← Chapters

အပိုင်း (၆ဝ၃)

Vol. 41 Ch. 603

အပိုင်း (၆ဝ၃)

Vol. 41 Ch. 603

လက်ရှိအချိန်မှာတော့ သူတို့သည် နားလည်သွားခဲ့ပြီ ဖြစ်၏။ လက်ရှိ အတွေ့အကြုံများကို ဆက်စပ် တွေးတောရမည်ဆိုလျှင် နိရယ အင်ပါယာ နှင့် ရောရုဝအရှင်တို့ တည်ရှိခဲ့ပြီးသား ဖြစ်၏။ ငရဲလောက၏ အမွေအနှစ်များကို ဆက်ခံရရှိခဲ့သည့် လူဘယ်လောက်များများ တည်ရှိနေဦးမည်ကို မည်သူက တိတိကျကျ သိရှိမည်နည်း။

“စီနီယာ အကြံပြုနေတာ မဝေးတော့တဲ့ အနာဂတ်တစ်ခုခုမှာ ငရဲလောကရဲ့ အမွေအနှစ်တွေကို ကိုင်ဆောင်ထားတဲ့ နောက်ထပ်လူတစ်ယောက် ပေါ်ပေါက်လာမယ်လား။ အဲလူက ရောရုဝရဲ့အရှင် ၊ နိရယ အင်ပါယာတို့ထက် ပိုပြီးအားကောင်းတဲ့လူတစ်ယောက် ဖြစ်လာမှာလား။” ထာဝရအစစ်အမှန် အင်မော်တယ်သည် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။

နက်နဲအလင်းလောကတွင် ရောရုဝပြည်နှင့် ရင်ဆိုင်တိုက်ခိုက်ရပြီးနောက် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် အခြေခံများကို ပိုင်ဆိုင်သူများ ဖြစ်ကြောင်း သူတို့ သိရှိခဲ့ရသည်။

နောက်ထပ် ခန့်မှန်း၍မရနိုင်သည့် ရန်သူများသာ ပေါ်ပေါက်လာမည် ဆိုပါက ကျိန်းသေပေါက် သူတို့အနေနှင့် ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ရောရုဝအရှင်ထက်ပိုမိုကာ အားကောင်းသော တစ်စုံတစ်ယောက် ဆိုသည့်အဓိပ္ပာယ်သည် အန္တိမကျင့်ကြံခြင်းအဆင့်တွင် တည်ရှိသည့် လူတစ်ယောက် မဟုတ်နိုင်တော့ပေ။ အင်မော်တယ်ဘုရင်အဆင့်ဆီသို့ ရောက်ရှိနေသည့်သူသာ ဖြစ်ပေလိမ့်မည်။

အင်မော်တယ်ဘုရင် အဆင့်ဆိုသည်မှာ သူတို့အနေနှင့် သွားရောက် တိုက်ခိုက်၍ ရနိုင်သည့်လူမျိုးမဟုတ်ပေ။ သူတို့ကို အကြည့်တစ်ချက်နှင့် ဘဝခြားဆီသို့ ပို့လွှတ်နိုင်စွမ်းရှိနေသည့် လူတစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။

“ဟားဟား”

လီယွင်သည် ဤတစ်ကြိမ်မှာတော့ ပြန်လည်ကာ မဖြေဆိုတော့ချေ။ ထိုအစား အသာရယ်မောပြီးနောက် ဘေးတစ်ဖက်တွင်ရှိနေသည့် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ သောက်လိုက်၏။

ထာဝရအစစ်အမှန်အင်မော်တယ်သည် တွေဝေငေးငိုင်သွားမိ၏။ ငရဲလောက၏ အမွေအနှစ်များကို လက်ခံရယူသွားသူသည် မည်သူဖြစ်သနည်း။ မထင်မှတ်ထားသည့် ကိစ္စရပ်များသာ ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် အကုန် ဒုက္ခရောက်နိုင်သည်။ ထို့အပြင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဤကဲ့သို့သော ငရဲလောကရဲ့ အမွေအနှစ်များကို ကိုင်ဆောင်ထားသည့်သူရှိသော လောကကြီးတစ်ခုကို ပေါင်းစပ်ရန် စီစဉ်နေလေသည်လား။

“စီနီယာ”

ထိုအချိန်မှာတော့ တိုင်ချူးသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။ သူသည် အားတက်သရော မေးမြန်းလိုက်၏။ “ရောရုဝအရှင်ကို ဘယ်သူသတ်လိုက်တာလဲ။”

ဤမေးခွန်းသည် ထာဝရအစစ်အမှန် အင်မော်တယ်အား သတိဝင်သွားမိစေသည်။ ယခင်တုန်းက ရောရုဝအရှင်သည် သူတို့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။ သို့ပေမဲ့ အသက်ကတော့ ကျန်ရှိနေသေး၏။ ရောရုဝအရှင်ကို သတ်ဖြတ်နိုင်ခဲ့သည် ဆိုသောကြောင့် ထိုသူ၏ အားအင်အဆင့် သည် ကျိန်းသေပေါက် အန္တိမအဆင့် သို့မဟုတ် ထိုထက်ပိုမိုကာ အားကောင်းသည့် အင်မော်တယ် ဘုရင်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

လက်ရှိအခြေအနေ၌ အင်မော်တယ်ဘုရင်တစ်ယောက်သည် အားလုံး၏ မျက်စိရှေ့သို့ ပေါ်ပေါက်မလာသေးသော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ လောကအသီးသီး ပေါင်းစပ်မှုကြောင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများသည် ဤလောကတွင်းသို့ ဝင်ရောက်ခွင့် ရရှိနေပြီဖြစ်သည်။

အင်မော်တယ်ဘုရင်တစ်ယောက်သည် အပြင်ဘက်ဆီမှ အထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ကြောင်း ကို အားလုံးသောသူတို့က သိရှိပြီး ဖြစ်ပေလိမ့်မည်။ ရောရုဝအရှင်ကို သတ်ဖြတ်ခဲ့သည့် လူသည် အင်မော်တယ်ဘုရင်တစ်ယောက်သာ ဖြစ်သည်ဆိုပါက တကယ့်ကို အလှည့်အပြောင်းများပေလိမ့်မည်။

ငရဲလောက၏ အမွေအနှစ်များကို ဆက်ခံရယူထားသော အင်မော်တယ် ဘုရင်တစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသည့် အားအင်အဆင့်ကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ များပြားလှသည့် လောကအသီးသီးကို ဖျက်ဆီးဖို့ဆိုသည်မှာ ပန်းခြံထဲကို လမ်းလျှောက်သွားသကဲ့သို့ပင် လွယ်ကူနေမှာ သေချာသည်။

“ဒါ ခင်ဗျားတို့ကို လက်ဆောင်ပေးခဲ့တာ သတင်းအချက်အလက် အ ကန့်အသတ်ရှိတယ်။ ခုမေးတဲ့ သတင်း အချက်အလက်ကတော့ လွယ်လွယ်ကူကူနဲ့ ရမှာမဟုတ်ဘူး။ “ လီယွင်သည် ရေနွေးခွက်ကို ကောက်ယူကာဖြင့်ပြောလိုက်၏။

ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် တစ်ဘက်လှည့်ဖြင့် ရောရုဝအရှင်ကို သတ်ဖြတ်ခဲ့သည်။ ထိုသတင်းသည် မကြာခင်မှာပျံ့နှံ့တော့မှာဖြစ်၏။ သို့ပေမဲ့ ယခုမဟုတ်ချေ။ ထို့ကြောင့် သတင်းအချက်အလက်သည် တန်ဖိုးရှိနေတုန်းပင်။ တိုင်ချူးနှင့် တခြားသူများအနေဖြင့် ဝယ်ယူရန် စိတ်ဝင်စားမှု မရှိပါက ကျိန်းသေပေါက် စောင့်ဆိုင်းရန်သာရှိသည်။

သို့ပေမဲ့လောကကြီးသည် အချိန်ခဏအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၏။ ထို့ကြောင့် မည်သည့် အရာများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း လီယွင်က အာမ မခံနိုင်ချေ။

ထိုအရာကို ကြားသည့်အချိန်မှာတော့ ထာဝရအစစ်အမှန်အင်မော်တယ်နှင့် တိုင်ချူးတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရှုလိုက်မိ၏။ ထင်မှတ်ထားသည့် အတိုင်းပင်။

ဤတစ်ကြိမ် မေးခွန်းသည် တကယ့်ကို အရေးကြီးသည့် မေးခွန်းတစ်ခု ဖြစ်၏။ ရောရုဝပြည်၏ အရှင်ကို မည်သူသတ်ဖြတ်ခဲ့သည်ဟူသော သတင်းအချက်အလက်သည် ငရဲလောက၏ အမွေအနှစ်များကို မည်သူရရှိသွားသည်ဖြစ်ကြောင်းနှင့် အဓိပ္ပာယ်တူညီသည်။

ထိုအရာကို စဉ်းစားမိသည့် အချိန်မှာတော့ တိုင်ချူးသည် တွန့်ဆုတ်မနေတော့ချေ။ သိုလှောင် လက်စွပ်တစ်ကွင်းကိုထုတ်ယူပြီး လီယွင်၏ရှေ့၌ ထားလိုက်၏။ ပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီးစီနီယာ ဉာဏ်အလင်းပြပါအုံး”

ဤတစ်ကြိမ်မှာတော့ တိုင်ချူးသည် တကယ့်ကို ချမ်းသာကြွယ်ဝနေ၏။ သူ၏ လက်ချောင်းများထဲတွင် ထိုကဲ့သို့ တူညီသည့် လက်စွပ်ခြောက်ကွင်းတိတိရှိ၏။ ၎င်းတို့ကို ချွတ်ပေးလိုက်ခြင်း ဆိုသည်မှာ သူ့အတွက် ခက်ခဲသည့်အရာ မဟုတ်ချေ။

“ရောရုဝအရှင်ကို သတ်ဖြတ်တဲ့လူက အင်မော်တယ်ဘုရင် ပြန်လည်ဝင်စားလာတဲ့ လူတစ်ယောက်ပဲ။ လက်ရှိအခြေအနေမှာ သူက ထျန်းမင်တောင်သခင်လက်ထဲကို ရောက်နေတယ်။ ပြောရမယ်ဆိုရင် ထျန်းမင်တောင်သခင်က နှစ်သန်းထောင်နဲ့ချီပြီး အသက်ရှင်နေထိုင်ခဲ့တာဖြစ်တယ်။ ငရဲလောကကြီး ပျက်စီးခဲ့ရတဲ့ ရှေးတိုက်ပွဲကြီးမှာလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးတယ်။” လီယွင်သည် လက်စွပ်ကို အသာသိမ်းပြီး အထဲတွင်ရှိနေသည့် အရာများကို ကြည့်ရှုလိုက်၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

“အင်မော်တယ်ဘုရင်နှစ်ယောက်လား။ အဲထဲကတစ်ယောက်က ငရဲလောကကြီး ဖျက်ဆီးခံရတုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲကြီးမှာတောင် တိုက်ခိုက်ခဲ့ဖူးတယ် ဟုတ်လား“ တိုင်ချူးသည် အံ့အားသင့်သွားမိသည်။

“အမှန်ပဲ”

လီယွင်သည် ခေါင်းကိုညိတ်ကာ ဆက်ပြောလိုက်၏။ “ထျန်းမင်တောင်သခင်က မူလအားဖြင့် ငရဲလောကရဲ့ နောက်လိုက်တစ်ယောက်ပဲ။ အခု ငရဲလောကကြီး မရှိတော့ဘူးဆိုတော့ သူက ကျိန်းသေပေါက် လွတ်လပ်သွားပြီပေါ့။”

ထိုအချိန်မှာပဲ လီယွင်သည် နက်နဲလျှို့ဝှက်နယ်မြေ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် အသာရယ်မောကာဖြင့် ထပ်မံပြောဆိုလိုက်သည်။

“အင်း …. သူ့ကိုယ်ပေါ်မှာရှိတဲ့ ငရဲလောကရဲ့ သင်္ကေတတွေကို ဖျက်ဆီးပစ်လိုက်ပြီလို့ ကျုပ် တွက်ချက်မိတယ်။ “

မူလအားဖြင့် ငရဲလောကကြီးသည် သက်ရှိသတ္တဝါများစွာတို့ကို အုပ်စိုးပြီးသည့်နောက် များပြားလှသော နောက်လိုက်များကို ခေါ်ယူခဲ့၏။ ထိုနောက်လိုက်များ ရုတ်တရက် သစ္စာဖောက်မည်ကို ကာကွယ်သည့်အနေဖြင့် အမှတ်အသား သင်္ကေတများကို ခန္ဓာကိုယ်၌ အသက်သွင်းထားခဲ့၏။

ထျန်းမင်တောင်သခင်သည် ထိုသူများထဲမှ တစ်ယောက်သာလျှင် ဖြစ်၏။ ရောရုဝအရှင်ကို သတ်ဖြတ်ခဲ့သည့် လျှိုချင်းယုကိုလည်း ဖမ်းဆီးခဲ့ပြီးပြီ ဖြစ်သောကြောင့် ၄င်းသည် အကန့်အသတ် အတားအဆီး အားလုံးကို ဖယ်ရှားဖို့ဆိုသည်မှာ လွယ်ကူသွားပေလိမ့်မည်။

“အင်း …. နောက်ထပ်အင်မော်တယ်ဘုရင်တစ်ယောက်အတွက်ကတော့”

ထာဝရ အစစ်အမှန် အင်မော်တယ်က ထပ်မံကာ ပြောဆိုလိုက်၏။ “ထျန်းမင်တောင် သခင်တစ်ယောက်တည်းနဲ့တင် ကြီးမားတဲ့နောက်ခံကြီးတစ်ခု ဆိုတာ တွက်ချက်လို့ ရနေပြီလေ။ တခြားတစ်ယောက်ဆိုရင်တော့ …..”

“အခြားတစ်ယောက်က မတူညီတဲ့လောကက လာတာပဲ။ သူက ငရဲလောကကြီး ဖျက်ဆီးခံရပြီးတဲ့ နောက်မှာမှ မွေးဖွားလာခဲ့တာ။ သူ့ရဲ့ ကလန်ကတော့ ငရဲလောကကြီးကို ပျက်စီးခဲ့တဲ့ တိုက်ပွဲကြီးမှာ ပါဝင်ခဲ့ဖူးတယ်။”

လီယွင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေ့မှာ သူတို့ကလန်က တကယ့်ကိုခန့်မှန်းလို့မရတဲ့ နောက်ခံတွေကို ပိုင်ဆိုင်နေကြပြီ”

လီယွင်သည် လျှိုချင်းယု၏ နောက်ခံကို အသေးစိတ်မပြောဆိုခဲ့ပေ။ အသေးစိတ် အချက်လက်များ ဆိုလျှင် ပေးရမည့်တန်ဖိုးက လိုအပ်လာသည် မဟုတ်ပါလား။

All Chapters