← Chapters

အပိုင်း (၃၀၂)

Vol. 21 Ch. 302

အပိုင်း (၃၀၂)

Vol. 21 Ch. 302

ဘေးတစ်ဖက်တွင် ရှိနေသည့် မုန့်ရှင်းကျီသည် ဖန်းဟန် ထွက်ခွာသွားသည်ကို ကြည့်ရှုရင်း အံ့အားတသင့် ဖြစ်လို့နေ၏။ မထင်မှတ်ထားလောက်စရာပင် ကံကြမ္မာ၏ အလှည့်အပြောင်းများသည် ဖန်းဟန်ကို အကျိုးကျေးဇူး ရရှိစေခဲ့၏။

သို့ပေမဲ့ သူ၏ ရည်ရွယ်ချက်သည် ဖန်းဟန် ပြောဆိုခဲ့သည့် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အမွေအနှစ် လောကကြီးတွင် တကယ်ရှိနေသလား၊ မရှိသလား ဆိုသည်ကို စီနီယာဆီ လာရောက်ကာ မေးမြန်းခြင်း ဖြစ်သည်။

သူ့အနေနှင့် ထိုအရာဆီမှ အခွင့်အရေးများကို အရယူကာဖြင့် အကျိုးကျေးဇူးများ ရရှိရန် စဉ်းစားခဲ့သည်။ သို့ပေမဲ့ ယခုအချိန်မှာတော့ ဖန်းဟန်သည် အားကောင်းလွန်းလှသည့် အကူအညီကို ရရှိထားပြီ ဖြစ်သောကြောင့် သူသည် ဖန်းဟန်ကို ရန်မပြုရဲတော့ချေ။ ဖန်းဟန်၏ ဝှက်ဖဲသည် အလွန်ပင် အားကောင်းလှချေ၏။ သွားရောက်ကာ ရန်ပြုမည်ဆိုပါက တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် အားအင်မျိုးကို ထုတ်ဖော်ပြီး သူ့ကို ဖိနှိပ် သတ်ဖြတ် ပေလိမ့်မည်။

“စီနီယာ... ဖန်းဟန်ရဲ့ ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေက ခရမ်းရောင်နက်နဲလောကထဲမှာ တည်ရှိနေတာလား” မုန့်ရှင်းကျီက မေးမြန်းလိုက်၏။

“အဲမှာ မရှိလို့ ဘယ်မှာ ရှိရမှာလဲ” လီယွင်က ပြန်လည်ကာ မေးခွန်းထုတ်လိုက်သည်။

ဖန်းကလန်သည် မူလအားဖြင့် ခရမ်းရောင်နက်နဲလောကဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ အမွေအနှစ် သည် ခရမ်းရောင်နက်နဲလောကတွင် မချန်ထားဘဲ မြေအင်မော်တယ်လောကဆီ အဘယ်ကြောင့် သွားရောက်ကာ ချန်ထားရမည်နည်း။

“အနာဂတ်မှာ ခရမ်းရောင်နက်နဲလောကက တကယ့်ကို ပြဿနာတွေ များအုံးမှာပဲ”

မုန့်ရှင်းကျီသည် လက်ကို မြှောက်ကာဖြင့် မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် တွေးတောကြံဆနေသည့် အမူအရာများ တည်ရှိနေ၏။ မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာသည့် သက်ရှိများကြောင့် ခရမ်းရောင်နက်နဲလောကကြီးသည် ကောင်းကင်မူလလောကကြီးအား အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ချေ။

၎င်းတို့အနေနှင့် ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေမျိုးကို ကြုံဆုံရမှာ သေချာ၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် ကြီးမားလှသည့် အကျိုးအမြတ်များကို ရရှိအောင် ကြံစည်ရပေလိမ့်မည်။ အရမ်း ကြီးကြီးမားမား မျှော်လင့်ထားသည် မဟုတ်လျှင်တောင်မှ အင်ပါရီယာလက်နက် အနည်းငယ်လောက်ကို ရရှိဖို့ ဆိုသည်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ သူသည် အင်ပါရီယာလက်နက်များကို သိမ်းဆည်းရန်လည်း စိတ်မဝင်စားလှချေ။ သူ၏ အကြံအစည်သည် ထိုအင်ပါယာလက်နက်များကို အသုံးပြုပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီမှ သတင်းအချက်အလက်များနှင့် လဲလှယ်ချင်ခြင်းသာ ဖြစ်၏။

သူသည် သူ၏ကိုယ်ပိုင် အင်ပါရီယာလက်နက်ကို သန့်စင်ချင်သည့် စိတ်ဆန္ဒရှိ၏။ ပစ္စည်းများသည် ပိုမိုကာ သန့်စင်လေ ပိုကောင်းလေဖြစ်၏။ ထိုကုန်ကြမ်း ပစ္စည်းများ မည်သည့်နေရာတွင် တည်ရှိသည်ကို သိရှိသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သာလျှင် ဖြစ်ပေလိမ့်မည်။ သူသာလျှင် တကယ့်ကို ကောင်းမွန်လှသည့် အင်မော်တယ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်ဆိုပါက အားရဝမ်းမြောက်ဖွယ်ရာပင်။

“စီနီယာ... မြေအင်မော်တယ်လောကရဲ့ ကျင့်ကြံသူတွေက လောကကိုဖြတ်သန်းပြိး လွယ်လွယ်ကူကူ ရောက်ရှိလာနိုင်တယ် မဟုတ်ဘူးလား” မုန့်ရှင်းကျီသည် သတိအပြည့်ဖြင့် စုံစမ်းလိုက်၏။

“ဟမ်”

လီယွင်သည် မျက်ခုံးကို ပင့်ပြီးသည့်နောက် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ခင်ဗျားက ဖန်းဟန်ကို အတုခိုးတော့မလို့လား”

မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးသည် အေးခဲသွားမိ၏။ သူသည် အလျင်အမြန်ပဲ လက်ကို ယမ်းခါလိုက်၏။ “စီနီယာ နားလည်မှု လွဲနေပါပြီ။ ကျုပ်က ကောင်းကင်မူလလောကကြီးထဲမှာ ကောင်းကောင်းမွန်မွန် ရှိနေဖို့ပဲ ရည်ရွယ်ချက် ရှိတာပါ။ မြေအင်မော်တယ်လောကကြီးက သက်ရှိတွေ၊ အစစ်အမှန် အင်မော်တယ်တွေ ရောက်ရှိ လာမယ်ဆိုရင် ခရမ်းရောင်နက်နဲလောကကြီးကို သုတ်သင်ရှင်းလင်းပစ်မှာပဲ။

ပြီးရင် ကောင်းကင်မူလလောကကြီး ကို မျက်စိကျသွားလိမ့်မယ်။ ဘာမှ မပြင်ဆင်ထားဘူးဆိုရင် သူတို့ သက်ညှာပေးမှ နေထိုင်ရမယ့်လူတွေ ဖြစ်ကုန်မယ် မဟုတ်ပါလား။ မြေအင်မော်တယ်လောကက ကောင်းကင်မူလလောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီး ကြားက စစ်ပွဲအကြောင်းကို သိရှိပြီးပြီလို့ ကျုပ်ထင်တယ်

သူတို့ဆီမှာ တခြားသော အကြောင်းအရာတွေ ရှိနိုင်တယ်။ ခရမ်းရောင်နက်နဲလောကကြီးမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ်တွေ ရှိတယ်လို့ စီနီယာ ပြောဖူးတယ် မဟုတ်လား။ ဒီတော့ သူတို့ တိုက်ခိုက်မှာကို စောင့်နေမယ့်အစား ကျုပ်တို့ အရင်ဆုံး တိုက်ခိုက်ရင် မကောင်းဘူးလား”

“ဟား ဟာ ဟား ဟား”

လီယွင်က ရယ်မောလိုက်၏။ ပြီးနောက် မုန့်ရှင်းကျီကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် နဖူးကို လက်ဖြင့်ပွတ်ကာ ပြောလိုက်၏။ “ခင်ဗျား.. တခြားလောကက လာမယ့်လူတွေရဲ့ အရင်းအမြစ်တွေကို စိတ်ဝင်စားတယ်ဆိုရင် စိတ်ဝင်စားတယ်လို့ ပြောလိုက်လေ။ ဘာလို့ တောင်စဉ်ရေမရတွေ လျှောက်ပြောနေရ တာလဲ”

“အဟမ့် အဟမ့်”

မုန့်ရှင်းကျီသည် လည်ချောင်းကို ရှင်းကာဖြင့် ရှက်ရွံ့သလို ပြောလိုက်၏။ “စီနီယာကို ဘာမှ မဖုံးကွယ်နိုင်ပါဘူး”

အရင်တုန်းက ဖန်းဟန်သည် သူ့အတွက် တကယ့်ကို သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့၏။ မြေအင်မော်တယ်လောက သည် တကယ်ပင် မြေအင်မော်တယ်လောကဖြစ်၏။ ဖန်းဟန်ကဲ့သို့သော တစ်စုံတစ်ယောက် သည်ပင်လျှင် ချမ်းသာလွန်းလှသည်။ တခြားသော သူများသာဆိုလျှင် မည်မျှလောက် ချမ်းသာမည်နည်း။

တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူ သို့မဟုတ် ပါရမီရှင်များကို သတ်ဖြတ်လိုက်လျှင် များပြားလှသည့် အရင်းအမြစ်များကို ရရှိပေလိမ့်မည်။ လူတိုင်းလူတိုင်းသည် တော်ဝင်အင်ပါယာ၏ စောင့်ကြပ်ခြင်းကို ခံရလိမ့်မည်ဟု သူက မယုံကြည်ချေ။ သူ၏ လက်ရှိအားအင်အဆင့်သည် တော်ဝင် အင်ပါယာတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ့ထက် အားအင်အဆင့် နိမ့်ပါးသူများကို အနိုင်ကျင့်ဖို့ဆိုလျှင် အလွန်ပင် လွယ်ကူလွန်းလှချေ၏။

အားနည်းသူကို အနိုင်ကျင့်ခြင်းအတွက် ဂုဏ်သိက္ခာကျဆင်းစရာ ဖြစ်လိမ့်မည်ဟု သူက ဘယ်တော့မှ မစဉ်းစားချေ။ နတ်ဆိုးလမ်းစဉ်ကို လှမ်းလျှောက်သည့် လူတစ်ယောက်အတွက် အားအင်အဆင့်ကသာ အရေးကြီး၏။ ကျန်သည့် ဂုဏ်သိက္ခာတရား ဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။ သူ့၌ လုံလောက်သည့် အားအင်အဆင့် ရှိသည်ဆိုပါက အရာအားလုံးကို လွယ်လွယ်ကူကူဖြင့် ပြုလုပ်မှာ သေချာသည်။

“အင်း... ပါရမီရှင်တိုင်းက ဖန်းဟန်လောက် မချမ်းသာကြဘူး” လီယွင်က ပြောဆိုလိုက်၏။

ဖန်းဟန်သည် ဖန်းကလန် တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံလိုက်ရသည့်အတွက် အရင်းအမြစ်အားလုံး ကိုင်ဆောင်ထားရသည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် သူ၏ ချမ်းသာကြွယ်ဝမှုသည် ပါရမီရှင် တော်တော် များများထက် သာလွန်နေခြင်း ဖြစ်သည်။

“ဒါပေမဲ့”

လီယွင်က ခဏရပ်တန့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “မြေအင်မော်တယ်လောကကြီးက လူတွေက ကောင်းကင်မူလလောကကြီးကို မျက်စိကျနေတာတော့ တကယ်မှန်တယ်”

ရှေးယခင်တုန်းက ထူးခြားလွန်းလှသည့် အင်မော်တယ်များသည် ခရမ်းရောင်နက်နဲလောကကြီးကို သန့်စင်ပြီး လောကကြီးတစ်ခုလုံးအား ထူးခြားသည့် အင်မော်တယ်လက်နက်တစ်ခုအဖြစ် သန့်စင်ရန် ရည်ရွယ်ချက် ရှိခဲ့၏။ ယခု ကောင်းကင်မူလလောကကြီးသည် ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီလျက် ရှိနေ၏။ ထို့ကြောင့် သတိအပြည့်ထားမှ ဖြစ်ပေလိမ့်မည်။

“စီနီယာက တကယ့်ကို အမျှော်အမြင် ရှိတာပဲ။ ကျုပ်တို့ တူညီတဲ့ အတွေးအခေါ်တွေ ရှိနေတာပဲ”

မုန့်ရှင်းကျီက ဝင်ရောက်ကာ မြှောက်ပင့်လိုက်၏။ စီနီယာနှင့် သူသည် တူညီသည့် အတွေးအခေါ် ရှိနေသည် ဆိုမှတော့ အရာအားလုံး လွယ်ကူသွားပြီဖြစ်၏။

ကောင်းကင်မူလလောကကြီးသည် ဖျက်ဆီးခြင်း ခံရသည်ဆိုပါက စီနီယာသည် ၎င်း၏ အားအင်အဆင့်ဖြင့် ငြိမ်ငြိမ်သက်သက် ထိုင်နေလိမ့်မည် မဟုတ်ချေ။ စီနီယာ၏ စွမ်းအင်အဆင့်သည် မြေအင်မော်တယ်လောကဆီမှ အစစ်အမှန် အင်မော်တယ်များကိုပင် တစ်ချက်တည်း ရိုက်သတ်နိုင်သူ မဟုတ်ပါလား။

“ခင်ဗျားနဲ့ တူညီတဲ့အတွေး ရှိတယ်လို့ ဘယ်သူက ပြောတာလဲ” လီယွင်သည် ထူးမခြားနားသည့် မျက်လုံးများဖြင့် စူးစိုက်ကာ ကြည့်လိုက်သည်။

“အမ်”

မုန့်ရှင်းကျီသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားသည်။ သူက တီးတိုးရေရွတ်လိုက်၏။ “ဒါဆို စီနီယာ ဆိုလိုတာက”

“ကျုပ်ဆိုလိုတာက ....... မြေအင်မော်တယ်လောက၊ ခရမ်းရောင်နက်နဲလောကနဲ့ ကောင်းကင်မူလလောကကြီး တို့ကို အခုကစပြီး တူညီတဲ့ အခြေအနေတစ်ခုမှာရှိအောင် ထားရမယ် ဆိုတာပဲ”

လီယွင်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

All Chapters