← Chapters

အပိုင်း (၃၀၁)

Vol. 21 Ch. 301

အပိုင်း (၃၀၁)

Vol. 21 Ch. 301

ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှာတော့ လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ ဆန်းကြယ် လှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် အချိန်မြစ်ကြီးသည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ လက်ဝါးသည် လေဟာနယ်ထဲသို့ ဖြတ်သန်းသွားပြီးသည့်နောက် အနာဂတ် နှစ်ပေါင်း တစ်သိန်းကျော်မှ ဖန်းဟန်သည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ချက်ချင်း ပျောက်ကွယ်သွား၏။

အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခု အဖြစ် ဖြစ်တည်ခဲ့သလိုပင်။ ရှိနေသောသူများသည် အချိန်အတော်ကြာသည် အထိ သတိပင် ပြန်မဝင်နိုင်ခဲ့ကြချေ။ ဖန်းဟန်နှင့် ဖန်းချင်းလန် တို့သည် လက်ထဲတွင် ကျောက်စိမ်းပြားကိုသာ ကိုင်ဆောင်ထားသည် မဟုတ်ပါက သူတို့သည် အနာဂတ် နှစ်ပေါင်းတစ်သိန်းကျော်မှ လူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်ဆိုသည့် အကြောင်းအရာအား မည်သို့မှ ယုံကြည်မိလိမ့်မည် မဟုတ်ချေ။

ဤနည်းလမ်းသည် တကယ့်ပင် မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်လွန်းလှချေ၏။ အနာဂတ်တွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် အတိတ်တွင် ရှိနေသည့် မိမိကိုယ်ကိုယ် လာရောက်ကူညီခြင်း ဆိုသည်မှာ ကောင်းကင်မှ ငြင်းပယ်သည့်အရာ မဟုတ်ပါလား။

“စီနီယာ”

မုန့်ရှင်းကျီသည် သူ၏လက်များကို ပွတ်သပ်ကာဖြင့် မျှော်လင့်တကြီး အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။ ပြီးနောက် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ “လာမဲ့ နှစ်ပေါင်းတစ်သိန်းကြာပြီးတဲ့နောက် ...... မဟုတ်သေးဘူး၊ နှစ်ပေါင်း တစ်သန်းလောက် ကြာမြင့်ပြီး ..... မဟုတ်သေးဘူး။ နှစ်ပေါင်း ငါးသန်းလောက် ကြာပြီးတဲ့နောက် ..... ကျုပ် ဘာဖြစ်နေမလဲ”

သူ၏ စိတ်ဝင်စားမှုသည် ထိပ်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့၏။ သူသည် သာမန်လူများနှင့် နှိုင်းယှဉ်မည် ဆိုလျှင် ပါရမီရှင်တစ်ယောက်ဟု သူ့ကိုယ်သူ သုံးသပ်နိုင်သည် ဆိုသော်လည်း ဖန်းဟန်ကဲ့သို့သော လူမျိုးနှင့် နှိုင်းယှဉ်ရမည်ဆိုပါက အလွန်ပင် ဆိုးရွားလှသည့် အခြေအနေ၌ တည်ရှိသည်။

နှစ်ပေါင်းတစ်သိန်းကျော် ကြာမြင့်ပြီးနောက် သူ၏ အနာဂတ်သည် များများစားစား ပြောင်းလဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နှစ်ပေါင်း ငါးသန်းလောက် ကြာမြင့်ပြီးသည့်နောက် သူသည် မသေဆုံးဘူး ဆိုလျှင် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိနိုင်၏။ လာမည့်နှစ်ပေါင်း ငါးသန်းမှ အနာဂတ် သူသည် လက်ရှိ သူ့ကိုသာ လာရောက်ကူညီမည် ဆိုပါက ပြိုင်ဘက်ကင်း ဖြစ်လာနိုင်မည် မဟုတ်ပါလား။

“ခင်ဗျားလား” လီယွင်သည် မုန့်ရှင်းကျီကို လှမ်းကြည့်ကာဖြင့် လက်ကို အသာဖြန့်ပြလိုက်၏။

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံး၏ မဲမှောင်သွား၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ “ဘယ်.. ဘယ်လောက် များလဲ”

“အများကြီး မဟုတ်ပါဘူး”

လီယွင်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “စောဏတုန်းက ဖန်းဟန် ထုတ်ဖော်လိုက်တဲ့ ပမာဏနဲ့ တူညီတဲ့ အရာပါပဲ”

“ဒါက”

မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့၏။ ဖန်းဟန် တစ်ယောက် ထုတ်ယူလိုက်သည့် အရာသည် မည်မျှ တန်ဖိုးကြီးမားသည့် အရာများ ဖြစ်ကြောင်း သူ သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ တစ်ချက် တွေးလိုက်သည်နှင့်တပြိုင်နက် တန်ဖိုးသည် ခန့်မှန်း၍မရအောင် များပြားလိမ့်မည် ဖြစ်ကြောင်း နားလည်နိုင်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အခြေခံ တစ်ခုလုံးကိုပင် မှီလုမှီခင် ဖြစ်ပေမည်။

ဖန်းဟန်သည် လက်ရှိအခြေအနေ၌ ထောက်ပံ့ရမည့်သူ ဟူ၍ မရှိပေ။ ထို့ကြောင့် အရာအားလုံးကို ထုတ်ဖော်နိုင်၏။ သို့ပေမဲ့ သူ့မှာတော့ မဟုတ်ပေ။ သူ ထောက်ပံ့ရမည့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံး တည်ရှိနေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတွင် ပြုစုပျိုးထောင်ပေးသင့်သည့် တပည့်ပေါင်း တစ်သောင်းကျော်က တည်ရှိလို့ နေသေး၏။ ၎င်းတို့၏ နေ့စဉ် သုံးစွဲရသည့် ဆေးလုံးများ၊ စိတ်ဝိညာဉ်ကျောက်တုံးများသည် များပြားလှသည့် ပမာဏပင် ဖြစ်လေ၏။ သူသာ ထိုအရာများ အားလုံးကို ယူဆောင်သွားမည် ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသည် ပျက်စီးသွားမှာ သေချာ၏။

“စီနီယာ... ကျုပ်ကို ခဏလောက် ထပ်ပြီးတော့ စဉ်းစားခွင့် ပေးပါအုံး”

မုန့်ရှင်းကျီသည် ခြောက်ကပ်ကပ်ဖြင့် ပြောလိုက်၏။ သူသည် သိုလှောင်လက်စွပ်ကို အသာထိပြီး မျက်ရည်ဝိုင်းနေမိသည်။ အင်ပါရီယာလက်နက် တစ်ခုကိုပင် မသန့်စင်နိုင်ခဲ့သေးချေ။ လက်ရှိအခြေအနေမှာတော့ သူသည် တပြားမှ မရှိသည့် သူတောင်းစား ကဲ့သို့ပင်။

အင်ပါရီယာလက်နက်တစ်ခုကို သန့်စင်နိုင်ရန်အတွက် နတ်ဘုရားရွှေကို ရှာဖွေချင်သည် ဆိုလျှင်တောင်မှ မည်သည့်အခါမှ တွေ့လိမ့်မည်ကို မသိချေ။ အနာဂတ် အောင်မြင်မှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို လက်ရှိအချိန်တွင် ခဏဖယ်ထားမှ ဖြစ်ပေလိမ့်မည်။

“စီနီယာ... စီနီယာရဲ့ ကြင်နာမှုကို ဂျူနီယာက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။”

ထိုအချိန်မှာတော့ ဖန်းဟန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် လေးလေးစားစားဖြင့် ဒူးထောက်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာ”

“အင်း”

လီယွင်သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ထိုကျေးဇူးတင်စကားကို လက်ခံသည်ဆိုသော အမူအရာကို ပြသကာ ပြောလိုက်၏။ “ထတော့”

ဖန်းဟန်က မလှုပ်ရှားချေ။ ထိုအစား သူ၏ လက်ဝါးကို ဖြန့်လိုက်သည်။

လက်ဝါးထက်တွင် ရှေးကျသည့် ကျမ်းတစ်ခုက တည်ရှိလို့ နေ၏။ ထိုအရာသည် ကျမ်းစာတစ်ခု၏ တစ်ဝက်မျှသာ ဖြစ်သည်ဆိုသော်လည်း အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ကျမ်းစာ၏ တစ်ဝက်ကို တခြားသော တစ်စုံတစ်ယောက်က အတင်းဖြဲကာ ယူသွားပုံပေါ်၏။ ထိခိုက်မှုသည် အတော်ပင် များလှ၏။

“ဒါက ဖန်းကလန်ရဲ့ ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ရှေးကျမ်းစာပါပဲ။ အစစ်အမှန် အင်မော်တယ်အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်တယ်။ အစိတ်အပိုင်းတချို့က လစ်ဟင်းနေတယ် ဆိုရင်တောင်မှ တော်ဝင် အင်ပါယာအဆင့်ကို ရောက်အောင်တော့ ကျင့်ကြံနိုင်သေးတယ်။ ကျုပ်အနေနဲ့ ဒီကျမ်းစာကို လဲလှယ်ပြီး လွင့်မျောတိမ်တောင်၊ ထိုက်ရှုတောင်တန်း၊ အင်မော်တယ်နန်းတော် .... ဒီလူတွေ ဘယ်နေရာမှာ ရှိလဲဆိုတဲ့ သတင်းအချက် အလက်ကို သိချင်ပါတယ်”

ဖန်းဟန်သည် လီယွင်ဆီသို့ ရှေးကျမ်းစာကို ကမ်းပေးကာဖြင့် ပြောဆိုလိုက်သည်။

သူ၏ ဘေးတစ်ဖက်တွင်တော့ ဖန်းချင်းလန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူမသည် ကြားဝင်ကာ တားဆီးချင်သည် ဆိုသော်လည်း သူမ သခင်လေး၏ လက်စားချေချင်သည့် အတွေးများသည် ဘိုးဘေးများ၏ အမွေအနှစ်များထက် ပိုမိုကာ သာလွန်လျက် ရှိနေလေ၏။ ဤအရာသည် ရှေးကျမ်းစာ တစ်ခုသာလျှင် ဖြစ်၏။ သခင်လေးသာ အရွယ်ရောက်လာသည် ဆိုပါက ကျိန်းသေပေါက် ကိုယ်ပိုင်လမ်းစဉ်ကို တည်ထောင်နိုင်ပြီး ကျမ်းစာ တစ်ခုကို ဖန်တီးနိုင်မှာ သေချာ၏။

“မင်း... လက်စားချေချင်တာလား”

လီယွင်သည် လက်ကို အသာဆန့်ပြီးသည့်နောက် ရှေးကျမ်းစာကို လှမ်းယူလိုက်၏။ အမှတ်မထင်ဖြင့် လှမ်းဖွင့်ကာ ကြည့်ရှုပြီး အထဲတွင် ရှိနေသည့် အကြောင်းအရာများကို မှတ်သားလိုက်၏။ ပြီးနောက် ဖန်းဟန်ကို ကြည့်ကာဖြင့် တည်ကြည်လေးနက်သည့် အမူအရာဖြင့် မေးမြန်း လိုက်သည်။

“အမှန်ပါပဲ”

ဖန်းဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ အံကိုကြိတ်ထား၏။ သူ၏ကလန် တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည့်အတွက် ကျိန်းသေပေါက် လက်စားချေရပေလိမ့်မည်။ သူ၏ ကလန်သားများ အားလုံးသည် ဆိုးရွားသည့် သေဆုံးခြင်း အခြေအနေထိရောက်အောင် အမဲလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

အတိတ်တုန်းက အားအင်အဆင့် လိုအပ်ခြင်း အခြေအနေသာလျှင် ရှိ၏။ လက်ရှိ အခြေအနေမှာတော့ သူ့အနေဖြင့် အကျိုးအမြတ် တစ်ချို့ကို ပြန်ရှာရပေမည်။ ထို့အပြင် ဤနေရာသည် မြေအင်မော်တယ်လောကကြီး မဟုတ်ပေ။ ထိုအဖွဲ့အစည်းသုံးခုသည် မည်မျှ လွှမ်းမိုးနိုင်သည်ဆိုဆို ဤနေရာထိရောက်အောင် လက်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ထိုအဖွဲ့အစည်းများမှ ရောက်ရှိလာခဲ့သည် ကျူးကျော်သူ အနည်းငယ်ကို အားအင်စိုက်ထုတ်မှု နည်းနည်းဖြင့် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

“လူငယ်တွေက တကယ့်ကို စိတ်လောကြတာကိုး” လီယွင်သည် အများကြီး ပြောဆိုမနေတော့ချေ။

ကလန်တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်းကို တွေ့ကြုံခဲ့ရသော ဖန်းဟန်အနေဖြင့် အချိန်အတိုင်းတာတိုအတွင်း တော်ဝင်အင်ပါယာ တစ်ယောက်၏ အားအင်အဆင့်မျိုးကို ရရှိရပေလိမ့်မည်။ ထိုမှသာလျှင် စိတ်အားတက်ကြွ စွာဖြင့် လက်စားချေမှု မျိုးကို ပြုလုပ်နိုင်မှာဖြစ်၏။

အနာဂတ်ဖန်းဟန် ပေးခဲ့သည့် ကျောက်စိမ်းပြားလည်း ရှိနေပြီး ထိုအရာမှာ သုံးကြိမ်တိုင်တိုင် အသုံးပြု၍ ရနေ၏။ ထိုအရာသည် အင်အားစုသုံးခုမှ လူများကို တစ်ကြိမ် အသုံးပြုရုံဖြင့် သတ်ဖြတ်ပစ်နိုင်သည့်အရာ ဖြစ်လို့နေသည် မဟုတ်ပါလား။

“ဒါက သူတို့ ဘယ်မှာရှိလဲ ဆိုတာပဲ”

လီယွင်သည် စနစ်ဆီမှ ကောင်းကင်လျှို့ဝှက်အမှတ် ငါးသောင်းကို အသုံးပြုကာဖြင့် ထိုအဖွဲ့အစည်း သုံးခု၏ တည်နေရာကို စစ်ဆေးလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ ဖန်းဟန်ဆီသို့ ပစ်ပေးလိုက်သည်။

“ကျေးဇူးပါပဲ စီနီယာ”

ဖန်းဟန်သည် ကျောက်စိမ်းပြားထဲတွင် ရှိနေသည့် အကြောင်းအရာများကို လှမ်းကြည့် ပြီးသည့်နောက် ပျော်ရွှင်သွားမိ၏။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ ပြီးသည့်နောက် ဦးညွတ်ကာ ပြောဆိုလိုက်၏။ “ဒီနေ့မှာတော့ ကျုပ် သွားလိုက်ပါအုံးမယ် စီနီယာ”

“အင်း” လီယွင်က ခေါင်းညိတ်လိုက်သည်။

All Chapters