← Chapters

အပိုင်း (၆၂၈)

Vol. 42 Ch. 628

အပိုင်း (၆၂၈)

Vol. 42 Ch. 628

“အသင်္ချေ များပြားတဲ့ လောကအသီးသီးကို ထည့်တွက်ရမယ်ဆိုရင် နက်နဲမီးတောက်လောကဆိုတာက ထောင့်လေးတစ်ခုမှာ ရှိနေတဲ့ တည်နေရာ သေးသေးလေးပဲ” လီယွင်က အသာရယ်မောကာ ပြောလိုက်၏။

မူလအားဖြင့် ကောင်းကင်မူလလောကကြီးသည် စွမ်းအား မြင့်မားသည့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထည့်သွင်း စဉ်းစားရန်ပင် မလိုအပ်သည့် လောကတစ်ခု ဖြစ်၏။ သေးငယ်သည့် ရေကန်ငယ်လေး တစ်ခုကဲ့သို့ပင်။ ထိုအရာကို ဖျက်ဆီးလိုက်မည်ဆိုလျှင်တောင်မှ မည်သူကမှ စောဒကတက် ဝင်ရောက်ကာ ပြောဆို နေလိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ လောကအသီးသီးတို့နှင့် ပေါင်းစပ်ခဲ့ပြီးသည့်နောက် တချို့သော လောကကြီးများကို ကျော်ဖြတ်ခဲ့ပြီးဖြစ်၏။ ထိုအရာများကို ကျော်ဖြတ်ခဲ့သည် ဆိုလျှင်တောင်မှ ၎င်းတို့သည် ပိုမိုအားကောင်းသည့် လောကအသီးသီးကို ထပ်မံပေါင်းစပ်ရန် လိုအပ်လျက် ရှိနေ၏။ ထပ်မံပေါင်းစပ်ခြင်း ကသာလျှင် ကောင်းမွန်သည့် လောကကြီးအဖြစ် ရပ်တည်နိုင်ပေလိမ့်မည်။

“စီနီယာပြောတာ အမှန်ပါပဲ”

တိုင်ချူးက ခေါင်းညိတ်လိုက်၏။ “ကျုပ်သိချင်တာ စီနီယာရဲ့ မျက်လုံးထဲမှာ ဘယ်လောကရဲ့ လောကသားတွေက ငရဲလောကပေါ်မှာ အငြိုးအတေး ရှိနေတာလဲ။ ပြီးတော့ ဘယ်သူတွေက ကျုပ်တို့ကို လိုလိုချင်ချင်နဲ့ ကူညီမှာလဲ”

တခြားသောလောကများတွင် အားအင်အဆင့်က စကားပြောလျက်ရှိ၏။ ၎င်းတို့အနေနှင့် လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည် မဟုတ်ပါက ကျိန်းသေပေါက် ကူညီပေးလိမ့်မည် မဟုတ်ချေ။ ထို့အတူ ထိုသူများသည် ဝံပုလွေများ ဖြစ်နေမည်ဆိုလျှင် မည်သို့ လုပ်မည်နည်း။ ဝံပုလွေများကို အိမ်ထဲသို့ ခေါ်ဆောင်ခဲ့ခြင်း ဆိုသည်မှာ ကြီးမားသော ဒုက္ခတရားများကို ပင့်ဖိတ်ခြင်းနှင့် ဆင်တူပေလိမ့်မည်။

မူလအားဖြင့် သူတို့သည် ထျန်းမင်တောင် တစ်ခုတည်းကိုပင် ခုခံရန် ရုန်းကန်ခဲ့ရ၏။ အကယ်၍ တခြားသော လောကကြီးမှလာသည့် စွမ်းအားမြင့် ကျင့်ကြံသူများကို ဆွဲဆောင်သလို ဖြစ်မည်ဆိုပါက အားလုံးသော သူတို့သည် ကြီးကျယ်သော ဒုက္ခတရားကို ထပ်မံကာ ခံစားရမှာဖြစ်သည်။

စီနီယာ ပြောဆိုခဲ့သည့် နတ်ဆိုးလောကနှင့် ဝိညာဉ်လောက၊ ဤအရာများ၏ နာမည်သည် ငြိမ်းချမ်းသည့် လောကကြီးများ၏ အသံနှင့် မတူချေ။ ပြောရမည်ဆိုလျှင် ငရဲလောကနှင့် ရင်ဆိုင်သည့် နေရာမျိုးတွင် လိုလိုချင်ချင်နှင့် လာရောက်ရင်ဆိုင်သည် ဆိုသော်လည်း ၎င်းတို့သည် ငရဲလောကထက် ပိုမိုကာ ကြောက်လန့်ဖို့ ကောင်းသည့် လောဘဖြင့် ၎င်းတို့ကို လွှမ်းမိုးချုပ်ကိုင်လာနိုင်၏။

သူတို့အထင်အရဆိုလျှင် ရှေ့တွင်ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကြီးမားလွန်းလှသည့် သဘာဝလွန် စွမ်းအားများကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၏။ စီနီယာနန်းဆောင်သခင်သာ ကူညီပေးမည် ဆိုပါက သူတို့သည် မည်သည့်လောကကြီးများသည် ငရဲလောကကို မုန်းတီးကြပြီး မည်သည့် လောကကြီးများ သည် လက်စားချေချင်စိတ် ရှိနေသည် ဖြစ်ကြောင်းကို သိရှိနိုင်ပေလိမ့်မည်။

“ငရဲလောကနဲ့ အငြိုးအတေး ရှိနေတဲ့ လောကတွေလား။ ဘယ်လောက်များမလဲဆိုတာ ဘယ်သူက သိမှာလဲ” လီယွင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

အတိတ်တုန်းက ငရဲလောကကြီးသည် များပြားသည့် လောကအသီးသီးကို ဒုက္ခပေးခဲ့၏။ လက်ရှိ အခြေအနေတွင် ငရဲလောကကြီး ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး ရှေးအင်မော်တယ်ဘုရင်တစ်ယောက်က ဦးဆောင်လျက် ရှိနေသည်။ သို့ပေမဲ့ တခြားသောလောကများထဲတွင် သူတို့အား လိုလိုချင်ချင်နှင့် ကူညီမည့်လူဟူ၍ မည်သူရှိမည်နည်း ဆိုသည်မှာ သေသေချာချာ မသိရှိနိုင်ချေ။

“အင်း.. အဲဒီ ကျင့်ကြံသူတွေကလည်း သန့်စင်ပြီးတော့ အလိုလောဘ မရှိတဲ့လူတွေလို့ ခင်ဗျားတို့ ထင်နေတာလား။ သူတို့က လုံလောက်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်သွားပြီဆိုရင် အားကောင်းတဲ့ လိုချင်လောဘတွေကလည်း ဖြစ်လာကြမှာပဲ” လီယွင်က အသာပြောလိုက်၏။

ဆိုလိုရင်း အဓိပ္ပာယ်မှာ ရှင်းလင်းလို့နေခဲ့၏။ ငရဲလောကတွင် ရန်သူပေါင်းများစွာ ရှိမည်ဆိုသော်လည်း လွယ်လွယ်ကူကူဖြင့် အလကား လာရောက်ကူညီဖို့ မျှော်လင့်နေသည်ဆိုပါက ကျိန်းသေပေါက် မှားယွင်းမှုပင် ဖြစ်လေ၏။ ထို့အပြင် ထျန်းမင်တောင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ပြီးသည့်နောက် ၎င်းတို့သည် ကျိန်းသေပေါက် ထပ်မံကာ များပြားသည့် အရာများကို တောင်းဆိုတော့မှာ သေချာသည်။

အတိတ်တုန်းက နက်နဲမီးတောက်လောကကြီး၏ တည်ရှိမှုကို သတိမပြုမိသော တချို့သော အင်မော်တယ်ဘုရင် များသည် တည်ရှိကြောင်း သိရှိလာသည်ဆိုပါက ကျိန်းသေပေါက် ဤလောကဆီသို့ ရောက်ရှိလာခဲ့ပြီး လွှမ်းမိုးဖို့ ကြိုးစားတော့မည် မဟုတ်ပါလား။

“အင်း” တိုင်ချူးသည် သက်ပြင်းကိုသာလျှင် အသာချလိုက်၏။ သူတို့၏ အကြံအစည်တချို့သည် တွေးခေါ် မျှော်မြင်မှု မရှိခဲ့ကြောင်း သူက သိရှိလိုက်ရ၏။ လောကကြီးတွင် ပြည့်စုံသည့် ဖြေရှင်းနည်းဟူ၍ မရှိချေ။ လက်ရှိ အခြေအနေတွင် ယုံကြည်ရသည့် အင်အားစု တစ်ခုခုကို မှီခိုရန်သာလျှင် ရှိတော့၏။ သို့ပေမဲ့ ထိုလူများသည် ကြမ်းတမ်းလွန်းပြီး သူတို့၏ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ပစ်မည်လား ဆိုသည်မှာ စိုးရိမ်ရ၏။

“ဒါပေမဲ့ စီနီယာ... ကျုပ်တို့ကို လမ်းညွှန်ပေးပါအုံး။ လောကအသီးသီးကို ဘေးအန္တရာယ်ကြီးကနေ ကယ်တင်နိုင်စွမ်း ရှိတယ်ဆိုရင် လုံလောက်ပါပြီ” တိုင်ချူးက လေးလေးစားစား ပြောလိုက်၏။ သူသည် အင်မော်တယ်ဘုရင် ဖြစ်လာခဲ့ပြီးသည့်နောက် ဆက်လက် ကျင့်ကြံတော့မည့် အကြံအစည်ကို ခဏတာ ဘေးဖယ် ထားလိုက်သည်။

ဘေးတစ်ဖက်တွင် ရှိနေသည့် ကျိုးကလန်၏ ဘိုးဘေးကလည်း ဤကဲ့သို့ တူညီသည့်အတွေး ရှိနေ၏။ ထျန်းမင်တောင်မှ လူများကို ဤနေရာသို့ ဝင်ရောက်ကာ သတင်းအချက်အလက် ဝယ်ယူခွင့် မပေးနိုင်ချေ။ တစ်ဖက်လူများ ထွက်ခွာသွားသည်အထိ ဤနေရာတွင် စောင့်စားနေခြင်းက အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။

အကယ်၍ အားကောင်းသည့် တပ်ကူများကိုသာ ခေါ်ဆောင်နိုင်မည်ဆိုပါက မိမိကိုယ်တိုင် အင်မော်တယ်ဘုရင် ဆီသို့ ကျင့်ကြံလိုက်သည်ထက် ပိုမိုကာ အားကောင်းသည့် အကျိုးကျေးဇူးကို ရရှိနိုင်၏။ ထို့အပြင် တခြားသော လောကတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် အားနည်းလိမ့်မည် မဟုတ်ချေ။ ထျန်းမင်တောင်နှင့် ရင်ဆိုင်သည့်နေရာတွင် အနိုင်ရရန် အခွင့်အရေးလည်း ရှိနိုင်၏။

“ဘယ်လောက် တိုက်ဆိုင်လိုက်လဲ”

လီယွင်သည် မြို့၏ အပြင်ဘက် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း သက်ပြင်းချလိုက်၏။ “အင်း.. အရှေ့ဘက်က အားကောင်းတဲ့ လောကတစ်ခုက ခင်ဗျားတို့ကို ကူညီကောင်း ကူညီ လိမ့်မယ်လို့ ထင်တယ်”

သူပြောဆိုခဲ့သည့် လောကကြီးသည် နတ်ဘုရားလောကမှလွဲလျှင် တခြား မဟုတ်ချေ။ မူလအားဖြင့် ဝမ်ချီနှင့် တခြားသောသူသာ တော်ဝင်သဲကန္တာရမြို့မှ မထွက်ခွာသွားပါက ကျိန်းသေပေါက် ၎င်းတို့၏ အသက်ကို ကယ်တင်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ တစ်ဖက်လူများသည် ထွက်ခွာရန် ကြိုးစားခဲ့သောကြောင့် သူသည် တစ်ဖက်လူများကို မတားဆီးခဲ့ချေ။

ဖြစ်ပေါ်လာသည့် ရလဒ်များကို သူ အကောင်းဆုံး သိရှိပြီးသား ဖြစ်၏။ အဆုံးစွန်ဆုံးသော သေဆုံးခြင်းတရား သာလျှင် ဖြစ်၏။ ထိုသူတို့သည် သတင်းအချက်အလက်များကို ဖြန့်ဝေနိုင်စွမ်း ရှိနေ၏။ ထိုသတင်းအချက်အလက် များကို ဖြန့်ဝေခဲ့သောကြောင့် နတ်ဘုရားလောကတွင် ရှိနေသည့် လူများက သိရှိသွားနိုင်၏။ လက်ရှိအချိန်၌ လျှိုကလန်၏ အင်မော်တယ်ဘုရင်သည်သာ ရောက်ရှိလာသည်ဆိုပါက အခြေအနေသည် ခန့်မှန်း၍ မရနိုင်သလို ပြောင်းလဲသွားခဲ့ပေလိမ့်မည်။

“ကျေးဇူးပြုပြီး စီနီယာ... လမ်းညွှန်ပြသပေးပါအုံး” တိုင်ချူးက ပျော်ရွှင်သွားမိ၏။ သူသည် ပစ္စည်းပေါင်းများစွာကို ထုတ်ယူပြီးသည့်နောက် လီယွင်၏ အရှေ့တွင် ချပေးလိုက်၏။

တခြားသော တစ်ဖက်ခြမ်းတွင် ရှိနေသည့် ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် ကျိုးကလန်၏ ဘိုးဘေးတို့ကလည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်၏။ ၎င်းတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ တည်ရှိလို့ နေ၏။ နောက်ထပ် အင်မော်တယ်ဘုရင် တစ်ယောက် ရောက်ရှိလာပြီး ကယ်တင်မည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကျိုးကလန်၏ ဘိုးဘေးသည် ခဏလောက် စဉ်းစားပြီးသည့်နောက် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ လီယွင်၏ အရှေ့သို့ ချလိုက်၏။ သတင်းအချက်အလက်များကို ဝယ်ယူနေသည်ဆိုမှတော့ တိုင်ချူး တစ်ယောက်တည်း ပေးအပ်နေ၍ မဖြစ်ချေ။ သူသည်လည်း ကျိန်းသေပေါက် ဝင်ရောက်ကာ မျှဝေပေးအပ်ရပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဤနေရာသို့ ရောက်ရှိနေသောကြောင့်ပင်။

“အင်း.. အဲလောကကြီးက နတ်ဘုရားလောက ကလွဲရင် တခြားမဟုတ်ဘူး”

လီယွင်သည် အရင်းအမြစ်များကို သိမ်းဆည်းပြီးသည့်နောက် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ “မကြာခင်မှာ နတ်ဘုရားလောကရဲ့ အားကောင်းတဲ့ မိသားစုတစ်စုက သူတို့ရဲ့ လူတွေကို စေလွှတ်လိုက်လိမ့်မယ်။ အသစ်ဝင်လာတဲ့လူတွေက အင်မော်တယ်ဘုရင် သုံးယောက်ပဲ။ သူတို့ရဲ့ အားအင်အဆင့်က အထင်အမြင်သေးလို့ မရဘူး။ ခင်ဗျားတို့သာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် ထျန်းမင်တောင် မလွယ်တော့ဘူး။ ဒါပေမဲ့ အနည်းငယ်တော့ ဖြေရှင်းဖို့ ခက်အုံးမှာပေါ့”

“ကောင်းကောင်း ကိုင်တွယ်နိုင်မယ် ဟုတ်လား” ထာဝရ အစစ်အမှန် အင်မော်တယ်က မျက်မှောင်ကုတ်လိုက်၏။ သူသည် အဆင်မပြေသည့် အရိပ်အယောင်များကို ခံစားနေမိ၏။ အင်မော်တယ်ဘုရင် သုံးယောက်တို့ ရောက်ရှိ လာခဲ့ပြီး စီနီယာတိုင်ချူးပါ ပူးပေါင်းပါဝင်မည် ဆိုလျှင်တောင်မှ ထျန်းမင်တောင်ကို ရင်ဆိုင်ရန် အတွက်ဆိုသည်မှာ ကျိန်းသေပေါက် ဖြစ်နိုင်လောက်သည့် ကိစ္စရပ်ပင်။ သို့ပေမဲ့ စီနီယာသည် အဘယ်ကြောင့် အနည်းငယ် ဖြေရှင်းဖို့ ခက်ခဲမည် ဆိုသော စကားကို ပြောဆိုခဲ့ရသနည်း။ စီနီယာ၏ အားအင်အဆင့်အရဆိုလျှင် အကြောင်းအရင်း မရှိဘဲ ပြောဆိုလိမ့်မည် မဟုတ်ချေ။ ဤစကားစု၏ နောက်ကွယ်တွင် နက်နဲသည့် အကြောင်းအရာများ ပါဝင်နေမှာ သေချာသည်။

“မေးချင်ပါတယ် စီနီယာ။ ခုဏတုန်းက ပြောဆိုခဲ့တဲ့ အကြောင်းအရာမှာ အဓိပ္ပာယ်တစ်ခုခု ရှိနေတာလား” တိုင်ချူးသည် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားနေမိ၏။ သူသည် လေးလေးစားစားဖြင့် လီယွင်၏ ရှေ့ဆီသို့ များပြားသည့် အရင်းအမြစ်များကို ထပ်မံချပေးရင်း မေးမြန်းလိုက်၏။

သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ပြီးပြီ ဖြစ်သည်မို့ သတင်း အချက်အလက်များ၏ တန်ကြေးကို တိုင်ချူးက ကောင်းကောင်းသိ၏။ ဤသတင်းအချက်အလက် များကို မရရှိသည်ဆိုပါက သူ့အနေနှင့် မည်ကဲ့သို့ သေဆုံးသွားမည်ဆိုသည်ကိုပင် သိရှိနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ထျန်းမင်တောင်၏ အနောက်သို့ လိုက်ပါလာခဲ့သည့် လူများ၏ အကြောင်းအရာပင် ဖြစ်၏။ ၎င်းတို့သည်သာ လှည့်စား သတ်ဖြတ်ခြင်းကို ခံရမည်ဆိုပါက အရာအားလုံး ဆုံးရှုံးမည် မဟုတ်ပါလား။

All Chapters