အပိုင်း (၃၀၄)
Vol. 21 Ch. 304
"ပြီးတော့ ဘိုးဘေးစုန်းကဝေ"
လီယွင်သည် ထိုအရာကို စိတ်ဝင်တစား ဖြစ်မိနေ၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ပြည့်စုံလှသည့် နည်းစနစ်တစ်ခု ဟုတ်မနေခဲ့ချေ။ အစိတ်အပိုင်း တစ်ခုသာလျှင် ဖြစ်၏။ အပြည့်အစုံသာ ဆိုပါက ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်းနှင့် ရရှိလိမ့်မည် မဟုတ်ချေ။
ရေတွက်၍ မရအောင် များပြားသော နတ်ဘုရားအတတ်ပညာများသည် အောက်တွင် စီတန်း တည်ရှိနေသော်လည်း သူ့အနေဖြင့် ထပ်မံကာ မရှာဖွေတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ တန်ဖိုးများသည် နိမ့်ပါးလွန်းသောကြောင့်ပင်။ အစစ်အမှန် အင်မော်တယ်၊ တော်ဝင်အင်ပါယာ ထိုအဆင့်သို့ ရောက်ရှိပြီးနောက် လျှို့ဝှက်နည်းစနစ်များသည် တကယ်ပင် ကြီးကျယ်မြင့်မြတ်လာခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက် အမှတ် တောင်းဆိုမှုနည်းသော နည်းစနစ်များကို သူ စိတ်မဝင်စားပေ။
"စနစ် တိကျန်း နတ်ဘုရားအတတ်နဲ့ လဲလှယ်လိုက်"
လီယွင်သည် ခနလောက် စဉ်းစားပြီးသည့်နောက် တိကျန်း နတ်ဘုရားအတတ်နှင့် လဲလှယ်ရန် ဆုံးဖြတ်လိုက်၏။ ထို့အပြင် စုန်းကဝေ ဆယ်နှစ်ပါးတို့၏ ဘိုးဘေး ဖန်တီးထားသော အရာဖြစ်သည်မို့ ကျိန်းသေပေါက် အစွမ်းထက် ပေလိမ့်မည်။
[ဒင် …. ကောင်းကင်လျှို့ဝှက်အမှတ် သုံးသန်းကိုလျော့ချပြီး တိကျန်း နတ်ဘုရားအတတ်ပညာကို လဲလှယ်လိုက်ပါပြီ]
ဟမ်
လီယွင်သည် မျက်လုံးကို ဖွင့်လိုက်ပြီးနောက် များပြားလှသည့် သင်္ကေတများသည် ခေါင်းထဲ၌ ပေါ်ပေါက်လာခဲ့၏။ သူ၏ အနီးအနားပတ်ဝန်းကျင်သည် မှန်ကဲ့သို့ပင် ကွဲအက်လာခဲ့၏။ ပြီးနောက် သူ့အလိုလို ပြန်လည် ချိတ်ဆက်သွားခဲ့၏။ ထူးဆန်းလှချေသည်။
ဘေးတွင် ရှိနေသော မုန့်ရှင်းကျီသည် မျက်စိရှေ့မြင်နေရသည်များကို ကြည့်ရှုပြီး မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ သူ၏ ရှေ့တွင်ရှိနေသော နန်းဆောင်သခင်သည် အလွန်ဝေးကွာသည့် တည်နေရာသို့ ရောက်ရှိသွားသလို ခံစားနေရ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ် ကောင်းလှသည့် အော်ရာများ ထွက်ပေါ်နေ၏။ တချက်ကလေးမှ မလှုပ်ရှားလျှင်တောင်မှ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေ၏။
"ဒါ တည်နေရာ လမ်းစဉ်များလား" မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်မိသည်။
လီယွင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ လက်တစ်ဖက်ကို အသာဖြန့်ကျက်လိုက်သည့် အချိန်မှာတော့ လောက၏ ဖန်ဆင်းရှင်တစ်ဦးကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးတွင် အလင်းတန်း တစ်ခုက တောက်ပလာခဲ့၏။ ထိုအရာသည် လေဟာနယ်ကြီး တစ်ခုလုံးကို နှစ်ပိုင်းအဖြစ်သို့ ပိုင်းဖြတ် သွားခဲ့၏။ ရှုပ်ထွေးလှသည့် မြူများသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထိုအက်ကွဲကြောင်းကြီးထဲသို့ ဝင်ရောက်သွား၏။
အကန့်အသတ်မဲ့ မြေပြင်ကြီးတစ်ခုလုံးသည် တုန်ခါလျက် ရှိနေ၏။ မမြင်ရသည့် လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲတွင် ရှိနေသော တခြားသော စွမ်းအင်များ အားလုံးကို မတက်ရောက်လာစေရန် ကာကွယ် ထားလေ၏။ လီယွင်သည် တခြားသော လက်တစ်ဖက်ကို အသာဖြန့်ပြီးနောက် အပြင်ဘက် တည်နေရာတွင် ရှိနေသည့် မြေတည်နေရာကြီးအား ဆွဲမကာဖြင့် ရှုပ်ထွေးသည့် တည်နေရာကြီးဆီသို့ ဆွဲယူလိုက်သည်။
လက်ရှိအခြေအနေမှာတော့ လောကကြီးတစ်ခုလုံးသည် အသာရွေ့လျားလာခဲ့၏။ များပြား လှသည့် တည်နေရာ လမ်းကြောင်းများသည် လျှင်လျှင်မြန်မြန်ဆိုသလိုပဲ ပြိုလဲခဲ့ပြီး သက်ရှိသတ္တဝါ အားလုံးသည် ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။ ၎င်းတို့အားလုံးသည် ဘာတွေဖြစ်နေသည် ဆိုသည်ကိုပင် ဝေခွဲမရကြချေ။
ကြီးမားပြင်းထန်လွန်းသော ကပ်ဘေးကြီးတစ်ခု ဖြစ်တည်လာတော့မည်ကို အားလုံးသောသူတို့ က သတိပြုမိကြသည်။
နောက်တစ်စက္ကန့်အတွင်း တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာတစ်ခုက ဖြစ်တည်လာခဲ့၏။
.....
ကောင်းကင်မူလလောကကြီးသည် ကျယ်ပြောပြီး အကန့်အသတ်မဲ့လွန်းလှသည့် မြေတည်နေရာ တစ်ခုပင်။ သက်ရှိ သတ္တဝါပေါင်းများစွာတို့ စုစည်း နေထိုင်ကြသည်။ လောက၏ လေဟာနယ်ထဲတွင် ရတနာပေါင်းများစွာ၏ အလင်းတန်းများ ထွန်းတောက်သလို အလင်းတန်းများ ဖြစ်ပေါ်လာသည်။
အောင်းရွှမ်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ ၎င်း၏ဝတ်စုံသည် လေနှင့် အတူ လွင့်မျောလျက် ရှိနေ၏။ ၎င်း၏ အမူအယာသည် တည်ငြိမ်အေးစက်လျက် ရှိနေပြီး ၎င်းသည် တည်နေရာလမ်းကြောင်း၏ အခြားတစ်ဖက်တွင် ရှိနေသည့် အင်ပါယာနှစ်ယောက်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။
သူသည် တစ်ချက်ကလေးမှတောင် နောက်ဆုတ်ပေးရန် အစီအစဉ် မရှိလှချေ။ သူတစ်ယောက်တည်း ဖြစ်၏။ သို့ပေမဲ့ သူ၏နောက်ဘက်တွင် ဂုဏ်သိက္ခာ ကြီးမားလွန်းလှသည့် နန်းဆောင်သခင်က တည်ရှိနေ၏။ ခရမ်းရောင်နက်နဲလောက၏ အင်ပါယာနှစ်ယောက်တို့သည် သူ့ထက်အားကောင်းသည် ဆိုလျှင်တောင်မှ တည်နေရာ ဖြတ်သန်းပြီး လာရလိမ့်မည် မဟုတ်ချေ။
ရောက်လာမည်ဆိုလျှင်တောင်မှ နန်းဆောင်သခင်သည် ၎င်းတို့အား ကိုင်တွယ်နိုင်စွမ်းရှိ၏။ နှစ်ယောက်လုံး လာသည်ဆိုပါက တစ်ချက် ရိုက်ချလိုက်သည်နှင့် နှစ်ယောက်လုံး သေဆုံးသွားမှာ သေချာသည်။
နန်းဆောင်သခင် မလှုပ်ရှားဘူး ဆိုလျှင်တောင်မှ သူသည် များပြားလွန်းလှသည့် အရင်းအမြစ်များနှင့် လဲလှယ်၍ ဝင်ရောက် လှုပ်ရှားပေးပါရန် တောင်းဆိုနိုင်၏။ နဂါးကလန်၌ များပြားလှသည့် အရင်းအမြစ်များ တည်ရှိနေ၏။ အင်ပါရီယာ ကျမ်းစာ တစ်ခု၊ နှစ်ခုလောက်ကို ထုတ်ပေးခြင်း (သို့မဟုတ်) အင်ပါရီယာလက်နက် တစ်ခုကို ထုတ်ပေးနိုင်ခြင်း ဆိုသည်မှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်ချေ။
“အင်း.. အဆုံးထိ ဒီအင်ပါယာကို ပြဿနာရှာဖို့ ရည်ရွယ်ချက် ရှိနေတာလား။ တိုက်မှာလား။ နောက်ဆုတ်မှာလား” အောင်းရွှမ်က ပြောဆိုလိုက်၏။ သူ၏အသံသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။
“ဒီလို အရှက်မဲ့တဲ့လူမျိုးကို တစ်ခါမှမမြင်ဖူးဘူး”
အင်ပါယာတိုင်က အေးစက်စက် ပြောလိုက်၏။ သူ့၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတန်းများ တောက်ပလာခဲ့၏။ သူသည် လောကကို ဖြတ်သန်းကာ သွားနိုင်သည့်စွမ်းအင် ရှိသည်ဆိုလျှင်တောင်မှ အဆင်အခြင်မဲ့ မပြုလုပ်ရဲချေ။ အသစ်ဖြစ်တည်လာခဲ့သည့် အင်ပါယာသည် အင်ပါယာနှစ်ယောက်နှင့် ရေတွက်၍မရအောင် များပြားလှသည့် လက်ရွေးစင်တပ်သားများ အားလုံးကို တားဆီးထားခဲ့သည်။ သူသည် ထိုအရာကို အတိုင်းသား ထိုင်ကာသာ ကြည့်နေရသည်။
“ကောင်းကင်မူလလောကကြီးနှင့် ကျုပ် ရန်သူ မဖြစ်ချင်ဘူး၊ ကျုပ်တို့က ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်နဲ့ တွေ့ချင်လို့ လာတာပါ။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးနိုင်မလား”
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက ပြောဆိုလိုက်၏။ သူသည် တာအိုကိုသာလျှင် အငမ်းမရ ရှာဖွေ လေ့လာသူတစ်ယောက် ဖြစ်သည်။ သူသည် သူ၏လမ်းစဉ် ပိုမိုတိုးတက်ရန်သာ ရည်မှန်းချက် ရှိ၏။
“လမ်းဖယ်ပေးရမယ် ဟုတ်လား” အောင်းရွှမ်က နှာခေါင်းရှုံ့လိုက်၏။
စကားလုံး တစ်ခုတည်းနှင့် ဤကဲ့သို့ ယုံကြည်လိမ့်မည်ဟု အဘယ့်ကြောင့် တစ်ဖက်လူများက ထင်မှတ်နေရသနည်း။ တစ်ဖက်လူများသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ပြောထားသလို ပြုလုပ်မလားဆိုသည်က မသေချာလှချေ။ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် ရှိလျှင် မည်သို့လုပ်မည်နည်း။
“ပြောရမယ်ဆိုရင် ခင်ဗျားတို့ ဒီကိုလာချင်တာ စီနီယာ နန်းဆောင်သခင်နဲ့ တွေ့ချင်တာပေါ့။ ခင်ဗျားတို့ မပြောနဲ့ .... ကျုပ်တောင် စီနီယာနန်းဆောင်သခင်နဲ့ တွေ့ဖို့ အရမ်းခက်ခဲတယ်” အောင်းရွှမ်သည် မောက်မာဝံ့ကြွားစွာဖြင့် ပြောလိုက်၏။
လက်ရှိအခြေအနေမှာတော့ စီနီယာ နန်းဆောင်သခင်ဆိုသည်မှာ ကောင်းကင်မူလလောကကြီး၏ အမှတ် သင်္ကေတတစ်ခုပင် ဖြစ်၏။ စီနီယာ နန်းဆောင်သခင် တည်ရှိနေသည်ဆိုလျှင် အားလုံးသောသူများသည် သေသေချာချာ ကောင်းကောင်းမွန်မွန် ဆက်ဆံရပေလိမ့်မည်။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင်အနေနှင့် မည်ကဲ့သို့ စိတ်နေစိတ်ထား ရှိသည်ကတော့ မသေချာလှချေ။
“တာအိုရောင်းရင်း... အရမ်းလွန်လွန်းမလာနဲ့” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် အသာ သက်ပြင်းချလိုက်၏။
“လောကကြီးတစ်ခုလုံးရဲ့ ဂုဏ်ယူဝံ့ကြွားရတဲ့ ကျုပ် ... နဂါးအင်ပါယာ က ဒီလောကကြီးကို ကာကွယ်ရမယ်”
အောင်းရွှမ်သည် လက်နှစ်ကို အနောက်သို့ ပစ်ကာဖြင့် မတ်မတ်ရပ်နေ၏။ သူသည် အရာအားလုံးကို ငုံ့ကြည့်ကာဖြင့် အေးစက်စက် ပြောလိုက်သည် “ခင်ဗျားတို့ ကောင်းကင်မူလလောကထဲကို ခြေတစ်လှမ်း ဝင်ချင်တယ်ဆိုရင် ကျုပ်ရဲ့ သေဆုံးသွားပြီဖြစ်တဲ့ အလောင်းကိုနင်းဖြတ်သွားမှပဲ ဖြစ်လိမ့်မယ်။
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာ “......”
အင်ပါယာတိုင် “........”
၎င်းတို့နှစ်ယောက်သည် ပြောစရာစကားပင် ဆွံ့အလျက် ရှိနေ၏။ နဂါးအင်ပါယာကို တစ်ချက်လှမ်းကြည့် ပြီးသည့်နောက် အင်ပါယာတိုင်သည် ထူးမခြားနားသလို အရင်ဆုံး ပြောဆိုလိုက်၏။ “ဒီလမ်းကို တားဆီးထားတယ်ဆိုတော့ ကျုပ်တို့အနေနဲ့ တခြားသောလမ်းတစ်ခုကို ရွေးချယ်ရမဲ့ပုံပဲ”
“မိုယွမ်ရဲ့လမ်းလား” ကောင်းကင်ဝမ်းနည်းအင်ပါယာက မျက်မှောင်ကုပ်လိုက်သည်။
“အတိအကျပဲ”
အင်ပါယာတိုင်၏ တိုက်ပွဲဝင် ချပ်ဝတ်သည် အလင်းတန်းများဖြင့် တောက်ပလျက် ရှိနေသည်။ သူသည် တစ်ဖက်ခြမ်းတွင် ရှိနေသည့် နဂါးအင်ပါယာကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အကြည့်မျိုးဖြင့် စူးစိုက်ကာ ကြည့်ရှုနေ၏။ စားတော့၊ ဝါးတော့မတတ်ပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
သူ့အနေနှင့် အရှုံးပေးရမည်ကို မုန်းတီးလှသည် ဆိုသော်လည်း တည်နေရာကို ဖြတ်သန်းပြီး တိုက်ခိုက်သည့် နေရာတွင် မိုယွမ်ကဲ့သို့ တိကျခိုင်မာသည့် ယုံကြည်ချက်မျိုး မရှိလှချေ။ မိုယွမ်သည် ပိုမိုကာ အတွေ့အကြုံ များပြားသည်။
ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် တည်နေရာလမ်းကြောင်းကို သူသည် ခြေတစ်လှမ်းမှပင် မလှမ်းရသေးချေ။ အခြားသော ရွေးချယ်ခွင့် မရှိသောကြောင့် မိုယွမ်၏ လမ်းကိုသာလျှင် ငှားရမ်း အသုံးပြုရန် တတ်နိုင်၏။ သူတို့သည်သာ ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုပါက တစ်ဖက်လောက၏ တည်နေရာများကို သိမ်းပိုက်နိုင်ဖို့ ဆိုသည်မှာ အားအင်စိုက်ထုတ်မှု နည်းနည်းပါးပါးဖြင့် ပြုလုပ်နိုင်စွမ်း ရှိသည့်အရာပင်။