အပိုင်း (၇၆၇)
Vol. 52 Ch. 767
ခရက်
နန်းကုန်းယွင်သည် လေဟာနယ်ထဲကို ထောင့်ဖြတ်ဆိုသလိုပဲ ထပ်မံကာ ပိုင်းဖြတ်လိုက်၏။ ထိုအရာသည် ကောင်းကင်ဒေါက်တိုင်ကြီးဆီသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းပင်။ ကြည့်ရသည်မှာ သူသည် ဤဓားသွားကြီး နှင့်အတူ လောကကြီးတစ်ခုလုံးကို ထက်ပိုင်း ပိုင်းချင်သည့်ပုံပင်။
ဓားသွား၏ အလင်းတန်း ကျဆင်းလာသည့် တည်နေရာတစ်ခုလုံးတွင်ရှိနေသည့် အချိန်များသည် ရပ်တန့် သွားခဲ့ကြ၏။ အားလုံးသောသူတို့သည် ထိုမြင်ကွင်းကို ကြည့်ရှုကာဖြင့် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။ သူတို့သည် တွေးတော၍ မရနိုင်အောင်ပင် တုန်လှုပ်နေမိကြ၏။ ကောင်းကင်ဓားသွားကြီး ကျဆင်းလာသည့် အချိန်တွင် ကောင်းကင်၏ ဒေါက်တိုင်များပင်လျှင် ပိုင်းဖြတ်ခြင်းကို ခံရမည့်ပုံပင်။
ခရက် ခရက် ခရက်
ဓားနှင့်ဒေါက်တိုင်တို့ကြားတွင် တည်ရှိနေသည့် လေဟာနယ်ကြီးသည် မည်သို့မျှ ခံစားနိုင်ခြင်း မရှိစွာဖြင့် ကွဲအက်ကုန်၏။ မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လေဟာနယ်ကြီးထဲတွင် အက်ကွဲကြောင်းကြီးများ ဖြင့် ပြည့်နှက်လာခဲ့၏။
“နတ်ဘုရား ဒေါက်တိုင်ကြီးက ပြိုလဲတော့မှာပဲ” အင်မော်တယ်ဘုရင်တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ ၎င်းသည် မားမားမတ်မတ် တည်ရှိနေသည့် ဒေါက်တိုင်ကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ရှေးတုန်းက နတ်ဘုရားအင်ပါယာ ထွန်းတောက်ခဲ့သည့် နတ်ဘုရားနန်းတော်ကြီး၏ အောင်မြင်မှုများကို ရည်ညွှန်း ပြသခဲ့သည့် ဤဒေါက်တိုင်ကြီးသည် တစ်စစီ ပိုင်းဖြတ်ကာဖြင့် ပျောက်ကွယ်သွားပေတော့မည်။
တည်၏ရှေ့တွင်တော့ တည်ရှိနေသည့် လျှိုချင်းဟုန်နှင့် ရှန့်ဘုရင်တို့သည် မျက်နှာတစ်ခုလုံး ဖြူလျော် သွားခဲ့ကြ၏။ အခြားသောသူများ သတိမပြုမိသည်ဆိုလျှင်တောင်မှ သူတို့သည် ဟောခန်းထဲတွင် တည်ရှိနေသည့် အရာများကို သိရှိပြီးဖြစ်၏။ ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာများရဲ့ ပုံရိပ်ယောင် ဖြစ်၏။ နန်းကုန်းယွင်သည် အချိန်အတိုင်းအတာတိုအတွင်း ထိုအရာများ အားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခြင်းပင်။
အထဲတွင် ရှိနေသော ပုံရိပ်ယောင်များဆီမှ စွမ်းအင် နိယာမအဆီအနှစ်များဖြင့် ငရဲလောကသည် တစ်ခုခု ပြုလုပ်နေပုံပေါ်သည်။ ထို့ကြောင့်ပင် ဖျက်ဆီးခြင်း ဖြစ်နိုင်၏။
“ဌာနေအရှင်” ရှေးဂိတ်တံခါး၏ ရှေ့တွင်တော့ ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်နှင့် လူသည် ရုတ်တရက် ထကာအော်ဟစ်လိုက်၏။ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သာ မလှုပ်ရှားသည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံးက ပျက်စီးပေတော့မည်။
နန်းကုန်းယွင်၏ အခြေအနေသည် ထိပ်ဆုံးအခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင် သည်သာ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိပါက ကျိန်းသေပေါက် သူတို့ ဘာမှလုပ်နိုင်မည့် အရာမျိုး မဟုတ်ချေ။ ထို့ပြင် နန်းကုန်းယွင်၏ အဆင့်သည် နိမ့်ပါးသည် မဟုတ်ချေ။ လောကအသီးသီးတို့၏ အင်မော်တယ်ဘုရင် ၉၉% ခန့်ကို ဖိနှိပ်တိုက်ခိုက်နိုင်စွမ်း ရှိနေသည့်လူပင်ဖြစ်၏။
“စိတ်ချထား။ အခြေအနေကို သူဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး” ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်က အာမခံလိုက်၏။ သူသည် အရှေ့ဆီသို့ လက်ညိုးညွှန်ပြီးသည့်နောက် နတ်ဘုရားချိန်းကြိုးများသည် တည်နေရာတွင် ဖြစ်တည်လာခဲ့၏။ ထိုအရာ အားလုံးသည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်ဆီသို့ ဦးတည်သွားသည်။
ဘုန်း
နန်းကုန်းယွင်၏ ဓားသွားသည် ၎င်း၏ တိုက်ခိုက်ချက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့သည့် အချိန်မှာတော့ အရာအားလုံးတို့သည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။
“ဟမ်”
ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ နန်းကုန်းယွင်သည် သူ၏ တိုက်ခိုက်ချက်အောက်တွင် မသေဆုံးသွားခဲ့သည်ကို ကြည့်ရှုရင်း သူက အံ့အားသင့်နေမိသည်။
ဘုန်း
ခဏအတွင်းမှာပဲ မိုးကောင်းကင်၏ ဓားသွားကြီးသည် မြေဆွဲအားကို မလွန်ဆန်နိုင်သလိုပင် အောက်ဆီသို့ ကျဆင်းလာခဲ့ပြန်၏။ ဒေါက်တိုင်ကြီးသည် တကျွီကျွီ အသံများ ထွက်ပေါ်လာခဲ့ပြီး အားလုံးသောသူတို့၏ နားများပင် ကျိန်းသွားခဲ့၏။
ဤမြင်ကွင်းသည် တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ကောင်းကင်ကို ထောက်ပံ့ပေးထားသည့် ဒေါက်တိုင်ကြီးများသည် ပြိုလဲလုမတတ် ဖြစ်နေခြင်းပင်။ လောကကြီးတစ်ခုလုံးသည် ဖုန်များ တထောင်းထောင်း ဖြစ်တည်နေ၏။ ဘာတွေဖြစ်နေသည်ကို မည်သူကမှ သေသေချာချာ မမြင်ရချေ။
"ပြီးသွားပြီပဲ"
နန်းကုန်းယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင် အခိုးအငွေ့များနှင့် ရစ်သိုင်းလျက်ရှိနေပြီး ချီဟူ၍ ပျောက်ဆုံး ပျက်စီးသွားသကဲ့သို့ပင်။ သူ၏ရှေ့တွင် ရှိနေသော အရာအားလုံးကို လှမ်းကာကြည့်ရှုပြီးနောက် နုတ်ခမ်းပါးထက်တွင် မချိပြုံးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။
နတ်ဘုရားဒေါက်တိုင်ကြီးသည် နတ်ဘုရားမြို့ တည်ရှိခဲ့သည်ဟူသော နောက်ဆုံး ဒေါက်တိုင်ကြီးပင် ဖြစ်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူသည် သူ၏ ကိုယ်ပိုင်လက်ဖြင့် ထိုအရာကို ဖျက်ဆီးခဲ့ရ၏။
နှမျောတသ ဖြစ်ရသည်ဆိုသော်လည်း အရာအားလုံးသည် ကျိန်းသေပေါက် ပြန်လည်ပြင်ဆင် ရပေလိမ့်မည်။ တခြားသောသူများ မသိရှိသည် ဆိုရင်တောင် သူက အနည်းငယ်သော အကြောင်းအရာကို သိရှိ၏။
ငရဲလောက၏ အရှင်သည် ဤနေရာမှ ထွက်ခွာသွားခဲ့သော်လည်း တကယ့်ကိုအရေးပါသည့် အစီအစဉ် တစ်ခု ဖန်တီးခဲ့သည်။ လက်ရှိ ဝိညာဉ်နတ်ဆိုးတောအုပ် အရှင်သည် ဝင်ရောက်လှုပ်ရှားသည်ကို ကြည့်ရှုရမည် ဆိုလျှင် သူ၏ သုံးသပ်ချက်သည် မှန်ကန်သည်ဟု တွက်ချက်ရပေမည်။
မည်သို့ပင်ဆိုစေကာမူ ဤနတ်ဘုရားဒေါက်တိုင်ကြီးသည် အရာကိစ္စအတော်များများကို စီစဉ်ထားသည့်အရာ ဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ငရဲလောက၏အရှင် ပြန်မလာနိုင်ပါက အရာအားလုံးသည် ကျိန်းသေပေါက် ကောင်းမွန်သည့်ဘက်သို့ ရောက်ရှိမှာ သေချာ၏။
သို့ပေမဲ့ ဌာနေအရှင်သည်သာလျှင် ထောက်ပံ့၊ ကူညီခြင်းကို ပြုလုပ်ထားနိုင်ပါက အားလုံးသော သူတို့သည် စိန်ခေါ်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
"အရမ်းပျော်မနေနဲ့"
ဌာနေအရှင်၏ စကားသံသည် နန်းကုန်းယွင်၏ နားထဲသို့ ဝင်ရောက်လာ၏။ ချက်ချင်းပင် ၎င်းသည် နန်းကုန်းယွင်၏ ရှေ့၌ လှောင်ပြောင်သည့် အကြည့်ဖြင့်လှမ်းကာ ကြည့်ရှုလိုက်သည်။ ၎င်းသည် နန်းကုန်းယွင်၏ ဝိညာဉ်ကို ဖမ်းရန် ကြိုးစားလိုက်၏။
ဘာမှန်းမသိစွာနှင့်ပင် နန်းကုန်းယွင်သည် ဌာနေအရှင် လက်ထဲသို့ ရောက်သွားသည်။
"ခင်ဗျား"
နန်းကုန်းယွင်သည် ကြိုးစား၍ စကားပြောရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ၎င်း၏ ပါးစပ်မှ မည်သည့်စကားမှ မထွက်ခဲ့ချေ။
"အင်း ခင်ဗျားကယ်တင်ဖို့လာခဲ့တဲ့ အရာအားလုံး ပျက်ဆီးသွားခဲ့တဲ့ မြင်ကွင်းကို သေချာကြည့်”
ဌာနေအရှင်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အပြုံးကို ပြုံးရင်း ပြောလိုက်၏။ ၎င်း၏ ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် ရှိနေသည့် အမဲရောင်အမျှင်များ ပျောက်ကွယ်သွားပြီးသည့်နောက် မျက်လုံး ဟောက်ပက်ကြီးများ ပေါ်လာ၏။ ၎င်း၏ အကြည့်ထဲတွင် ပြန်လည်မွေးဖွားခြင်း၏ နိယာမများ ရစ်သိုင်းလျက် ရှိနေ၏။
"ဟူး ….."
အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ခြောက်ခြားမှုများနှင့် ပြည့်နှက်နေသည့်အသံမျိုးပင်။
"နတ်ဘုရားဒေါက်တိုင်ကြီးကို ဖျက်ဆီးလိုက်ရုံနဲ့ အရာအားလုံးက ပြီးသွားပြီလို့ ထင်နေတာလား။ ကျုပ် ခင်ဗျားကိုပြောပြမယ်။ ငရဲလောက ပြန်လည်ဖြစ်တည်လာစေဖို့ အဓိကသော့ချက်ဆိုတာ ဒီဒေါက်တိုင်ထဲမှာ ရှိတာမဟုတ်ဘူး။ ကျုပ်ဆီမှာရှိတာပဲ။"
ဌာနေအရှင်သည် ဟန်ပါပါဖြင့် ကြွေးကြော်လိုက်သည်။ လက်စည်း သင်္ကတတစ်ခုကို ပြုလုပ်လိုက် ချိန်မှာတော့ အဝေးတစ်နေရာရှိ နတ်ဆိုးလောကထဲတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည် လာခဲ့၏။ ထိုပေါက်ကွဲမှုကြီးသည် ကြောက်မက်ဖွယ်ရာကောင်းပြီး လောကကြီးတစ်ခုလုံးကို ဝါးမျို လုမတတ်ပင်။
အနားပတ်ဝန်းကျင်တွင် တည်ရှိနေခဲ့သော လောကအသေး တစ်ခု၊ နှစ်ခုတို့သည် တစ်ခါတည်း ပျောက်ကွယ်သွားခဲ့၏။ အစိတ်အပိုင်းများသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး ထိုအထဲဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်ဘုရားလက်နက်ကြီးတစ်ခုက တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာခဲ့သည်။
အားလုံးတို့သည် ထိုအရာကို ကြည့်ရှုရင်း ကြက်သီးမွေးညှင်းများပင် ထကုန်ကြ၏။ ရှေးသားရဲရိုင်းကြီး ပေါ်ပေါက်လာသကဲ့သို့ပင် လက်နက်သည် အဆုံးအစမဲ့ အားအင် များပြားလွန်းလှ၏။ ပြန်လည် မွေးဖွားခြင်း၏ အော်ရာများ ထွက်ပေါ်နေသော ထိုလက်နက်သည် ဌာနေအရှင်ဆီသို့ ရောက်ရှိလာခဲ့၏။
"ဌာနေအရှင်"
အင်မော်တယ်ဘုရင်တစ်ယောက်ဖြစ်သော နတ်ဆိုးလောက၏ ဘုရင်တစ်ယောက်သည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ တုန်ယင်သွားခဲ့၏။ နတ်ဆိုးလောကသည် ပျက်စီးသွားခဲ့၏။ မည်သို့သော လက်နက်ဖြစ်သနည်း။ ထိုကဲ့သို့သောလက်နက်ကို အဘယ်သို့ သိုဝှက်ထားရသနည်း။
ထွက်ပေါ်လာသည့်အချိန်တွင် အဘယ့်ကြောင့် နတ်ဆိုးလောကကြီး တစ်ခုလုံးက ပျက်စီးသွားရသနည်း။ သူတို့၏ လောကကြီးထဲတွင် သူတို့၏ မိသားစုများ၊မိတ်ဆွေရောင်းရင်းများ တည်ရှိနေသေးသည်ကို သတိပြုမိသည်။
အားလုံးသောသူတို့သည် ကြောက်မက်ဖွယ်ရာကောင်းသော လက်နက် ပေါ်ပေါက်လာသည့် အချိန်မှာတော့ သေဆုံးကုန်ကြ၏။
နန်းကုန်းယွင်သည် တီးတိုးရေရွတ်လိုက်သည်။
"ဒီတော့ ခင်ဗျားက ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်"
ရုတ်တရက် အရာအားလုံးသည် သူ့အတွက် ရှင်းလင်းသွားခဲ့သည်။ ငရဲလောက၏ အစီအစဉ်သည် သူ၏ ရှေ့တွင် ရှိနေသောသူ ဖြစ်လို့နေ၏။ ပိုမို၍ အရေးကြီးမားသည်မှာ လက်နက်တစ်ခု။ ဌာနေအရှင်သည် လက်နက် တစ်ခုဖြစ်ပြီး လူသားတစ်ယောက်မဟုတ်ပေ။
လက်ရှိအခြေနေတွင် အရာအားလုံးက အဓိပ္ပာယ် ရှိလာခဲ့၏။ ၎င်းသည် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်၏ စိတ်ဝိညာဉ် ဖြစ်လို့နေခဲ့ပြီး ငရဲလောကအရှင် ချန်ထားခဲ့သော လက်နက်တစ်ခုပင်။ မူလပုံပန်းသွင်ပြင်ကို ဖုံးကွယ်ထားခဲ့ပြီး လက်နက်တစ်ခုအနေနှင့် များပြားလွန်းသည့် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်သောကြောင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့် တိုက်ခိုက်ရေး စွမ်းအင်များကို ရရှိထားသည့်ပုံပင် ပေါ်၏။
၎င်း၏ အားအင်အဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသနည်း။ အင်မော်တယ် အင်ပါယာ တစ်ယောက်နှင့်ပင် နှိုင်းယှဉ်၍ ရနေသည်လား။