← Chapters

အခန်း (၇၁၈)

Vol. 48 Ch. 718

အခန်း (၇၁၈)

Vol. 48 Ch. 718

တလက်လက် တောက်ပလျက် ရှိနေသည့် ရောင်စုံသက်တန့်ရောင်ကဲ့သို့ နတ်ဘုရားကျောက်ပြားကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို အလင်းပေးနေ၏။ တောက်ပပြီး အလွန် စူးရှလွန်းသောကြောင့် မည်သူမှသည် တည့်တည့် ကြည့်နိုင်စွမ်း မရှိကြသေးချေ။ ထိုသို့ဆိုလျှင်တောင်မှ အတင်း ပြူးပြဲကာ ကြည့်မိနေကြ၏။

နက်နဲလွန်းသည့် နိယာမများသည် ထိုစာတန်းများကြားတွင် ပါဝင်လျက် ရှိနေသလိုပင်။ တစ်ချက် ကြည့်ရှုလိုက် သည်နှင့်တပြိုင်နက် အားလုံးတို့သည် တွေဝေငေးငိုင်သွားခဲ့ကြ၏။ ကောင်းကင်တာအို၏ စိတ်ဆန္ဒများနှင့် ဖန်တီး တည်ဆောက်ထားသည့် စာလုံးများကဲ့သို့ပင် တကယ်ကို ကြည့်ကောင်းလွန်း လှချေသည်။

အစစ်အမှန်တရားမှာတော့ ဤအရာသည် အင်မော်တယ်ဘုရင်အဆင့် စာရင်းပင် ဖြစ်၏။ တခြားသော အဆင့်များနှင့် နှိုင်းယှဉ်၍ မရအောင် ကွာခြားလွန်းလှသည်။ ဤစာရင်းထဲတွင် ပါဝင်သည့် လူများသည် ကျိန်းသေပေါက် လောကကြီးတစ်ခုလုံး တုန်ခါအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့် လူများပင် ဖြစ်၏။

[အင်မော်တယ်ဘုရင်အဆင့် ပထမနေရာ - ကျိုးချီ]

တခြားသော စာရင်းများနှင့် မတူဘဲ အင်မော်တယ်ဘုရင်အဆင့် စာရင်းသည် အခြားသော ဂိုဏ်းဂဏအသီးသီး၊ စွမ်းအင်အဆင့် သို့မဟုတ် အောင်မြင်မှုများကို ရှင်းပြထားခြင်း မရှိပေ။ အထူးသဖြင့် ပထမနေရာသည် နာမည် တစ်ခုတည်းသာလျှင် ပါဝင်၏။

ကျိုးချီဟု ပေါ်လာသည်နှင့်တပြိုင်နက် သက်တန့်ရောင်စဉ်ကဲ့သို့သော အလင်းတန်းများက ပိုမိုကာ ထွန်းလင်း တောက်ပလျက် ရှိနေ၏။ ထူးခြားလွန်းသည့် အင်မော်တယ်ဘုရင်တစ်ယောက်သည် ကောင်းကင်ယံမှ ဆင်းသက် လာပြီးသည့်နောက် လူပေါင်းများစွာတို့ကို အသက်ရှုကြပ်အောင် ပြုလုပ်နေသကဲ့သို့ပင် ခံစားရမိစေ၏။ ကျိုးချီ အမည်ရသည့်လူသည် ဤနေရာတွင် မရှိချေ။ သို့ပေမဲ့ လူပေါင်းများစွာတို့သည် အချိန်၏ မြစ်ရေစီးကြောင်းမှတဆင့် နက်နဲလှသည့် မျက်လုံးတစ်စုံဖြင့် အားလုံးကို ကြည့်ရှုခံနေရသလို ခံစားမိနေကြသည်။

“ဘယ်သူက ကျိုးချီလဲ။ အင်မော်တယ်ဘုရင်အဆင့် စာရင်းရဲ့ ပထမနေရာမှာဆိုတော့ အံ့အားသင့်စရာ ကောင်းတဲ့လူပဲဖြစ်မယ်”

တော်ဝင်သဲကန္တာရမြို့၏ ထောင့်တစ်ခုမှာတော့ မြူများရစ်သိုင်းလျက် ရှိနေသည့် လူသည် အင်မော်တယ်ဘုရင် အဆင့်စာရင်းကို လှမ်းကာ ကြည့်ရှု၏။ ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်လျက် ရှိနေ၏။ မဲနက်သည့် မျက်လုံးများထဲတွင် ဆန်းကြယ်သည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။

“ဖြစ်နိုင်တာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငါ အင်မော်တယ်ဘုရင်အဆင့်ကို ချိုးဖြတ်သွားပြီလို့ ထင်ခဲ့တာလား။ ဒါကြောင့် ငါ အင်မော်တယ်ဘုရင်အဆင့် စာရင်းမှာ မပါတာလား။ ဟုတ်တယ်။ ငါက အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်တော့ဘူး။ အဲလိုပဲ ဖြစ်ရမယ်”

ကျိုးချီ မည်သူဖြစ်သည်ကို သူမသိရှိသည် ဆိုသော်လည်း တစ်ဖက်လူနှင့် သူသည် နှိုင်းယှဉ်၍ ရသည့် လူတစ်ယောက် မဟုတ်နိုင်ကြောင်း ယုံကြည်မိသည်။

“ကျိုးချီ ဟုတ်လား”

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်မှာတော့ အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ လက်နှစ်ဖက်ကို အနောက်သို့ပစ်လျက်ရှိပြီး ၎င်းသည် အရှေ့တွင် ရှိနေသည့် လေဟာနယ်ထဲရှိ စာတန်းကြီးကို လှမ်းကာ ကြည့်ရှုနေ၏။

လက်ရှိအချိန်၌ သူသည် တော်ဝင်သဲကန္တာရမြို့သို့ ရောက်ရှိနေ၏။ တော်ဝင်သဲကန္တာရမြို့၏ မနီးမဝေးနေရာတွင် နေထိုင်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တစ်ချိန်လုံး စောင့်ကြည့်လျက် ရှိနေ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် မည်ကဲ့သို့သော လူမျိုးဖြစ်သည်ကို သူက စုံစမ်း စစ်ဆေးနေခြင်းပင်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ အင်မော်တယ်ဘုရင်အဆင့်စာရင်းက ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

ထိုသို့ဖြစ်သည်ဆိုမှတော့ အလျင်လိုစရာ မလိုတော့ချေ။ သူ့အနေနှင့် ပါဝင်သည့် အကြောင်းအရာကို အေးအေးသက်သာ ဆက်လက်ဖတ်ရှုရန်သာ ရှိတော့၏။ သို့ပေမဲ့ သူအံ့အားသင့်မိသည်မှာ အင်မော်တယ်ဘုရင် အဆင့်စာရင်း၏ ပထမနေရာတွင် ရှိနေသည့်လူကို သူ မသိရှိခြင်းပင်။ နာမည်ကိုလည်း တစ်ခါမှ မကြားဖူးချေ။

“ကျိုးချီ ဟုတ်လား”

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် မျက်မှောင်ကုတ်ပြီး တီးတိုး ရေရွတ်လိုက်မိ၏။ “နတ်ဘုရားလောက ကလား။ ဒါမှမဟုတ် အင်မော်တယ်လောက ကလား။ သေချာတာကတော့ နတ်ဆိုးလောက နဲ့ တခြားလောက ကတော့ မဟုတ်နိုင်ဘူး”

စွမ်းအားမြင့် ကျင့်ကြံသူများသည် မတူညီသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြသော်လည်း ရှေးမှတ်တမ်းများ ကြားထဲတွင် ၎င်းတို့၏ နာမည်များကို သေသေချာချာ ရေးမှတ်ထားခဲ့၏။ သို့ပေမဲ့ ကျိုးချီသည် လုံးဝ ရင်းနှီးသည့် နာမည်မျိုး မဟုတ်ချေ။

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ကျိုးချီဟု ခေါ်သည့်လူမှာ ခန့်မှန်း၍ မရနိုင်သည့် မည်သည့် အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်မှန်း လုံးဝ စဉ်းစား၍ မရနိုင်ပေ။

“နတ်ဆိုးလောကကြီးထဲမှာ မီးတောက်ဘုရင် ရှိတယ်။ သူက ငရဲလောကရဲ့ တိုက်ပွဲကြားမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပဲလေ။ သူ့ရဲ့နာမည်က ကျိုးချီများလား”

“ဝိညာဉ်နတ်ဆိုးတောအုပ်ရဲ့ အရှင်လည်း ရှိသေးတယ်။ သူက အသင်္ချေ များပြားတဲ့ လောကအသီးသီးရဲ့ တိုက်ခိုက်မှုကို ခုခံတဲ့အချိန်မှာ နတ်ဆိုးလောကကြီးကို ဦးဆောင်ပြီးတော့ ခုခံပေးခဲ့တဲ့လူပဲ။ သူ့နာမည်က ကျိုးချီ များလား”

အင်မော်တယ်ရှေးလမ်းစဉ် တာအိုအရှင်၏ စိတ်အတွေးထဲတွင် လူနှစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ သံသယ ရှိစရာမလိုပါပဲ ဤနှစ်ယောက်သည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့်စာရင်း၏ ထိပ်ဆုံးနေရာကို အပိုင်စီးထားမည့် လူများဖြစ်ကြောင်း သူက သေချာသိသည်။ ငရဲလောကကြီး၏ တိုက်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့ဖူးသည့် လူများအနေနှင့် ကျိန်းသေပေါက် ၎င်းတို့၏ အားအင်အဆင့်သည် သံသယရှိစရာ မလိုအပ်ပေ။

ဝိညာဉ်နတ်ဆိုးတောအုပ်အရှင်သည် ၎င်း၏ ကိုယ်ပိုင်အားအင်အဆင့်ကို အမှီအခိုပြုကာဖြင့် လောကအသီးသီး တို့၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့သူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ၎င်း၏ စွမ်းရည်သည် တခြားသောသူများ မြှောက်ပင့်ပြောဆိုရမည့် အခြေအနေမျိုးပင်။

“ငါသိချင်တာက ငါ့ရဲ့ အားအင်အဆင့်။ ငါ ဘယ်နေရာမျိုးမှာ ရှိမလဲ” အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် အသာပြောဆိုလိုက်၏။ သူသည် ငရဲလောကကြီး၏ တိုက်ပွဲထဲတွင် ပါဝင် မတိုက်ခိုက်ခဲ့ချေ။ ငရဲလောက အားကောင်းခဲ့စဉ်က သူ မွေးပင် မမွေးသေးချေ။

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် တကယ်တမ်းသာ စော၍မွေးဖွားခဲ့သည်ဆိုပါက ကျိန်းသေပေါက် ဤတိုက်ပွဲကြီးတွင် ပါဝင်ကာ တိုက်ခိုက်မှာ သေချာ၏။ ကံဆိုးစွာဖြင့် သူသည် တိုက်ပွဲပြီးမှသာလျှင် မွေးဖွားခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ယခင် အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်ပင်လျှင် တိုက်ပွဲတွင် ပါဝင် မတိုက်ခိုက်ခဲ့ဖူးချေ။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူသည် အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင် တည်နေရာကို ရယူခဲ့၏။ ယနေ့အချိန်မှာတော့ အင်မော်တယ်ရှေးလမ်းစဉ်သည် ယခင်တုန်းက ရရှိခဲ့သည့် အောင်မြင်မှုများကို ပြန်လည်ကာ ရရှိခဲ့ပြီး သူသည်လည်း အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိခဲ့ပြီဖြစ်၏။

ထို့အပြင် သူသည် အားလုံးသောသူတို့ နားလည်ရန် ခက်ခဲခဲ့သည့် အချိန်၏ တာအိုကို လေ့ကျင့်ခဲ့သူ တစ်ယောက်ဖြစ်၏။ သူ၏ အားအင်သည် တကယ်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးတွင် တည်ရှိနေ၏။ ထိပ်ဆုံးသုံးယောက်စာရင်းတွင် မဝင်လျှင်တောင်မှ အနည်းဆုံး ထိပ်ဆုံးဆယ်ယောက် စာရင်း၌ ဝင်မှာ သေချာသည်။

အင်မော်တယ်ဘုရင်အဆင့်စာရင်းသည် အနာဂတ် လောကအသီးသီးဆီသို့ ပျံ့နှံ့သွားသည့် အချိန်၌ သူ၏ ဂုဏ်သိက္ခာသည် ယခုထက် ပိုမို တိုးတက်သွားလိမ့်မည်ဟု အင်မော်တယ်ရှေးလမ်းစဉ် တာအိုအရှင် က ယုံကြည်နေမိ၏။

ထိုအတွေးကို တွေးပြီးသည့်နောက်မှာတော့ တာအိုအရှင်သည် မည်သို့မှ မနေနိုင်ဘဲ စိတ်ဝင်စားမှုများ ပြည့်နှက်လာခဲ့၏။ သူသည် သက်တန့်ရောင် တောက်ပလျက် ရှိနေသည့် နတ်ဘုရားကျောက်ပြားကြီးကို လှမ်းကာ ကြည့်ရှုလိုက်သည်။

နတ်ဘုရားကျောက်ပြားတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် ခြောက်ခြားခြင်း အော်ရာများ ထွက်ပေါ်နေ၏။ ကြည့်ရသည်မှာ အင်မော်တယ်ဘုရင်အဆင့်စာရင်း၏ ဒုတိယနေရာသည် တော်ဝင် သဲကန္တာရမြို့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ပြီး မတ်မတ်ရပ်ကာဖြင့် အားလုံးသောသူတို့ကို ကြည့်ရှုနေ သကဲ့သို့ပင်။ အားလုံးသော သူတို့သည် ကြက်သီးမွှေးညှင်းများပင် ထမိနေကြ၏။

အင်မော်တယ်ရှေးလမ်းစဉ်၏ တာအိုအရှင်သည် ထိုအော်ရာများကို အာရုံခံမိသည့် အချိန်မှာတော့ အမူအရာ တစ်ခုလုံး ပြောင်းလဲသွားခဲ့၏။ သူသည် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်ပြီးသည့်နောက် သူ၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောနေခဲ့၏။ သူ၏ အော်ရာများသည် ခန့်မှန်း၍ မရနိုင်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ဆူဝေတက်လာခဲ့၏။ သူသည် အဝေးတစ်နေရာတွင် ရှိနေသည့် နတ်ဘုရား ကျောက်ပြားကြီးကို လှမ်းကြည့်ကာဖြင့် တီးတိုး ရေရွတ်လိုက်မိသည်။

“လုအိုတောက်”

All Chapters