← Chapters

အခန်း (၇၄၄)

Vol. 50 Ch. 744

အခန်း (၇၄၄)

Vol. 50 Ch. 744

ဓားအလင်းတန်းသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည့် စည်းကြီးအား ဖျက်ဆီးလိုက်၏။ ပျောက်ဆုံးလျက်ရှိနေသော လောကကြီးတစ်ခုသည် အားလုံးသောသူတို့၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာခဲ့၏။

ဤအရာကြီးသည် အမှောင်ထုကသာ ဝါးမျိုလျက်ရှိနေသည့် လောကကြီးတစ်ခုလုံးပင် ။ အထဲသို့ ဝင်ရောက်လာသည့် အလင်းတန်းအားလုံးသည် စားသုံးခြင်းကိုခံနေရပြီး တိတ်ဆိတ်ခြင်းမှလွဲ၍ တခြားမရှိချေ။ သက်ရှိသတ္တဝါ မရှိသလို အထီးကျန်ခြင်း၊ သီးခြားဖြစ်တည်ခြင်းတို့နှင့် ပြည့်နှက်လျက် ရှိနေသည့် အရာပင်။

အင်မော်တယ်ဘုရင်ပေါင်း များစွာသည် ၎င်းတို့၏ နတ်ဘုရားအသိမြင်များကို စုစည်းပြီး လောကကြီးထဲသို့ လှမ်းကြည့်ရန် ကြိုးစားလိုက်၏။ သို့ပေမဲ့ အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် လူများပင်လျှင် အထဲ၌ ရှိနေသော အရာများကို မမြင်ရပေ။လောကကြီးတွင်ရှိနေသည့် မမြင်ရသည့် အတားအဆီးကြီး တစ်ခုသည် နတ်ဘုရားအသိစိတ်များကို ကာကွယ်ထားသကဲ့သို့ပင်။

"ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်မှာတော့ လျှိုကလန်၏ သတ္တမဘိုးဘေးနှင့် ဒုတိယဘိုးဘေးတို့သည် သူတို့၏ ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသော လောကကြီးကို ကြည့်ရင်း ခေါင်းကိုက်သလိုပင်ခံစားလာမိ၏။ သူတို့၏စိတ်ထဲမှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူတစ်ယောက်ယောက် ပေါ်ပေါက်လာတော့မည့် သကဲ့သလို့ပင်။

"ဘာကြောင့် ဒါကြီးကို ရင်းနှီးနေရတာလဲ"

သတ္တမဘိုးဘေးနှင့် ဒုတိယဘိုးဘေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ သူတို့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများ ပေါ်ပေါက်နေ၏။ ဘေးတစ်ဖက်တွင်တော့ ဖီးနစ်ဘိုးဘေးနှင့် နတ်ဘုရား အင်ပါယာပိုင်ယုတို့ အမူအရာသည်လည်း ပျက်ယွင်းနေသည်။

သူတို့သည် တစ်စုံတစ်ခုလွဲမှားနေသည်ကို သေသေချာချာ အာရုံခံမိ၏။ သို့ပေမဲ့ သူတို့၏ မှတ်ဉာဏ်များကို ပြန်လည် အလုပ်ပေးလျှင်တောင်မှ ဤလောကကြီးနှင့် ပတ်သက်သည့် သဲလွန်စဟူ၍ တစ်ခုလေးမှ မရှိချေ။ သို့ပေမဲ့ သူတို့သည် မယုံကြည်နိုင်စရာကောင်းအောင် ရင်းနှီးလျက် ရှိနေသည်ဟု ခံစားမိပြန်၏။

သူတို့ ဤလောကကြီးထဲသို့ ရောက်ရှိခဲ့ဖူးလေသည်လား။ သို့ပေမဲ့ ဘာ့ကြောင့် ဘာမှမမှတ်မိရသနည်း။ လက်ရှိအခြေနေမှာတော့ သူတို့သာမက ငရဲလောက၏ ရှေးတိုက်ပွဲကြီး၌ တိုက်ခိုက်ခဲ့သော လူပေါင်းများစွာ တို့သည် ထိုကဲ့သို့သော ခံစားချက်ကို ရရှိနေကြသည်။

တိုက်ပွဲကြီးပြီးနောက် မွေးဖွားလာသော အင်မော်တယ် ဘုရင်များသာလျှင် တည်ငြိမ်လျက် ရှိနေ၏။ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို မေ့လျော့နေတဲ့ပုံပင်။

အင်မော်တယ်ဘုရင်များပင် မမှတ်မိလောက်သည့် အကြောင်းအရာဆိုသည်မှာ ဖြစ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ပင် ပြုလုပ်နိုင်သည့် အကြောင်းအရာမဟုတ်ဟု သူတို့က ထင်မှတ်မိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်အနေနှင့် ကွာစီအင်မော်တယ်အင်မော်တယ် အင်ပါယာ ဖြစ်သလား မဖြစ်သလားဆိုသည့် မေးခွန်းက ပေါ်ပေါက်လာခဲ့လေ၏။

အင်မော်တယ်အင်ပါယာများသည် အင်မော်တယ်ဘုရင်များ၏ မှတ်ဉာဏ်များကို ဖျောက်နိုင်စွမ်းရှိသည်မှာ ​သေချာ၏။ သို့ပေမဲ့ မည်သည့် အင်မော်တယ်အင်ပါယာက ဤမျှ ဒုက္ခခံကာ လိုက်လံပြုလုပ်မည်နည်း။

"တကယ် မှန်တယ်။ ကျုပ်လည်း ဘာတစ်ခုမှ မမှတ်မိသလို ခံစားနေရတယ်"

မီးတောက်ဘုရင်သည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူသည်လည်း ထိုကဲ့သို့သော ခံစားချက်များကို ရရှိနေ​၏။ သူ၏ အခြေနေသည် အနည်းငယ်တော့ ကောင်းမွန်နေ၏။ အဓိကအားဖြင့် ဝိညာဉ်နတ်ဆိုး တောအုပ်အရှင်သည် သူ့ဘက်တွင် တည်ရှိနေသောကြောင့်ပင်။

"ဒါဆိုရင် ဒါကဘာကြီးလဲ .. ဌာနေအရှင်လုပ်တာလား"

ထျန်းမင်တောင်သခင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်၏။ သူ၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလျက်ရှိနေပြီး သူ၏ အော်ရာများကလည်း အဆုံးစွန်ထိ ဖြစ်တည်နေခဲ့၏။ သူသည် ရူးသွပ်သွားတော့မည့် သားရဲရိုင်းကြီး ကဲ့သို့ပင်။ သူ့အား ဝိညာဉ်နတ်ဆိုး တောအုပ်အရှင်က တစ်ခုခု ပြုလုပ်ထားခဲ့သည်လား။

"မဖြစ်နိုင်ဘူး"

မီးတောက်ဘုရင်သည် ဆက်လက်ကာ ရှင်းပြချင်စိတ်မရှိချေ။ သူသည် တဖြည်းဖြည်း ပေါ်ပေါက်လာသည့် လောကကြီးကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ခဏကြာရင် အရာအားလုံးကို ခင်ဗျားနားလည်အောင် ရှင်းပြမယ်"

"အရာအားလုံးဟုတ်လား"

ထျန်းမင်တောင်သခင်၏ မျက်လုံးအကြည့်များက အေးစက်လာခဲ့၏။ လက်ရှိအခြေနေမှာတော့ သူသည် ကြီးမားသည့် ဘေးအန္တရာယ်ကြီး ကျရောက်လာတော့မည် ဖြစ်ကြောင်း ခံစားနေမိသည်။ "ကျုပ် ဆိုးဝါးတဲ့ ခံစားချက်ကို ရနေတယ်"

အင်မော်တယ် ဘုရင်ပေါင်း မြောက်များစွာတို့သည် ကွဲအက်လျက်ရှိနေသည့် မြေပြင်ကြီးကို လှမ်းကာ ကြည့်ရှုရင်း ဇဝေဇဝါ ဖြစ်နေကြသည်။

အထူးသဖြင့် ငရဲလောက၏ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည့် လူများပင်။ ၎င်းတို့၏ မျက်နှာများသည် အလေးနက်ဆုံးဖြစ်နေ၏။

"ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တစ်ကြိမ်သွားခဲ့ဖူးတယ်။ နန်းဆောင်သခင် ပြောခဲ့တာက အင်မော်တယ်ဘုရင် စရင်းထဲမှာရှိနေတဲ့ လူတွေအကုန်လုံးက အသက်ရှင်လျက် ရှိနေတုန်းပဲ။ မသေဆုံးခဲ့ကြသေးဘူးတဲ့။"

လက်ရှိအခြေနေမှာတော့ ဖြစ်တည်လာခဲ့သည့် တင်းမာမှုများသည် တကယ့်ကို ကြောက်ခမန်းလိလိပင်။ အင်မော်တယ်ဘုရင်စာရင်းဆီမှ များပြားသည့် အင်မော်တယ်ဘုရင်များ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ထိပ်တန်း အင်မော်တယ်ဘုရင်နှစ်ဆယ်ကို မမြင်ရသေးချေ။ အထူးသဖြင့် ငရဲလောကကြီးဘက်တွင် တည်ရှိ​နေသော လူများပင်။

လုဝူတော့၊ ရှီယွင် ထိုကဲ့သို့သော အင်မော်တယ် အင်ပါယာများသည် ပေါ်ပေါက်မလာသေးချေ။ သူတို့ရှေ့တွင် ရှိနေသည့် လောကကြီးထဲတွင် လုဝူတောက် နှင့် တခြားသောသူများ ရှိနေလိမ့်မည်ဟု အားလုံးသောသူတို့က သံသယဖြစ်လာခဲ့၏။

"ဖြစ်နိုင်ချေကို ဖယ်ထားလို့မရဘူး"

လူကြီးလူကောင်းဟန်ပန်မျိုးနှင့် အကြီးအကဲတစ်ယောက်သည် ဖြည်းညင်းစွာ မှတ်ချက်ပြုလိုက်သည်။

"ဒီလောကကြီးက အင်မော်တယ် လောကကြီးထက် ဘယ်လိုမှ အားမနည်းနိုင်တဲ့ လောကကြီးပဲ။ ဒါပေမဲ့ စည်းခတ်ခံခဲ့ရတယ် ဆိုရင်တောင်မှ ကျိန်းသေပေါက် မှတ်တမ်းတစ်ခုခုတော့ ရှိသင့်တယ် မလား။ ကျုပ်တို့ဒီအရာကို ဘာလို့မသိရတာလဲ။" တစ်စုံတစ်ယောက်သည် သဘောမတွေ့သလို ဝင်ရောက် ပြောဆိုလိုက်၏။ သူတို့အနေနှင့် ယုံကြည်ရန် ခက်ခဲလို့နေ၏။

"မဖြစ်နိုင်ဘူး"

အဘိုးအိုတစ်ယောက်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် အသာပင် ငြင်းပယ်လိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောဆိုလိုက်သည်။

"အင်မော်တယ်ဘုရင်အားလုံးရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ ပြီးတော့ နတ်ဆိုးလောကရဲ့ အင်မော်တယ် ဘုရင်တွေတောင်မှ နားဝေတိမ်တောင် ဖြစ်နေကြတယ်။"

အင်မော်တယ်ဘုရင်တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ "ငရဲလောကကြီး ရှုံးနိမ့်သွားတဲ့ အချိန်တုန်းက နတ်ဘုရားအင်ပါယာက အသက်ရှင်ခဲ့တယ်။ အသင်္ချေ များပြားတဲ့ လောကကြီး အသီးသီးထဲမှာ နတ်ဘုရားအင်ပါယာတစ်ယောက်တည်းကပဲ ဒီလိုကိစ္စရပ်မျိုးကိုပြုလုပ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

မေးခွန်းပေါင်းများစွာသည် သူတို့၏ စိတ်ထဲတွင် ဖြစ်တည်လာခဲ့၏။ အကြီးအကဲတစ်ယောက်အနေနှင့် ၊ အင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်သည့် လူတစ်ယောက်​အနေနှင့် ဤကဲ့သို့ မှတ်ဉာဏ် ဖျက်ဆီးခံရခြင်းကို တစ်ခါမှ မကြုံဖူးချေ။ နတ်ဘုရားအင်ပါယာသည် အဘယ့်ကြောင့် ဤကဲ့သို့ ကိစ္စရပ်များကို ပြုလုပ်ခဲ့သနည်း။

တိုက်ခိုက်ပွဲတွင် နတ်ဘုရားအင်ပါယာ အနိုင်ရရှိခဲ့သည် ဆိုပါက ငရဲလောက၏ အားကောင်းသည့် ကျင့်ကြံသူများသည် အဘယ်ကြောင့် အသက်ရှင်ကျန်နေရသနည်း။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်ပင် အသက်ရှင်ကာ ကျန်ရှိခဲ့သည်။

ပိုမို၍ စိတ်ရှုပ်ထွေးစရာအကောင်းဆုံးမှာ နတ်ဘုရားအင်ပါယာ တည်ထောင်ခဲ့သည့် နတ်ဘုရားမြို့မှ စွမ်းအားမြင့် ကျင့်ကြံသူများကို ယနေ့အချိန်တွင် မမြင်ရခြင်းပင်။ မည်သူမှ ထွက်ပေါ်မလာခဲ့ချေ။ နတ်ဘုရားအင်ပါယာသည်သာ ခေါ်ဆောင်ပါက ကွာစီအင်မော်တယ် အင်ပါယာများသည် မေးခွန်း မထုတ်ပဲ လိုက်ပါလာပေလိမ့်မည်။

မေးရမည်ဆိုလျှင် ငရဲလောကရဲ့ တိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့သောဘက်သည် မည်သည့်ဘက် ဖြစ်သနည်း။

ရင်းနှီးသလို၊ မရင်းနှီးသလို လောကကြီးပေါ်ပေါက်လာခဲ့ခြင်းသည် သူတို့ကို တကယ်ပင် စိတ်စနိုးစနောင့်ဖြစ်စေခဲ့၏။ သူတို့၏ တာအိုနှလုံးသား မည်မျှခိုင်မာသည်ဆိုဆို လက်ရှိ အခြေနေတွင် သံသယများ ဝင်လာခဲ့သည်။

"အခုချိန်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားမယ်ဆို နောက်ကျသွားပြီ။ ဒီတော့ ခဏလောက် စောင့်ပြီး အတူတူ ဝင်ကြမယ်။ " အဘိုးအိုတစ်ယောက်သည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။

"သဘောတူတယ်"

အင်မော်တယ်ဘုရင်ပေါင်းများစွာတို့သည် လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

"ဘုန်း"

ကြောက်မက်ဖွယ်ရာ အော်ရာများ ထွက်ပေါ်လာခဲ့ပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ကြမ်းတမ်းလွန်း သည့် အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီးသည့်နောက် ၎င်းတို့၏ ​ မျက်လုံးရှေ့တွင် ပျောက်ဆုံးလျက်ရှိနေသည့် လောကကြီးတစ်ခုက ထင်ထင်ပေါ်ပေါ် ပေါ်ပေါက်လာခဲ့၏။

"ဘုန်း"

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငရဲလောက တိုက်ပွဲကြီးက ဒီနေရာမှာ အခြေပြုခဲ့တာလား။" တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်မိသည်။

"စည်းက ပျက်စီးတော့မယ်"

ထိုအချိန်မှာတော့ အင်မော်တယ်လောက၏ အကြီးအကဲတစ်ယောက်သည် လှမ်းကာ အော်ဟစ်လိုက်၏။ ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာပဲ မိုးခြိမ်းသံကဲ့သို့အသံများ ထွက်ပေါ်လာခဲ့၏။ ဓားရောင်စဉ် အလင်းများ ကျဆင်းလာပြီး လောကကြီး၏ အလယ်ဗဟိုသို့ ထိုးဝင်သွားခဲ့၏။

တစ်လက်လက်တောက်ပသည့် ဓားအလင်းသည် တည်နေရာအနှံ့ဆီသို့ ထပမံပျံ့နှံ့သွားပြီးနောက် ခတ်ထားသည့် စည်းများအားလုံးကို ဖယ်ရှားလိုက်၏။ နောက်ဆုံးကျန်ရစ်သည့် စည်းကြီးသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။

ကျယ်ပြောလွန်းသည့် လောကကြီးတစ်ခုသည် သက်ရှိသတ္တဝါပေါင်းများစွာတို့၏ မျက်လုံးထဲ၌ ပေါ်ပေါက်လာခဲ့၏။

အင်မော်တယ်ဘုရင်ပေါင်းများစွာသည် တည်နေရာတွင် မတ်မတ်ရပ်ကာဖြင့် ကြောင်အနေ၏။ မည်သည့် စကားမှ မဆိုနိုင်ချေ။ ပြီးနောက် ၎င်းတို့အားလုံးသည် အလင်းတန်းများ အဖြစ် အသွင်ပြောင်းကာဖြင့် လောကကြီးထဲသို့ အရူးအမူး ပြေးဝင်သွားကြသည်။

All Chapters