အခန်း (၇၅၂)
Vol. 51 Ch. 752
လက်ရှိ လျှိုချင်းယုသည် နတ်ဘုရားဝိညာဉ်တစ်ခုလုံး တောက်လောင်လျက် ရှိ၏။ လျှိုချင်းဟုန်သည် တစ်ချက်ကလေးမှ ရပ်တန့်နေရန် အစီအစဉ် မရှိချေ။ တစ်ဖက်လူကို လိုက်လံတိုက်ခိုက်ချင်၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာလက်နက် အခွင့်အရေးကလည်း တည်ရှိလို့ နေသေး၏။ ထိုအရာကိုသာ ရရှိပါက သူ့အနေနှင့် ကြီးမားသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပေလိမ့်မည်။ သူသည် ကွာစီအင်မော်တယ် အင်ပါယာ လက်နက်ကို သန့်စင်ရန်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
လျှိုချင်းယုသည် သွေးအဆီအနှစ်များကို ကျွမ်းလောင်စေပြီး ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ ခဏလေက် စဉ်းစားပြီးနောက် လျှိုချင်းဟုန်သည် လျှိုချင်းယုနောက်သို့သာ လိုက်တော့သည်။။
ရှန်းဘုရင်၏ စိတ်ထဲတွင်လည်း များပြားလှသည့် အတွေးများ ထင်ဟပ်လာ၏။ သူသည် အဓိက အချက်ကို မကြာခင် အဖြေရှာတွေ့ခဲ့၏။ မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လျှိုချင်းဟုန်၏ အနောက်သို့ လိုက်ပါလိုက်၏။
တည်နေရာကြီး တစ်ခုလုံးက မဲမှောင်လျက် ရှိနေပြီး နိယာမများကလည်း တားဆီးပိတ်ပင်ခြင်းကို ခံထားရသေး၏။ အင်မော်တယ်ဘုရင် သုံးယောက်တို့သည် အတန်းလိုက်ကြီး ထွက်ပြေးသူကပြေး၊ နောက်ကလိုက်သူကလိုက်နှင့် ရှုတ်ရှက်ခတ်လျက် ရှိနေ၏။ တစ်ယောက်နှင့်တစ်ယောက်ကြားတွင် မိုင်သောင်းနှင့်ချီသည့် အကွာအဝေး ကွာခြားလျက် ရှိနေ၏။ သို့ပေမဲ့ ထိုအကွာအဝေးသည် သာမန်လူအတွက် ဩချရလောက်သည့် အရာမျိုး ဖြစ်သည် ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်များအတွက်တော့ ဘာမှ မဟုတ်ချေ။
“သူတို့ဘာလို့ အဲလောက် အားကောင်းနေရတာလဲ” လျှိုချင်းယုသည် အနောက်ဘက်သို့ အသာ လှည့်ကြည့်ပြီးသည့်နောက် အံ့အားသင့်စွာဖြင့် တွေးလိုက်မိ၏။ အစတုန်းက သူသည် သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။ သို့ပေမဲ့ သေသေချာချာ နီးကပ်လာသည်ကို မြင်ရသည့် အချိန်မှာတော့ တုန်လှုပ်သွားမိ၏။
လျှိုချင်းဟုန်နှင့် ရှန်းဘုရင်တို့သည် တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသည်မက သူ့နောက်သို့ပင် တရိပ်ရိပ်နှင့် လိုက်ပါလာခဲ့၏။ ဤအရာမှာ လွန်လွန်းလှ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ထုတ်ဖော်ထားသည့် အင်မော်တယ်ဘုရင်စာရင်းတွင် ပါဝင်သူများသည် မည်ကဲ့သို့သော မကောင်းဆိုးရွားများနည်း။ ရှန်းဘုရင်၏ အကူအညီသာ မရှိပါက လျှိုချင်းယုသည် အသက်သွေး အဆီအနှစ်များကို ကျွမ်းလောင်ကာ ထွက်ပြေးမည် ဆိုလျှင်တောင်မှ လျှိုချင်းဟုန်၏ ဖမ်းဆီးခြင်းကို ခံရမှာ သေချာသည်။
“အသုံးမဝင်ဘူး။ ခွေးကောင်” ရှန်းဘုရင်သည် စိတ်ထဲမှာ ကြိတ်ကာ ဆဲဆိုလိုက်မိ၏။ လျှိုချင်းယုသည် ဂုဏ်သိက္ခာ ကြီးမားသည့် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ လျှိုချင်းဟုန်ကို ကြောက်လန့်နေသည်မှာ ထင်ရှားလွန်း၏။ တကယ့်ကို သတ္တိကြောင်သည့် လူစားမျိုးပင်။
လျှိုချင်းဟုန်သည် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သည့်လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ရှန်းဘုရင်သည် သိပ်ပြီး စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ နှစ်ယောက်သား ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုပါက လျှိုချင်းဟုန်အား အန္တရာယ်ပေးနိုင်သည့် အခြေအနေဆီသို့ ပြောင်းလဲနိုင်မှာ သေချာ၏။
“အရူးကောင်” ရှန်းဘုရင်က တီးတိုးရေရွတ်လိုက်သည်။
“လျှိုချင်းယု ခင်ဗျား မလွတ်ပါဘူး” လျှိုချင်းဟုန်က အနောက်မှလိုက်ကာ အော်ဟစ်လိုက်၏။ သူသည် ကြီးမားလွန်းသည့် ကြေးပုဆိန်ကြီးကို ထုတ်ယူကာဖြင့် လေဟာနယ်ထဲသို့ ခုတ်ပိုင်းလိုက်၏။ မည်သူမှ သူ့ကို တားဆီး၍ မရနိုင်ချေ။ ရှန်းဘုရင်တောင်မှ တားဆီနိုင်လိမ့်မည် မဟုတ်ချေ။
“လျှိုချင်းဟုန်.. ကိုယ့်မျိုးနွယ်ကိုယ် သတ်ချင်နေတာလား” လျှိုချင်းယုက အော်ဟစ်လိုက်၏။ သူသည် တကယ့်ကို ကြောက်ရွံ့လို့နေခဲ့၏။ ကြီးမားလွန်းသည့် ပုဆိန်ကြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသည်ကို မြင်ရသည့် အချိန်မှာတော့ သူသည် မည်သည့် အားအင်မှ မရှိသလို ခံစားနေမိ၏။ သူသည် အားအင်အကုန်ကို ထုတ်ဖော်လိုက် သည်ဆိုလျှင်တောင်မှ ဤတိုက်ခိုက်ချက်ကို ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
ဘုန်း
စကြဝဠာကြီး တစ်ခုလုံး ပြိုလဲသွားခဲ့၏။ ပုဆိန်ကြီးသည် စကြဝဠာကြီး၏ လေဟာနယ် တစ်ခုလုံးကို ထိုးခွင်းသွား၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာလှိုင်းများသည် လျှိုချင်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်း ပိုင်းဖြတ်နေသကဲ့သို့ပင် ခံစားမိစေ၏။
အင်မော်တယ်ဘုရင် တစ်ယောက်၏ သွေးအဆီအနှစ်များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအင်များ ပေါ်လာ၏။ ရှန်းဘုရင်ပင်လျှင် မျက်ခုံး ပင့်လိုက်မိ၏။ ပြင်းပြင်းထန်ထန် ထပ်မံ ဒဏ်ရာရရှိသွားပြီးနောက် လျှိုချင်းယုသည် ရှန်းဘုရင်နှင့် လျှိုချင်းဟုန်တို့ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းတို့နှစ်ယောက်သည် တိုက်ခိုက်လျက် ရှိနေတုန်းပင်။ သူ့အနေနှင့် မည်သည့်စကားမှ မပြောဆိုနိုင်တော့ချေ။ ကောင်းကင်ယံပေါ်သို့ တက်ကာ ထွက်ပြေးလိုက်သည်။
တဖြည်းဖြည်းနှင့် ၎င်းတို့သည် ဘာမှန်းမသိသည့် တည်နေရာကြီးဆီသို့ ရောက်ရှိလာခဲ့၏။ ဤနေရာတွင် အလင်း ထောက်တိုင်ကြီး တစ်ခုက တည်ရှိနေ၏။ အလင်းထောက်တိုင်ကြီး၏ ထိပ်တည်နေရာတွင် ကြီးမားလွန်းသည့် စင်မြင့်ကြီးရှိပြီး ထိုအရာကြီးဆီမှ ကြမ်းတမ်းလွန်းသည့် စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေ၏။
တည်နေရာထဲတွင် များပြားသည့် နန်းဆောင်များ တည်ရှိနေခဲ့ပြီး ပတ်ဝန်းကျင်တည်နေရာကြီး တစ်ခုလုံးကလည်း မဲမှောင်နေ၏။ အပျက်အစီးပုံများကြားထဲတွင် အစီအရင်၏အကြွင်းအကျန်များကို မြင်နေရပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ပွဲများသည် ဤတည်နေရာတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိခံစားနိုင်သည်။
ဤတည်နေရာတွင် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ တည်ရှိနေသည့် ရှေးဟောခန်းကြီး တစ်ခု တည်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များကို ထုတ်ဖော်နေ၏။
အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သော လျှိုချင်းယု သည် ထိုအရာကြီးကို ပထမဦးဆုံးအကြိမ် မြင်ရသည့်အချိန်မှာတော့ နှလုံးသားများပင် တုန်ယင်သွားမိ၏။ အင်မော်တယ် အင်ပါယာ တစ်ယောက်နှင့် ရင်ဆိုင် နေရသကဲ့သို့ပင်။ လုံးဝမနေနိုင်ဘဲ ဒူးထောက်ချင်စိတ်များပင် ပေါက်လာသည်။
“ဒါဘာကြီးလဲ” လျှိုချင်းယုက တီးတိုးရေရွတ်လိုက်၏။ ပြီးနောက် လျှိုချင်းဟုန်ထံသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လျှိုချင်းဟုန်သည် အနောက်မှ လိုက်ပါလာခဲ့၏။ ထို့ကြောင့် သူသည် အံကိုကြိတ်ကာဖြင့် နှောင့်နှေးခြင်း မရှိဘဲ အလယ်ဗဟိုရှိ ဟောခန်းထဲသို့ မြန်မြန်ဆန်ဆန် ပျံသန်းလိုက်၏။
ဟောခန်းတည်နေရာကြီးသည် ပေထောင်နှင့်ချီ မြင့်မားလွန်းလှ၏။ အရှေ့တွင် ကြီးမားလွန်းသည့် ကြေးတံခါးကြီး နှစ်ခုက တည်ရှိပြီး ရှေးစာတန်းများ ရေးထိုးထား၏။ အချိန်ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် ဘာတွေ ရေးသားထားမှန်း သေသေချာချာ မသိရှိနိုင်ချေ။ သို့ပေမဲ့ လျှိုချင်းယုသည် ထိုအရာများ ထင်ထင်ရှားရှား ပေါ်နေသည် ဆိုလျှင်တောင်မှ ဖတ်ရှုရန် စိတ်ဆန္ဒ ရှိလိမ့်မည် မဟုတ်ချေ။
လက်ကို အသာဆန့်တန်းပြီးသည့်နောက် တံခါးကြီးကို တွန်းကာဖွင့်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ စွမ်းအင်များသည် တည်နေရာအနှံ့ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ခပ်ဝေးဝေး တည်နေရာတွင် တိုက်ခိုက်လျက် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် မြေပေါ်သို့ ဖိနှိပ်ခံလိုက်ရသလိုပင် ခံစားနေရပြီး အားနည်းသည့် အင်မော်တယ်ဘုရင်များသည် မတ်မတ် မရပ်တန့် နိုင်ခဲ့ကြချေ။ အသာမြေပေါ်သို့ပင် ဒူးထောက်ချမိကြ၏။
အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင်ပါဝင်သည့် အင်မော်တယ်ဘုရင် အနည်းငယ်တို့သည်သာလျှင် မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ခပ်မတ်မတ် နေထိုင်နိုင်စွမ်း ရှိနေသည်။
“လျှိုချင်းယု ဘာလုပ်ခဲ့တာလဲ”
လျှိုချင်းဟုန်နှင့် ရှန်းဘုရင်တို့သည် သီးခြားစီ မတ်တပ်ရပ်လျက်ရှိ၏။ ၎င်းတို့သည် တည်နေရာထဲသို့ လှမ်းဝင်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားဒဏ်သည် သူတို့ဆီသို့ ကျဆင်းလာခဲ့၏။ မတ်မတ်ရပ်နေရန်ပင် စိန်ခေါ်စရာဖြစ်၏။ လှုပ်ရှားမှု ပြုလုပ်ရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
“ဒီအခြေအနေထိဖြစ်အောင် တွန်းအားပေးခဲ့တာပဲ”
လျှိုချင်းယုသည် လျှိုချင်းဟုန်ဆီသို့ အသာလှည့်ကာ ကြည့်ရှုလိုက်၏။ လက်တစ်ဖက်ကို လှမ်းမြှောက်ပြီးသည့်နောက် ကြေးတံခါးကြီးကို မြန်မြန်ဆန်ဆန် ဆိုသလို ဆွဲဖွင့်လိုက်၏။
“မလုပ်နဲ့” ရှန်းဘုရင်က အော်ဟစ်လိုက်၏။ ကြေးတံခါးကြီး၏ နောက်ကွယ်တွင် ဘာရှိမည်ဖြစ်ကြောင်းကို သူမသိရှိသော်လည်း ထွက်ပေါ်လာသော ဖိအားများကို သုံးသပ်ရမည်ဆိုလျှင် ကြောက်စရာကောင်းသည့် အရာ ဖြစ်မှာ သေချာ၏။ ထိုအရာ ပေါ်ပေါက်လာပါက ကျိန်းသေပေါက် ရှုပ်ထွေးကုန်ပေလိမ့်မည်။
အစစ်အမှန် အင်မော်တယ် အင်ပါယာသည်သာ ထွက်ပေါ်လာပါက မည်သို့လုပ်မည်နည်း။ ထို့အပြင် သူ့အနေနှင့် ဤနေရာဆီသို့ ရောက်ရှိလာခဲ့ခြင်းဆိုသည်မှာ ငရဲလောကကြီး ပြန်လည်ထွန်းတောက်ရန် အတွက် မီးတောက်ဘုရင်ကို ကူညီရန်သာ ဖြစ်ပေ၏။ သူသည် အသက် မသေချင်ပေ။
“လျှိုချင်းယု... ရှေးတုန်းက ချန်ခဲ့တဲ့စည်းပဲ။ တံခါးကို မြန်မြန်ပိတ်လိုက်” ရှန်းဘုရင်က အော်ဟစ်လိုက်၏။
တံခါး၏ အတွင်းဘက်တွင် ဘာတွေ တည်ရှိနေမှန်း သူ မသိရှိချေ။ သို့ပေမဲ့ တည်နေရာတစ်ခုလုံးကို ကြည့်ရှုရမည် ဆိုလျှင် သာမန်မဟုတ်သည်မှာ သိသာထင်ရှားသည်။
“နောက်ကျသွားပြီ”
လျှိုချင်းယုသည် ရှန်းဘုရင်နှင့် လျှိုချင်းဟုန်တို့ကို လှမ်းကြည့်ပြီး နှာခေါင်းရှုံ့လိုက်မိ၏။ သူ ယနေ့ သေဆုံးသွားမည် ဆိုလျှင်တောင် တစ်ယောက်တည်း သေဆုံးသွားလိမ့်မည် မဟုတ်ချေ။ သူ၏အတူ အင်မော်တယ်ဘုရင်အဆင့်စာရင်း၏ စွမ်းအားမြင့်ကျင့်ကြံသူများကိုပါ ခေါ်ဆောင်သွားမှာဖြစ်၏။ သူသည် ဟောခန်းထဲသို့ ခေါင်းလှည့်ကာ ကြည့်ရှုလိုက်၏။
လက်ရှိအခြေအနေ၌ သူသည်လည်း စိတ်ဝင်စားလျက် ရှိနေ၏။ ဤဟောခန်းကြီးသည် ဘာရည်ရွယ်ချက် နှင့်ဖန်တီးထားသနည်း။ ဘာတွေ ဖုံးကွယ်ထားသနည်း။
သို့ပေမဲ့ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် သူသည် ကြောင်အသွားမိသည်။
“မဖြစ်နိုင်ဘူး” ဟောခန်းထဲသို့ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူသည် မျက်လုံးများ ပြူးကျယ်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်လျက် ရှိနေပြီး နောက်သို့ လှည့်ပြေးချင်စိတ်များ ပေါက်လာသည်။ သို့ပေမဲ့ မလုပ်နိုင်ခဲ့ချေ။
ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကြီးအောက်တွင် သူသည် လက်တစ်ချောင်းကို မြှောက်ရန်ပင် ခက်ခက်ခဲခဲ ဖြစ်လို့နေခဲ့၏။ အင်မော်တယ် အင်ပါယာတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အင်ပါရီယာ ဖိအားများသည် သာမန်လူတစ်ယောက် ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ဟောခန်းထဲမှာ ဘာကြီးလဲ” လျှိုချင်းဟုန်က မေးမြန်းလိုက်၏။ လျှိုချင်းယုအား ဤမျှအထိ ကြောက်လန့် သွားစေသည့် အရာကို သူ စိတ်ဝင်စားမိ၏။ သို့ပေမဲ့ တံခါးက လူတစ်ကိုယ်စာသာ ဟထားသောကြောင့် အတွင်းသို့ မမြင်ရချေ။
“အင်.. အင်မော်တယ်.... အသက်ရှင်လျက် ရှိနေတယ်”
လျှိုချင်းယု၏ မျက်လုံးများသည် မယုံကြည်နိုင်သလိုပင်။ “အင်မော်တယ် အင်ပါယာ”