အပိုင်း (၃၄၀)
Vol. 23 Ch. 340
တစ်လခန့် ကြာမြင့်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့တွင် ရှိနေသည့် လူအရေအတွက်သည် လျော့ကျရမည့်အစား လက်ရှိအခြေအနေ၌ တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့၏။ ဤအတောအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့သည့် လူအရေအတွက်သည် တဖြည်းဖြည်း တိုးလာခဲ့ခြင်းပင်။
နေ့စဉ်နေ့တိုင်း ဆိုသလို လူပေါင်းများစွာတို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် သတင်းအချက်အလက်များကို ဝယ်ယူခြင်း၊ အခွင့်အရေး အချက်အလက်များကို ဝယ်ယူခြင်း၊ များပြားလှသည့် အကြောင်းအရာများကို ဝယ်ယူခြင်း စသည့် အကြောင်းအရာမျိုးစုံနှင့် ရောက်ရှိလာခဲ့ကြ၏။
မြေအင်မော်တယ်လောကဆီမှ လူတချို့ပင်လျှင် အိမ်ပြန်ရန် လမ်းစဉ်နှင့်ပတ်သက်၍ လာရောက်ကာ မေးမြန်းမှုကို ပြုလုပ်ကြ၏။ ကံဆိုးစွာဖြင့် ထိုအင်အားစုများထဲတွင် တော်ဝင်အင်ပါယာ တစ်ယောက်၏ ကာကွယ်ပေးခြင်း မရှိချေ။ ထို့အပြင် မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့သည့် တော်ဝင်အင်ပါယာ ဆိုသည်မှာ အနည်းငယ်သာလျှင်ရှိ၏။ ထို့ကြောင့် သူတို့သည် သတင်းအချက်အလက်များကို ဝယ်ယူရန် လာခဲ့သည် ဆိုလျှင်တောင်မှ သတင်းအချက်အလက်များ ဝယ်ယူရန် သုံးစွဲရမည့် ပမာဏကို မတတ်နိုင်ခဲ့ကြချေ။
မြေအင်မော်တယ်လောကဆီမှ အနည်းငယ်သော တော်ဝင်အင်ပါယာများ အတွက်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လာရောက်ကာ မလည်ပတ်ကြချေ။ လီယွင် အနေနှင့် အကြောင်းရင်းကို ခန့်မှန်းခဲ့ပြီးသား ဖြစ်၏။ အကြောင်းရင်းအနေဖြင့် တော်ဝင်အင်ပါယာ တစ်ယောက်အနေနှင့် တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ဖို့ ဆိုသည်မှာ အချိန်အတော်ကြာမြင့်ပေလိမ့်မည်။ အနည်းဆုံး နှစ်ပေါင်းထောင်ချီတောင် ကြာမြင့်နိုင်၏။ မည်သူက စောင့်မျှော်နိုင်မည်နည်း။
မြေအင်မော်တယ်လောကဆီမှ မွန်းစတားအိုကြီးများသည် သူတို့ဘာသူတို့ ပြန်ရန်လမ်းကို ရှာဖွေကြပေ လိမ့်မည်။ ဥပမာအားဖြင့် ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ပထမဦးဆုံးတပည့် ရန်ကျန့်ပင်လျှင် ဖြစ်၏။ ၎င်းသည် ခရမ်းရောင်နက်နဲလောကထဲတွင် ရှိ၏။ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် ၎င်းတို့ကို ပစ်ထားလိမ့်မည် မဟုတ်ချေ။ လောကကြီးနှစ်ခုကြား လမ်းကြောင်းကို ပြန်လည်ကာ ဖွင့်လှစ်နိုင်ရန် ကျောက်စိမ်းလေဟာနယ် နန်းတော်က ကျိန်းသေပေါက် ကြိုးစားပေးမှာ သေချာသည်။
“အင်း... ကောင်းကင်လျှို့ဝှက်အမှတ် သန်းငါးဆယ်ကျော်”
လီယွင်သည် သူ၏ရှေ့တွင် ရှိနေသည့် အပြာရောင် မြင်ကွင်းကို ကြည့်ရှုလိုက်ပြီး ခံစားချက် အပြည့်နှင့် ဖြစ်လို့နေ၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်အမှတ် အနည်းငယ် ရရှိရန်အတွက် ဦးနှောက်တစ်ခုလုံး အရည်ပျော်ကျလုမတတ် စဉ်းစားရသည့် အချိန်ပေါင်းများစွာ ရှိခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဆယ်သန်းကျော်ဆိုသည့် ပမာဏကိုပင် လွယ်လွယ်ကူကူပင် ရှာဖွေနိုင်နေပြီဖြစ်၏။
အနည်းငယ်လောက် ကြာမြင့်ပြီးသည့်နောက် သူသည် နက်နဲလှသည့် သိုင်းပညာ သို့မဟုတ် အတတ်ပညာ တစ်ခုကို ကျွမ်းကျင်အောင် ဝယ်ယူမည်ဟု ဆုံးဖြတ်ထားခဲ့၏။ နည်းစနစ်များကို လေ့လာသင်ယူရခြင်း ဆိုသည်မှာ သူ့အတွက် ခက်ခဲလှသည့် အရာမျိုး မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်အမှတ်ရှိလျှင် အရာအားလုံး ပြေလည်ပြီ ဖြစ်၏။ ယခု သူ၏ ဂုဏ်သိက္ခာသည် ပျံ့နှံ့လျက် ရှိနေပြီဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လူမလာမည်ကို စိုးရိမ်ပူပန်စရာ မလိုတော့ချေ။
“အင်း... ဒီအဆင့်ကို ချိုးဖြတ်ပြီးရင် အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်ပြီပဲ။ မြေအင်မော်တယ် လောကကြီးကို ဆွဲယူပြီးတော့ ကောင်းကင်မူလလောကကြီးနဲ့ ပေါင်းစပ်ဖို့ဆိုတာ ဖြစ်နိုင်လောက်တယ်” လီယွင်သည် လက်ကို အသာမြှောက်ပြီးသည့်နောက် မေးစေ့ကို အသာပွတ်သပ်နေမိ၏။ သူ၏ မျက်လုံးထဲတွင် တွေးတွေးဆဆ အမူအရာများ ရှိလို့နေ၏။
သူ၏ နည်းလမ်းအရဆိုလျှင် ဤအရာသည် ကောင်းမွန်သည့် အရာပင်ဖြစ်၏။ အသင်္ချေ များပြားလှသည့် လောကများကို ပေါင်းစပ်ပြီးနောက် သူ၏ဂုဏ်သိက္ခာကို ပိုမိုတိုးတက်အောင် ထူထောင်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် ဂုဏ်သိက္ခာတရားဆိုသည်မှာ တဖြည်းဖြည်းချင်း တည်ဆောက်ရသည့် အရာပင် ဖြစ်သည် မဟုတ်ပါလား။
များပြားလှသည့် နှစ်များအတွင်း ကောင်းမွန်လှသည့် ဂုဏ်သိက္ခာနှင့် နေထိုင်ခဲ့သည့် လူများပင်လျှင် တစ်ညအတွင်း ဂုဏ်သိက္ခာဆိုသည့် အရာအားလုံး ပျောက်ကွယ်သွားသည်ကို ကြုံဖူးကြ၏။ ထို့ကြောင့် သူသည် သူ၏ ဂုဏ်သိက္ခာများကို မည်ကဲ့သို့ အဓွန့်ရှည်စွာ တည်ဆောက်နိုင်မည့် အကြောင်းအရာနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားတွေးခေါ်နေမိ၏။ လက်ရှိအချိန်၌ သူသည် သင့်တော်သည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်နေပြီ ဖြစ်သောကြောင့် ပျော်ရွှင်လျက် ရှိနေမိ၏။
လောကကြီးများကို တစ်ခုပြီးတစ်ခု ဆွဲကာ ပေါင်းစပ်ခြင်း နည်းလမ်းသည် သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သူ၏ လက်ထဲတွင် တကယ့်ကို ကြီးမားလှသည့် လောကကြီးတစ်ခု ရှိသည်ဆိုပါက တခြားသော လောကအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိနေမည်။ ထိုသို့ဆိုလျှင် မည်မျှ လှပမည်နည်း။
လောကကြီးများ ပေါင်းစပ်မှု ကြားထဲတွင် ဖြစ်တည်လာမည့် ပဋိပက္ခ အကြောင်းအရာများအတွက်တော့ သူသည် တစ်ချက်ကလေးမှ စဉ်းစားလိမ့်မည် မဟုတ်ချေ။ သူစဉ်းစားရန်လိုသည့် အကြောင်းအရာလည်း မဟုတ်ချေ။ လောကကြီးထဲတွင် နေထိုင်သည့် တခြားသော သက်ရှိများ စဉ်းစားရမည့် အရာသာလျှင်ဖြစ်သည်။
လောကကြီးတစ်ခု စတင်ထူထောင်ပြီးသည့်နောက် ပြင်းထန်လှသည့် စစ်ပွဲများ ဖြစ်တည်နေခြင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွက် ကောင်းမွန်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ သူထိန်းချုပ်နိုင်သည့် ဘောင်အတွင်းတွင် ရှိနေသည်ဆိုပါက တစ်ဖက်လူများ မည်မျှတိုက်ခိုက် တိုက်ခိုက် ကိစ္စရှိလိမ့်မည် မဟုတ်ချေ။
“အင်း”
လီယွင်က ခေါင်းညိတ်ပြီးသည့်နောက် သူ၏ အကြံအစည်ကို ပြန်လည်ကာ အတည်ပြုလိုက်မိသည်။ “လောကကြီးတွေ ပိုပြီးများလာလေ၊ အခွင့်အရေးတွေ ပိုပြီးများလာမှာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် အနေနဲ့ ပိုပြီးတော့ ကစားလို့ ကောင်းလာတာပေါ့”
သူ့အနေနှင့် တစ်ခါတည်း ကြီးမားလှသည့် လောကကြီးတစ်ခုကို ဖန်တီးဖို့ မဖြစ်နိုင်သေးဘူး ဆိုသော်လည်း လောကကြီးများကို ပေါင်းစပ်ပြီး တဖြည်းဖြည်း၊ တဖြည်းဖြည်းချင်းဖြင့် ကြီးမားလှသည့် လောကကြီးကို ဖန်တီးနိုင်၏။ ထိုအကြောင်းအရာကို စဉ်းစားလိုက်သည်နှင့်တပြိုင်နက် တကယ်ပင် စိတ်လှုပ်ရှားမိ၏။
“အခု ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးက လူတွေက မြေအင်မော်တယ်လောကနဲ့ မရင်းနှီးသေးဘူး ဖြစ်နေသေးတယ်”
လီယွင်က ခဏလောက် စဉ်းစားလိုက်၏။ “ဒီနေ့ကစပြီး လောကကြီး နှစ်ခုက သက်ရှိသတ္တဝါတွေအားလုံး မြေအင်မော်တယ်လောကနဲ့ ပတ်သက်ပြီး ပိုပြီးနားလည်မှု ရှိအောင် ကြိုးစားစေချင်တယ်”
မြေအင်မော်တယ်လောကသည် တကယ့်ကို စွမ်းအားကြီးမားလွန်းလှ၏။ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် ကျိန်းသေပေါက် သူ မြေအင်မော်တယ် လောကကြီးနှင့် ပေါင်းစပ်လိုက်သည်နှင့်တပြိုင်နက် အားလုံး သေဆုံးကုန်နိုင်သည်။
မြေအင်မော်တယ်လောကဆီမှ အင်မော်တယ်များ အတွက်တော့ ရုတ်တရက် လောကကြီးနှစ်ခု ပေါင်းစပ်သွားသည့် အတွက် အံ့အားသင့်ကောင်း အံ့အားသင့်ပေလိမ့်မည်။ လောကကြီးသုံးခု ပေါင်းစပ်သွားသည့် အချိန်တွင် လောကကြီး၏ အဆင့်သည် ပိုမိုကာ တိုးတက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် မနှေးမမြန်ဆိုသလို တခြားသော လောကကြီးနှင့် ကွာခြားလိမ့်မည် မဟုတ်ချေ။ ဂိုဏ်းဂဏ အသီးသီးတို့သည် ၎င်းတို့၏ အခြေခံအရင်းအမြစ်အတွက် ပြင်းထန်သည့် တိုက်ပွဲများကို တိုက်ခိုက်ကြရပေတော့မည်။
ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတို့သည် အခြေအနေကို နားမလည်ပါက ကျိန်းသေပေါက် မြေအင်မော်တယ်လောကမှ လူများ၏ ထိုးနှက်ရိုက်နှက်ခြင်းကို ခံရမှာ သေချာ၏။
ထိုအတွေးကို တွေးပြီးသည့်နောက် သူက မြန်မြန်ဆန်ဆန် ပြောလိုက်သည်။ “စနစ်... ကောင်းကင်မူလလောကအတိုင်း မြေအင်မော်တယ်လောကနဲ့ ခရမ်းရောင်နက်နဲလောကမှာရှိတဲ့ စာရင်းတွေ အကုန်လုံး ထုတ်ပြန်လိုက်။ ကောင်းကင်မူလလောကရဲ့ ကောင်းကင်ပါရမီရှင် စာရင်းလိုပေါ့။ ပြီးတော့ လောကအသီးသီးမှာရှိတဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ထပ်ပြီး ဖန်တီးလိုက်။ ဒီနေ့ကစပြီး လောကကြီး တစ်ခု ပေါ်ပေါက်လာတဲ့အချိန်အတိုင်း စနစ် အနေနဲ့ ဒီစာရင်းမျိုးကို ဖန်တီး ပြုလုပ်ဖို့ လိုအပ်တယ်။ စာရင်းက အနည်းဆုံး လူငါးရာစာ ရှိရမယ်”
သူ့အနေနှင့် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်းကို အစောကြီးကတည်းက စဉ်းစားထားပြီးသား ဖြစ်၏။ သို့ပေမဲ့ လောကက နည်းပါးနေသေးသည် ဖြစ်သောကြောင့် မပြုလုပ်ခြင်းသာလျှင် ဖြစ်၏။ ကောင်းကင်မူလလောကနှင့် ခရမ်းရောင်နက်နဲလောကတို့အား ပေါင်းစပ်ခဲ့ပြီးသည့်နောက် ယခု မြေအင်မော်တယ် လောကကြီးကိုပါ ထည့်ပေါင်းရန် လိုအပ်လာ၏။ ထို့ကြောင့် လောကအသီးသီးဟု သုံးနှုန်းနိုင်စွမ်း ရှိလာ၏။
လက်ရှိအချိန်မှာတော့ ဤအရာသည် အစသာ ရှိနေသေး၏။ ထို့ကြောင့် လူငါးရာစာသည် လုံလောက်နေပြီ ဖြစ်၏။ တဖြည်းဖြည်းနှင့် လောကအသီးသီး ပေါင်းစပ်မှုသည် ပိုမိုကာ များလာသည်ဆိုပါက ပါဝင်သူများ၏ အရေအတွက်သည်လည်း တဖြည်းဖြည်း ပိုမိုကာ တိုးလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ငါးရာမှ တစ်ထောင်လည်း ဖြစ်လာနိုင်သည်။
“စနစ်... စာရင်းကို ထုတ်ပြန်လိုက်တော့”
လီယွင်သည် များပြားလှသည့် စာရင်းများကို ကြည့်ရှုပြီးနောက် သဘောတကျ ပြုံးလိုက်၏။ ပြီးနောက် လက်ကို ယမ်းခါကာ ပြောလိုက်လေ၏။
ဝှစ်
သူပြောပြီးပြီးချင်းမှာပဲ တော်ဝင်သဲကန္တာရမြို့၏ အထက်တွင် များပြားလှသည့် အလင်းတန်းများ ထွန်းတောက် လာခဲ့၏။ ကောင်းကင်ယံ၏ အထက်တွင် အလင်းမျက်နှာပြင် တစ်ခုက ပေါ်ပေါက်လာခဲ့ပြီး အလင်း ကျောက်တိုင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
ရှေးယခင်က ရှိခဲ့ဖူးသည့် ကျောက်တိုင်များနှင့် ဆင်တူစွာပဲ ရှေးဆန်ပြီး ကြမ်းတမ်းလွန်းသည့် အော်ရာများ ထွက်ပေါ်နေကြ၏။ ၎င်းတို့သည် ကောင်းကင်ယံထက်တွင် ကျယ်လောင်လှသည့် မိုးခြိမ်းသံများကို ဖန်တီး ပြုလုပ်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ရှိ လေဟာနယ်ထဲ၌ထင်ပေါ်လာ၏။
လူများအားလုံးသည် အံ့ချီးနပမ်း ဖြစ်လို့နေကြသည်။ “စာရင်းသစ်လား”
ဤမြင်ကွင်းကို တော်ဝင်သဲကန္တာရမြို့တွင် နေထိုင်သည့်လူများက ရင်းနှီးနှင့်နေပြီးသား ဖြစ်နေတော့၏။ ယခင် စာရင်းများသည်လည်း ထိုနည်းလည်းကောင်းပင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ တော်ဝင်သဲကန္တာရမြို့၏ အနီးအနားတွင် နေထိုင်ကြသည့် လူများသည် နေ့စဉ်နေ့တိုင်းလိုလို ထိုကဲ့သို့ စာရင်းများ ထွက်ပေါ်လာမည်ကို အားတက်သရော စောင့်မျှော်နေကြသည် မဟုတ်ပါလား။
စာရင်းသစ် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အားလုံးသော သူတို့သည် ထိုစာရင်းထဲတွင် ပါဝင်သည့် လူများမှာ ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့်လူများ ဖြစ်ကြောင်းကို သိရှိကြ၏။ ထို့ကြောင့် အထူးတလည် မိတ်ဆက်နေစရာ မလိုအပ်ချေ။ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အားလုံးတို့သည် အပြေးအလွှားဖြင့် ရောက်ရှိ လာခဲ့ကြ၏။
“နတ်အရှင်စာရင်း၊ ကောင်းကင်ပါရမီရှင်စာရင်း၊ အင်ပါယာဆက်ခံသူစာရင်း၊ ကောင်းကင်မကောင်းမှုစာရင်း... အရင်ကနဲ့ တူတူပဲ မဟုတ်လား” လူပေါင်းများစွာတို့သည် စာရင်း၏ နာမည်များကို ကြည့်ရှုလိုက်သည် ဆိုသည်နှင့် နဝေတိမ်တောင် ဖြစ်မိကြသည်။
မကြာခင်မှာပဲ တစ်စုံတစ်ယောက်သည် ထူးခြားချက်ကို သတိပြုမိသွား၏။
“ဒါ ခရမ်းရောင်နက်နဲလောကရဲ့ စာရင်း မဟုတ်လား” သူတော်စင်အိုကြီး တစ်ယောက်က ထကာ အော်ဟစ်လိုက်သည်။
ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့သည် အချိန်တချို့ကြာသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြ၏။ သို့ပေမဲ့ ယနေ့ အခြေအနေအထိ ရောက်ရှိပြီး နှစ်ခု တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည် ဆိုလျှင်တောင်မှ ဤကဲ့သို့သော ပဋိပက္ခများက ဆက်တိုက်ဆိုသလိုပဲ ဖြစ်နေသေး၏။
ကောင်းကင်မူလလောကကြီး၏ သတ္တဝါများ အားလုံးတို့သည် တစ်ဖက်ခြမ်းတွင် ရှိနေသည့် ပါရမီရှင်များ စာရင်းကို စိတ်ဝင်တစား ဖြစ်သည်သာမက ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် လူများသည်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပါရမီရှင်များကို သိရှိရန် လိုအပ်နေမည်မှာ သဘာဝပင်ဖြစ်သည်။
ကောင်းကင်မူလလောကကြီး၏ ပါရမီရှင်များ အကြောင်းကို သိရှိပြီးသည့်နောက် ၎င်းတို့သည်လည်း ၎င်းတို့လောကနှင့် ပါရမီရှင်စာရင်းကို သိရှိချင်နေကြ၏။ သူတို့သည် မနာလိုဖြစ်၍ မဟုတ်ချေ။ ချီးကျူးမှုကို ခံချင်၍လည်း မဟုတ်ချေ။ သို့ပေမဲ့ မိမိကိုယ်ကို သိရှိခြင်းသည် အကောင်းဆုံး ဖြစ်သည် မဟုတ်ပါလား။
သို့ပေမဲ့ ကံဆိုးစွာဖြင့် ၎င်းတို့၌ စာရင်းမရှိချေ။ သူတို့ဘာသူတို့ စာရင်းတစ်ခုကို ဖန်တီးလိုက်သည် ဆိုပါက တခြားသော သူများသည် လာရောက်ကာ ဟာသလုပ် လှောင်ပြောင်တော့မှာ မဟုတ်ပါလား။
ခဏလောက် စောင့်ဆိုင်းပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးသည် သူတို့ ဖြစ်ချင်သည့် အကြောင်းအရာများ ဖြစ်တည်လာခဲ့ပြီဖြစ်၏။ သူတို့အတွက် ကိုယ်ပိုင် ကောင်းကင်ပါရမီရှင်စာရင်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။