အခန်း (၇၄၃)
Vol. 50 Ch. 743
"စီနီယာနန်းဆောင်သခင်က ခင်ဗျားကို ပြောခဲ့တာလား။"
မီးတောက်ဘုရင်သည် တစ်စုံတစ်ခုကို နားလည်သွားပုံနှင့် မေးမြန်းလိုက်၏။
"သူမှမဟုတ်ရင် ဘယ်သူ ရှိလို့လဲ။"
ထျန်းမင်တောင်သခင်၏ အမူအရာသည် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ လက်ရှိအခြေအနေတွင် စီနီယာ နန်းဆောင်သခင် မသိရှိသည့်အရာ လောကထဲတွင် ရှိပါ့မလား။
"မဖြစ်နိုင်ဘူး"
မီးတောက်ဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွား၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားသည်။
"သူ ဒါကို ဘယ်လိုများ တွက်ချက်လိုက်တာလဲ။"
"ကောင်းကင်နန်းဆောင်သခင်က အရာအားလုံးကို သိရှိတယ်။ လောကအသီးအသီးမှာ သူမသိတဲ့အရာဆိုတာ မရှိသလောက်နီးပါးပဲ။ ခင်ဗျားအနေနဲ့ တန်ကြေးကိုသာ တတ်နိုင်မယ်ဆိုရင် နတ်ဘုရားအင်ပါယာ ဘယ်မှာရှိလဲ ဆိုတာတောင် သွားပြီး မေးမြန်းလို့ရသေးတယ်။"
ထျန်းမင်တောင်သခင်သည် အသာပင် ပြောဆိုလိုက်၏။ သူ၏ စကားလုံးများ၌ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အပေါ်တွင် ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်လျက် ရှိ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ကြောက်ရွံ့ဖွယ်ရာကောင်းသည့် အကြောင်းကို မျက်မြင်မတွေ့ပါကမည်သူမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
"ဘာ … သူက နတ်ဘုရားအင်ပါယာ ဘယ်မှာရှိလဲဆိုတာပါ တွက်ချက်နိုင်တယ်ဟုတ်လား။"
မီးတောက်ဘုရင်သည် အနည်းငယ် အံ့အားသင့်သွားမိ၏။ ထို့အပြင် သူသည် စိုးရိမ်သလိုလည်း ခံစား နေမိ၏။ နတ်ဘုရား အင်ပါယာ မည်သည့်နေရာတွင် ရှိကြောင်း တွက်ချက်နိုင်သည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ဌာနေအရှင်၏ အစီရင်အကြောင်းကို အစောကြီးထဲက သိရှိနေမည်မဟုတ်ပါလား။
အရင်းအမြစ် ပမာဏသည် အကန့်အသတ် ရှိသည် ဆိုသော်လည်း အသင်္ချေများပြားသည့် လောကထဲတွင် ရှိနေသည့် တခြားသော ဂိုဏ်းကဏ္ဏ အသီးသီးတို့သည် ထိုတန်ကြေးကို ပေးအပ်နိုင်စွမ်း ရှိကြ၏။ ဥပမာအားဖြင့် လျှိုကလန်၊ နတ်ဘုရားလောက၏ ပိုင်ယု၊ အင်မော်တယ်လောကတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးတို့သည် အရင်းအမြစ် ပေါကြွယ်သည့် သူများသာ ဖြစ်၏။ ဌာနေအရှင်၏ အစီအစဉ်ကို သိရှိသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာ များလာပေလိမ့်မည်။
"ဘာမှားလို့လဲ" ထျန်းမင်တောင်သခင်သည် တစ်စုံတစ်ခု လွဲမှားသလို အာရုံခံမိ၏။ ထို့ကြောင့် မေးမြန်းလိုက်၏။
"လက်ရှိအခြေနေမှာ ကျုပ်တို့က ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ တည်ရှိမှု အကြောင်းကို အထင်အမြင်သေးခဲ့ပုံပဲ။" မီးတောက်ဘုရင်သည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်သည်။
"အဲလောက်ကြီးလည်း တွက်မနေပါနဲ့။"
ထျန်းမင်တောင်သခင်သည် ဘေးတစ်ဖက်ဆီမှ လှမ်းကာ အကြံပြုလိုက်၏။ မီးတောက်ဘုရင်သည်သာ အဆင်အခြင်ကင်းမဲ့စွာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ရန်မပြုပါက ဘာတစ်ခုမှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
"စိတ်ချပါ"
မီးတောက်ဘုရင်သည် ဖြေးညင်းစွာ သက်ပြင်းချပြီးသည့်နောက် အာမခံလိုက်၏။ "ကျုပ် နှလုံးသားထဲက နားလည်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေက သတိအပြည့်နဲ့ ထားရမဲ့ ကိစ္စရပ်တွေ ဖြစ်လာပြီ"
ပြောနေတုန်းမှာပင် သူ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာ၏။ သူသည် အကြောင်းအရာများအားလုံးကို ဌာနေရှင်ဆီသို့ သတင်းပေးပို့လိုက်၏။ ဌာနေအရှင်၏ အစီအစဉ်သည် အန္တရာယ်များနေပြီဖြစ်ကြောင်း သိရှိသင့်သည်။
ဆယ်ရက်ကျော် ကြာပြီးသည့်နောက် ကောင်းကင်မူလလောကကြီး ….. တော်ဝင်သဲကန္တာရမြို့အတွင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာတော့ လီယွင်သည် အင်မော်တယ်ဘုရင်နှစ်ယောက်တို့ကို နူတ်ဆက်လိုက်၏။ ပြီးနောက် သူ၏ ရှေ့တွင်ရှိနေသော စနစ်ကို ကြည့်ရှုလိုက်၏။
ဆယ်ရက်ကျော်အတွင်းမှာပဲ သူ၏ ကောင်းကင်အမှတ်များသည် ကြောက်ခမန်းလိလိ အခြေအနေသို့ ရောက်ရှိလာ၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက် အမှတ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အင်း လုံလောက်ဖို့နီးစပ်နေပြီပဲ" လီယွင်က တီးတိုး ရေရွတ်လိုက်၏။ သူ့အနေနှင့် လုပ်သင့်သည့် အရာအားလုံးကို ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။
"အင်း အင်မော်တယ်အင်ပါယာရဲ့ အားအင်အဆင့်က ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်။"
လီယွင်သည် စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်ပေါက်လာပြီးသည့်နောက် ပြောလိုက်၏။
"စနစ် ….. ငါ့ကို အင်မော်တယ်အင်ပါယာ ထိပ်ဆုံး ကျင့်ကြံခြင်းအဆင့်ဆီ ပို့ပေး။"
သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို ပိုင်ဆိုင်နိုင်ရန်အတွက် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ထုတ်ဖော်ခဲ့သည် မဟုတ်ပါလား။
"အင်း"
ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများသည် လီယွင်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့၏။ ၎င်း သည် အဆုံးအစမဲ့သော စွမ်းအင်လှိုင်းများနှင့် တောက်ပလျက်ရှိနေ၏။ မိုးကောင်းကင် အင်ပါယာ တစ်ယောက် ပြန်လည်ကာ အသက်ဝင် နိုးထလာသကဲ့သို့ပင်။
ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုလုံး၌ နှိုင်းယှဉ်၍မရနိုင်သည့် အော်ရာများနှင့် ပြည့်နှက်သွား၏။ လက်ရှိ ဤနေရာသို့ ဝင်လာမိပါက ချက်ချင်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် လီယွင်သည် သူအဆင့်မချိုးဖျက်ခင် ကောင်းကင်လျှို့ဝှက်နန်းဆောင်တစ်ခုလုံးကို စည်းခတ်ခဲ့၏။ ပြင်ပလူများ အထဲသို့ ဝင်ရောက်ခွင့်ကို တားဆီးခဲ့၏။
"ဘုံး ဘုံး"
လီယွင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် မတ်မတ်ရပ်လျက် ရှိသည်ဆိုသော်လည်း ၎င်းသည် အစစ်အမှန် မသေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ တောက်ပသည့် ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်နေပြီး ဘုံ ၃ ပါးထက်တွင် ၎င်း၏ တိုက်ခိုက်နိုင်မှုကို မည်သူမှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။
"ဟူး"
လီယွင်သည် မျက်လုံးကိုဖွင့်လိုက်၏။ ရောင်စဉ်ရောင်ဝါများသည် အဆုံးမဲ့ စကြာဝဠာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
အထူးသဖြင့် နတ်ဆိုးလောက၏ အရှေ့ပိုင်း တည်နေရာဖြစ်သည်။ ထိုတည်နေရာတစ်ခုလုံးသည် ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူများဖြင့် ရှုပ်ထွေးနေခဲ့၏။ ထိုနေရာ၌ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများစွာ ရှိလို့နေခဲ့၏။ တစ်ယောက်ချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို အာရုံ ခံစားမိလိုက်ကြသည်။
"ဒါဘယ်လိုအခြေနေမျိုးလဲ"
ကောင်းကင်ယံထက်ဆီမှ တစ်စုံတစ်ယောက်သည် သူ့အား စူးစိုက်စွာ ကြည့်ရှုနေကြောင်း ခံစား မိလိုက်ရသောကြောင့် လျှိုချင်းယုသည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူက တီးတိုး ရေရွတ်လိုက်၏။ "ဘယ်သူလဲ ဝိညာဉ်နတ်ဆိုးတစ်အုပ်ရဲ့ ဌာနေအရှင်လား။"
"ဌာနေအရှင်မဟုတ်ဘူး"
လျှိုရှင်းဟုန်၏ ဘေးတစ်ဖက်တွင် ရှိနေသည့် နတ်ဘုရားအင်ပါယာ ပိုင်ယုသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "ဒီအော်ရာရဲ့ပိုင်ရှင်က ကွာစီအင်မော်တယ် အင်ပါယာထက် ပိုပြီး သာလွန်နေတယ်။ ကျင့်ကြံခြင်းအဆင့်ရဲ့ အဆုံးစွန်ထိပ်ဆုံးကို ရောက်ရှိနေသလိုပဲ။"
ရှေးရှေးတုန်းကသူသည် ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီးကို ဝင်ရောက်တိုက်ခိုက်ခဲ့သူတစ်ယောက် ဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာနှင့် အင်မော်တယ် အင်ပါယာတို့ကြား ကွာခြားမှုကို သူက ကောင်းကောင်း သိရှိ၏။ ၎င်းတို့နှစ်ခု၏ ကွာခြားချက်သည် မိုးနှင့်မြေကဲ့သို့ပင်။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် သူ့ကို အလွန်အားကောင်းလှသည်ဟူသော ခံစားချက်များကို ပေးစွမ်းပြီး အင်မော်တယ်အင်ပါယာမှာတော့ သူ့ကို ခံစားချက်ကင်းမဲ့မှုကို ပေးစွမ်း၏။
"အင်မော်တယ်အင်ပါယာလား"
လျှိုချင်းဟုန်သည် ပါးစပ်ထဲရှိ တံတွေးများပင် ခမ်းခြောက်သွားသကဲ့သို့ပင် ခံစားမိလိုက်သည်။ ကွာစီအင်မော်တယ် အင်ပါယာဆိုသည်မှာ အလွန်တရာ ရှားပါး၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် နောက်ထပ် အင်ပါယာအင်မော်တယ်တစ်ယောက်က ပေါ်ပေါက်လာခဲ့သည်။
ကွာစီ အင်မော်တယ် အင်ပါယာအဆင့် အခွင့်အရေးကို ဝင်ရောက်ကာ ရှုပ်ထွေးတော့မည်လား။ ဤလူသည် သူ့ထက်နိမ့်ကျသည့်အရာကို အဘယ့်ကြောင့် လိုချင်ရသနည်း။
"နတ်ဘုရားအင်ပါယာများလား"
နတ်ဆိုးလောကကြီး၏ အခြားတစ်ဖက်တွင်တော့ လူပေါင်းများစွာတို့သည် ကောင်းကင်ကို မော့ကြည့်ရင်း နားဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။
"နတ်ဘုရားဘုရင် မဖြစ်နိုင်ဘူး"
မီးတောက်ဘုရင်က ခေါင်းကို ခါယမ်းလိုက်၏။ နတ်ဘုရားအင်ပါယာ၏ အော်ရာများကို သူ ကောင်းကောင်းသိရှိ၏။ သူကိုယ်တိုင် တွေ့ကြုံခဲ့ရသူတစ်ယောက် ဖြစ်သောကြောင့် ခြားနားလျက်ရှိကြောင်း သိရှိပြီးဖြစ်လေ၏။ ထို့ပြင် ဝိညာဉ်နတ်ဆိုးတစ်အုပ်၏ ဌာနေအရှင်သည် သူ့ကိုပြောဆိုခဲ့သည်။ နတ်ဘုရားအင်ပါယာသည် ပြန်မလာနိုင်တော့ပြီဟူ၍ပင်။
နတ်ဘုရားအင်ပါယာ ပြန်မလာနိုင်တော့ပြီ ဖြစ်သောကြောင့် ဤအကြည့်သည် နတ်ဘုရားအင်ပါယာဆီမှ မဖြစ်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် အင်မော်တယ်အင်ပါယာ နောက်တစ်ယောက် ရှိရပေလိမ့်မည်။ သို့ပေမဲ့ မည်သူမှန်း မသိရှိချေ။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်များလား"
ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သူတို့သည် တူညီသည့် အတွေးအခေါ်တည်ရှိ၏။ သို့ပေမဲ့ ထိုအတွေးပေါ်ပေါက်လာချိန်မှာပဲ နှစ်ယောက်လုံးက ထိုအတွေးကို ဖယ်ရှားလိုက်၏။ မဖြစ်နိုင်ပေ။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကွာစီအင်မော်တယ်အင်ပါယာ တစ်ယောက်သာ ဖြစ်၏။ ထိုအရာကပင် သူတို့ကို တုန်လှုပ်စရာ ကောင်းနေပြီ ဖြစ်၏။ အင်မော်တယ်အင်ပါယာဆိုလျှင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းနေမည်နည်း။
"အင်မော်တယ်အင်ပါယာတစ်ယောက်က အကြောင်းအရာမရှိဘဲ ပေါ်လာမှာ မဟုတ်ဘူး။ သူက ဘာအကြောင်းမှမရှိဘဲ ဝင်ပြီး လှုပ်ရှားမှာလည်း မဟုတ်ဘူး။ ခုနက အကြည့်တစ်ချက်က သတိပေးရုံလောက်ပဲ ဖြစ်လိမ့်မယ်။" ထျန်းမင်တောင်သခင်က လေးလေးနက်နက် ပြောဆိုလိုက်၏။
လက်ရှိအခြေနေမှာတော့ မပေါ်ပေါက်လာသေးသော ကွာစီ အင်မော်တယ်အင်ပါယာ အခွင့်အရေးသည် ရိုးရှင်းသည့် အကြောင်းအရာ မဟုတ်ကြောင်း သူတို့ခံစားမိလာသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပေးအပ်ခဲ့သည့် ဆုလာဘ်တစ်ခုကိုပင် သုံးသပ်၍ ရနိုင်၏။ ခန့်မှန်း၍မရနိုင်သည့် အင်မော်တယ်အင်ပါယာတစ်ယောက်ပင် မြင်ကွင်းထဲ၌ ပေါ်ပေါက်လာခဲ့သောကြောင့် ့် ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေးသည် ကျိန်းသေပေါက် ဆန်းကြယ်လာခဲ့၏။
"တွက်နေစရာမလိုဘူး"
လျှိုချင်းယုသည် တခြားသော တည်နေရာဆီသို့ လှမ်းကြည့်ကာ ပြောဆိုလိုက်သည်။
"ဖြစ်နိုင်ဖွယ်ရာတွေက ရှုပ်ထွေးလွန်းတယ်။ စဉ်းစားမနေနဲ့တော့။ သူ ပေါ်လာလာ၊ မပေါ်လာလာ ကိစ္စမရှိဘူး။ ကျုပ်တို့အနေနဲ့ ကွာစီအင်မော်တယ်အင်ပါယာအခွင့်အရေး ပေါ်လာတာကိုပဲ စောင့်ရမယ်။"
"ချင်းယု မင်းပြောတာအမှန်ပဲ။"
မီးတောက်ဘုရင်သည် လျှိုချင်းယုဆီသို့ အသာလှမ်းကြည့်ကာ ပြောလိုက်၏။
"လုံလောက်တဲ့ အချိန်ကာလတစ်ခုကြာနေပြီ။ ကွာစီအင်မော်တယ်အင်ပါယာအဆင့် အခွင့်အရေးက ဘယ်အချိန်ပေါ်ပေါက်လာမလဲ မသိရသေးဘူး။"
"အင်း"
ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာကြီးသည် ထပ်မံ ပေါ်ပေါက်လာပြီး အားလုံးသော သူတို့ကို ဖိအားပေးနေပြန်သည်။
"ဂလု"
ထျန်းမင်တောင်သခင်သည် တံတွေးမြိုချပြီး တီးတိုးရေရွတ်လိုက်၏။
"အင်မော်တယ်အင်ပါယာက ထပ်ပြီး လှုပ်ရှားပြန်ပြီလား။ ဒီတစ်ကြိမ် သူဘာလုပ်ချင်တာလဲ။"
"ဘုန်း"
ဓားအလင်းတန်းသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဟုန်နှင့် ကျဆင်းလာပြီး လေဟာနယ် တစ်ခုလုံးကို ထိုးခွင်းသွားခဲ့သည်။
ဓားအလင်းတန်း ဖြတ်သွားရာ နေရာတွင် ရှိနေသည့် အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ ဤအရာသည် မိုးကောင်းကင်ဓားတစ်ခုဖြစ်ပြီး အစစ်အမှန် ဓာတ်သဘာဝများဖြင့် ဖန်တီးထားသည့် ဓားချက်ပင်။
"ခရပ်"
ဓားထိပ်သည် မြေပြင်နှင့် ထိသည့်အချိန်မှာပင် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ အားလုံးသောသူတို့သည် လှမ်းကာ ကြည့်ရှုလိုက်၏။ ဓားအလင်းတန်းကြီး၏ အောက်တွင် မြေတည်နေရာတစ်ခုလုံးသည် မှန်ကဲ့သို့ ကွဲလျက် ရှိနေပြီး မိုင်သန်းနှင့်ချီသည့် အကွာအဝေးတွင် အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွားခဲ့၏။
"ဒါ ဒါက"
ထျန်းမင််တောင်သခင်သည် အသက်ရှုမဝသလိုပင် ခံစားနေမိ၏။ သူသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ "ဒါ လောကကြီးတစ်ခုလား"
သူ့အနေနှင့် ခန့်မှန်း၍ မရနိုင်ခဲ့ချေ။ တစ်စုံတစ်ယောက်သည် သာမန်ထက်ပိုသည့် နည်းလမ်းတစ်ခုကို အသုံးပြုပြီးသည့်နောက် ဤနေရာကြီးတစ်ခုလုံးကို စည်းခတ်ထားပုံ ပေါ်၏။ ထို့အပြင် တည်နေရာကြီးသည် နတ်ဆိုးလောကနှင့် ဝေးကွာသည့် တည်နေရာတွင် မရှိချေ။ မည်သူပြုလုပ်ခဲ့သနည်း။
ငရဲလောက အရှင် သို့မဟုတ် နတ်ဘုရားအင်ပါယာလား။
ဆန်းကြယ်လှသည့် အင်မော်တယ် အင်ပါယာ တစ်ယောက်ယောက်၏ တိုက်ခိုက်မှုကြောင့် တည်နေရာတွင် သိုဝှက်ထားသော လောကကြီးတစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။