← Chapters

အခန်း (၆၇၈)

Vol. 46 Ch. 678

အခန်း (၆၇၈)

Vol. 46 Ch. 678

သတ္တမဘိုးဘေးကြီးသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထျန်းမင်တောင် သခင်ထက် မည်သို့မှ အားနည်းသူ မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာ အဆင့်နှင့် နီးကပ်လျက် ရှိနေသူဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့်နှင့် ပတ်သက်သည့် သတင်းကို ကြားရသည့်အချိန်တွင် မည်ကဲ့သို့ ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေမည်နည်း။

ယနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရခြင်းသည် ဤမေးခွန်းကို မေးမြန်းချင်သောကြောင့်ပင်။ နန်းဆောင်သခင်အနေနှင့် ဒီကိစ္စနှင့်ပတ်သက်၍ တွက်ချက်ပေးမလား။ မတွက်ချက်ပေးဘူးလား ဆိုသည်ကတော့ သေသေချာချာ မသိရှိနိုင်ပေ။

“စီနီယာရဲ့ နတ်ဘုရား တွက်ချက်မှုပညာက တကယ့်ကို အံ့ချီးနပမ်းပါပဲ။ ကျုပ် တကယ့်ကို အံ့အားသင့်မိတယ်” သတ္တမဘိုးဘေးကြီးက တုန်လှုပ်သွားမိ၏။

သူပြောဆို၍ မပြီးသေးခင်မှာပဲ တစ်ဖက်လူသည် သူ၏ အတွေးများကို ကြိုတင် သိရှိလျက် ရှိနေ၏။ ထိုကဲ့သို့သော စွမ်းဆောင်ရည်သည် လူတိုင်း ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် သူသည် အတွေးအားလုံးကို မြန်မြန်ဆန်ဆန် သိမ်းဆည်းပြီး မေးမြန်းလိုက်သည်။

“စီနီယာ အစောကြီးတည်းက သိနေပြီဆိုမှတော့ ကျုပ်တို့ အစကနေ စပြောလိုက်ကြပေါ့။ စီနီယာ.. လျှိုချင်းကျီကို လက်ရှိ ဒဏ်ရာတွေကနေ ပြန်ကောင်းနိုင်စေမယ်ါ နည်းလမ်းတစ်ခုခု ရှိလား”

“နည်းလမ်းတွေက ရှိတာပေါ့”

လီယွင်သည် သတ္တမဘိုးဘေး ပြောဆိုပြီးပြီးချင်းမှာပဲ တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ ပြောဆိုလိုက်၏။ “ကွာခြားချက်က ဘယ်လောက်မြန်မြန် သူ့ကို ပြန်ကောင်းစေချင်တဲ့ အပေါ်မှာပဲ မူတည်တယ်”

“ဘယ်လောက်မြန်မြန် ဟုတ်လား” သတ္တမဘိုးဘေးသည် ထိုစကားစုကို ရေရွတ်နေမိ၏။ သူသည် နားလည် သွားမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုလိုသည့် အဓိပ္ပာယ်သည် ရှင်းလင်းလွန်းလှ၏။ ပြန်လည် ပြန်လည်ကောင်းမွန်လာနိုင်မည့် အချိန်ကာလ မြန်ဆန်လေ၊ ကုန်ကျမည့် စရိတ်ကလည်း ပိုမိုကာ ကြီးမားလေပင်။

ခဏလောက် စဉ်းစားပြီးနောက် သတ္တမဘိုးဘေးက ပြောဆိုလိုက်၏။ “အင်း သဘာဝအားဖြင့် မြန်လေ ကောင်းလေပေါ့”

“တစ်ရက် ဆိုရင်ကော”

ထိုင်ခုံပေါ်တွင် ထိုင်လျက် ရှိနေသည့် လီယွင်သည် ဘေးတစ်ဖက်ကို စောင်းကာဖြင့် သူ၏ ဆံနွယ်များကို သပ်တင်လိုက်၏။ ပြီးနောက် နှုတ်ခမ်းပါးထက်တွင် ကြင်နာသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

“တစ်ရက် ဟုတ်လား” သတ္တမဘိုးဘေးက ကြောင်အသွားခဲ့၏။ ဘေးတစ်ဖက်တွင် ရှိနေသော တိုင်ချူး အပါအဝင် အားလုံးသောသူတို့သည်လည်း အံ့အားသင့်လို့ သွားခဲ့၏။

တခြားသောသူများ သိရှိကောင်း သိရှိပေလိမ့်မည်။ သို့ပေမဲ့ သူတို့ကတော့ သိရှိနေ၏။ လျှိုချင်းကျီသည် ထျန်းမင်တောင်သခင်၏ တိုက်ခိုက်နင်းချေခြင်းကို ခံခဲ့ရသူတစ်ယောက်ဖြစ်၏။ ၎င်း၏ နတ်ဘုရားဝိညာဉ်ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွား၏။ ခန္ဓာကိုယ်ဆိုလျှင် ရှိပင်မရှိတော့ချေ။ ထို့ကြောင့် ပြန်လည်ကောင်းမွန်ဖို့ ဆိုသည်မှာ ကောင်းကင်ကို တက်လှမ်းသည်ထက်ပင် ပိုမို ခက်ခဲချေ၏။ ထို့အပြင် နတ်ဘုရားဝိညာဉ်ကို ပြန်လည်အားကောင်းအောင် ပြုလုပ်ရခြင်းအပြင် ခန္ဓာကိုယ်တစ်ခုကို ပြန်လည် ရယူရန်လည်း လိုအပ်လျက် ရှိနေသေးသည်။

ထိုသို့ဆိုလျှင်တောင်မှ လျှိုချင်းကျီ၏ အခြေခံများသည် အနည်းငယ် ထိခိုက်သွားပြီ ဖြစ်၏။ လျှိုချင်းကျီသည်သာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်ချင်သည်ဆိုပါက နှစ်သန်းနှင့်ချီ စောင့်ရမှာ ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ရောက်ရှိလာသည့် အချိန်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ပြုလုပ်ပေးနိုင်သည်ဟု ပြောဆိုလို့နေ၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

“မေးချင်ပါတယ် စီနီယာ... လျှိုချင်းကျီရဲ့ ဒဏ်ရာတွေကို တစ်ရက်အတွင်း ဘယ်လို ပြန်ကောင်းအောင် လုပ်မှာလဲ” သတ္တမဘိုးဘေးကြီးသည် စိတ်အားတက်ကြွစွာဖြင့် မေးမြန်းလိုက်၏။

“ဒါက ရိုးရှင်းပါတယ်”

လီယွင်သည် မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။ “ခင်ဗျားတို့ ယွမ်ဟောင် အင်မော်တယ် ရေကန်ဆိုတဲ့ အကြောင်းကို ကြားဖူးလား”

“ယွမ်ဟောင် အင်မော်တယ်ရေကန်လား”

သတ္တမဘိုးဘေးသည် လက်ကို အသာဖြန့်လိုက်၏။ လက်ပေါ်တွင်တော့ လျှိုချင်းကျီ၏ နတ်ဘုရားဝိညာဉ်က ပေါ်ပေါက်လာ၏။ သူသည် လျှိုချင်းကျီ၏ နတ်ဘုရား ဝိညာဉ်ကို ကြည့်ရှု၏။ ပြီးနောက် လီယွင်ကို လှမ်းကြည့်ကာဖြင့် မသေချာ၊ မရေရာသလို မေလိုက်၏။ “စီနီယာ.. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငရဲလောကရဲ့ တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ကို ဆိုလိုနေတာလား”

အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် အစစ်အမှန် အင်မော်တယ် အင်ပါယာတစ်ယောက် မဟုတ်ချေ။ သို့ပေမဲ့ ဂုဏ်ယူဖွယ်ရာ ကွာစီအင်မော်တယ် အင်ပါယာအဆင့်၏ သုံးချိုးတစ်ချိုးသို့ ရောက်ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်၏။ မူလအားဖြင့် အင်မော်တယ်လောကထဲတွင် နေထိုင်သူတစ်ယောက်ဖြစ်ပြီး များပြားလှတဲ့ ခေတ်ကာလအစဉ်အဆက်တွင် အသက်ရှင်နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်၏။ ၎င်းသည် ကောင်းကင်၏ နိယာမများအတိုင်း တည်တည်ငြိမ်ငြိမ်နှင့် တည်ရှိနေထိုင်ခဲ့သူ ဖြစ်သည်။

ငရဲလောကကြီး ပေါ်ပေါက်လာသည့် အချိန်တွင် ၎င်းသည် ငရဲလောကကို ခုခံတိုက်ခိုက်ခဲ့သည့် ပထမဦးဆုံး ကွာစီ အင်မော်တယ် အင်ပါယာ ဖြစ်ခဲ့၏။ သို့ပေမဲ့ ပထမဦးဆုံး အညံ့ခံခဲ့သူလည်း ဖြစ်ပြန်၏။

ငရဲလောက၏ လှုပ်ရှားမှုများကို စတင် သတိပြုမိချိန်က ကွာစီ အင်မော်တယ် အင်ပါယာ ယွမ်ယောင်သည် စဦးတိုက်ခိုက်ရန် ရွေးချယ်ခဲ့လေ၏။ ၎င်းသည် အရှေ့တွင် ရှိနေသည့် အန္တရာယ်များ အားလုံးကို သုတ်သင်ခြင်းဖြင့် အားလုံးသောသူတို့ ငြိမ်းချမ်းမှု ရရှိစေချင်သည့်လူပင်။

သို့ပေမဲ့ ငရဲလောကကြီးသည် ၎င်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက အင်မော်တယ် အင်ပါယာ အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ထုတ်ဖော် တိုက်ခိုက်စေခဲ့၏။ ထို့ကြောင့် ၎င်းသည် အလစ်အငိုက်မိကာဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ဤကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုးကို ကြုံရချိန်မှာတော့ ၎င်းသည် လောကအသီးသီးတို့အား လျစ်လျူရှုပြီး ငရဲလောကသို့ ပူးပေါင်းခဲ့၏။ သူသည် ငရဲလောကဆီသို့ ပထမဦးဆုံး ဝင်ရောက်ခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အားအင်အဆင့်ကလည်း တိုးတက်လို့ လာခဲ့၏။

ငရဲလောကကြီး ရှုံးနိမ့်သွားချိန်တွင် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် ဆိုးရွားသည့် အကျိုးဆက်ကို ရရှိခဲ့၏။ ထို့ကြောင့် အရေးအကြောင်း အခြေအနေမျိုးတွင် ၎င်းသည် ဘက်ပြောင်းကာဖြင့် ငရဲလောကကြီးကို သစ္စာဖောက်ခဲ့ပြန်၏။ ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ယောင်၏ ဘက်ပြောင်းသည့် လုပ်ငန်းစဉ်သည် လူပေါင်းများစွာတို့ကို အံ့ချီးနပမ်း ဖြစ်စေခဲ့သည်။

သို့ပေမဲ့ သစ္စာဖောက်ကာ ထွက်ပြေးနေစဉ်မှာပဲ အဝေးတစ်နေရာတွင် ရှိနေသည့် ငရဲလောက၏ အရှင်သည် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်တိုက်ခိုက်ခဲ့ပြီး ကွာစီအင်မော်တယ် အင်ပါယာယွမ်ဟောင်၏ ခန္ဓာကိုယ်ကို သွေးမြူများအဖြစ် ပြောင်းလဲစေခဲ့၏။

အင်မော်တယ်လောကကြီး တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်သည် မထင်မှတ်ထားသည့် ပြုမူဆောင်ရွက်ချက် တစ်ခုကြောင့် သေဆုံးသွားခဲ့ရ၏။ ထိုကဲ့သို့ သေဆုံးသွားခဲ့သည် ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် အားနည်းသူ တစ်ယောက်ဟု မည်သူကမှ သုံးသပ်လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့သော အဆင့်ကို ရောက်ရှိခဲ့သည့် လူများသည် တကယ့်ကို ခန့်မှန်း၍ မရနိုင်သည့် ပါရမီကို ပိုင်ဆိုင်သူများပင် ဖြစ်သည်။ ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ယွမ်ဟောင် အင်မော်တယ် ရေကန် ဆိုသည့် အကြောင်းအရာကို ထုတ်ဖော် ပြောဆိုလျက် ရှိ၏။ ကြည့်ရသည်မှာ ၎င်းသည် ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်နှင့် မရှင်းလင်းသည့် ဆက်ဆံရေး ရှိနေပုံပင်။

All Chapters