← Chapters

အခန်း (၆၇၆)

Vol. 46 Ch. 676

အခန်း (၆၇၆)

Vol. 46 Ch. 676

“တာအိုရောင်းရင်း.. အရမ်းကြီး စိတ်ပူမနေပါနဲ့”

တိုင်ချူးသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးနောက် ထိုနှစ်ယောက်ကို ဖြောင်းဖျလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “စီနီယာက သတင်းအချက်အလက် အားလုံးကို ရောင်းချပေးတယ်။ ဒါပေမဲ့ သူက ကြားဝင်ပတ်သက်မှာ မဟုတ်ဘူး”

လျှိုကလန်နှင့် စီနီယာ နန်းဆောင်သခင်တို့၏ ကြားထဲတွင် အဖုအထစ်များ ဖြစ်သွားမည်ကို သူ မမြင်ချင်ပေ။ အကယ်၍ ပဋိပက္ခများသာ ဖြစ်သွားခဲ့မည် ဆိုပါက တခြားသောသူများအတွက် ပျော်ရွှင်စရာ ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ထျန်းမင်တောင်သခင်ပင် ဖြစ်၏။

ထို့အပြင် အမြင်ကပ်ကပ်ဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည်သာ တစ်ဖက်ခြမ်းသို့ ပါသွားသည်ဆိုပါက ကျိန်းသေပေါက် သူတို့ပင် ဒုက္ခရောက်ပေလိမ့်မည်။

“စီနီယာ... ဘာလို့ အဲလိုလုပ်ရလဲ ဆိုတာကို မေးချင်ပါတယ်” လျှိုရွှမ်ချမ်သည် သဘောမတွေ့သည့် အရိပ်အယောင် များကို ကြိုးစားဖုံးကွယ်ပြီး လေးလေးနက်နက် အသံဖြင့် မေးမြန်းလိုက်သည်။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ စကားလုံးများသည် ရိုးရှင်းလွန်းလှ၏။ ဆိုလိုသည်မှာ မူလအားဖြင့် ဖမ်းဆီးခံထားရသည့် လျှိုချင်းယုကို လွတ်မြောက်စေခဲ့ပြီး လျှိုချင်းကျီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည် ဆိုခြင်းမှာ ၎င်း၏ လမ်းညွှန်ပြသမှုကြောင့်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ သူအနေနှင့် တကယ်ပင် ဒေါသထွက်မိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ကို ဂရုစိုက်ပုံမပေါ်ချေ။ သို့ပေမဲ့ လျှိုကလန် အတွက်တော့ ဤအရာသည် ကြီးမားသည့် ဆုံးရှုံးမှုပင် ဖြစ်၏။ လျှိုကလန် အနေနှင့် လျစ်လျှူရှု၍ မရနိုင်ချေ။ သူတို့၏ လျှိုကလန် တစ်ခုလုံးသည် ပြင်းပြင်းထန်ထန်နှင့် ထိခိုက်ခံစားခဲ့ရသလိုပင် အနာဂတ်တွင် သူတို့ လျှိုကလန်နှင့်ပတ်သက်သော သတင်းအချက်အလက် တစ်ခုခုသည်သာ ထျန်းမင်တောင်သခင်ဆီသို့ ရောက်ရှိသွားသည် ဆိုပါက မည်သို့ လုပ်မည်နည်း။

“ဘာလို့ လုပ်ရတာလဲ ဟုတ်လား”

လီယွင်က ထူးမခြားနားသလို ပြောဆိုလိုက်၏။ “ရိုးရှင်းတယ်လေ။ ဒါက စီးပွားရေးကိစ္စပဲ”

“စီးပွားရေး ဟုတ်လား” လျှိုရွှမ်ချမ်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် သဘောမတွေ့သလို ခံစားလိုက်မိ၏။ ဤစကားစုသည် တည့်တိုးဆန်လှသည်ဆိုသော်လည်း လျှိုကလန်နှင့် ပတ်သက်သည့် အင်မော်တယ် ဘုရင်နှစ်ယောက်လုံးကို ထိတ်လန့်တကြား ဖြစ်စေခဲ့သည်။

ထို့အပြင် လျှိုချင်းယုသည် အဘယ်ကြောင့် လျှိုကလန်ကို သစ္စာဖောက်ရသနည်း။ ဤကိစ္စထဲတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပါဝင်ပတ်သက်နေသည်လား။

ထိုကဲ့သို့သော လူမျိုး၏ ထောက်ပံ့ကူညီမှု မရှိဘဲနှင့် လျှိုကလန်ကို သစ္စာဖောက်ရန် မည်သူကမှ သတ္တိရှိလိမ့်မည် မဟုတ်ချေ။ ထျန်းမင်တောင်သခင်၏ ထောက်ပံ့မှု တည်ရှိနေသည် ဆိုလျှင်တောင် လုံလောက်သည့်အရာ မဟုတ်ချေ။ ငရဲလောက၏ အကြွင်းအကျန် တစ်ယောက်အနေနှင့် လျှိုချင်းယု၏ တာအိုနှလုံးသားကို လှုပ်ခါအောင် ပြုလုပ်နိုင်စွမ်း နည်းပါးပေလိမ့်မည်။

အထူးသဖြင့် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ခဲ့ဖူးသော လူတစ်ယောက်၏ စိတ်နှလုံးသား ဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုသည် လွယ်လွယ်ကူကူနှင့် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ တိကျသေချာစွာဖြင့် လျှိုချင်းယုသည် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စွမ်းအင်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ခြင်း ဖြစ်ပေမည်။ ထို့ကြောင့်ပင်လျှင် ပြုလုပ်စရာ ရှိသည်များကို ရဲရဲဝံ့ဝံ့ ပြုလုပ်ခဲ့ခြင်းဖြစ်၏။

ထို့အပြင် ငရဲလောက၏ အမွေအနှစ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ သို့ပေမဲ့ ပြည့်စုံသည့် အရာ မဟုတ်ချေ။ လျှိုချင်းယုသည် ဘာမဟုတ်သည့် အကြောင်းအရာအတွက် စွန့်စားလိမ့်မည် မဟုတ်ချေ။

ငရဲလောက၏ အမွေအနှစ် နှင့် ပတ်သက်၍ ပြည်စုံစွာ ရရှိနိုင်မည့် လမ်းစဉ်တစ်ခုကို မြင်သောကြောင့် အရာအားလုံးကို စွန့်စားစတေးကာဖြင့် ငရဲလောကထဲသို့ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ငရဲလောက၏ အမွေအနှစ်များကို အပြည့်အစုံ ပေးနိုင်စွမ်းရှိသူသည် သူတို့၏ ရှေ့တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှလွဲ၍ တခြား မည်သူမှ ဖြစ်လိမ့်မည် မဟုတ်ချေ။

“စီနီယာ... ခင်ဗျားရဲ့ တာအိုနဲ့ပတ်သက်တဲ့ နားလည်မှုက တကယ့်ကို မြင့်မားပြီး ကောင်းကင်ရဲ့ လျှို့ဝှက်ချက် တွေကို တွက်ချက်နိုင်စွမ်း ရှိနေတယ်။ အသင်္ချေ များပြားတဲ့ လောကအသီးသီးမှာ ခင်ဗျားရဲ့ အမြင်အာရုံ အောက်ကနေ လွတ်မြောက်နိုင်တဲ့လူ ဘယ်သူမှ မရှိပါဘူး။ ဒါကြောင့်”

လျှိုရွှမ်ချမ်သည် သူ၏ ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် အသာပြောပြလိုက်၏။ “ငရဲလောကကြီးရဲ့ အတိတ်က ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို ကောင်းကောင်း သတိပြုမိလိမ့်မယ် ထင်ပါတယ်”

လျှိုရွှမ်ချမ်သည် အရူးတစ်ယောက် မဟုတ်ချေ။ သဲလွန်စတစ်ခုကို အမှတ်မထင် ပေးစွမ်းနိုင်စွမ်း ရှိနေသည့် လူသည် လျှိုကလန် တစ်ခုလုံး ဆုံးရှုံးသွားသော သတင်းအချက်အလက်များကို ပေးနိုင်သည့်သူ ဖြစ်ပေလိမ့်မည်။ ကျိန်းသေပေါက် သူတို့ ရန်ပြုနိုင်စွမ်း ရှိသည့် လူတစ်ယောက် မဟုတ်ချေ။

ထို့အပြင် နတ်ဘုရားလောကကြီးတွင် လျှိုကလန်သည် ရန်သူပေါင်းများစွာ တည်ရှိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ သူတို့၏ ရန်သူများကို လျှိုကလန်နှင့် ပတ်သက်သည့် အချက်အလက်များက ရောင်းချပေးခဲ့ပါက သူတို့အနေနှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ သူတို့အနေနှင့် ရန်ပြုတိုက်ခိုက်၍ မရနိုင်ဘူးဆိုမှတော့ ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သူတို့ဘက်သို့ ပါဝင်အောင် သိမ်းသွင်းစည်းရုံးမှ ဖြစ်ပေလိမ့်မည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အကူအညီကို သူတို့ လိုအပ်နေသည်ဆိုမှတော့ စကားကို ပြေပြေပြစ်ပြစ် ပြောဆိုရပေမည်။ အနည်းဆုံးအနေဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လေးစားမှုရှိကြောင်း ပြသရမှာ ဖြစ်သည်။

“အင်း... ကျုပ် ကျိန်းသေပေါက် သိတာပေါ့” လီယွင်သည် ငုတ်တုတ် ထထိုင်လိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်လို့ နေ၏။ သူသည် ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ရှုရန် မျှော်လင့် နေသကဲ့သို့ပင်။

“သိတယ်ဆိုမှတော့ ဘာကြောင့် ငရဲလောကကို ကူညီရတာလဲ။ အသင်္ချေများပြားတဲ့ လောကမှာရှိတဲ့ သတ္တဝါတွေ အားလုံးရဲ့ အသက်က အရေးကြီးတယ် မဟုတ်လား” လျှိုရွှမ်ချမ်က မေးမြန်းလိုက်၏။

“ကြည့်ရတာ ခင်ဗျား ကောင်းကင်လျှို့ဝှက်နန်းဆောင် အကြောင်း ကောင်းကောင်း နားမလည်သေးဘူးနဲ့ တူတယ်” လီယွင်သည် လက်ကို အသာဆန့်လိုက်၏။ ပြီးသည့်နောက် ရေနွေးအိုးကို ကိုင်ကာဖြင့် ရေနွေးကို ခွက်ထဲသို့ လောင်းထည့်လိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“တိုင်ချူး ခင်ဗျားတို့ကို ပြောခဲ့တာတွေက မပြည့်စုံဘူး ဖြစ်လိမ့်မယ်။ အင်း.. ဒီတော့ ကျုပ်က ခင်ဗျားကို ကိုယ်တိုင် ကိုယ်ကျ ရှင်းပြရမှာပေါ့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ လုံလောက်တဲ့ တန်ဖိုးကို ပေးအပ်နိုင်တဲ့ ဘယ်သူမဆို တူညီတဲ့တန်ဖိုးရဲ့ သတင်းအချက်အလက်တွေကို ရတယ်။ ခင်ဗျား ဒါကို နားလည်လား”

“အားလုံးလား”

သတ္တမဘိုးဘေးသည် အကူအညီမဲ့စွာဖြင့် မေးမြန်းလိုက်၏။ “ငရဲလောက အပါအဝင်ပေါ့”

“ခင်ဗျား ဘယ်လိုထင်လို့လဲ” လီယွင်သည် ဘေးတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။

“အင်း..”

သတ္တမဘိုးဘေးကြီး၏ အမူအရာက အေးခဲသွား၏။ သူ၏ အိုမင်းရင့်ရော်နေသည့် မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်တည်လာ၏။ လက်ရှိအချိန်တွင် အရာအားလုံးသည် ရှင်းလင်းသွားခဲ့ပြီး ဖြစ်၏။

ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ တစ်ကြိမ် ထက်မက လာခဲ့ဖူးသည်သာ ဖြစ်ရပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ပြုမူဆောင်ရွက်ရမည့် အကြောင်းအရာများကို အစောကြီးတည်းက ရောင်းချခဲ့ပုံပေါ်သည်။

All Chapters