← Chapters

အပိုင်း (၄၀၆)

Vol. 28 Ch. 406

အပိုင်း (၄၀၆)

Vol. 28 Ch. 406

“စီနီယာ” တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေသည့် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာနှင့် တခြားသူများ အားလုံးသည် လေဟာနယ်ထဲမှ ထွက်လျှောက်လာခဲ့ကြ၏။ ၎င်းတို့သည် မြေအင်မော်တယ်လောကဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ စိတ်သက်တောင့်သက်သာဖြစ်သည့် အရိပ်အယောင်မျိုး တစ်ချက်ကလေးမှ မရှိကြချေ။

အင်ပါယာပိုင်လော်၏ တစ်ချက်တည်းသော တိုက်ခိုက်ချက်သည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါတို့ကို သတ်ဖြတ်ပစ်နိုင်သည်အထိ အားကောင်းသည် ဆိုလျှင်တောင်မှ သက်ရောက်မှုက မသိသာလှချေ။ မြေအင်မော်တယ်လောကကြီးသည် အလွန်တရာ ကျယ်ပြောလွန်းလှ၏။ တိုက်ခိုက်ချက်သည် ခပ်ဝေးဝေး တည်နေရာအထိ ပျံ့နှံ့ ရောက်ရှိရန် မဖြစ်နိုင်ချေ။ မြေအင်မော်တယ်လောက၏ အစစ်အမှန် ဆရာကြီးများသည် စောင့်ကြည့်လျက်ပင် ရှိနေသေး၏။

လက်ရှိအချိန်မှာတော့ တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်သေးပေ။ ထိုကျင့်ကြံသူများသည်သာ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ ဆိုးရွားသည့် အကျိုးဆက်ကို သူတို့ ခံစားရပေလိမ့်မည်။

ထိုသူများသည် ခရမ်းရောင်နက်နဲလောကကြီး၏ ရေအတိမ်အနက် မည်မျှရှိသည်ကို သိရှိချင်သောကြောင့် စောင့်ကြည့်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြေအနေကို နားလည်သွားသည်ဆိုလျှင် ခရမ်းရောင်နက်နဲ လောကကြီး သည် အဆုံးသတ်ကို ရောက်ရှိပေလိမ့်မည်။

“စီနီယာ.... မြေအင်မော်တယ်လောကထဲက နိရယအင်ပါယာ က ဘယ်လိုလဲ”

ဖြူလျော်နေသည့် မျက်နှာသွင်ပြင်နှင့် အင်ပါယာတစ်ယောက်သည် အသာမေးမြန်းလိုက်၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ဝက်လောက်သည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ ၎င်းသည် အင်ပါယာပိုင်လော်၏ ဘေးတစ်ချက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ ဒဏ်ရာများကို ဖိနှိပ်နိုင်ရန်အတွက် မနည်းကြိုးစားထားရသည်။

အင်ပါယာပိုင်လော်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ လက်ရှိအချိန်မှာတော့ သူသည် ခေါင်းကို အသာခါယမ်းလိုက်၏။ ဤအပြုအမူသည် အားလုံးသော သူတို့ကို စိတ်ဓာတ်အကြီးအကျယ် ကျဆင်းစေခဲ့၏။ အလွန်ဆန်းကြယ်လှပါသည်ဆိုသော အင်ပါယာပိုင်လော်သည်ပင်လျှင် ၎င်း၏ သက်တမ်းစွမ်းအင်များ အကုန်လုံးကို ထုတ်ဖော်အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း မြေအင်မော်တယ်လောကကြီးဆီမှ နိရယ အင်ပါယာကို အနိုင်မယူနိုင်ခဲ့ချေ။

အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့ ပြန်လာသည်ကို စောင့်မျှော်ရန်သာ ရှိတော့သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ထိုအင်ပါယာနှစ်ယောက်တို့သည် မည်သည့်နေရာကို ရောက်ရှိနေသည်ဖြစ်ကြောင်း မည်သူမှ မသိရှိခဲ့ကြချေ။ အင်မော်တယ်ဖြစ်ရန် ဆိုသည့်ကိစ္စရပ်သည် ရိုးရှင်းသော ကိစ္စရပ်တစ်ခုမဟုတ်ချေ။ ဖြစ်စဉ် တစ်ခုလုံးသည် နှစ်ထောင် သို့မဟုတ် သောင်းနှင့်ချီ၍ပင် ကြာမြင့်နိုင်၏။ အင်ပါယာနှစ်ယောက်တို့ အင်မော်တယ် အဖြစ်နှင့် ပြန်လာသည့်အချိန်တွင် ခရမ်းရောင်နက်နဲလောကကြီးသည် ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွား ပေလိမ့်မည်။

“အင်ပါယာစာရင်းရဲ့ ဒုတိယနေရာ” ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာက တီးတိုးရေရွတ်လိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ နှလုံးသားထဲတွင် ရှုပ်ထွေးလှသည့် ခံစားချက်များ ဖြစ်တည်နေ၏။

အတိတ်တုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်လိုက်သည့် စာရင်းသည် ကောင်းကင်ပါရမီရှင်စာရင်း၊ ပြိုင်ဘက်ကင်းအလှစာရင်း၊ နတ်အရှင်စာရင်းများသာလျှင် ဖြစ်၏။ ဤစာရင်း အားလုံးသည် အင်ပါယာများအတွက် ရယ်ရွှင်ဖွယ်ရာသာ ဖြစ်တော့၏။ သို့ပေမဲ့ ယနေ့အချိန် မှာတော့ အင်ပါယာစာရင်း၏ ဒုတိယနေရာ၌ တည်ရှိနေသည် အင်ပါယာသည်တောင်မှ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေ၏။ အားလုံးသော သူတို့သည် အသက်ရှု မဝသလိုပင် ခံစားနေမိကြသည်။

အင်ပါယာစာရင်း၏ တန်ဖိုးသည် မည်မျှကြီးမြတ်သည်ဖြစ်ကြောင်း တစ်စုံတစ်ယောက်အနေနှင့် သိရှိနိုင်စွမ်း ရှိ၏။ ၎င်းတို့သည်သာ ကောင်းကင်မူလလောကကြီးကို လွှမ်းမိုးရန်လာခဲ့သည့် အင်ပါယာကျန်းထျန်နှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ တစ်ဖက်လူသည် ကောင်းကင်အင်ပါယာစာရင်း၏ ပထမနေရာတွင် ရှိနေ၏။ ထို့ကြောင့် အားအင်အဆင့်သည် တခြားသူများထက် ပိုမိုကာ မြင့်မားမှာ သေချာ၏။

“အင်ပါယာစာရင်းရဲ့ ဒုတိယ၊ အင်ပါရီယာလက်နက်စာရင်းရဲ့ ဒုတိယ၊ ဒီလိုအားအင်အဆင့်က”

ခေါင်းပေါ်တွင် ဦးချိုတစ်ခုရှိသည့် အင်ပါယာ၏ မျက်နှာပေါ်တွင် တည်ငြိမ်သည့် အမူအရာမျိုး တည်ရှိနေ သော်လည်း ၎င်း၏ စိတ်ထဲတွင်တော့ လှိုင်းထန်လျက် ရှိနေ၏။ လေထုထဲသို့ လှမ်းကြည့်ပြီးသည့်နောက် မင်ရောင် ကဲ့သို့သော ရထားလုံး၏ အရိပ်အယောင်ကို တစ်ချက်ကလေးမှ မတွေ့ရတော့ချေ။ သူသည် စိတ်သက်သာရာရသလို သက်ပြင်းပင် ချမိလိုက်သည်။

သူက ဆက်ပြောလိုက်၏။ “ဒီလို အားအင်အဆင့်က အံ့အားသင့်စရာပဲ။ ဒါပေမဲ့ စီနီယာပိုင်လော်ကလည်း အဆင့်တူချင်းမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ လူတစ်ယောက် မဟုတ်ဘူး။ နိရယ အင်ပါယာက လက်ရှိအချိန်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမယ်လို့ ကျုပ်ထင်တယ်။ ဒါပေမဲ့ ….”

သို့ပေမဲ့ သူ့စကားပင် ဆုံးအောင် မပြောလိုက်ရသေးချေ။ ကောင်းကင်နှင့် မြေပြင်၏ ရှုပ်ထွေးလှသည့် လေဟာနယ် ကြားထဲတွင် တောက်ပလှသည့် အလင်းရောင်စဉ်များ ဖြစ်တည်လာခဲ့၏။ ကြည့်ရသည်မှာ တခြားသော လောက တစ်ခုနှင့် ထပ်မံကာ ချိတ်ဆက်သွားသည့်ပုံပင်။ တောက်ပလွန်းသည့် ရောင်စဉ်များကြားတွင် သံ၊ သံချင်း ထိမှန်သည့် အသံများ ထွက်ပေါ်နေပြီး များပြားလွန်းလှသည့် စစ်သည်များ သည် လင်းလက်သည့် လှံများကို ကိုင်ကာဖြင့် စစ်ချီလျက် ရှိနေသည်။

သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် အဆုံးမဲ့သော လက်ရွေးစင်စစ်သည်များကို မြင်ရမှာဖြစ်၏။ စစ်သည်များ၏ အနောက်ဘက်တွင် ကြီးမားလွန်းလှသည့် တိုင်ကြီးတစ်ခုက တည်ရှိနေပြီး ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသံကြီး တစ်ခု ထွက်ပေါ်နေ၏။ ၎င်းလောကကြီး ပြန်လည်မွေးဖွားခြင်း၏ အရိပ်သင်္ကေတများ လွှမ်းခြုံလျက် ရှိနေ၏။

“ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်”

အင်ပါယာပိုင်လော်၏ မျက်နှာအိုကြီး၌ အကူအညီမဲ့သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ သူ၏ ပိုင်လော် ကောင်းကင်ဘုံ လေးသည် နှစ်ပေါင်းသိန်းချီကြာအောင် သူကိုယ်တိုင် သွန်းလုပ်ခဲ့သည့် အရာဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည့် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် နောက်ကောက်ကျလျက် ရှိနေသည်။

“တိုက်ပွဲက မပြီးသေးဘူးလား” ဦးချိုကြီးနှင့် အင်ပါယာသည် နာကျင်စွာဖြင့် ပြောလိုက်မိ၏။

“မဟုတ်ဘူး”

ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာသည် လက်ထဲတွင် ရှိနေသည့် ဓားရှည်ကြီးကို တင်းတင်း ဆုပ်ကိုင်ထားပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။ ၎င်းသည် ခန္ဓာကိုယ်တွင် ရှိနေသည့် သွေးစွမ်းအင်များကို စုစည်းလျက် ရှိနေသည်။ “တိုက်ပွဲက အခုမှ စမှာ”

ခရမ်းရောင်နတ်နယ်မြေ၊ လူသူကင်းရှင်းလှသည့် တည်နေရာထဲတွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက် ရှိနေ၏။ သူ၏ အမဲရောင်ဝတ်စုံသည် စွမ်းအားမြင့် အော်ရာ များနှင့် လွှမ်းခြုံလျက် ရှိနေလေပြီး မူလအားဖြင့် မဲနက်လျက်ရှိနေသော အမဲရောင်ဆံနွယ်များသည် ပခုံးထက်သို့ ကျဆင်းနေ၏။ သူသည် မျက်လုံးကို မှိတ်ပြီးသည့်နောက် တန်ခိုးကျင့်ကြံလျက် ရှိနေလေ၏။ မကြာခင်မှာပဲ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးတွင် ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ၎င်း၏ ဦးခေါင်းထက်ရှိ သရဖူဆီမှ စိတ်ဝိညာဉ်စွမ်းအင်များ အကန့်အသတ်မဲ့ ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီသို့ ထိုးတက်သွား၏။

ဝုန်း

အမဲရောင်ခြုံလွှာနှင့် လူငယ်သည် အသက်ကို ပြင်းပြင်းရှူပြီး မျက်လုံးကို ဖွင့်လိုက်၏။ ရောင်စဉ်အလင်းတန်းများ သည် မျက်လုံး၌ တောက်ပလျက် ရှိနေပြီး ၎င်းသည် ပြန်လည်မွေးဖွားလာခဲ့သည့် အင်မော်တယ်ဘုရင်တစ်ပါး ကဲ့သို့ပင်။

“နောက်ဆုံးတော့ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီပဲ။ ဒီတစ်ကြိမ် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဘယ်နေရာကို ရောက်မလဲ သိချင်လိုက်တာ” ထိုသူက တီးတိုးရေရွတ်လိုက်သည်။

“ဂုဏ်ပြုပါတယ် သခင်လေး... ထပ်ပြီး အဆင့်ချိုးဖြတ်နိုင်ခဲ့ပြန်ပြီ” အမဲရောင်ဝတ်စုံနှင့်လူ၏ အနောက်ဘက်တွင် ရှိနေသည့် အသက်ကြီးပိုင်း အမျိုးသမီး တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်၏။ သူမ၏ အသံသည် ရေကဲ့သို့ပင် ကြင်နာလျက် ရှိနေ၏။

“အဒေါ်လန်... အရမ်းကြီး လောကဝတ်တွေ လုပ်စရာ မလိုပါဘူး။ ကျုပ်တို့က မိသားစုတွေလေ။ ခင်ဗျားက ကျုပ်ရဲ့ အကြီးအကဲပဲ။ ကျုပ်က ဘယ်လိုဖြစ်ပြီး လေးစားသမှုနဲ့ ဦးညွတ်မှုကို ခံရမှာလဲ” ဖန်းဟန်သည် အသာ လက်ကို မြှောက်ပြီးသည့်နောက် ထိုအကြီးအကဲအား မတ်တပ်ထရပ်နိုင်ရန် ကူညီပေးလိုက်၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ပင် ပြောဆိုလိုက်သည်။

“အင်း... လေးစားမှုနဲ့ ထုံးတမ်းစဉ်လာကြားမှာ ရှုပ်ထွေးနေလို့ မဖြစ်ဘူးလေ။ ဒါက လုပ်ကို လုပ်သင့်တဲ့ အရာပါပဲ”

အဒေါ်လန်သည် ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်၏။ သူမသည် မတ်တပ်ထရပ်ပြီးသည့်နောက် ပြောလိုက်၏။ “သခင်လေးရဲ့ အားအင်အဆင့်က ပိုပြီး တိုးလာခဲ့ပြီ။ ဒီတစ်ကြိမ်မှာ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံး သုံးယောက်စာရင်းကို ဝင်နိုင်လောက်တယ်”

“အင်း.... ဖြစ်နိုင်ပါတယ်”

ဖန်းဟန်သည် လက်သီးဆုပ်ပြီး လေဟာနယ်ကို မော့ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးထဲတွင် ကြီးမားလှသည့် ယုံကြည်ချက်များ ဖြစ်တည်လာခဲ့သည်။ “ကျုပ် အင်ပါယာ ဖြစ်လာတဲ့အချိန်မှာ မြေအင်မော်တယ်လောကထဲကို ဝင်ပြီးတော့ ဖန်းကလန်ရဲ့ သွေးကြွေးအတွက် ကျိန်းသေပေါက် လက်စားချေ ရမယ်”

ဤအတောအတွင်း သူသည် ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံလျက် ရှိနေပြီး ဘိုးဘေးကြီး ချန်ခဲ့သည့် အမွေအနှစ်များ အားလုံးကို ရယူခဲ့ပြီးသားဖြစ်၏။ ရလဒ်အားဖြင့် တကယ့်ကို သိသားလွန်းလှချေသည်။ ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသော သူ၏ အဆင့်သည် တကယ်ကို တိုးတက်လာခဲ့၏။ ထိပ်ဆုံး ဆယ်ယောက်၏ အပြင်ဘက်ဆီမှသည် လက်ရှိအခြေအနေမှာတော့ ထိပ်ဆုံးသုံးယောက်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်၏။

ထိုအမြန်နှုန်းသည် ကြည့်ရှုနေသူပေါင်းများစွာတို့ကို အံ့ချီးနပမ်း ဖြစ်စေခဲ့၏။ သူ၏ ကိုယ်ပိုင်သုံးသပ်ချက်အရ ဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကျော် အချိန်ကြာပြီးသည့်နောက် ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ အင်ပါယာတစ်ယောက် ဖြစ်လာမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် လွင့်မျောတိမ်တောင်နှင့် အင်မော်တယ်နန်းတော်ကဲ့သို့သော စွမ်းအားမြင့် ဂိုဏ်းဂဏများနှင့် ရင်ဆိုင်ရသည့် အချိန်မျိုး၌ သူ့အနေနှင့် မတ်မတ်ရပ်ကာ ခုခံနိုင်စွမ်း ရှိချင်မှ ရှိပေလိမ့်မည်။ အထူးသဖြင့် ဤကဲ့သို့ ခက်ခဲလှသော တည်နေရာမျိုးတွင် သူသည် ကျိန်းသေပေါက် ရှင်သန်နိုင်ရန် ကြိုးစားရပေလိမ့်မည်။

“သခင်လေး”

အဒေါ်လန်၏ အမူအရာသည် ရှုပ်ထွေးလျက် ရှိနေတုန်းပင်။ သခင်လေး၏ စိတ်အားတက်ကြွနေမှု ပုံစံကို ကြည့်ရှုပြီးသည့်နောက် မည်သို့မှ မခံစားနိုင်တော့ချေ။ မိသားစု၏ သွေးကြွေးအတွက် သခင်လေးသည် တကယ့်ကို ကြိုးစားပမ်းစား ပြုလုပ်နေရ၏။

“ဘာဖြစ်လို့လဲ”

ဖန်းဟန်က မေးမြန်းလိုက်သည်။ “အဒေါ်လန် တစ်ယောက်ယောက်နဲ့ ရန်ငြိုးရှိနေသေးလို့လား”

စီနီယာနန်းဆောင်သခင်၏ စကားလုံးများကို သူ ခပ်ရေးရေး မှတ်မိနေ၏။ အဒေါ်လန်သည် ဤလောကကြီးထဲတွင် သူ၏ တစ်ဦးတည်းသော အမျိုးအဆွေသာလျှင်ဖြစ်၏။ သူမကိုသာ ဆုံးရှုံးရမည်ဆိုပါက သူ့အနေနှင့် ကျိန်းသေပေါက် သေတောင် သေဆုံးသွားနိုင်၏။

“မဟုတ်ပါဘူး။ အဲလို မဟုတ်ပါဘူး”

အဒေါ်လန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူမသည် ခပ်ဝေးဝေးတည်နေရာ ဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ “မြေအင်မော်တယ်လောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးတို့က ပေါင်းစပ်သွားပြီ”

“ဘာ”

ဖန်းဟန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အံ့အားသင့်သွားခဲ့၏။ သူသည် နားကြားမှားသွားသလားဟုပင် တွေးတောနေမိ၏။ လောကကြီးနှစ်ခု ပေါင်းစပ်ခြင်း - မည်ကဲ့သို့သော အရာများ ဖြစ်နေသနည်း။ သို့ပေမဲ့ ချက်ချင်း ဆိုသလိုပဲ သူ သတိပြန်ဝင်သွား၏။ “စီနီယာနန်းဆောင်သခင် လုပ်ခဲ့တာလား”

“ဖြစ်နိုင်တယ်” အဒေါ်လန်က ခေါင်းညိတ်လိုက်သည်။

စီနီယာနန်းဆောင်သခင်သည် ခရမ်းရောင်နက်နဲလောကကြီး နှင့် ကောင်းကင်မူလလောကကြီးတို့ကို ပေါင်းစပ်ခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့် မြေအင်မော်တယ်လောကနှင့် ပေါင်းစပ်ဖို့ဆိုသည်မှာ ယုတ္တိတန်သည့် ကိစ္စပင်။ ယနေ့မှာတော့ သခင်လေးသည် အင်ပါယာတစ်ယောက် မဖြစ်လာသေးသလို မြေအင်မော်တယ်လောက ဆီသို့လည်း ပြန်၍ မဖြစ်သေးပေ။ သို့ပေမဲ့ မြေအင်မော်တယ် လောကသည် သူတို့နှင့် လာရောက်ကာ ပေါင်းစပ်နေပြီဖြစ်၏။

လက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် အနာကို လာရောက်ကာ ဆားဖြူးသကဲ့သို့ပင်။ လွင့်မျောတိမ်တောင်နှင့် အင်မော်တယ်နန်းတော်တို့၏ အကျင့်အရဆိုလျှင် ကျိန်းသေပေါက် သူတို့၏ အနောက်သို့ တရစပ် လိုက်ပါပေ လိမ့်မည်။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အကူအညီကို ကျိန်းသေပေါက် တောင်းခံမှာသေချာသည်။ ထိုသို့ဆိုလျှင် သူတို့၌ အတောင်ပံရှိသည် ဆိုလျှင်ပင် လွင့်မျောတိမ်တောင်မှ လူများ၏ အနောက်မှ လိုက်သတ်ခြင်းကို ရှောင်ရှားနိုင်မည် မဟုတ်ချေ။

All Chapters