← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

ရောင်စဉ်အလင်းနတ်နယ်မြေ၏ အကာအကွယ်အစီအရင်သည် ရှေးအင်ပါယာတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ ဖန်တီးတည်ဆောက်ထားသည့်အရာပင်ဖြစ်၏။ ပါရမီရှင်အင်ပါယာတစ်ယောက်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်ကိုလည်း ပိုင်ဆိုင်၏။ အစီအရင်၏ အတွင်းတွင် သက်တန့်ရောင်စဉ်များ ထွန်းလင်းလျက် ရှိနေပြီး ရှုပ်ထွေးပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် မြူများသည် အလိပ်လိပ် ရစ်သိုင်းလျက် ရှိနေ၏။

တည်နေရာထဲသို့ ဝင်ရောက်သွားသည်နှင့်တပြိုင်နက် အားလုံးသောသူများအား အရာအားလုံး အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တည်စေပေလိမ့်မည်။ ဤအစီအရင်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

လက်ရှိအခြေအနေမှာတော့ ကြက်သွေးရောင်မီးတောက်ဘိုးဘေးကြီးသည် ကြမ်းတမ်းသည့် တိုက်ခိုက်ချက်များ ကို ပြုလုပ်လျက် ရှိနေ၏။ အစီအရင်သည် သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။ အင်ပါရီယာအဆင့်၏ အောက်တွင် ရှိနေသော လူများသည် ထိုအထဲသို့ ဝင်သွားသည်ဆိုသည်နှင့် ကျိန်းသေပေါက် သေဆုံးကြမှာ သေချာ၏။

“ကံကောင်းလို့၊ ကျုပ်တို့ဆီမှာ နန်းဆောင်သခင် ပေးထားတဲ့ ကျောက်စိမ်းပြား ရှိနေတာပဲ” ယန်ရှိုသည် ဖြူလျော်နေသည့် မျက်နှာဖြင့် ပြောလိုက်မိ၏။ သူသည် ဘိုးဘေးကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထို့အပြင် ဘိုးဘေးကြီး၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းများကို ထပ်ကာ ကြည့်ရှုလိုက်၏။ သူသည် မနေနိုင်ဘဲ တံတွေးပင် မျိုချလိုက် မိသည်။

အစီအရင်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် သူ၏ခြေထောက်များကိုပင် ပျော့ခွေ သွားစေခဲ့၏။ သူ၏ဘေးနားတွင် ဘိုးဘေးကြီးသာ မရှိဘူးဆိုပါက လက်ထဲတွင် ကျောက်စိမ်းပြား ရှိနေမည် ဆိုလျှင်တောင်မှ သူဝင်သွားရဲလိမ့်မည် မဟုတ်ချေ။

ရောင်စဉ်အလင်းနတ်နယ်မြေမှ သာမန်တပည့်များ အားလုံးသည် အစီအရင် အသက်ဝင်သွားသည့် အချိန်တွင် ထိုအရာကို ချိုးဖြတ်ရန် စွမ်းဆောင်ရည် မရှိကြချေ။ ၎င်းတို့သည် အသီးသီး ပေးအပ်ထားခဲ့သည့် ကျောက်စိမ်းပြား များကို ကိုင်ဆောင်ပြီး အထဲသို့ ဝင်ထွက်ခြင်းကိုသာ ပြုလုပ်ကြ၏။

အချိန်များသည် တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့၏။ မုန့်ရှင်းကျီကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် မျက်နှာများ ဖြူလျော်လာခဲ့၏။ အင်ပါယာအဆင့် အစီအရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကို ပေးစွမ်း၏။ ဤအရာမှာ သဘာဝပင် ဖြစ်ပေလိမ့်မည်။ ခြေလှမ်းတစ်လှမ်း မှားသွားသည် ဆိုသည်နှင့် တစ်ခါတည်း သေဆုံးသွားရပေလိမ့်မည်။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ ဘိုးဘေးကြီးနှင့် ဂိုဏ်းချုပ်တို့ နှစ်ယောက်လုံးသည် အထဲဆီသို့ ဖြည်းဖြည်းချင်း သတိ အပြည့်နှင့် လှမ်းဝင်နေကြရ၏။ သို့ပေမဲ့ သူတို့သည် အထဲတွင် ထောင်ချောက်ကြီး ရှိနေမည်ဆိုလျှင်တောင်မှ လိုလိုချင်ချင် လှမ်းဝင်ကြမှာ သေချာ၏။

အစီအရင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ဆိုလျှင်တောင်မှ အထဲတွင် ရှိနေသည့် ရယူနိုင်သည့် အရာများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သေဆုံးရမည်မှာ ထိုက်တန်လှ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် အခြေခံ နည်းပါးလွန်းလှ၏။ သူတို့သည်သာ အရှေ့ဆီသို့ လှမ်းတက်သွားနိုင်သည်ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကြီး တစ်ခုလုံးသည် ကြီးကြီးမားမား ပြောင်းလဲသွားမှာ သေချာသည်။

အချိန်အတော်ကြာပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် အံ့အားသင့်စရာ ကောင်းလှသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ ရေတွက်လို့မရအောင် များပြားလှသည့် ကျွန်းများ၊ အင်မော်တယ်တောင်ထွတ်များ ပေါ်ပေါက်လာ ခဲ့၏။ ကြည့်ရှုရသည်မှာ အံ့မခန်းပင်။ ပန်းချီရေးဆွဲထားသကဲ့သို့ လှပလွန်းလှသည့် မြင်ကွင်းများသည် ၎င်းတို့၏ ရှေ့တွင် မြင်နေရ၏။ မျက်လုံးထဲ မြင်မြင်နေသမျှသည် နတ်ဘုရားကျွန်းများ၊ နန်းတော်များ လွင့်မျောလျက် ရှိနေခြင်းပင်။

တိမ်များ၊ မြူများသည် ရစ်သိုင်းလျက်ရှိနေပြီး ဆန်းကြယ်လွန်းလှသည့် အော်ရာများ ထုတ်ဖော်လျက် ရှိနေ၏။ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အလွန်အားကောင်းလွန်းလှ၏။ တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးကို ကြည့်ရှု ရမည်ဆိုလျှင် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

လက်ရှိအချိန်မှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေ၏ အထက်တွင် လူပေါင်းများစွာတို့ မတ်မတ်ရပ်လျက် ရှိနေကြပြီး ကောင်းကင်ကို မော့ကြည့်နေ၏။ ၎င်းတို့သည် တိုက်ခိုက်လျက် ရှိနေသည့် တိုက်ပွဲကို ကြည့်ရှုနေခြင်းပင်။ ဂိုဏ်းထဲသို့ ဝင်ရောက်လာသည့် ပြင်ပလူနှစ်ယောက်ကို မည်သူကမှ သတိမပြုမိခဲ့ချေ။ ဝင်လာသူ နှစ်ယောက်ထဲတွင် ကွာစီအင်ပါယာတစ်ယောက်ပါ ပါဝင်လျက် ရှိနေသေး၏။

“ဒါ.. ရောင်စဉ်အလင်းနတ်နယ်မြေလား”

ယန်ရှိုသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာအားရသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ တော်ဝင်အင်ပါယာတစ်ယောက် ဖန်တီးတည်ဆောက် ထားခဲ့သည့် ဂိုဏ်းတစ်ခု ပီသစွာပင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အတော်ပင် အလှမ်းကွာဝေးလွန်းလှ၏။ သူတို့သည် တကယ်ပင် အားနည်းလွန်းလေသည်။

အရှေ့ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်မည်ဆိုလျှင် သူ့ထက် မည်သို့မှ အားမနည်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည့် ကျင့်ကြံသူများကို မြင်လိုက်ရ၏။ တိကျသေချာစွာပင် ၎င်းတို့သည် သူတော်စင်များ ဖြစ်လို့နေခဲ့၏။ တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်သည် သူတော်စင်ဘုရင်ပင် ဖြစ်နိုင်၏။

“တကယ့်ကို နက်နဲလှတဲ့ အမွေအနှစ် နောက်ခံတွေပဲ။ ဒါတွေကိုသာ ယူသွားနိုင်မယ်ဆိုရင် ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းတစ်ခုလုံးက မြင့်မြင့်မားမား အခြေအနေတစ်ခုကို ရောက်ရှိသွားမှာပဲ”

ယန်ရှိုသည် သူ၏ရှေ့တွင် ရှိနေသည့် လွင့်မျောနေသည့် တောင်ထွတ်ကြီးကို လှမ်းကာ မော့ကြည့်လိုက်၏။ ဤအရာသည် နတ်ဘုရားတောင်ထွတ်ကြီး တစ်ခုကဲ့သို့ပင် ဆန်းကြယ်လွန်းလှသည့် ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်လျက် ရှိနေသည်။

ရှေးကျလွန်းသော သစ်ပင်အိုကြီးများသည် လေနှင့်အတူ ယိမ်းယိုင်လျက် ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင်များကလည်း တည်နေရာတစ်ခုလုံးကို ပျံ့နှံ့နေခဲ့၏။ တကယ့်ကို တန်ဖိုးဖြတ်မရသည့် အရာပင်။ ဤတောင်ကြီး တစ်ခုတည်းကပင် တန်ဖိုးဖြတ်မရသည့် အရာတစ်ခုကဲ့သို့ပင်။

“ဟမ့်… ရည်မှန်းချက် နည်းပါးလိုက်တာ”

မုန့်ရှင်းကျီက နှာခေါင်းရှုံ့လိုက်၏။ သူသည် သူ၏ဂိုဏ်းချုပ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဂိုဏ်းချုပ်၏ အတွေ့အကြုံ မရှိလှသည့် ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသားထဲတွင် နာကျင်သလိုပင် ခံစားနေမိ၏။ ပြန်ရောက်သည်ဆိုသည်နှင့် ဂိုဏ်းချုပ်နေရာကို သူ ပြန်လည်ကာ ယူဆောင်ရန်ပင် စတင်ကာ တွေးတောလိုက်မိသည်။

မုန့်ရှင်းကျီသည် သူ၏ အသက်ရှူနှုန်းများကို ဖုံးကွယ်ထားခဲ့၏။ သူ၏ ဟောင်းလောင်းပေါက် ဖြစ်နေသည့် မျက်လုံး များသည် တည်နေရာတစ်ခုလုံးကို လှည့်ကာ ကြည့်ရှုလိုက်၏။ သူ၏ ကွာစီအင်ပါယာအဆင့် နတ်ဘုရားအာရုံများ သည် ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံးကို ဒီရေလှိုင်းကဲ့သို့ပင် လွှမ်းခြုံပြီး ကြည့်ရှုလိုက်၏။ သူနှင့် နှိုင်းယှဉ်လို့ ရနိုင်သည့် တစ်ဖက်လူ၏ အော်ရာများကို မတွေ့ရှိသည်ကို အတည်ပြုပြီးသည့်နောက် သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

တကယ်တမ်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို မလိမ်ညာခဲ့ပေ။ ဟိုအမှိုက်ကောင် လင်းရှောင် သည် ဤတည်နေရာတွင် မရှိချေ။ လင်းရှောင် မရှိဘူး ဆိုမှတော့ အရာအားလုံးသည် သူ့အတွက် အဆင်သင့် ဖြစ်လို့နေခဲ့သည်။

မုန့်ရှင်းကျီသည် အရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် အကန့်အသတ်မဲ့ အော်ရာများသည် တလိပ်လိပ်နှင့် ထွက်ပေါ်လျက်ရှိသည်။ ရောင်စဉ်အလင်းနတ်နယ်မြေ တစ်ခုလုံးသည် ပြိုလဲလုမတတ်ပင်။ ရေတွက်လို့မရအောင် များပြားလှသည့် နတ်ဘုရားတောင်ထွတ်များသည် ပြိုလဲကျလာခဲ့၏။ နန်းတော်များအားလုံးသည် ဖုန်အဖြစ်သို့ ပြောင်းလဲကုန်၏။ ကမ္ဘာပျက်တော့မည့် ပုံပန်းသွင်ပြင်မျိုးပင်။

မုန့်ရှင်းကျီ၏ မူလအားဖြင့် ပိန်ခြောက်ကပ်နေသည့် ခန္ဓာကိုယ်သည် တဖြည်းဖြည်းဖြင့် ပြန်လည်ပြည့်ဝလာခဲ့၏။ အကန့်အသတ်မဲ့ များပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံပြီးသည့်နောက် သူ၏ရှေ့တွင် ကြီးမားလှသည့် လေဝဲကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ သူ၏ အသွင်အပြင်တစ်ခုလုံးကလည်း ပြောင်းလဲလာခဲ့သည်။ အိုမင်းရင့်ရော် နေသည့် အဘိုးကြီးအဖြစ်မှသည် ဆန်းကြယ်လှသည့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ သူ၏ အသွင်အပြင်သည် တကယ့်ကို ကြည့်ကောင်းလွန်းလှချေသည်။

ဝုန်း

ကွာစီအင်ပါယာ တစ်ယောက်၏ ဖိအားသည် ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့၏။ နတ်ဆိုးအရှင်တစ်ယောက် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။ လောကကြီး တစ်ခုလုံးကို ဖိနှိပ်ထားခဲ့၏။

ဝေါ့

ရေတွက်လို့ မရအောင် များပြားလှသော ရောင်စဉ်အလင်းနတ်နယ်မြေမှ လူများ အားလုံးတို့သည် တုံ့ပြန်ရန် အချိန် မရခဲ့ချေ။ တစ်ချိန်တည်းမှာပဲ သွေးများအန်ထွက်လာခဲ့ကြ၏။ ၎င်းတို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ အားနည်းသည့် တပည့်များဆိုလျှင် အော်ဟစ်မှုကိုပင် မပြုလိုက်ရချေ။ သွေးမြူများအဖြစ်သို့ အသွင်ပြောင်းလဲကာ သေဆုံးခဲ့ကြ၏။ နတ်နယ်မြေ၏ သူတော်စင်များပင်လျှင် ဤဖိအား၏အောက်တွင် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေကြသည်။

“ကွာစီအင်ပါယာလား”

“ကွာစီအင်ပါယာ တစ်ယောက်ရဲ့ ဖိအားတွေပဲ။ ဘာတွေဖြစ်နေတာလဲ”

“ဘာတွေဖြစ်ကုန်တာလဲ။ ကျုပ်တို့ ရောင်စဉ်အလင်းနတ်နယ်မြေက ကွာစီအင်ပါယာဘိုးဘေး တံခါးပိတ်ကျင့်ကြံရာ ကနေ ထွက်လာတာလား”

“ကျုပ်တို့ဘိုးဘေးက ဘယ်လိုဖြစ်ပြီး သူ့ဂျူနီယာတွေကို ပြန်တိုက်ခိုက်နေတာလဲ”

“ကျေးဇူးပြုပြီး.. ဘိုးဘေး နတ်ဘုရားစွမ်းအင်တွေကို ပြန်ရုတ်သိမ်းပါအုံး”

“ကန်းနေကြလား။ ဒါ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ ကွာစီအင်ပါယာ မဟုတ်ဘူး။ နတ်ဆိုးအော်ရာတွေ ထွက်ပေါ်နေတယ်လေ။ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အော်ရာတွေမှ မဟုတ်တာ”

“ဘာ… ဘယ်လိုဖြစ်ပြီးတော့ နတ်ဆိုးကွာစီအင်ပါယာ တစ်ယောက်က တောင်အကာအကွယ်အစီအရင်ကို ချိုးဖောက်ပြီး ငါတို့ ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ အဓိက ဂိတ်တံခါးထဲကို ဝင်လာရတာလဲ”

လက်ရှိအခြေအနေမှာတော့ ရောင်စဉ်အလင်းနတ်နယ်မြေမှ ရေတွက်လို့မရအောင် များပြားလှသည့် တပည့်များသည် အထိတ်တလန့် ဖြစ်ကုန်ကြ၏။ ၎င်းတို့သည် ကောင်းကင်ယံကို မော့ကြည့်လိုက်၏။ ကောင်းကင်ယံတွင် တကယ့်ကို တုနှိုင်းမဲ့ အားကောင်းလွန်းလှသည့် လူတစ်ယောက် ရပ်တန့်လျက် ရှိနေ၏။ ၎င်းအနေနှင့် လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် အရာအားလုံး ပျက်စီးအောင် ပြုလုပ်နိုင်စွမ်းရှိသည့် လူတစ်ယောက်ကဲ့သို့ပင်။

“ရောင်စဉ်အလင်းနတ်နယ်မြေ… နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့အရာက သမိုင်းမှတ်တမ်းအဖြစ် ကျန်ရှိခဲ့ပြီ” မုန့်ရှင်းကျီသည် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။

နတ်ဆိုးအော်ရာများသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအား ပြည့်နှက်လျက် ရှိနေလေ၏။ ကွာစီအင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် အရာအားလုံးကို တိုက်စားလျက် ရှိနေ၏။ ရောင်စဉ်အလင်းနတ်နယ်မြေတစ်ခုလုံးသည် ငရဲပြည်တစ်ခုကဲ့သို့ပင် အသွင်ပြောင်းလဲသွားခဲ့သည်။

All Chapters