← Chapters

အပိုင်း (၆၁)

Vol. 5 Ch. 61

အပိုင်း (၆၁)

Vol. 5 Ch. 61

ကောင်းကင်လျှို့ဝှက်နန်းဆောင်

လျှိုချမ်းရွှယ်သည် မေးပေါ် လက်တင်ကာဖြင့် စဉ်းစားလျက်ရှိသည်။ သူ၏ ချောမော လှသည့်မျက်နှာသွင်ပြင်တွင် စိုးရိမ်ပူပန်သည့် အမူအရာများ တည်ရှိနေပြီး သူမသည် လီယွင်ကို ကြည့်ရှုနေ၏။ ပြီးနောက် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

“စီနီယာ... ခုဏက ထျန်းကန်ဂိုဏ်းရဲ့ သူတော်စင်နှစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ် မဟုတ်လား။ ရောင်စဉ်အလင်းနတ်နယ်မြေက ဒီကိစ္စကို လုံးဝလွှတ်ထားမှာ မဟုတ်မှာ စိုးရိမ်ရတယ်။ ရောင်စဉ်အလင်း နတ်နယ်မြေဆိုတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တော်ဝင်အင်ပါယာ တစ်ယောက်ကိုတောင်မှ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ ကွာစီအင်ပါယာတစ်ယောက်က ရှိနေသေးတယ်။ သာမန်လူတွေ အနေနဲ့ သူတို့ကို သွားပြီး ရန်ပြုဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“ဟုတ်တယ်”

လျှိုချမ်းရွှယ်သည် စကားလမ်းကြောင်းပြောင်းကာ ထပ်ပြောလိုက်သည်။ “စီနီယာရဲ့ အားအင်အဆင့်အရဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေကို မကြောက်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူတို့သာ ဆက်တိုက် နှောက်ယှက်နေမယ်ဆိုရင် စီနီယာအနေနဲ့ စိတ်ညစ်စရာတွေ ဖြစ်လာနိုင်တယ်”

“ဒီလိုလုပ်ရအောင်”

လျှိုချမ်းရွှယ်၏ တောက်ပသည့် မျက်လုံးများထဲတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ သူမ၏ စိုးရိမ်ပူပန်လျက်ရှိသည့် အမူအရာများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူမသည် အားတက်သရောဖြင့် အကြံပြုလိုက်၏။

“စီနီယာ တော်ဝင်ဓားဂိုဏ်းကို ဘာလို့ မပြောင်းရွှေ့တာလဲ။ တကယ်လို့ တော်ဝင်ဓားဂိုဏ်းကိုသာ လိုက်လာဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် ကျွန်မဆရာက ကျိန်းသေပေါက် ဖုန်းရွှေသဘောအရ ကောင်းမွန်တဲ့ တည်နေရာတစ်ခုကို ရွေးချယ်ပြီး အပိုင်စားပေးထားမှာပဲ။ ဒါဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေနဲ့ ဖြစ်တဲ့ ပြဿနာကို ရင်ဆိုင်နိုင်ဖို့ ကျွန်မတို့က ကူညီပေးနိုင်တယ် မဟုတ်လား”

“အင်း... ခင်ဗျားရဲ့ နောက်ဆုံးစကားက သော့ချက်ပဲ။ ဟုတ်တယ်မလား”

လီယွင်သည် တဖက်သို့ စောင်းကာဖြင့် လျှိုချမ်းရွှယ်ကို ကြည့်လိုက်၏။ သူမ၏ အတွေးကို တွက်ချက်ကြည့်နေစရာ မလိုအပ်ချေ။ အစောကြီးကတည်းက သူမ ဘာတွေးနေသည်ကို သူခန့်မှန်းပြီးသားဖြစ်သည်။

“သေချာတာပေါ့။ ဘယ်သူမှ စီနီယာရဲ့ မျက်လုံးအကြည့်အောက်ကနေ လွတ်မြောက်နိုင်တာမှ မဟုတ်တာ”

လျှိုချမ်းရွှယ်သည် မျက်လုံးများကို ပေကလပ်၊ ပေကလပ်လုပ်ကာ ပြောင်စပ်စပ်ဖြင့် ပြောလိုက်၏။ ဤအတောအတွင်း သူမနှင့် လီယွင်တို့သည့် တကယ့်ကို အသိအကျွမ်းများကဲ့သို့ ဖြစ်နေ၏။ ယခင်ကကဲ့သို့ ရှိုးတို့ ရှန်းတန်း အခြေအနေမျိုး မရှိတော့ချေ။

“တကယ်လို့ ကျုပ်သာ တည်နေရာရွှေ့မယ်ဆိုရင် ရွှေ့ပြီးတာကြာပေါ့။ ဘာလို့ ခုချိန်ထိ စောင့်နေရမှာလဲ”

လီယွင် သည် အမှတ်မထင်ဖြင့် ပြုံးကာပြောလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ တကယ့်ကို အားကောင်း လှသည့် အခြေအနေ အရပ်ရပ် တည်ရှိ၏။ သို့ပေမဲ့ ထိုအားကောင်းလှပါသည် ဆိုသော စွမ်းဆောင်ရည်များထဲတွင် တည်နေရာ ရွေ့ပြောင်းနိုင်ခွင့်မပါချေ။

ဖြစ်နိုင်မည်ဆိုပါက သူသည် တိုက်ရိုက်ဆိုသလိုပဲ ရောင်စဉ်အလင်းနတ်နယ်မြေ၏ တောင်ဂိတ်တံခါးဆီသို့ပင် သူ၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကြီးကို ရွှေ့ပြောင်းလိုက်ချင်၏။ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အပြင်ဘက် တည်နေရာတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်ပေါက်လာသည်ဆိုပါက ရောင်စဉ်အလင်းနတ်အရှင်သည် ကျိန်းသေပေါက် ဒေါသထွက်သွားမည် မဟုတ်ပါလား။

“ဒီလိုဆိုရင်”

လျှိုချမ်းရွှယ်၏ နှလုံးသားများသည် တုန်ယင်သွား၏။ ပုံမှန်မဟုတ်သည့် အဓိပ္ပာယ်ကို အာရုံခံမိ ပြီးသည့်နောက် သူမသည် အဓိပ္ပာယ်ပါပါဖြင့် မေးမြန်းလိုက်၏။ “အနာဂတ်မှာ ..... ဒီနေရာမှာ ရတနာတစ်ခုခု ပေါ်လာနိုင်လို့လား”

ဤလူသူကင်းရှင်းပြီး ခြောက်ကပ်လွန်းလှသည့် တော်ဝင်သဲကန္တာရမြို့လို့ နေရာမျိုးတွင် စီနီယာ နေထိုင်ရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ဆိုသောအရာနှင့်ပတ်သက်၍ လျှိုချမ်းရွှယ်သည် အဖြေမရှာ နိုင်ခဲ့ချေ။ ထို့ကြောင့် ရတနာတစ်ခုခု ပေါ်ထွက်လာနိုင်သည့် အကြောင်းရင်းမှလွဲ၍ တခြားသော ဖြစ်နိုင်ဖွယ်ရာကို သူမ မစဉ်းစားနိုင်ချေ။

“အင်း... ခင်ဗျားရဲ့ ခြေထောက်အောက်မှာ ရတနာတစ်ခုရှိတယ်” လီယွင်က ပြုံးလိုက်သည်။

“ကျွန်မရဲ့ခြေထောက် ဟုတ်လား”

လျှိုချမ်းရွှယ်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ခေါင်းငုံ့ကြည့်လိုက်၏။ သို့ပေမဲ့ ဘာမှထူးခြားသည်ကို မတွေ့ခဲ့ချေ။

ခဏလောက် စဉ်းစားပြီးသည့်နောက် သူမသည် ရုတ်တရက် နားလည်သွားမိ၏။ စီနီယာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရတနာ ထွက်ပေါ်လာမည့် တည်နေရာတွင် ဆောက်လုပ်ထားခဲ့သည်လား။ ထို့ကြောင့် ရတနာပေါ်ပေါက်လာသည်ဆိုပါက မည်သူမှသည် စီနီယာကို ကျော်ဖြတ်၍ ရယူနိုင်လိမ့်မည် မဟုတ်ချေ။

လျှိုချမ်းရွှယ်၏ အတွေးကို မြင်သည့်အချိန်မှာတော့ လီယွင်သည် တကယ်ပဲ ဆွံ့အလျက်ရှိနေ၏။ သူမ၏ မျက်လုံးထဲ၌ ကောင်းကင်လျှို့ဝှက်နန်းဆောင်အား ရတနာတစ်ခုခုဟု မသုံးသပ်သေးဘူးလား။

လီယွင် သည် ရယ်ချင်စိတ်ပင် ပေါက်လာမိသည်။ ပြီးနောက် စနစ်ကို ထပ်မံဖွင့်ကာ ပြောလိုက်သည်။ “စနစ်... ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးကြည့်ရအောင်”

လျှိုချမ်းရွှယ်၏ စကားသည် မယုံကြည်ရသည်ဆိုသော်လည်း သူမပြောဆိုသည်မှာ တစ်ခုတော့မှန်၏။ ရောင်စဉ် အလင်းနတ်နယ်မြေသည် ဤကိစ္စကို လွယ်လွယ်ကူကူနှင့် လွှတ်ထားလိမ့်မည် မဟုတ်ချေ။ သံဆိုသည်မှာ ပူတုန်း ထုရ၏။ ထို့ကြောင့် သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ကိစ္စရပ်များကို ဖြေရှင်းမှာဖြစ်၏။

ကျင့်ကြံခြင်းလောကတွင် သေးငယ်လှသည့် ကိစ္စရပ်လေးတစ်ခုကပင်လျှင် အလွန်ကြီးမားပြီး လောကကြီး တစ်ခုလုံး ပျက်စီးနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။ ထို့အပြင် ရောင်စဉ်အလင်း နတ်နယ်မြေသည် ဂုဏ်သိက္ခာအရ နေရာဝင်ယူချင်ပုံပေါ်သည်။

ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်နိုင်ရန် အလို့ငှာ လီယွင်သည် ရောင်စဉ်အလင်းနတ်နယ်မြေ၏ ဝှက်ဖဲများကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်မိ၏။ တစ်ဖက်သူ၏ အားအင်အဆင့်ကို သိရှိခြင်းသည် သူ့အတွက် ကြီးမားလှသည့် အကျိုးပင် မဟုတ်ပါလား။

[ဒင်... ရောင်စဉ်အလင်းနတ်နယ်မြေ၏ သတင်းအချက်အလက်များကို စစ်ဆေးရန်အတွက် ရွေးချယ်ခွင့် နှစ်ခုရှိသည်။ ကျေးဇူးပြုပြီး အတည်ပြုပါ လက်ခံသူ]

[အလုံးစုံနားလည်မှု စစ်ဆေးခြင်း - ကောင်းကင်လျှို့ဝှက်အမှတ် ၂.၁ သန်း]

[အကြမ်းဖျင်း စစ်ဆေးခြင်း - ကောင်းကင်လျှို့ဝှက်အမှတ် ၂ သိန်း]

[ခင်မင်ရင်းနှီးစွာ သတိပေးခြင်း - အလုံးစုံနားလည်မှု စစ်ဆေးခြင်း ဆိုသည်မှာ ရောင်စဉ်အလင်းနတ်နယ်မြေနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက်အလက်များ အားလုံးကို သိရှိနိုင်၏။ အကြီးအကဲ၊ တပည့်၊ နည်းစနစ်၊ အင်ပါရီယာလက်နက်များနှင့် တခြားအရာများ]

[အကြမ်းဖျင်းစစ်ဆေးခြင်း ဆိုသည်မှာ ရောင်စဉ်အလင်းနတ်နယ်မြေ၏အကြောင်း အပေါ်ယံ ထုတ်ဖော် ပြောကြားခြင်း]

“ချီးတဲ့မှ”

လီယွင်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွား၏။ အလွန်ဈေးကြီးလွန်းလှ၏။

နှိုက်နှိုက်ချွတ်ချွတ်နှင့် စုံစမ်းစစ်ဆေးမည်ဆိုပါက ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သန်းကျော်ပင် ကုန်ကျနိုင်၏။ အပေါ်ယံစုံစမ်း စစ်းဆေးခြင်းကပင်လျှင် နှစ်သိန်းလောက် ကုန်ကျနေသည်။ နှစ်သိန်းကို အသုံးပြုပြီး အချက်အလက်များကို စစ်ဆေးမည်ဆိုလျှင် သူတစ်ခါတည်း မွဲပြာကျသွားမည် မဟုတ်ပါလား။

သို့ပေမဲ့ ရောင်စဉ်အလင်းနတ်အရှင်၌ အင်ပါရီယာလက်နက်နှင့် အင်ပါယာနည်းစနစ်များ ရှိသည်ကို စဉ်းစားပြီးသည့်နောက် လီယွင်သည် စိတ်သက်သာရသလို ခံစားမိ၏။

တော်ဝင်အင်ပါယာ တစ်ယောက်၏ သင်္ချိုင်းတည်နေရာအား စုံစမ်းခြင်းကြောင့် ကျသင့်သည့် ကောင်းကင်လျှို့ဝှက်အမှတ်သည် သန်းနှင့်ချီ၏။ နတ်နယ်မြေတစ်ခုကို စုံစမ်းရသည့် သတင်းအချက်အလက်သည် ကျိုးကြောင်းဆီလျော်လှသည့် ဈေးနှုန်းဖြစ်ကြောင်း သူက သတိပြုမိသည်။

“ကြည့်ရတာ နောက်ထပ် ပစ်မှတ် တစ်ခုခုဘက်ကို လှည့်ရမယ့်ပုံပဲ”

လီယွင်သည် လက်ကိုမြှောက်လိုက်၏။ သူသည် မေးစေ့ကို ပွတ်သပ်ပြီးသည့်နောက် သေသေချာချာ တွေးတော နေမိ၏။

“စနစ်... ထျန်းကန်ဂိုဏ်းရဲ့ အကြောင်းကို စုံစမ်းမယ်”

ရောင်စဉ်အလင်းနတ်နယ်မြေ အကြောင်း နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းမည်ဆိုလျှင် အလွန်ဈေးကြီးလွန်းလှ၏။ ကြည့်ရသည်မှာ အရင်ဆုံး အောက်ဆွဲကို အရင်လေ့လာရန် လိုအပ်၏။ ထျန်းကန်ဂိုဏ်းသည် သေးငယ်လှသည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်အမှတ် များများစားစား မကုန်နိုင်ပေ။

[ဒင်... ထျန်းကန်ဂိုဏ်းကို စုံစမ်းရန်အတွက် ရွေးချယ်ခွင့် နှစ်မျိုးရှိသည်။ သေသေချာချာ အတည်ပြုပါ လက်ခံသူ]

[အလုံးစုံ စစ်ဆေးခြင်း - ကောင်းကင်လျှို့ဝှက်အမှတ် တစ်သိန်း ကုန်ကျမည်။ အကြမ်းဖျင်းစစ်ဆေးခြင်း - ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကုန်ကျမည်]

“နည်းနည်းတော့ များသေးတာပဲ” လီယွင်သည် အံကိုကြိတ်လိုက်၏။ သေးငယ်သော ဂိုဏ်းတစ်ခုကို စုံစမ်းသည့် နေရာတွင် သူတော်စင်အခွင့်အရေးကို ရရှိရန်အတွက် စုံစမ်းခြင်းနှင့် တူညီလှသည့် ကုန်ကျမှုမျိုးကို ကျသင့်လျက် ရှိနေ၏။

“အင်း.... ဘာပဲပြောပြော အကြမ်းဖျင်း စပြီး စုံစမ်းစစ်ဆေးကြည့်ရအောင်” လီယွင်က တွေးတောလိုက်သည်။

[ဒင်... စုံစမ်းစစ်ဆေးမှု အောင်မြင်သည်]

[ထျန်းကန်ဂိုဏ်း]

[သူတော်စင်ဘုရင် - မရှိ၊]

[သူတော်စင်အဆင့် - မရှိ]

[နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ - ၉ ယောက်]

[ကောင်းကင်သဘာဝပြောင်းလဲခြင်း - ၁၈၃ ယောက်]

…………..

[ဂိုဏ်း၏ အစီအရင် - ထျန်းကန်မိစ္ဆာဖိနှိပ်ခြင်း အစီအရင်။ အသေးစိတ် သိရှိရန်နှိပ်ပါ]

………….

[ထပ်တိုးအချက်အလက် - ရောင်စဉ်အလင်းနတ်အရှင်သည် အကြီးအကဲလင်းမင်ကို စေလွှတ်ပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံးကို ပေးပို့ခဲ့၏။ ဆေးလုံးအား အသေးစိတ်သိရှိရန်နှိပ်ပါ]

[သုံးရက်အတွင်း ရောက်ရှိမည်ဟု ခန့်မှန်းပြီး ဆယ့်သုံးရက်အကြာတွင် ထျန်းကန်ဂိုဏ်း၌ သူတော်စင်တစ်ပါး ပေါ်ပေါက်လာလိမ့်မည်။ ထပ်မံသိရှိရန် နှိပ်ပါ]

“အင်း.. တကယ့်ကို အကြမ်းဖျင်း အချက်အလက်တွေပဲ” လီယွင်သည် စိတ်ဝင်တစားဖြစ်လို့ နေခဲ့၏။

နတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ကိုးယောက်သာလျှင် ရှိ၏။ သို့ပေမဲ့ ၎င်းတို့ မည်သူဖြစ်ပြီး မည်သည့်နည်းစနစ်များကို အသုံးပြုသည်ဆိုသည့် အချက်အလက်များကို ထုတ်ဖော်မပြောခဲ့ချေ။

ထပ်တိုး သတင်းအချက်အလက်သည် သူ့အား စိတ်ဝင်တစား ဖြစ်စေခဲ့သည်။ သူသည် ထိုအရာကိုသာ ကြားဖြတ် လုယူလိုက်မည်ဆိုလျှင်... ။

ကြည့်ရသည်မှာ တကယ့်ကို ပစ္စည်းကောင်းတစ်ခု ဖြစ်ပုံပေါ်၏။

All Chapters