← Chapters

အပိုင်း (၅၆)

Vol. 4 Ch. 56

အပိုင်း (၅၆)

Vol. 4 Ch. 56

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်.... လက်တလောမှာ ခင်ဗျားက တကယ့်ကို နာမည်ကြီးနေတယ်လေ။ ပြည်နယ် အသီးသီးကိုတောင် ပျံ့လွှင့်နေတယ်။ ဒီနေ့မှာ ကျုပ်တို့ လူကိုယ်တိုင် လာတွေ့တာပါ။ ဒါမှ ကျုပ်တို့ကြားထားခဲ့တဲ့ ကောလဟလတွေက ဟုတ်လား၊ မဟုတ်လား သိရှိရမှာ မဟုတ်လား”

ချမ်းဝူကုံသည် ပြုံးလျက်ပင် တည်ရှိ၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင်တော့ တင်းမာခက်ထန်မှုများ ရှိလို့နေသည်။ သူသည် စောဏကလေးတင် မယဉ်မကျေး ဆက်ဆံခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သူသည် မပျော်မရွှင် ဖြစ်လို့နေသည်။ ထို့အပြင် သူသည် သူတော်စင်အတုဆိုလျှင်တောင် သူတော်စင်သာဖြစ်တော့၏။

နတ်အဆင့် ကျင့်ကြံသူထက် ပိုမိုကာ အားကောင်းလွန်းလှ၏။

“ကျုပ်တို့ ညီအစ်ကို နှစ်ယောက်က နန်းတော်သခင်ရဲ့ နာမည်ကို ချီးကျူးဖို့ လာခဲ့တာလေ။ ကျုပ်တို့က ဒီလိုမျိုး လာပြီးတော့ ဂါရဝပြုဖို့အတွက် မိုင်သန်းချီပြီးတော့ ခရီးနှင်ခဲ့ကြတယ်” ချမ်းဝူကုံသည် လေးလေးနက်နက် ပြောကြ၏။

အခြေအနေကိုသာ သေသေချာချာ မသိသည်ဆိုပါက တစ်ဖက်လူများ အားလုံးသည် တကယ်ပင် လေးလေးစားစားဖြင့် လာရောက်ကာ ဂါရဝပြုခြင်းဟု ထင်မှတ်နိုင်သည်။

“ဪ ဟုတ်ရဲ့လား”

လီယွင်သည် လှောင်ပြောင်လိုက်မိ၏။ သူ၏ မျက်လုံးအကြည့်များသည် အေးစက်လျက်ရှိ၏။ တစ်ဖက်လူနှစ်ယောက်ကို တစ်ခါတည်း စူးစိုက်ကြည့်နေ၏။ ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ခင်ဗျားတို့ လာပြီးတော့ ဂါရဝပြုတာ မဟုတ်မှာ စိုးရတယ်။ ခင်ဗျားတို့က ကျုပ်ကို ဖမ်းချင်တဲ့ပုံပေါ်တယ်”

“အမ်”

ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ချမ်းဝူကုံနှင့် ရှန်းဖန်တို့ နှစ်ယောက်လုံးသည် မျက်မှောင်ကုတ် လိုက်မိ၏။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်၏။ ပြီးသည့်နောက် ၎င်းတို့၏ မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မှုများ ဖြစ်တည်လာခဲ့တော့၏။

သို့ပေမဲ့ မကြာလိုက်ချေ။ ၎င်းတို့သည် ပုံမှန် အမူအရာ အတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့၏။စိတ်ထဲမှာတော့ ကြိတ်ကာ ရေရွတ်လျက် ရှိနေသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် တကယ်ပဲ ကောင်းကင်၏ လျှို့ဝှက်ချက်များကို နားလည်နေသည့်လူတစ်ယောက် ဖြစ်နေသည်လား။ သူတို့၏ အတွေးများ ကိုပင် သေသေချာချာ သိရှိုနိုင်စွမ်း ရှိနေသည်။

ချမ်းဝူကုံသည် အားတင်းကာ ရယ်မောလိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “နန်းဆောင်သခင်... ကျုပ်တို့က တကယ်ပဲ လာလည်တာပါ။ ကျုပ်တို့က ထျန်းကန်ဂိုဏ်းကလေ။ ကျုပ်တို့ ထျန်းကန်ဂိုဏ်းက လမ်းမှန်ဂိုဏ်း ကျင့်ကြံသူတွေပါ။ ဆိုးရွားတဲ့အရာတွေကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး”

“အင်း... သိပ်မှန်တာပေါ့”

ရှန်းဖန်က ဝင်ရောက်ကာ ပြောပြလိုက်၏။ “ကျုပ်တို့ ဒီကို လာရတာက နန်းဆောင်သခင်ကို ရောင်စဉ်အလင်း နတ်နယ်မြေကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ချင်တာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့”

“ဟမ့်” လီယွင်သည် ရယ်သွမ်းသွေးလိုက်မိသည်။

ရောင်စဉ်အလင်းနတ်နယ်မြေဆီသို့ သွားရောက်ကာ လည်ပတ် ရမည်လား။ ဟာသတွေ လာရောက်ပြောဆိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို နားလည်နိုင်သည့် လူတစ်ယောက်ဖြစ်သည်မို့ သူ့ကို မည်သူကမှ လာရောက်လှည့်စား၍ မရနိုင်ချေ။ ထို့အပြင် သူ့၌ ကောင်းကင်၏ အပြစ်ပေးမှုကလည်း တည်ရှိနေသေး၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ခြေတစ်လှမ်း လှမ်းထွက်လိုက်သည်နှင့်တပြိုင်နက် များပြားလွန်းလှသည့် နတ်ဘုရားမိုးကြိုးများသည် ကျဆင်းလာမှာ သေချာ၏။ ထိုသို့ဆိုလျှင် မိမိကိုယ်ကို သတ်သေခြင်းနှင့် ဆင်တူနေမည် မဟုတ်ပါလား။

“နန်းဆောင်သခင်က ဘာကိုဆိုလိုတာလဲ”

ချမ်းဝူကုံသည် မျက်မှောင်ကုတ်လိုက်မိ၏။ နှလုံးသားထဲတွင် ရှိနေသည့် ဒေါသတရားများကို ဖိနှိပ်ပြီးနောက် သူက ထပ်မံကာ ပြောပြလိုက်၏။ “ရောင်စဉ်အလင်းနတ်နယ်မြေဆိုတာက တကယ့်ကို ခေတ်အဆက်ဆက် ပါရမီရှင်တွေနဲ့ ဖြစ်တည်နေထိုင်ခဲ့တဲ့ နယ်မြေတစ်ခုလေ။ နတ်သခင်က ခန်းဆောင်သခင်ရဲ့ အကြောင်းတွေကို လတ်တလော သိရှိထားခဲ့တယ်။ ဒါကြောင့် သူက ခင်ဗျားနဲ့ တွေ့ချင်နေတာပါ”

“ဒီအခွင့်အရေးဆိုတာ တကယ့်ကို ရှားပါးတယ်နော်။ ရောင်စဉ်အလင်းနတ်သခင်နဲ့ တွေ့ဆုံဖို့ လူပေါင်းများစွာတို့က မျှော်လင့်ကြတယ်။ ဒါပေမဲ့ ခင်ဗျားကတော့ တစ်ဖက်လူက လိုလိုချင်ချင် တွေ့ချင်တဲ့လူတစ်ယောက် ဖြစ်နေတယ်။ အခွင့်အရေးကို မလွဲချော်စေနဲ့”

“ရောင်စဉ်အလင်းနတ်သခင် ဟုတ်လား”

လီယွင်က နှာခေါင်းရှုံ့လိုက်၏။ “ဆိုလိုတာ သူက အင်ပါယာတော့ မဟုတ်သေးဘူးပေါ့”

ဤလောကကြီးထဲတွင် အင်ပါယာဆိုသည့်အရာသည် များပြားလှသည့် အခြေအနေနှင့် တည်ရှိနေ၏။ သိုင်းကျင့်ကြံခြင်းနှင့်ပတ်သက်၍ အင်ပါယာအဆင့်လည်း ဖြစ်နိုင်သလို နိုင်ငံတစ်ခုခု၏ အင်ပါယာလည်း ဖြစ်နိုင်သည်။

ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ သခင်သည် တကယ်ပင် မောက်မာလွန်းသည့် လူတစ်ယောက်ပင် ဖြစ်၏။ သူ့အား သက်သက်မဲ့ လာရောက်ကာ ပြဿနာ ရှာနေသည်နှင့်ပင် ဆင်တူ၏။ လူသားများတွင် ရှိသင့်ရှိထိုက်သည့် ယဉ်ကျေးမှု အကြောင်းနှင့်ပတ်သက်၍ ရောင်စဉ် အလင်းနတ်သခင်သည် သင်ယူလေ့လာရန် လိုအပ်နေသည့် လူတစ်ယောက် ဖြစ်နေသည်လား။

“နန်းဆောင်သခင်ရဲ့ စကားလုံးက ရောင်စဉ်အလင်းနတ်သခင်ကို အထင်အမြင်သေးတဲ့ပုံစံပဲ”

ချမ်းဝူကုံ၏ လေသံသည်‌ အေးစက်သွားခဲ့၏။ ရောင်စဉ်အလင်းနတ်နယ်မြေ ဆိုသည်မှာ သူတို့ ထျန်းကန်ဂိုဏ်း၏ အထောက်အပံ့ တစ်ခုဖြစ်၏။ သူတို့သည် တစ်ဖက်လူများ၏ ထောက်ပံ့မှုကို ခံထားရသည် ဖြစ်သောကြောင့် အောင်မြင်မှု ကြီးမားစွာဖြင့် တိုးတက်လာခြင်းသာဖြစ်၏။ တစ်ဖက်လူများ၏ ထောက်ပံ့မှုကို မရရှိသည်ဆိုပါက ကျိန်းသေပေါက် သူတို့အားလုံးသည် ဒုက္ခပင်လယ်ဝေနေမှာ သေချာ၏။ ထို့ကြောင့် ရောင်စဉ်အလင်းနတ်နယ်မြေ နှင့်ပတ်သက်ပါက ၎င်းတို့သည် တိုက်ခိုက်ရန် အဆင်သင့် ပြင်ဆင်ပြီးသားဖြစ်၏။

“ဟမ့်”

လီယွင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်၏။ “ခင်ဗျားတို့နှစ်ယောက်က ပေါက်ပန်း လေးဆယ်တွေ ပြောနေတာပဲ။ ပြောတဲ့ပုံစံအရ ကျိုးကြောင်း မဆီလျော်ဘူး”

“ဒီလိုဆိုမှတော့ ထပ်ပြီးပြောစရာ မလိုတော့ဘူး”

ချမ်းဝူကုံသည် သူ့ယပ်တောင်ကို အသာဖွင့်ကာဖြင့် တဖျပ်ဖျပ် ခတ်လျက်ရှိ၏။ အထဲသို့ မဝင်လာခင်ကတည်းက သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့်ပတ်သက်၍ သေသေချာချာ ကြည့်ရှု့လေ့လာပြီးသားဖြစ်၏။ ထို့ကြောင့် အမြဲတမ်း သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ အထဲတွင် သတ်ဖြတ်ခြင်းအစီအရင် သို့မဟုတ် ထောင်ချောက်တစ်ခုခု ရှိနေမည်လားဆိုသည်ကို သူက အမြဲတမ်း စိုးရိမ် ပူပန်မိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် မည်သည့်လှုပ်ရှားမှုမှ ရှိသည်ကို မတွေ့ရချေ။ ထို့ကြောင့် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းရှည်ကြီး ချမိ၏။

အသာလှည့်ပြီးသည့်နောက် ချမ်းဝူကုံ၏ အကြည့်များသည် လီယွင်ဆီသို့ ကျဆင်းလာ၏။ သူ၏ မျက်လုံးထဲ တွင်တော့ သာမန်ပုံစံသာရှိသည့် လူ၏ပုံစံမျိုးပင်။ ၎င်းသည် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အော်ရာများ တစ်ခုလေးမှပင် ထွက်ပေါ်မနေချေ။

ပထမကြည့်လိုက်စဉ်က သူသည် ကြောင်အသွား၏။ သေသေချာချာ သုံးသပ်ကြည့်ရှုပြီးသည့်နောက် မည်သည့် ကျင့်ကြံခြင်းအော်ရာမှ ထွက်ပေါ်နေသည်ကို မတွေ့ရချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်သည့်နေရာတွင် ကျွမ်းကျင်သူဖြစ်သောကြောင့် လုံလောက်သည့် စွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့လေသည်လား။ သို့မဟုတ် သူ၏ကျင့်ကြံခြင်းအဆင့်သည် မည်မျှ မြင့်မားလိုက် သနည်း။ သို့မဟုတ် အားကောင်းလွန်းလှသည့် စွမ်းအင်ဖုံးကွယ်ခြင်း နည်းစနစ်တစ်မျိုးမျိုးကို အသုံးပြုထား လေသည်လား။

ချမ်းဝူကုံသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ “နန်းဆောင်သခင်က ကျုပ်တို့နဲ့ မပူးပေါင်းချင်ဘူးဆိုမှတော့ ရွေးချယ်စရာ မရှိတော့ဘူးလေ။ ကျုပ်တို့လက်၊ ကျုပ်တို့ခြေနဲ့ပဲ လုပ်ချင်တာကို လုပ်ရတော့မှာပေါ့။ နန်းဆောင်သခင်... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပါအုံး”

ရောင်စဉ်အလင်းနတ်နယ်မြေ၏ နောက်ခံတည်ရှိနေသည်ဖြစ်သောကြောင့် ချမ်းဝူကုံသည် ကြောက်လန့်ပုံ တစ်ချက်ကလေးမှ မပြသချေ။ သူ့အနေနှင့် လက်ရှိ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သခင်သည် သူတို့ထင်မှတ် ထားသည့် ကျင့်ကြံခြင်းအဆင့်ထက် ပိုမိုကာ သာလွန်ပြီး သူတော်စင်ဘုရင် သို့မဟုတ် သူတော်စင်အဆင့်သို့ ရောက်ရှိနေသည်ဆိုလျှင်တောင်မှ ဘာဖြစ်သနည်း။

တစ်ဖက်လူသည် သူတို့ကို သတ်ဖြတ်ရဲနေမည်လား။ ရောင်စဉ်အလင်းနတ်နယ်မြေတွင် ကွာစီအင်ပါယာ တစ်ယောက် တည်ရှိနေပြီး အင်ပါယာအဆင့် လက်နက်တစ်ခုကလည်း တည်ရှိနေသည်ဖြစ်၏။ ထို့ကြောင့် သူတို့သည် မည်သူ့ကိုမှ မကြောက်လန့်ချေ။

ဉာဏ်ကောင်းသည့်လူများသည် အခြေအနေ အရပ်ရပ်ကို သုံးသပ်နိုင်စွမ်း ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကဲ့သို့သော အရာအားလုံးကို တွေးခေါ်ကာ ပြောဆိုရသည့် လူတစ်ယောက်အနေနှင့် ရောင်စဉ်အလင်း နတ်နယ်မြေကို ရန်ပြုရခြင်းကြောင့် ဖြစ်တည်လာနိုင်သည့် အကျိုးဆက်များ အားလုံးကို နားလည်သင့်သည် မဟုတ်ပါလား။

“ဂျူနီယာညီလေး.. ကျေးဇူးပြုပြီးတော့ လှုပ်ရှားပါတော့။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ကို ကျုပ်တို့ တစ်ခါတည်း ဖမ်းဆီးလိုက်ကြရအောင်”

ချမ်းဝူကုံသည် တည်တည်ငြိမ်ငြိမ်နှင့် ဆော်ဩလိုက်၏။ သို့ပေမဲ့ မည်သည့်အသံမှ ထွက်ပေါ်မလာချေ။

“ဂျူနီယာညီလေး... မင်းမလှုပ်ရှားသေးဘူးလား”

ချမ်းဝူကုံသည် သဘောမတွေ့သလို လှမ်းပြောလိုက်၏။ သို့ပေမဲ့ မည်သည့် တုန့်ပြန်သံကိုမှ မကြားရချေ။

“ဂျူနီယာညီလေး”

ချမ်းဝူကုံသည် ဇဝေဇဝါ ဖြစ်မိသွား၏။ ထို့ကြောင့် ရှန်းဖန်ကို လှည့်ကာ ကြည့်ရှုလိုက်၏။

လက်ရှိအချိန်မှာတော့ ရှန်းဖန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေ၏။ သူ၏နဖူးစပ်တွင် ချွေးစေးများ ပြန်လို့နေ၏။ နှုတ်ခမ်းများသည်လည်း တဆတ်ဆတ် တုန်ယင်လျက် ရှိနေပြီး ၎င်းသည် တည်နေရာတွင် သစ်သားရုပ်ထုကြီး တစ်ခုကဲ့သို့ မတ်မတ်ရပ်လျက်ရှိသည်။

ရှန်းဖန်၏ ကြောက်လန့်တကြား အကြည့်များကို ကြည့်ရှုပြီးသည့်နောက် ချမ်းဝူကုံသည် ဆွံ့အလျက် ရှိနေ၏။ သူ၏ စိတ်ထဲမှာတော့ သူ၏ဂျူနီယာညီလေးနှင့်ပတ်သက်၍ အထင်အမြင်သေးသည့်စိတ်များ ဖြစ်တည်လာခဲ့၏။ သူ အရင်တုန်းက သတိမပြုမိခဲ့ချေ။ သို့ပေမဲ့ သူ၏ဂျူနီယာညီလေးသည် အံ့အားသင့်စရာကောင်းလောက်အောင် ကြောက်လန့် တတ်သည့် လူတစ်ယောက်ဖြစ်လို့နေခဲ့သည်။ သူတို့အရှေ့တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်တည်နေသည် မဟုတ်ပါလား။

“ဘာဖြစ်လို့လဲ ဂျူနီယာညီလေး”

ချမ်းဝူကုံက မေးမြန်းလိုက်၏။ သူက နားမလည်နိုင်ချေ။ သူ၏နှလုံးသားထဲတွင် အထင်အမြင်သေးသည့် စိတ်များသာလျှင် ကြီးစိုးလျက်ရှိ၏။ ဘယ်လိုဖြစ်ပြီး ထျန်းကန်ဂိုဏ်းထဲတွင် ရှိနေသည့် သူ၏ဂျူနီယာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လို လူမျိုးအား ကြောက်လန့်နေရသနည်း။

“စီနီယာအစ်ကို.. ကျုပ်. ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းတွေ ဆုံးရှုံးနေပြီ”

All Chapters