← Chapters

အခန်း (၇၆၁)

Vol. 51 Ch. 761

အခန်း (၇၆၁)

Vol. 51 Ch. 761

လီယွင်သည် တစ်ဖက်လူကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “အင်မော်တယ် ဘုရင်တွေထက် ပိုပြီး အဆင့်မြင့်မားတဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ အဲလူတွေရဲ့ အထက်မှာလည်း ပိုပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကျင့်ကြံသူတွေ ရှိနေတာပဲ။ ဒီတော့ ဒီကိစ္စက ခင်ဗျား သိရှိလို့လည်း အဓိပ္ပာယ် မရှိဘူး”

“စီနီယာ ပြောတာလည်း အမှန်ပါပဲ”

လျှိုကလန်၏ ခေါင်းဆောင်သည် သက်ပြင်းကို အသာချပြီးသည့်နောက် ၎င်းတို့၏ ဘိုးဘေးအကြောင်းကို တွေးတောလိုက်၏။ “တစ်စုံတစ်ခုကို ကျုပ်ကိုယ်တိုင် သိရှိခဲ့မယ် ဆိုရင်တောင်မှ ဒီအရာကို တခြားသောသူတစ်ယောက်က ပိတ်ပင်တာမျိုး ဖြစ်နိုင်သေးတယ်။ ကျုပ် မေးချင်တာက စီနီယာ... လက်ရှ ိလောကထဲမှာ ကွာစီအင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူတွေ ရှိနေသေးလား” လျှိုကလန်၏ ခေါင်းဆောင် က မေးမြန်းလိုက်သည်။

“အင်း.. မတူညီတဲ့ မေးခွန်းပဲ” လီယွင်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။

“ကျုပ် နားလည်ပါပြီ” လျှိုကလန်၏ ခေါင်းဆောင်သည် တခြားသော သိုလှောင်လက်စွပ် တစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်၏။

လီယွင်သည် လက်စွပ်ကို အသာကြည့်ရှုပြီးသည့်နောက် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်သည်။ “မရှိဘူး”

ထိုစကားစုကို ကြားရသည့်အချိန်မှာတော့ တခြားသောသူများက မျက်မှောင်ကုတ်လိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်လာခဲ့၏။ လျှိုကလန်၏ ခေါင်းဆောင်သည် အသင်္ချေ များပြားသည့် လောကကြီးဘက်တွင် ကွာစီအင်မော်တယ် အင်ပါယာ ရှိသလား ဆိုသည်ကို စုံစမ်းမေးမြန်းခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ငရဲလောကကြီးဘက်တွင် ကွာစီအင်မော်တယ် အင်ပါယာ တည်ရှိသည်ကို သူတို့က သိရှိ၏။

ဟုတ်ပေ၏။ လျှိုချင်းဟုန်ကြောင့်ပင်လျှင် ၎င်းတို့သည် အမှောင်လောကကြီးထဲတွင် များပြားလှသည့် ကွာစီ အင်မော်တယ် အင်ပါယာများ တည်ရှိနေသည်ကို သိရှိ၏။ ယခု အဘယ့်ကြောင့် စီနီယာနန်းဆောင်သခင်က မရှိဘူး ဟု ပြောဆိုရသနည်း။

ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် ကဲ့သို့သော ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် အသက်ရှင်လျက် ရှိနေသည်ကို အားလုံးက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လက်ရှိလောကကြီးတွင် မရှိဟု ပြောဆိုနေပြန်၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်နှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်တို့သည် ကွာစီအင်မော်တယ် အင်ပါယာများ မဟုတ်ပါလား။ ၎င်းတို့၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ ထို့ကြောင့် ကွာစီအင်မော်တယ် အင်ပါယာသာလျှင် ဖြစ်ရပေလိမ့်မည်။

“စီနီယာ”

လျှိုကလန်၏ ခေါင်းဆောင်သည် တုန်ယင်စွာဖြင့် မေးမြန်းလိုက်၏။ “ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်က ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုတာလား”

“အင်း.. မဟုတ်ဘူး”

လီယွင်က ခေါင်းညိတ်လိုက်သည်။ “သူက ကွာစီအင်မော်တယ် အင်ပါယာ မဟုတ်ဘူး”

“ဒါ.. ဒါက” အားလုံးသော သူတို့၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အေးစက်သော ခံစားချက်များ ဖြစ်တည်လာခဲ့၏။

တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။ “ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်က အင်မော်တယ် အင်ပါယာလား”

“ခင်ဗျား အတွေးလွန်နေပြီ”

လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ “သူက ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် မဟုတ်သလို အင်မော်တယ် အင်ပါယာလည်း မဟုတ်ဘူး။ ဒီကိစ္စကို စိတ်ချထားလိုက်”

“အင်း... သိရတာ ကောင်းတာပဲ”

တခြားသောသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ အင်မော်တယ် အင်ပါယာ မဟုတ်သရွေ့ သူတို့အတွက် လုံလောက်ပြီဖြစ်၏။ သူတို့အနေနှင့် ဝိညာဉ်နှင့်နတ်ဆိုး တောအုပ် ဌာနေအရှင်သည် ကွာစီ အင်မော်တယ် အင်ပါယာထက် ပိုမိုကာ အားကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေသလား ဆိုသည်ကို စိုးရိမ်စရာ ကျန်တော့၏။

“စီနီယာ... ခင်ဗျားရဲ့ အားအင်အဆင့်က”

တစ်စုံတစ်ယောက်သည် စတင်ကာ မေးမြန်းလိုက်၏။ သို့ပေမဲ့ သူ မမေးရသေးခင်မှာပဲ အားလုံးသော သူတို့သည် သူ့ကို စူးရှစွာဖြင့် ဝိုင်းဝန်းကာ ကြည့်ရှုလိုက်ကြ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် ဆန်းကြယ်လွန်းလှချေ၏။ သို့ပေမဲ့ တစ်ဖက်လူအား ဘာကြောင့် သွားရောက်ကာ မေးမြန်းနေရသနည်း။

“မစိုးရိမ်ပါနဲ့” လီယွင်က လက်ကို ယမ်းခါလိုက်သည်။ “ဒီဟာ ကိစ္စကြီး မဟုတ်ပါဘူး။ ခင်ဗျားတို့ လုံလောက်တဲ့ တန်ကြေးကိုသာ ပေးနိုင်မယ်ဆိုရင် ကျုပ် ပြောပြမယ်။ ဒါ ဘာမှ မဟုတ်ဘူး”

တစ်စုံတစ်ယောက်အနေနှင့် သူ၏ အားအင်အဆင့်ကို သိရှိချင်သည်ဆိုပါက သူ့အနေနှင့် မျှဝေပေးရန် စိတ်ဆိုး လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက် အနေနှင့် လုံလောက်သည့် ပမာဏများကို ပေးအပ်သည်ဆိုပါက အဘယ်ကြောင့် မပြောရမည်နည်း။ ဤအရာသည် ကျင့်ကြံခြင်းအဆင့် တစ်ခုသာလျှင်ရှိ၏။ ထို့အပြင် သာမန် အင်မော်တယ် အင်ပါယာတစ်ယောက် မဟုတ်ပါလား။

“ဂျူနီယာက အဆင်ခြင်မဲ့ခဲ့ပါတယ်။ ကျေးဇူးပြုပြီးတော့ စိတ်မဆိုးပါနဲ့ စီနီယာ”

လက်ရှိအခြေအနေ၌ သတ္တိဆယ်ဆ ရှိသည်ဆိုလျှင်တောင် သူ ထပ်မံကာ မေးမြန်းလိမ့်မည် မဟုတ်ချေ။ လီယွင်၏ အားအင်အဆင့်ကို ကြောက်ရသည့်အပြင် သူ့အနေနှင့် လုံလောက်သည့် ပမာဏများကို ပေးအပ်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

“စီနီယာ.. ဂျူနီယာဆီမှာ တခြားမေးခွန်း ရှိပါသေးတယ်”

လျှိုကလန်၏ ခေါင်းဆောင်သည် တခြားသော သိုလှောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာဖြင့် လီယွင် အရှေ့ဆီသို့ ချပေးလိုက်၏။ “အသစ်ပေါ်ပေါက်လာတဲ့ လောက ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာ ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးက တန်ဖိုး အကြီးမားဆုံး လျှို့ဝှက်ချက် မဟုတ်ဘူး မဟုတ်လား”

“အမှန်ပဲ”

လီယွင်က ခေါင်းညိတ်လိုက်၏။ သူ၏ စကားကို ကြားရသည့်အချိန်မှာတော့ လျှိုကလန်၏ ခေါင်းဆောင်သည် ကြီးမားသည့် စိတ်ခံစားချက်ကြီးကို ခံစားလိုက်ရ၏။ သူအစောကြီးကတည်းက ဤအရာကို ခန့်မှန်းခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ သူ သိရှိလာသည့် အချိန်မှာတော့ တကယ်ပင် စိတ်ပျက် လက်ပျက် ဖြစ်မိနေသည်။

“အင်း..ငရဲလောကနဲ့ လောကအသီးသီးတို့ကြားမှာရှိတဲ့ ရန်ငြိုးတွေ ပါဝင်ပတ်သက်နေတာပဲ မဟုတ်လား” လျှိုကလန်၏ ခေါင်းဆောင်က မေးမြန်းလိုက်လေ၏။

“ဟုတ်တယ်” လီယွင်သည် ထပ်မံကာ ခေါင်းညိတ်လိုက်သည်။

လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် မျက်မှောင်ကုတ်လိုက်၏။ ငရဲလောကကြီး ပါဝင်ပတ်သက်နေသည်ဆိုလျှင် ကိစ္စအသေးလေး မဟုတ်တော့ချေ။ ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင်သည် အရှေ့ဆီသို့ လှမ်းတက်ရန် ကြိုးစားနေ၏။ အခြေအနေ တစ်ခုလုံး သည် ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။

“လောကအသီးသီးတို့နဲ့ ငရဲလောကက ထပ်ပြီး တိုက်ပွဲ ဖြစ်မယ်ဆိုရင် ဘယ်ဘက်က အနိုင်ရရှိဖို့အတွက် အခွင့်အလမ်း ရှိလိမ့်မလဲ” လျှိုကလန်၏ ခေါင်းဆောင်သည် အားပြတ်သလို မေးမြန်းလိုက်သည်။

“ဟား ဟား ဟား”

လီယွင်က ရယ်မောလိုက်၏။ “ဒါက မလွန်လွန်းဘူးလား။ လောကအသီးသီးတို့က တစ်ယောက်နဲ့တစ်ယောက် ဆွဲချဖို့ပဲ စဉ်းစားနေကြတာလေ။ ဘယ်လိုဖြစ်ပြီးတော့ နိုင်မှာလဲ”

“ဒီတော့ စီနီယာ.. လက်ရှိအခြေအနေမှာ ငရဲလောကကြီးအတွက် အခွင့်သာနေတာလား” လျှိုကလန်၏ ခေါင်းဆောင်က မေးမြန်းလိုက်သည်။

“ဒါမှမဟုတ်ရင် တခြား ဘာရှိမှာလဲ” လီယွင်သည် ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။

“အကယ်၍ လောကအသီးသီးသာ ငရဲလောကကြီးကို လွှမ်းမိုးနိုင်ခဲ့မယ်ဆိုရင် ဒါက” လျှိုကလန်၏ ခေါင်းဆောင်သည် ဆက်လက်ကာ မပြောဆိုရဲတော့ချေ။

သို့ပေမဲ့ သူ၏ ဆိုလိုရင်းကို နားလည်ရန် မခက်ခဲလှချေ။ သူတို့၏ အမြင်အရဆိုလျှင် ငရဲလောကသည် မဲမှောင်မှု၊ သတ်ဖြတ်မှု၊ ရက်စက်မှုများနှင့် တည်ရှိနေသည့် လောကကြီးတစ်ခုဖြစ်သည်။

ငရဲလောကသည်သာ သူတို့အားလုံးကို လွှမ်းမိုးထိန်းချုပ်ခဲ့သည်ဆိုပါက သူတို့သည် မည်သည့် အကျိုးကျေးဇူးကို ရရှိတော့မည်နည်း။ ဖြစ်နိုင်မည်ဆိုလျှင် ငရဲလောကကြီးကြောင့် များပြားလှသည့် အင်မော်တယ်ဘုရင်များ အားလုံး၏ အသက်သည် တည်ရှိနေတော့မည် မဟုတ်ချေ။

အသက်ရှင်သန် နေမည် ဆိုလျှင်တောင်မှ ရိုးရှင်းသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ အသတ်ခံရခြင်း၊ အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲခံရခြင်း စသည့်အရာများ ဖြစ်လာနိုင်၏။

All Chapters