ်ဖော်ခဲ့၏။ ဤအရာသည် တိကျသည့် အရာပင် ဖြစ်၏။ ဝိညာဉ်လောက၊ ငရဲလောက တခြားသော လောကများပင် ပါဝင်နေ၏။ ဤအားနည်းလှသည့် လောကတို့သည် ထည့်ထွက်ထားသောကြောင့် လောကအသီးသီးဟူသော စကား သုံးစွဲထားခြင်း ဖြစ်ပုံပင်။

"နန်းဆောင်သခင်ကို ကြည့်ရတာ တကယ်ကို ကြီးမားတဲ့ အရာတစ်ခုခု ပြုလုပ်တော့မယ့် ပုံပဲ" တော်တော်များများသည် တွေးတောလိုက်မိကြ၏။

"ဟုတ်တယ်"

သူတော်စင်တစ်ယောက်သည် ခေါင်းညိတ်လိုက်၏။ သူသည် လေဟာနယ်ထဲကို လှမ်းကြည့်ပြီးနောက် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်လာခဲ့သည်။

"ဆန်းကြယ်လွန်းပါတယ်ဆိုတဲ့ မြေအင်မော်တယ် လောကကြီးတောင်မှ နန်းဆောင်သခင်ရှေ့မှာ လျှို့ဝှက်ချက် မရှိတော့ဘူး။ မြေအင်မော်တယ် လောကကြီးက နာမည်နဲ့ ထိုက်တန်တဲ့ အင်မော်တယ်တွေ ရှိတယ်။ အဲလောကရဲ့ ရန်ကျန့်က အထင်သေးလို့ရတဲ့ လူမျိုး မဟုတ်ဘူး။ သူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ရောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်။ ခြေတစ်လှမ်းသာ လှမ်းနိုင်မယ်ဆိုရင် သူက ကောင်းကင်သဘာဝ အဆင့်ကိုတောင် ရောက်ရှိသွားနိုင်တယ်" တခြားသော အင်မော်တယ် တစ်ယောက်သည် အံ့အားသင့်ဖွယ် ချီးကျူးပြောဆိုလိုက်၏။

ကောင်းကင်အသွင်ပြောင်းလဲခြင်း အဆင့်၊ ကောင်းကင်သဘာဝ အဆင့် ကောင်းကင်မူလလောကကြီး အတွက်တော့ ဤအရာသည် ပါရမီရှင်စာရင်းထဲတွင် ရှိနေသည့် အရာသာ ဖြစ်လေ၏။ မည်သည့်ဂိုဏ်းထဲကိုဝင်ဝင် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရမှာ ဖြစ်၏။ ဂိုဏ်းတစ်ခုသည် အဆင့်နိမ့်ပါးနေပါက ထိုကဲ့သို့သော သူသည် အကြီးအကဲတစ်ယောက်ပင် ဖြစ်နိုင်သေး၏။ မြေအင်မော်တယ် လောကကြီးထဲတွင်တော့ ရန်ကျန့်သည် လူငယ်ပါရမီရှင်မျိုးဆက်အဖြစ် သတ်မှတ်၍သာရ၏။ တကယ်ကို အံ့အားသင့်စရာပင်။

"နောက်ဆုံးမှာတော့ ကောင်းကင်မူလလောကကြီးက မြေအင်မော်တယ် လောကကြီးတဲ့ နှိုင်းယှဉ်ရင် အများကြီး လိုသေးတယ်" တစ်စုံတစ်ယောက်သည် ခေါင်းကိုယမ်းခါဖြင့် ပြောဆိုလိုက်မိသည်။

ယုရှင်းချန်ကဲ့သို့သော ပါရမီရှင်ပင်လျှင် ရန်ကျန့်ကို မယှဉ်ပြိုင်နိုင်ခဲ့ချေ။ လောကကြီးနှစ်ခုကြား ကွာခြားချက် သည် တကယ်ပင် ခြားနားလွန်းလှ၏။

ကောင်းကင်မူလလောကကြီးသည် မြေအင်မော်တယ် လောကနှင့်ယှဉ်လျှင် တကယ်ကိုပင် လိုအပ်ချက်များ ရှိနေ၏။ စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်မှုကိုလည်း မယှဉ်နိုင်ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်ကို လိုက်မှီနိုင်ဖို့ ဆိုသည်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ကံကောင်းစွာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကြောင့် ကောင်းကင်မူလလောကကြီးရှိ ပါရမီရှင်များသည် တိုးတက်လာခဲ့၏။ လက်ရှိအချိန်ရှိ ပါရမီရှင်များ၏ စာရင်းအသီးသီးတွင် ယုချင်းရှန်သည် ပထမနေရာ၌ ရှိလို့နေခဲ့ပြီး လက်ကျန် ဆယ့်ကိုးယောက်မှာတော့ မြေအင်မော်တယ် လောကမှ ပါရမီရှင်များ ဖြစ်၏။ ပထမနှစ်ဆယ့်တစ်ယောက်မြောက်နေရာတွင်မှ ရှုပ်ထွေးလူဝုကလန်၏ ပါရမီရှင်က ပေါ်လာ၏။

တခြားသူများအားလုံးတို့သည် သုံးဆယ်ကျော်နောက်သို့ပင် ရောက်ရှိနေ၏။ သုံးဆယ်ကျော်စာရင်းတွင် ကောင်းကင်မူလလောကမှ နှစ်ယောက်သာလျှင်ပါရှိပြီး ကျန်သူများမှာ မြေအင်မော်တယ်လောကမှ ပါရမီရှင်များသာ လျှင် ဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်အဆင့်ပင်။ ထိပ်ဆုံးသုံးဆယ် စာရင်း သည် သန္ဓေပါရမီချင်း ကွာခြားလှသည့် လူများမဟုတ်ကြချေ။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ပိုမိုအားကောင်းသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသောကြောင့် ရီချန်နှင့် တခြားသူများ မယှဉ်နိုင်ခဲ့ခြင်း ဖြစ်၏။ ထိုသူများကို အမှီလိုက်နိုင်ရန်အတွက် ၎င်းတို့သည် သက်ဆိုင်ရာ အရင်းအမြစ်ကို အသုံးပြုရပေမည်။

"မြေအင်မော်တယ် လောကကြီးက တကယ့်ကို ကြောက်ဖို့ကောင်းတယ်။ ထိပ်ဆုံးသုံးဆယ်ထဲမှာ နှစ်ဆယ့်ရှစ်ယောက်စာ နေရာ ယူထားတာပဲ" လူတော်တော်များများတို့သည် တုန်လှုပ်စွာဖြင့် ကြည့်ရှုနေမိ၏။

"တာအိုရောင်းရင်းတို့ စိတ်ဓာတ်မကျကြနဲ့။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ပထမအဆင့်က ကျုပ်တို့ ကောင်းကင်မူလလောကကြီးက ယုရှင်းချန် ရဲ့ လက်ထဲမှာပဲ ရှိနေတာ မဟုတ်လား။ "

တစ်စုံတစ်ယောက်က ဝင်ရောက်ကာ နှစ်သိမ့်ပေးလိုက်၏။ ယနေ့အချိန်မှာတော့ ယုရှင်းချန်သည် အားလုံးက တွက်ချက်ထားသည့် အတိုင်းပင် သာမန်ထက်ပိုသော အရည်အချင်းဖြင့် အားလုံး၏ အထက်တွင် တည်ရှိလို့နေခဲ့၏။ တကယ့်ကို တန်ဖိုးထားရလောက်သည့် ကျင့်ကြံသူတစ်ယောက်ပင်။

မူလအားဖြင့် တစ်ချို့သောဂိုဏ်းများသည် သူတို့၏ ဂိုဏ်းထဲသို့ ယုရှင်းချန်ကို ခေါ်ယူရန် စိတ်ဝင်တစား ဖြစ်ခဲ့၏။ သို့ပေမဲ့ ခွန်းလွန် လေဟာနယ်ထဲတွင် အင်ပါယာအမျိုးသမီးတစ်ယောက် ပေါ်ပေါက်လာသည်ကို မြင်ရသည့် အချိန်မှာတော့ အားလုံးသောသူတို့သည် ထိုအတွေးကို ဖယ်ရှားခဲ့ကြ၏။ တစ်စုံတစ်ယောက်၏ ဦးနှောက်သည် ပုံမှန်အတိုင်း ရှိနေပါက ခွန်းလွန်လေဟာနယ်၏ အင်ပါယာလက်ထဲတွင် ရှိနေသော တပည့်တစ်ယောက်ကို ခေါ်ဆောင်ရန်မှာ မည်သို့မှ မဖြစ်နိုင်ကြောင်း တွေးမိပြီး ဖြစ်ပေလိမ့်မည်။ ထို့ပြင် ထိုအမျိုးသမီးအင်ပါယာ သည်သာ ဒေါသထွက်သွားပါက သူမ၏ တိုက်ခိုက်ချက်ကို ကောင်းကင်မူလလောကကြီး တစ်ခုလုံး ခံနိုင်လိမ့်မည် မဟုတ်ချေ။

"တာအိုရောင်းရင်း ခင်ဗျားပြောတ အမှန်ပဲ။ ကျုပ်တို့ ကောင်းကင်မူလလောကကြီးက ထိပ်ဆုံးသုံးဆယ်မှာ လူနှစ်ယောက်စာပဲ ဝင်တယ်ဆိုပေမဲ့ တခြားလောကထက်စာရင်တော့ ပိုပြီးကောင်းနေသေးတယ်လေ။ ကျုပ်တို့က တခြားလောကတွေထက် ပိုပြီးတော့ အားကောင်းနေသေးတယ်လို့ သတ်မှတ်ရမယ်။ " မွန်းစတားကလန်မှ လူတစ်ယောက်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ မူလအားဖြင့် ကောင်းကင်မူလလောကကြီး ထဲတွင် လူသားနှင့်မွန်းစတားကလန်များသည် ရေနှင့်မီးကဲ့သို့ပင် တည့်လှသည့် လူများ မဟုတ်ကြချေ။ သို့ပေမဲ့ ခရမ်းရောင် နက်နဲနယ်မြေနှင့် မြေအင်မော်တယ်လောကတို့ ပါဝင်လာသည့် အချိန်မှာတော့ လူသားနှင့်မွန်းစတားကလန်များ အားလုံးတို့သည် စည်းလုံးသွားခဲ့ကြ၏။

ခရမ်းရောင် နက်နဲလောကကြီးတွင် များပြားလှသည့် ကလန်များ တည်ရှိသည် ဆိုသော်လည်း ၎င်းတို့အားလုံးသည် မွန်းစတားကလန်များ၏ အစိတ်အပိုင်းသာလျှင် ဖြစ်၏။ ခရမ်းရောင် နက်နဲလောကကြီး၏ လူသားအင်အားနည်းမှုကြောင့် လူသားတို့သည် ထင်ထင်ပေါ်ပေါ် မနေနိုင်ခဲ့ကြချေ။ ဤအခြေအနေသည် ကောင်းကင်မူလလောကကြီးနှင့်တော့ အလုံးစုံ ခြားနားလို့နေလေ၏။ မြေအင်မော်တယ် လောကကြီးမှာတော့ ပိုမိုကာပင် ရိုးရှင်းလွန်းလှ၏။ အင်မော်တယ် မျိုးနွယ်များသာ လွှမ်းမိုးထားပြီး မည့်သည့်မွန်းစတားမျိုးနွယ်မှ မရှိချေ။

အင်မော်တယ် မျိူးနွယ်မှလွဲလျှင် တခြားသောအဖွဲ့အစည်းတို့သည် အစာရေစာအတွက် မနည်းပင် ရုန်းကန်နေခဲ့ရ၏။ အင်မော်တယ် မျိုးနွယ်များသည် အားလုံးသောသူတို့ကို ဖိနှိပ်ထားခဲ့ကြ၏။ လူသားကလန်များ ဖြစ်လျှင်တောင်မှ မတူညီသည့် မျိုးနွယ်များအဖြစ် ၎င်းတို့က ဆက်ဆံကြရ၏။ အင်မော်တယ်များ ဆိုသည်မှာ မြင့်မြတ်လှသည့် လူများမှ ဆင်းသက်လာသူများဟု သတ်မှတ်ထားသောကြောင့်ပင်။

"ဘာကိုဆိုလိုတာလဲ"

တော်ဝင်သဲကန္တာရမြို့တွင် ရှိနေသည့် ခရမ်းရောင် နက်နဲလောကမှ လူများသည် ထိုစကားကို ကြားရသည့် အချိန်မှာတော့ မကျေမနပ်ဖြစ်သွားခဲ့ကြ၏။ လောကကြီး၏ ပါရမီရှင်စာရင်းတွင် ခရမ်းရောင် နက်နဲလောကသည် ထိပ်ဆုံး ငါးဆယ်အတွင်း ပါရမီရှင်တစ်ယောက်ကလေးတောင် မပေါ်လာခဲ့ကြချေ။ ထိပ်ဆုံးသုံးဆယ်စာရင်း ဆိုလျှင် ဝေလာဝေးပင်ဖြစ်၏။ ထို့ကြောင့် ကွာခြားချက်က ကြီးမားလွန်းလှ၏။

တခြားတစ်ဖက်မှ ကြည့်ရှုရလျှင်တော့ မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကတွင် ရှိနေသည့် ပါ ရမီရှင် အားလုံးတို့သည် ကောင်းကင်အသွင်ပြောင်းခြင်းအဆင့်ဆီသို့ ချိုးဖျက်ရောက်ရှိနေပြီးသား ဖြစ်နေ၏။ ထို့ကြောင့် တဖက်လူများကို စိန်ခေါ်ရန်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

"အားလုံးပဲ စိတ်ကိုအေးအေးထား …. မြေအင်မော်တယ် လောကက တကယ့်ကို ခန့်မှန်းလို့ မရဘူး။ သူတို့က တည်နေရာလမ်းကြောင်းကိုလည်း အချိန်မရွေး ဖွင့်နိုင်တယ်။ အဲကသက်ရှိတွေ လောကကို ဖြတ်သန်းပြီး ရောက်ရှိလာရင် ခရမ်းရောင် နက်နဲလောကနဲ့ ကောင်းကင်မူလလောကကြီး နှစ်ခုလုံးက ဖျက်ဆီးခံရဖို့ အခြေအနေမှာ ရှိနေလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ယှဉ်တွဲနေထိုင်တာ အကောင်းဆုံးပဲ" ညဏ်ပညာမြင့်မားပြီး အသက်အရွယ် ကြီးရင့်ပုံပေါ်သော လူတစ်ယောက်သည် ကြားဝင်ကာ ဖြေရှင်းပေးလိုက်၏။

၎င်းတို့၏ ဘေးတစ်ဖက်တွင် မြေအင်မော်တယ်လောကမှ ပါရမီရှင်တစ်ချို့က ရပ်လျက် ရှိနေကြသည်။ ဤနေရာ၌ ရှိနေသည့် လူအားလုံးသည် တဇောင်းစေးနှင့် မျက်ချေးကဲ့သို့ပင် ရန်စောင်လျက် ရှိနေသည်ကို မြင်ပြီးနောက် ၎င်းတို့အားလုံးသည် တကယ်ပင် အံ့အားသင့်လို့နေခဲ့ကြ၏။ သို့ပေမဲ့ အားလုံးသောသူများသည် ဤလောကကြီးနှစ်ခုက အရေးကြီးသည့်အရာမဟုတ်ဟု သတ်မှတ်ထားကြတုန်းပင်။

တည်နေရာလမ်းကြောင်းပွင့်သည်နှင့် လောကကြီးနှစ်ခုအတွက် ဖျက်ဆီးခြင်းသည် အချိန်မရွေး ရောက်ရှိလာနိုင်သည် မဟုတ်ပါလား။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မြေအင်မော်တယ်လောကကြီးသည် ၎င်းထိန်းချုပ်နိုင်သည့် လောကကြီးထက် ပိုမိုကာ ချဲ့ထွင်လာပေလိမ့်မည်။

သို့ပေမဲ့ ကောင်းကင်မူလလောကကြီးသည် မူလထက်ပိုမိုကာ အားကောင်းလာခဲ့ပြီ ဖြစ်သောကြောင့် ၎င်းတို့ကို အထင်သေး၍တော့ မရနိုင်ခဲ့ချေ။

"အင်း …. အနီးနားမှာ ကောင်းကင်လျှို့ဝှက် နန်းဆောင် ရှိနေတယ် ဆိုမှတော့ မြေအင်မော်တယ်လောကက လူတွေ တော်ဝင်သဲကန္တာရမြို့ဆီကို မလာတာအကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် …."

"မြေအင်မော်တယ် လောကက တည်နေရာလမ်းကြောင်းတစ်ခုကို ပြန်ပြီးတော့ မဖွင့်နိုင်သေးဘူးလေ။ တကယ်လို့ ကျုပ်တို့က ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ သွားပြီး မြေအင်မော်တယ်လောကရဲ့ ပါရမီရှင် ဘယ်မှာရှိလဲဆိုတာ ဝယ်ယူလိုက်မယ်ဆိုရင် "

ရင်ဘတ်တွင် ငရဲကိုးကောင်ဟု ရေးထိုးထားပြီး အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်တစ်ယောက်သည် သရော်ပြုံး တစ်ခုကို ပြုံးလိုက်၏။ ၎င်းသည် လက်တစ်ဖက်ကို အသာ ယမ်းခါပြီးသည်နောက် အနီးနားတွင် ရှိနေသည့် မြေအင်မော်တယ်လောကမှ သက်ရှိများကို လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းသည် သက်ဖြတ်လိုခြင်း ဆန္ဒများကို မည်သို့မှ မဖုံးကွယ်ဘဲ ပြောလိုက်သည်။

"မြေအင်မော်တယ်လောကက လူတွေက ကျုပ်တို့ရဲ့ ရန်သူတွေ ဖြစ်လာပြီဆိုမှတော့ ဘာလို့ သူတို့ရဲ့ ပါရမီရှင်တွေကို အခုကတည်းက သုတ်သင်ရှင်းလင်းမှုတွေ မလုပ်ရမှာလဲ။ သူတို့ မြေအင်မော်တယ်လောကနဲ့ ပြန်ပြီး အဆက်အသွယ်မရခင် သတ်ဖြတ်ပစ်လိုက်တာ အကောင်းဆုံးပဲ …. မဟုတ်ဘူးလား"

All Chapters