← Chapters

အခန်း (၅၆၇)

Vol. 38 Ch. 567

အခန်း (၅၆၇)

Vol. 38 Ch. 567

“မင်းလား”

ရောရုဝအရှင်၏ မျက်လုံးအကြည့်များက ပိုမိုစူးရှလာခဲ့၏။ ထိုမျက်လုံး၏ အကြည့်သည် ပေါင်သောင်းနှင့်ချီပြီး အလေးဒဏ် တည်ရှိသည့် ဖိအားများကို ပေးစွမ်းနေ၏။ ကောင်းကင်ယံထက်ဆီမှ နတ်ဆိုးတောင်တန်းကြီး တစ်ခု ကျဆင်းလာသကဲ့သို့ပင် မုန့်ရှင်းကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။

လက်ရှိအခြေအနေမှာတော့ သူ၏အကြည့်များက အေးခဲလျက် ရှိနေ၏။ အစီအရင် တားဆီးခြင်းသာ မရှိပါက မုန့်ရှင်းကျီသည် ကျိန်းသေပေါက် အကြည့်တစ်ချက်နှင့်ပင် တစ်စစီ ဖြစ်သွားမှာ သေချာ၏။ အစီအရင် တည်ရှိနေသည် ဆိုလျှင်တောင်မှ သူသည် မသက်မသာတော့ ခံစားနေရသေးသည်။

အန္တိမလမ်းစဉ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပစ်မှတ်ထားခြင်းကိုခံရခြင်း ဆိုသည်မှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ကြီးမားသည့် ကပ်ဘေးကြီးပင် ဖြစ်၏။ ၎င်း၏ ဝိညာဉ်သည် ချက်ချင်း ဆိုသလိုပဲ ပျောက်ကွယ်လုမတတ် ဖြစ်လို့နေ၏။

မုန့်ရှင်းကျီသည် ရှေ့တွင်ရှိနေသည့် အစီအရင်ကို လှမ်းကာကြည့်ရှုလိုက်၏။ ဤအရာသည် စီနီယာ နန်းဆောင်သခင် ပေးအပ်ထားသည့်အရာ ဖြစ်၏။ ပြောရမည်ဆိုလျှင် အန္တိမလမ်းစဉ် ကျင့်ကြံသူ တစ်ယောက်ကို လွယ်လွယ်ကူကူနှင့် တားဆီးထားရန် လုံလောက်သည်ထက်ပင် ပိုလို့နေသည်။

စီနီယာ၏ အားအင်အဆင့်ကို သုံးသပ်ရမည်ဆိုလျှင် မုန့်ရှင်းကျီသည် သတ္တိတချို့ ရှိလာခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် ရောရုဝအရှင်အား ကြောက်လန့်ခြင်း တစ်ချက်မရှိဘဲ ရင်ဆိုင်လိုက်၏။

ရောရုဝအရှင်၏ မျက်နှာတစ်ခုလုံးသည် သုန်မှုန်လျက် ရှိနေ၏။ သူသည် ကောင်းကင်မူလလောကကြီး တည်ရှိရာနေရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေ၏။ “တကယ်ပဲ ဒီအင်ပါယာကိုး”

“ခင်ဗျားဆီမှာ လမ်းမရှိတော့ဘူး။ ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကိုယ့်ဘာကို စည်းခတ်။ ပြီးတော့ ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကိုလာခဲ့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ရှေ့မှာ ခင်ဗျားကို မျက်နှာသာပေးဖို့ အတွက် ကျုပ် စကားအနည်းငယ် ပြောနိုင်တယ်။ စီနီယာသာ စိတ်ကောင်းဝင်နေတယ်ဆိုရင် စီနီယာက ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးလိမ့်မယ်”

“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”

ရောရုဝအရှင်သည် အရင်ကတည်းက တွက်ချက်ခဲ့ပြီးသား ဖြစ်၏။ ကောင်းကင်လျှို့ဝှက ်နန်းဆောင်သခင်သည် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပုံရ၏။ ထို့ကြောင့် သူ့အနေနှင့် လက်ရှိ ကျင့်ကြံခြင်းအဆင့်ဆီမှ ချိုးဖြတ်နိုင်ရန် အားကုန်ထုတ်ကာ ကြိုးစားနေခြင်း ပင်။ သို့ပေမဲ့ မထင်မှတ်ထားသည့်ကိစ္စရပ်က အရေးအကြောင်း အခြေအနေမျိုးတွင် ဖြစ်တည်ခဲ့၏။ ရောရုဝပြည် တစ်ခုလုံးပင်လျှင် ထိခိုက်ခဲ့သည်။

အစောဦးပိုင်းတုန်းက မြေအင်မော်တယ်လောကကြီးဆီမှ တစ်စုံတစ်ယောက် ကံကောင်းခဲ့ခြင်း ဖြစ်ကြောင်း သူက တွေးတောခဲ့၏။ ယခုကြည့်ရှုရသည်မှာ အခြေအနေသည် ဤမျှလောက် ရိုးရှင်းလှပုံ မပေါ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် နောက်ကွယ်မှ အရာအားလုံးကို လွှမ်းမိုး ချုပ်ကိုင်နေသည့်ပုံ ပေါ်၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခင်ဗျားကို လွှတ်လိုက်တာလား” ရောရုဝအရှင်၏ အသံသည် အေးစက်လျက် ရှိနေသည်။

“မဟုတ်ရင် ဘာဖြစ်လဲ။ ဟုတ်တော့ရော ဘာဖြစ်လဲ” မုန့်ရှင်းကျီသည် ဝန်မခံသလို ငြင်းလည်းမငြင်းချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် စကားလုံးသည် လူပေါင်းများစွာတို့ ကြောက်ရွံ့ရလောက်သည့် မှော်စွမ်းအင်များ ပါဝင်လျက်ရှိနေပုံပင်။ မုန့်ရှင်းကျီအနေနှင့် ဤနာမည်ကို ထုတ်ဖော်အသုံးပြုရန်အတွက် တစ်ချက်ကလေးမှ နှောင့်နှေးလိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် တစ်ဖက်လူကို ရှိန်သွားအောင် ပြုလုပ်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်သည်။ မလုပ်နိုင်ဘူး ဆိုလျှင်တောင်မှ အနည်းဆုံးတော့ တစ်ဖက်လူသည် နှောင့်နှေးသွားပေလိမ့်မည်။

“မင်းက သေချင်နေတာပဲ” ရောရုဝအရှင်က အော်ဟစ်လိုက်၏။ သူ၏ အနောက်ဘက်တွင် ကြမ်းတမ်းလွန်း လှသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာခဲ့၏။ ဤအရာသည် နတ်ဆိုးခန္ဓာကိုယ်ကြီးတစ်ခုပင်ဖြစ်၏။ မူလခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူ၏စိတ်ဝိညာဉ်နှင့် စွမ်းအင်များသည် ပိုမိုကာ တိုးတက်လာခဲ့၏။ ခန္ဓာကိုယ်ထဲတွင် အရှိန်အဟုန် တငြီးငြီးနှင့် ဖြစ်တည်လာခဲ့၏။ ဒေါသတရားများသည် အကောင်အထည် ဖြစ်တည်လာသည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ကြီးမား ပြင်းထန်လွန်းလှသည့် ဖိအားဒဏ်သည် မုန့်ရှင်းကျီ၏ ကျောပေါ်သို့ ကျဆင်းပြီး မုန့်ရှင်းကျီကို အသက်ရှူများပင် ကြပ်စေခဲ့၏။

ဘန်း

မုန့်ရှင်းကျီသည် မြေပေါ်သို့ ပိကျသွားခဲ့၏။ သူ၏အင်ပါယာ ခန္ဓာကိုယ်တစ်ခုလုံးသည် ကွဲအက်လျက်ရှိ၏။ သွေးများလည်း အန်ထွက်နေ၏။ တော်တော်ဆိုးရွားသည့် အခြေအနေမျိုးပင်။ လက်ရှိ အခြေအနေမှာတော့ သူသည် ကစားတာ များသွားခဲ့ပြီ ဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ရောရုဝပြည် ဖျက်ဆီးခံလိုက်ရသည် ဆိုလျှင်တောင်မှ ရောရုဝအရှင်သည် ကျိန်းသေပေါက် စီနီယာနန်းဆောင်သခင်ကို သွားရောက် အပြစ်တင် ပေလိမ့်မည်။ စီနီယာသည်သာ ပြဿနာတက်သည်ဆိုပါက ကျိန်းသေပေါက် အမုန်းတရားများ ပိုမိုကာ တိုးပွားလာမှာ သေချာ၏။

“သေစမ်း”

ရောရုဝအရှင်က အော်ဟစ်လိုက်၏။ သူ၏ နတ်ဆိုးဓားကြီး ပေါ်ပေါက်လာ၏။ ထိုဓားကြီးနှင့် ပိုင်းဖြတ်လိုက်ချိန်မှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် အက်ကွဲကြောင်းကြီး ထင်လာခဲ့သည်။

ယခုမှ စတင် ဖန်တီးကာစဖြစ်သော မုန့်ရှင်းကျီ၏ အစီအရင် တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွား၏။ အစီအရင်၏ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးလွန်းသည့် သင်္ကေတများသည် ပေါ်ပေါက်လာခဲ့ပြီး တလက်လက်နှင့် တောက်ပလာခဲ့၏။

နတ်ဆိုးဓားကြီး မရောက်ခင်မှာပင် ထိုအစီအရင်ကြီးသည် အလင်းလိုက်ကာကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်ကာ မားမားမတ်မတ် ရပ်တည်နေ၏။ ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ အစီအရင်ကြီးသည် အချိန်မရွေး ပြိုလဲသွားမည့် ဟန်ပန်မျိုး ဖြစ်တည်နေသော်လည်း တိုက်ခိုက်ချက်နှင့် ရင်ဆိုင်ပြီးနောက် မားမားမတ်မတ် ကျန်ရှိနေတုန်းပင်။

“မျှော်လင့်ချက် ရှိနေသေးတာကိုး” မုန့်ရှင်းကျီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ ထို့အပြင် ဤအရာသည် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုဖြစ်၏။ ရောရုဝအရှင်၏ တိုက်ခိုက်ချက်ကို ကာကွယ်နိုင်သောကြောင့် ကျိန်းသေပေါက် အလွန်အားကောင်းသည့် အရာသာ ဖြစ်ပေလိမ့်မည်။

“ဒီအစီအရင်က စီနီယာနန်းဆောင်သခင် ပေးထားတဲ့ အစီအရင်ပဲ” မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားနေမိ၏။ ချက်ချင်းပဲ သူသည် လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးလိုက်၏။ အစီအရင်တစ်ခုလုံး၏ ရုတ်တရက် အသက်ဝင်သွားခဲ့၏။

များပြားလွန်းလှသည့် အသင်္ချေနိယာမအားလုံးသည် အစီအရင်ထဲသို့ သက်ဆင်းလာခဲ့၏။ နက်နဲအလင်း လောကကြီး တစ်ခုလုံးပင်လျှင် လှောင်ချိုင့်ကြီး တစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့ပြီး ရောရုဝ၏အရှင်အား ချုပ်နှောင်ခဲ့၏။ အကန့်အသတ်မဲ့ များပြားလွန်းသည့် တည်နေရာတစ်ခုလုံးသည် ချုပ်နှောင်ခြင်း စွမ်းအင်များ ပြည့်နှက်လာခဲ့ပြီး တည်နေရာအနှံ့ဆီမှ ဖိနှိပ်ခြင်းများ ဖြစ်တည်လာသည်။

လက်ရှိအချိန်တွင် ရောရုဝအရှင်သည် ၎င်း၏ အစစ်အမှန် သွေးအဆီအနှစ် လည်ပတ်မှုကိုပင် မနည်းကြိုးစား လှည့်ပတ်နေရကြောင်း ခံစားလိုက်မိ၏။ သူသည် ကျောကုန်းပေါ်တွင် ကြီးမားလွန်းလှသည့် တောင်ကြီးတစ်ခု ကို ထမ်းပိုးထားရသကဲ့သို့ပင်။ အမြန်နှုန်းကလည်း တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့၏။

“ဟမ့်”

သတ်ဖြတ်ခြင်းအစီအရင် အသက်ဝင်သွားခဲ့ပြီးသည့်နောက် များပြားလွန်းသည့် ကြယ်စင်စု၏ အရွယ်အစား ကဲ့သို့သော အလင်းတန်းများသည် အောက်ဆီသို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျလာခဲ့၏။ အခြားသောအရာ တစ်ခုခုသာ ဆိုပါက ရောရုဝ၏အရှင်သည် ကျိန်းသေပေါက် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူ့ကို တားဆီးမည် ဆိုလျှင်တောင်မှ သူ၏ အမြန်နှုန်းဖြင့် ရှောင်ရှားနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ ယနေ့အချိန်ကတော့ ခြားနားလို့ နေခဲ့၏။ အစီအရင်၏ အတွင်းဘက်တွင် သူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ သူ့အနေနှင့် ရှောင်ရှားချင်သည် ဆိုလျှင်တောင်မှ လွယ်ကူလိမ့်မည် မဟုတ်ချေ။

“အခွင့်အရေးကောင်းပဲ” တိုင်ချူး၏ မျက်လုံးများက လင်းလက်သွား၏။ သူသည် ဓားရှည်ကို ကိုင်ဆောင်ပြီး ကောင်းကင်ယံထက်သို့ ခုန်တက်လိုက်၏။ ဓားရောင်စဉ်တန်းများသည် ကြီးမားလွန်းသည့်မြစ်ကြီး တစ်စင်းကဲ့သို့ အသွင်ဖြစ်တည်ပြီး ရောရုဝ၏အရှင်ဆီသို့ ဦးတည်သွားလေသည်။

All Chapters