အပိုင်း (၅၉၄)
Vol. 40 Ch. 594
“ဘယ်လိုဖြစ်ပြီးတော့ ပိုးစုန်းကြူးလေးက တောက်ပတဲ့ လမင်းလေးကို နှိုင်းယှဉ်နိုင်မှာလဲ” အေးစက်သည့် အသံတစ်ခုသည် လေဟာနယ်ထဲတွင် ဖြစ်တည်လာခဲ့၏။
ဘုန်း
မဲနက်လျက် ရှိနေသည့် အလံကြီးသည် ရှေးကြယ်စင်စုများကဲ့သို့ ပြောင်းလဲသွားခဲ့၏။ ထိုကြယ်စင်စုများသည် တဖြည်းဖြည်းချင်း လည်ပတ်လာခဲ့ပြီးသည့်နောက် အောက်တွင်ရှိနေသည့် လျှိုချင်းယုအား ကြီးမားပြင်းထန်လွန်း သည့် လှိုင်းများအဖြစ် ဖိအားပေးသည်။
လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ကြောက်လန့်သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံထက်တွင် များပြားလှသည့် ရှေးကြယ်စင်စုများ ပေါ်ပေါက်လာခဲ့ပြီး ထိုအရာကြီးသည် ပြည့်စုံသည့် လောကကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။
နက်နဲအလင်းလောကမှ လှမ်းကာ ကြည့်ရှုမည် ဆိုလျှင် ထိုမြင်ကွင်းကို ကောင်းကောင်းမြင်ရ၏။ အချို့သော သူများသည် လောကအသစ်တစ်ခုနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်ကြောင်း ထင်မှတ်မှားမိကြ၏။ ကြမ်းတမ်း လွန်းလှသည့် စွမ်းအင်လှိုင်းများသည် ဖြစ်တည်လျက် ရှိနေပြီး ရှေးကြယ်စင်စုကြီးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဘုတ်။
လျှိုချင်းယု၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ဖြူလျော်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်၌ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အက်ကွဲရာများ ပေါ်ပေါက်လာခဲ့၏။ သူသည် အင်မော်တယ်ဘုရင်အဆင့် စွမ်းအင်များကို ခဏတာ ရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသည်ဆိုသော်လည်း လက်ရှိအခြေအနေကို ထိန်းချုပ်ထားရန်ဆိုသည်မှာ ခက်ခဲလွန်းလှ၏။
အချိန်အတိုင်းအတာတိုအတွင်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးလျက် ရှိနေ၏။ အင်မော်တယ် ဘုရင်အဆင့် ကျင့်ကြံခြင်းဆိုသည်မှာ ကောင်းမွန်သည့် အခြေခံမရှိပါက ရေရှည် ထိန်းသိမ်းထားနိုင်သည့် အရာမျိုး မဟုတ်ချေ။ လက်ရှိ ပြင်းထန်လွန်းလှသည့် ဖိအားဒဏ်ကို ခံယူနေရသည့် အချိန်မှာတော့ လျှိုချင်းယု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြိုလဲလုမတတ် ဖြစ်နေသည်။
ဘန်း ....။
လျှိုချင်းယုသည် လက်သီးထိုးချက်တစ်ခုကို ဖန်တီးလိုက်၏။ ကြယ်များအားလုံး လွင့်စင်သွားခဲ့ပြီး ခပ်ဝေးဝေးဆီသို့ ရောက်ရှိသွား၏။ သို့ပေမဲ့ လျှိုချင်းယု၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ဤကြယ်မြစ် နတ်ဘုရားလက်နက်အကြောင်းကို သူက ကောင်းကောင်းသိ၏။ ကြယ်ပေါင်းများစွာတို့ကို အသုံးပြုကာဖြင့် လက်နက်အဖြစ် သန့်စင်ထားခဲ့သည်သာမက ခန့်မှန်း၍မရနိုင်သည့် လောကကြီးတစ်ခု၏ ဖိအားဒဏ်ကိုလည်း ပေးနိုင်၏။
ဤနတ်ဆိုးသူတော်စင်သည် တကယ့်ကို ဂန္တဝင်တွင်လောက်သည့် လက်နက်တစ်ခုကို ထုတ်ဖော်ကာဖြင့် သူ့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ တစ်ဖက်လူ မည်သူဖြစ်သည်ကို သိရှိလိုက်သောကြောင့် သူသည် အနည်းငယ်တော့ စိတ်သက်သာရာ ရမိသည်။
နတ်ဆိုးသူတော်စင်သည် ရှေးတုန်းက ငရဲလောက၏ သစ္စာခံ ဖြစ်ခဲ့၏။ များပြားလှသည့် လောကအသီးသီးကို လွှမ်းမိုးချယ်လှယ်သည့်နေရာတွင် ၎င်းသည် အဓိကနေရာ၌ ပါဝင်ခဲ့၏။ ထို့ကြောင့်ပင် တစ်ဖက်လူသည် ဤကဲ့သို့သော ဂန္တဝင် လက်နက်ကို သန့်စင်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။
ဘုန်း ဘုန်း ...။
ပြင်းထန်သည့် တိုက်ခိုက်ချက်များသည် ဆက်တိုက်ဆိုသလိုပဲ ဖြစ်တည်နေ၏။ အမဲရောင် အလံကြီးဆီမှ လျှပ်စီးနှင့် မိုးကြိုးများ ဖြစ်တည်လျက် ရှိနေပြီး ကြယ်မြစ်ကြီးများနှင့်အတူ တည်နေရာ တစ်ခုလုံးကို နည်းလမ်းမျိုးစုံ တိုက်ခိုက်နေ၏။ လူပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ပါးစပ်အဟောင်းသား ဖြစ်လို့ နေခဲ့၏။
တခြားတစ်ဖက်တွင် ရှိနေသည့် လျှိုချင်းယုမှာတော့ ဆန်းကြယ်လွန်းလှသည့် တိုက်ကွက်များကို အသုံးပြုကာဖြင့် ရှောင်ရှားနေ၏။ သူ၏ လက်သီးချက်များသည် အားအင်ပြင်းထန်လွန်းလှပြီး တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် ကြယ်များအားလုံးကို လွင့်စင်သွားစေသည်။
သို့ပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ သူသည် ပိုမိုကာ ရုန်းကန်လာရ၏။ သူ၏ အခြေအနေ တစ်ခုလုံးကလည်း ပိုမိုကာ မောပန်းလာသည့်ပုံပေါ်၏။ အော်ရာများသည်လည်း တဖြည်းဖြည်းနှင့် အားနည်းလာခဲ့၏။
အင်မော်တယ်ဘုရင် တစ်ယောက်၏ အားအင်အဆင့်သည် အကြာကြီး ထိန်းသိမ်းထားနိုင်သည့် အရာမျိုး မဟုတ်ချေ။ အချိန်အတိုင်းအတာတိုအတွင်း သူသည် မူလအခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။ အင်မော်တယ်ဘုရင်အဆင့်၏ အခြေခံတစ်ခုလုံး မရှိတော့ပါက သူသည် စွမ်းအင်ကင်းမဲ့သွားပေလိမ့်မည်။
ခလွပ်ဟူသည့် အသံတစ်ခု ဖြစ်တည်လာခဲ့ပြီး လှံကြီးက အောက်သို့ ကျဆင်းလာပြန်၏။ လျှိုချင်းယုသည် အဝေးဆီသို့ လွင့်စင်သွားခဲ့သည်။
အရာအားလုံး ပြန်လည်ကာ တည်ငြိမ်သွားပြီးနောက် အမဲရောင် အလံကြီးသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး လျှိုချင်းယုသည် တကိုယ်လုံး သွေးများ ဖုံးလွှမ်းလျက် ရှိနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် အရိုးပေါ်အရေတင် ဖြစ်လို့နေ၏။
အားနည်းလွန်းလှသည့် အခြေအနေတစ်ခုသည် မျက်လုံးနှင့် ကြည့်လိုက်ရုံနှင့် သိသာနိုင်စွမ်းရှိသည့် အရာမျိုးပင်။ ငြိမ်ငြိမ်သက်သက်နှင့် လဲလျောင်းလျက် ရှိနေပြီး မျက်လုံးထဲတွင် အသက်ဓာတ်များ တဖြည်းဖြည်း လျော့ပါးနေသည်။
သူ နားလည်လိုက်၏။ သူ ရှုံးနိမ့်သွားပြီဖြစ်၏။ ဤရှုံးနိမ့်မှုရလဒ်သည် သူ့ကို မခံချိ၊ မခံသာ ဖြစ်စေသည်။ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် ခန္ဓာကိုယ်ကိုပင် ထုတ်ဖော်ပြသခြင်း မရှိသေးချေ။ ထို့ကြောင့် ဘာရည်ရွယ်ချက် ရှိမှန်းလည်း မသိချေ။
“ပြီးသွားပြီ”
ထူးမခြားနားသည့် အသံတစ်ခုက ထွက်ပေါ်လာ၏။ အလံကြီးသည် လျှိုချင်းယုကို ရစ်သိုင်းပြီး ရူးရူးမူးမူးပဲ တိုက်ခိုက်၏။ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လျှိုချင်းယုသည် ပျောက်ကွယ် သွားခဲ့၏။
“သခင်လေး” ဝမ်ချီက အော်ဟစ်လိုက်၏။ သူသည် ကြားဝင်ကာ လှုပ်ရှားရန် ပြင်လိုက်၏။ သို့ပေမဲ့ အလံကြီး၏ အားအင်အဆင့်က ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူ့အား ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားစေသည်။
“ထျန်းမင်တောင်ရဲ့ နတ်ဆိုးသူတော်စင်... ကျေးဇူးပြုပြီး ကျုပ်တို့သခင်လေးကို လွှတ်ပေးပါ” ဝမ်ချီသည် ရုတ်တရက် ထရပ်လိုက်၏။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်၏။ သို့ပေမဲ့ ရှုပ်ထွေးလှသည့် တည်နေရာ လေဟာနယ်တစ်ခုလုံးသည် ပြန်လည်ကာ တိတ်ဆိတ် ငြိမ်သက်သွား၏။
နတ်ဆိုးသူတော်စင်၏ အော်ရာများကလည်း ပျောက်ကွယ်သွား၏။ သူတို့ သခင်လေးက မရှိတော့ချေ။ မည်သည့်နေရာကို ရောက်ရှိသွားကြောင်းလည်း မည်သူမှ မသိရှိချေ။ အချိန်တိုအတွင်းမှာပဲ ထျန်းမင်တောင်၏ နတ်ဆိုးသူတော်စင်သည် သူတို့၏ သခင်လေးကို ခေါ်ယူသွားခဲ့ပြီဖြစ်သည်။
တစ်ဖက်လူအနေနှင့် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းထဲသို့ ထွက်ခွာသွားခဲ့ခြင်း သို့မဟုတ် မည်သည့်နေရာသို့ ထွက်ခွာသွားခဲ့သည်ဖြစ်ကြောင်း သူတို့ မသိရှိချေ။ အင်မော်တယ်ဘုရင်တစ်ယောက်၏ အားအင်အဆင့်သည် သူတို့ တွက်ချက်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုကာ သာလွန်လျက် ရှိနေ၏။ တစ်ဖက်လူသည် သူတို့ကို မသတ်ဖြတ်ခဲ့ခြင်းကပင် ကံကောင်းခြင်းဟု သုံးသပ်ရမှာဖြစ်၏။
“အကိုဝမ်... အားဖြုန်းမနေနဲ့တော့။ ကျုပ်တို့ သခင်လေးက ထျန်းမင်တောင် နတ်ဆိုးသူတော်စင်ရဲ့ နက်နဲလျှို့ဝှက် လောကဆီသို့ ခေါ်ဆောင်ခံရတာဖြစ်မယ်” ဝမ်ချီအနားသို့ လူတစ်ယောက် ချဉ်းကပ်လာခဲ့၏။ ထိုသူသည် ဝမ်းနည်းပက်လက် ဖြစ်လို့နေခဲ့၏။ နက်နဲလျှို့ဝှက်လောကဆီသို့ လှမ်းကာကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အစောကြီးကတည်းက ပြောခဲ့တယ်။ ရောရုဝအရှင်ကို ကူညီပေးမဲ့ တခြား တစ်စုံတစ်ယောက် ရောက်လာလိမ့်မယ်တဲ့။ ဒါပေမဲ့ ဒီလိုမျိုး ပေါ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ”