← Chapters

အပိုင်း (၁၄၈)

Vol. 10 Ch. 148

အပိုင်း (၁၄၈)

Vol. 10 Ch. 148

တောတန်း၏ အတွင်း

ကဲ့ကုန်းကျွင်း သည် အစီအရင်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ပြင်ပကိုလှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းအရှည်ကြီးပင် ချမိလိုက်၏။ အင်ပါရီယာရီကလန်မှ တစ်စုံတစ်ယောက်ကိုမှ သူသည် မမြင်သေးချေ။ ကြည့်ရသည်မှာ အင်ပါရီယာ ရီကလန်သည် မလှုပ်ရှားသေးပုံပင် သို့မဟုတ် လှုပ်ရှားသည်ဆိုလျှင်တောင်မှ လမ်းခရီး၌သာ ရှိနေသေးပုံပင်။ ဤနေရာဆီသို့ မရောက်ရှိကြသေးချေ။ အခြေအနေကို အခွင့်ကောင်းယူပြီး မြန်မြန် ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။

အစီအရင်၏ အပြင်ဖက်သို့ ထွက်ပြီး သူ၏ခြေထောက် မြေပြင်နှင့် ထိလိုက်သည့် အချိန်မှာပဲ သူ၏ လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ်သည် ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ခြစ်ခြစ်တောက် ပူလောင်နေသည့် နေ၏ အလင်းရောင်ကဲ့သို့ပင် တည်နေရာ အနှံ့ဆီသို့ ပျံ့့နှံ့သွား၏။ ကောင်းကင်ယံထက်တွင် ရောင်စဉ်ကဲ့သို့ တောက်ပနေပြး မိုင်သောင်းချီ အကွာအဝေးမှပင် လှမ်းမြင်ရ၏။

"သောက်ကျ်ုးနည်း"

ကဲ့ကုန်းကျွင်းသည် ဆက်လက်ကာ မတည်ငြိမ်နိုင်တော့ချေ။ ဘာတွေဖြစ်ကုန်သနည်း။

အစောကတင် အင်ပါရီယာ ရီကလန်မှ လူများ သူတို့ကို သတိမပြုနိုင်ဟု သူတွေးတောခဲ့၏။ သို့ပေမဲ့ အဘယ်ကြောင့် သူ၏ သိုလှောင်လက်စွပ်သည် သန္ဓေပြောင်းလဲကာဖြင့် သူ၏ တည်နေရာ အတိအကျကို ဖော်ပြနေရသနည်း။

"ဖန်တီးခြင်းသော့"

အချိန် ခဏလောက် ကြာပြီးသည့်နောက် သူ နားလည်သွား၏။ ကောင်းကင်ကို မော့ကြည့်လိုက်သည့် အချိန်မှာတော့ တည်နေရာသုံးခုဆီမှ အလင်းတန်းသုံးခု ပေါ်ပေါက်လာ၏။ ထိုအရာသည် မိုင်ပေါင်းသောင်းချီအတွင်း လေများ တိုက်ခတ်လာစေ၏။

ရေတွက်၍မရအောင် များပြားလှသော ကျင့်ကြံသူများ နဝေတိမ်တောင်ဖြင့် ကောင်းကင်ကို မော့ကာ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့သည် လောကကြီး၏ ပြောင်းလဲမှုများကို အံ့အားသင့်နေကြသည်။

အလင်းတန်းလေးခုသည် ကောင်းကင်ယံထက်တွင် ထောက်တိုင်ကြီးကဲ့သို့ပင် မားမားမတ်မတ် ထောင်လျက် ရှိနေပြီး မြေပြင်တစ်ခုလုံးကို တုန်ခါနေစေခဲ့၏။

လူပေါင်းများစွာတို့၏ နှလုံးသားများသည် တုန်ယင်လျက် ရှိနေ၏။ များပြားလှသော လူများသည် ဇဝေဇဝါနှင့် ဖြစ်မိနေတုန်းပင်။ ရုတ်တရက် ကောင်းကင်ကြီးတွင် အလင်းတန်းလေးခု ပေါ်ထွက်လာပြီး ထောက်တိုင်ကြီး လေးခုကဲ့သို့ပင် ဖြစ်တည်နေသည်။

ကောင်းကင်တစ်ခုလုံး တုန်ခါလျက် ရှိနေပြီး အင်ပါရီယန်စိတ်ဆန္ဒသည် တဝုန်းဝုန်းနှင့် လှိုင်းခတ်နေသည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေ၏။

အင်ပါရီယန် ရီကလန်၏ အဝေး မိုင်းပေါင်းသောင်းချီတွင် လေဟာနယ်ကြီး တစ်ခုလုံးသည် တွန့်လိမ့်လျက် ရှိနေပြီး အလင်းတန်းများ ထွန်းတောက်နေ၏။ ပြီးနောက် ထိုတည်နေရာကြီးတွင် အက်ကွဲကြောင်းများ တဖြည်းဖြည်းနှင့် ဖြစ်တည်လာပြီး ထိုထဲတွင် ကြေးဂိတ်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုတံခါးသည် ရှေးဆန်လွန်းလှ၏။ အချိန်၏ မြစ်ရေစီးကြောင်း အနောက်ဖက်မှ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင်။

"ဒါက….. "

ကဲ့ကုန်းကျွင်းသည် ကောင်းကင်တွင် ဖြစ်တည်လာသည့် မြင်ကွင်းကို ကြည့်ရှုရင်း အကူအညီမဲ့သလို ခံစားနေမိ၏။ ဤအရာသည် များပြားလွန်းမနေဘူးလား။ ဤနေမှ ထွက်ခွာချိန်တွင် တခြားသောသူများ သိရှိသွားနိုင်သည်ဟု စီနီယာ အဘယ့်ကြောင့် ကြိုတင်ကာ သတိမပေးရသနည်း။

ဤကဲ့သို့ ဖြစ်မည်ကို သိပါက အကာအကွယ်ပေါင်းများစွာ ပြုလုပ်ပြီးမှ ဤနေရာမှ ထွက်ခွာပေလိမ့်မည်။ လက်ရှိ ဖန်တီးခြင်းသော့ကို ကိုင်ဆောင်ထားခြင်းမှာ ချိန်ကိုက်ဗုံးကို ကိုင်ဆောင်ထားခြင်းနှင့်ပင် ဆင်တူနေ၏။ အားလုံး၏ ရှေ့တွင် ပွင့်ပွင့်လင်းလင်းဖြင့် ပေါ်သွားခဲ့ပြီဖြစ်သောကြောင့် မည်ကဲ့သို့ လွတ်မြောက်အောင် ပြေးရတော့မည်နည်း။

အင်ပါရီယန် ရီကလန်၏ အတွင်းဖက်မှာတော့ ကလန်ခေါင်းဆောင် ရီချင်းမင်သည် ကြီးမားလှသည့် ဟောခန်းကြီးအတွင်းတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏ အနောက်ဖက်တွင် အဘိုးအိုတစ်ယောက်က တည်ရှိနေ၏။

"ချန်အာရဲ့ အခြေအနေက ဘယ်လိုရှိလဲ" ရီချင်းမင်က မေးမြန်းလိုက်သည်။

"ကလန်ခေါင်းဆောင်ကို သတင်းပို့ပါတယ်။ သခင်လေးရဲ့ ဒဏ်ရာက ပြန်ပြီးတော့ ကောင်းနေပါပြီ။ ဒဏ်ရာက မပြင်းထန်ပါဘူး။ ကြည့်ရတာ ယုရှင်းချန်က သိုင်းပြိုင်ရုံလောက်သာ တိုက်ခိုက်ခဲ့တာနဲ့ တူတယ် " အဘိုးအိုသည် လေးလေးစားစားနှင့် ပြန်လည်ကာ ဖြေဆိုလိုက်၏။

“ဟင်း ….”

ရီချင်းမင်သည် သက်ပြင်းချလိုက်မိ၏။ သူသည် အကူအညီမဲ့သလို ခံစားနေမိသည်။

"ယုရှင်းချန်ရဲ့ အားအင်အဆင့်က ကြောက်ဖို့ ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်ကို ရောက်နေတယ်။ ချန်အာ တောင်မှ သူမရဲ့ တိုက်ခိုက်ချက် တစ်ခုတည်းကို မခုခံနိုင်ခဲ့ဘူး။ သူမက တော်ဝင်အင်ပါယာတစ်ယောက် ပြန်လည်ဝင်စားတဲ့ လူများလား။"

"ဒါက…. "

အဘိုးအိုသည် တွန့်ဆုတ်လျက် ရှိနေ၏။ ပြီးနောက် လေးလေးစားစားနှင့် ပြန်လည်ပြောလိုက်၏။ "ဒီအဘိုးကြီး သေချာမသိပါဘူး။ ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်ကသာ ယူရှင်းချန်ရဲ့ အကြောင်းအကုန်ကို သိနိုင်ပါတယ်။ အခု သူမက အသက် ဘယ်လောက်ရှိလဲတောင် ဘယ်သူမှ မသိဘူး"

ရီချင်းမင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ တစ်ဖက်လူသည် ကောင်းကင်အသွင်ပြောင်းခြင်း ထိပ်ဆုံးအဆင့်သို့ အသက်ငါးရာအောက်တွင် ရောက်ရှိနေသည် ဆိုပါက ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု သတ်မှတ်ရ ပေလိမ့်မည်။ ထိုထက်သာ ငယ်ရွယ်သည် ဆိုပါက ကြောက်မက်သည်ထက် ပိုမိုသော စကားလုံးကို ဖော်ညွှန်းရ ပေတော့မည်။

"ဒီလိုမှန်းသိရင်"

ရီချင်းမင်သည် ဦးခေါင်းကို အသာခါယမ်းလိုက်၏။ "ချန်အာကို ယုရှင်းချန်ကို စိန်ခေါ်ဖို့အတွက် လွှတ်လိုက်မှာ မဟုတ်ဘူး"

ထိုအရာသည် ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာခြင်းနှင့် ဆင်တူနေ၏။ ယုရှင်းချန်သည် ရီချန်အား တိုက်ခိုက်ချက် တစ်ခုတည်းနှင့် အနိုင်ယူနိုင်ခဲ့၏။ ဖြစ်နိုင်မည်ဆိုလျှင် တစ်ခါတည်းပင် သတ်နိုင်စွမ််း ရှိနေလိမ့်မည်။ ရီချန်၏ ကာကွယ်စောင့်ရှောက်သူပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည် ဆိုမှတော့ လွယ်ကူလှသည့် အခြေအနေမျိုး မဟုတ်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် သတ်ဖြတ်သည့် အလုပ်ကို မလုပ်ခဲ့ချေ။ အင်ပါရီယာရီကလန်၏ ဂုဏ်သိက္ခာကို ထောက်ထားခဲ့ပုံလည်း ပေါ်သည်။

"နေအုံး … သူတော်စင်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးငါးလုံးကို ယူပြီးတော့ သူတို့ဆီပို့လိုက်"

ရီချင်းမင်သည် အသာလှည့်ပြီးနောက် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်၏။ သို့ပေမဲ့ ပြီးအောင် မပြောလိုက်ရသေးခင်မှာပဲ ဘုန်း ဟူသော အသံကြီးနှင့် ကြောက်မက်ဖွယ်ကောင်းလှသည့် အားအင်လှိုင်းများ ဖြစ်တည်လာခဲ့သည်။ ဘုံးကိုးပါးဆီမှ အလင်းတန်းတစ်ခုသည် ထိုးထွက်လာခဲ့သလိုပင်။ လေများသည် တဟူးဟူးနှင့် တိုက်ခတ်နေသည်။ အင်ပါရီယာရီကလန်၏ ကလန်များ အားလုံးသည် လက်ရှိအချိန်တွင် သွေးများဆူဝေလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ရီချင်းမင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် အဓိကဟောခန်းထဲမှ လျှောက်ထွက်လိုက်၏။ အခန်း၏ အပြင်သို့ ရောက်သည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းများကို မြင်လိုက်ရတော့၏။ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ "ဘိုးဘေးဟောခန်း တည်နေရာလား"

"ကလန်ခေါင်းဆောင်…. ဖန်တီးခြင်းလျှို့ဝှက်နယ်မြေပဲ။ ကျွန်တော်တို့ ဘိုးဘေးကြီး အနာဂတ် မျိုးဆက်တွေအတွက် ချန်ထားခဲ့တဲ့ လျို့ဝှက်နယ်မြေ ပေါ်ပေါက်လာခဲ့ပြီ"

ရီချင်မင်၏ အနောက်ဖက်တွင် ရှိနေသော အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေပြီး အသံများပင် တုန်ခါနေသည်။

ရေတွက်၍မရအောင် များလွန်းသော အချိန်များ ကုန်လွန်သွားခဲ့၏။ ထိုသို့ဆိုလျှင်တောင် အင်ပါရီယာရီကလန်သည် ဖန်တီးခြင်း လျို့ဝှက်နယ်မြေသည် မည်သည့်နေရာတွင်ရှိမှန်း သေချာမသိရှိချေ။ ၎င်းတို့အနေဖြင့် ထိုအရာကို ရှာဖွေရန် စိတ်ဆန္ဒကိုပင် စွန့်လွှတ်ပြီးခဲ့ပြီး ဖြစ်၏။

ဖန်တီးခြင်းသော့တစ်ခုသည် ရွှေကျီးကန်း ကလန်တွင် တည်ရှိနေပြီး ကျန်သည့် သော့နှစ်ခုကိုလည်း သူတို့ မရှာနိုင်ခဲ့ချေ။ သော့လေးခု မစုံလျှင် ဖန်တီးခြင်းလျို့ဝှက် နယ်မြေကို ဖွင့်နိုင်လိမ့်မည် မဟုတ်ချေ။

"တခြားဖန်တီးခြင်း သော့နှစ်ခု ပေါ်လာတာလား"

ရီချင်းမင်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုဟူ၍ မရှိချေ။ ထိုအစား အေးစက်သည့် အငွေ့အသက်များသာ ဖြစ်တည်လာခဲ့၏။ ဆိုလိုသည်မှာ သော့တစ်ခုချင်းစီတိုင်းကို ကြောက်မက်ဖွယ်ရာ နောက်ခံနှင့် ဂိုဏ်း၊ မျိုးနွယ်တစ်ခုခုက ပိုင်ဆိုင်ပေလိမ့်မည်။ လေးပွင့်လေးဆိုင်ဆုံပြီလျှင် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ ဆိုသည်မှာ အင်ပါရီယာရီကလန် ပိုင်ဆိုင်သည့်အရာ ဖြစ်နိုင်သေးရဲ့လား။

"ကလန်ခေါင်းဆောင်"

အဘိုးအိုသည် အဝေးတစ်နေရာသို့ လက်ညိုးညွှန်ကာ ပြောလိုက်၏။

"အဲဒီ အလင်းတန်းတွေကို တွေ့တယ်မလား။ ဒါက ကျုပ်တို့ အင်ပါရီယာရီကလန်နဲ့ နီးကပ်မနေဘူးလား"

“ဟမ်”

ရီချင်းမင်သည် ထိုစကားကို ကြားတော့ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာ၌ ရှက်ရွံ့မှုများ နှင့် ပြည့်နှက်သွားခဲ့၏။ "လူတစ်ယောက်က ကျုပ်တို့ အင်ပါရီယာ ရီကလန် နယ်မြေထဲကနေ ဖန်တီးခြင်း သော့တစ်ချောင်း ကို လာယူတာပဲ။ ဆိုးယုတ်လိုက်တာ"

ရီချင်းမင်သည် တောင်၏ အနောက်ဖက်သို့ ပျံသန်းသွားခဲ့၏။ လက်ရှိ အခြေအနေမှာတော့ တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးကြီးကို ထွက်လာရန် သွားရောက် ဖိတ်ခေါ်ရပေတော့မည်။ သူ့အနေဖြင့် ဖန်တီးခြင်း သော့လေးခုကို ပြန်လည်မရရှိနိုင်လျှင်တောင်မှ သော့နှစ်ခုကိုတော့ ကိုင်ဆောင်ထားသင့်သည် မဟုတ်ပါလား။။ ယှဉ်ပြိုင်ဖက်တစ်ယောက် လျော့နည်းသွားလျှင် ဖိအား ပိုလျော့သည်။

All Chapters