← Chapters

အပိုင်း (၃၇၉)

Vol. 26 Ch. 379

အပိုင်း (၃၇၉)

Vol. 26 Ch. 379

[အင်ပါရီယာလက်နက်စာရင်း အောင်မြင်စွာစစ်ဆေးခဲ့ပြီးပြီ]

[ပထမနေရာ - အင်မော်တယ်သတ်ဖြတ်ခြင်းစင်မြင့်

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက

သန့်စင်သူ - တာအိုပညာရှင်ကျိရှု

ပိုင်ရှင် - တာအိုပညာရှင်ကျိရှု]

[ဒုတိယနေရာ - ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက

သန့်စင်သူ - နိရယ အင်ပါယာ

ပိုင်ရှင် - နိရယ အင်ပါယာ]

[တတိယနေရာ - မွန်းစတားအင်ပါယာခေါင်းလောင်း

သက်ဆိုင်ရာလောက - ကောင်းကင်မူလလောက

သန့်စင်သူ - ရွှေကျီးကန်းကလန် ရှေးအင်ပါယာ

ပိုင်ရှင် - ရွှေကျီးကန်းကလန်]

[စတုတ္ထ - လွင့်မျောမျှော်စင်အင်ပါယာနန်းတော်

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက

သန့်စင်သူ.......

ပိုင်ရှင် ........]

“နံပါတ်ငါး - ကောင်းကင်တုန်ခါခြင်းဓား

သက်ဆိုင်ရာလောက - ခရမ်းရောင်နက်နဲလောက

သန့်စင်သူ .....

ပိုင်ရှင် - မရှိ]

[ခုနှစ်ဆယ့်ရှစ် - မြှုပ်နှံခြင်းမျှော်စင်

သက်ဆိုင်ရာလောက - သွေးနတ်ဆိုးလောက

သန့်စင်သူ - တော်ဝင်အင်ပါယာကျန်းထျန်

ပိုင်ရှင် - တော်ဝင်အင်ပါယာကျန်းထန်]

[ရှစ်ဆယ့်ရှစ် - တောင်နှင့်မြစ်အခင်းအကျင်း

သက်ဆိုင်ရာလောက - ကောင်းကင်မူလလောက

သန့်စင်သူ - တိုင်ချူးရှေးနတ်အရှင်၊

ပိုင်ရှင် - တိုင်ချူးနတ်နယ်မြေ]

[တစ်ရာမြောက် - လွင့်မျောတိမ်တောင်

သက်ဆိုင်ရာလောက - မြေအင်မော်တယ်လောက

သန့်စင်သူ - လွင့်မျောတိမ်ရှေးအင်ပါယာ

ပိုင်ရှင် - လွင့်မျောတိမ်တောင်ဘိုးဘေးအကြီးအကဲကြီး]

“အင်မော်တယ်သတ်ဖြတ်ခြင်းစင်မြင့်၊ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်” ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်က တီးတိုးရေရွတ်နေမိ၏။

မြေအင်မော်တယ်လောကတွင်ရှိနေသည့် ထိပ်တန်းအဆင့် အင်ပါရီယာလက်နက်နှစ်ခုသည် တကယ့်ကို နာမည်နှင့်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့်အရာမျိုး ဖြစ်လို့နေခဲ့၏။ ပထမနေရာတွင် တည်ရှိနေသည့် အင်မော်တယ်သတ်ဖြတ်ခြင်းစင်မြင့်၏ ပိုင်ရှင်သည် တာအိုပညာရှင်ကျိရှုဖြစ်ပြီး ၎င်းသည် ကျောက်စိမ်း လေဟာနယ်နန်းတော် ၏ သခင်လည်း ဖြစ်၏။ ၎င်း၏ လက်နက်သည် ထိပ်ဆုံးအဆင့်တွင် တည်ရှိ နေသည် ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။

ရှေးယခင်တည်းက အခုချိန်ထိ အင်ပါယာတော်တော်များများသည် အစစ်အမှန်အင်မော်တယ် ဖြစ်လာခဲ့ပြီးနောက် ၎င်းတို့၏ အင်ပါရီယာလက်နက်များကို အဆင့်တက်ရန် အတွက် ကြိုးစားခဲ့ကြ၏။ ထို့အပြင် အင်ပါရီယာ လက်နက်ဆိုသည်မှာ ညာလက်ရုံးပင်ဖြစ်ပြီး ၎င်းတို့နှင့်အတူ နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ တိုက်ခိုက်ခဲ့သည့်အရာမျိုးဖြစ်သည်။

ထို့ကြောင့် လက်နက်နှင့်သခင်ကြားထဲတွင် မည်သည့်ခံစားချက်မှ ပူးတွဲကပ်ငြိ မနေနိုင်ဘူးဆိုတာ မဖြစ်နိုင်ချေ။ အသစ်တစ်ခု သန့်စင်ခြင်းထက် ရှိပြီးသားလက်နက်ကို အဆင့်တိုးတက်ပြီး ပိုမို အားကောင်းအောင် ပြုလုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက် ၎င်းတို့၏ အင်ပါရီယာ လက်နက်အဟောင်းကို ကိုင်ဆောင်သည့် အင်မော်တယ်များ တည်ရှိနေကြခြင်းပင်။

တာအိုပညာရှင်ကျိရှုသည် ထိုသူများထဲမှ တစ်ယောက်ပင် ဖြစ်သည်။ ၎င်းအနေနှင့် အင်မော်တယ် ဖြစ်လာသည် ဆိလျှင်တောင်မှ အင်မော်တယ်သတ်ဖြတ်ခြင်းစင်မြင့်ကို ဆက်လက်ကာ ထိန်းသိမ်းထားခဲ့ပြီး အဆင့် တက်အောင် မပြုလုပ်ခဲ့ချေ။ အင်မော်တယ်အဆင့် လက်နက်သို့ တိုးတက်အောင် သန့်စင်ခြင်းမရှိဘဲ ကိုင်စွဲထားသည့် လက်နက်ပင်ဖြစ်၏။ ထို့ပြင် နာမည်သည် အင်မော်တယ်သတ်ဖြတ်ခြင်းပင် ဖြစ်လေ၏။ ထိုအရာ၌ အဓိပ္ပါယ်များ ပါဝင်လျက်ရှိနေ၏။

ဒုတိယနေရာတွင် တည်ရှိနေသည့် ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်နက်မှာတော့ မြေအင်မော်တယ်လောက၏ နိရယ အင်ပါယာဖန်တီးထားသည့် အရာဖြစ်၏။ သူမသည် အင်ပါယာအဆင့် အားအင်အဆင့် ကို ပိုင်ဆိုင်သောကြောင့် အင်ပါယာအဆင့်လက်နက်ကို ကိုင်ဆောင်သည်ဆိုခြင်းမှာ ကျိုးကြောင်း ဆီလျော်သည်။

ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်နက်သည် သေမျိုးလောကထဲတွင် ပေါ်ပေါက်မလာခဲ့ချေ။ အားအင်အဆင့် ပြင်းထန်လွန်းသောကြောင့် သေမျိုးလောကထဲ မထုတ်ခြင်းသာ ဖြစ်သည်။ ထိုလက်နက် ကို ထုတ်ဖော်တိုက်ခိုက်သည်ဆိုပါက သူမသည် သေခြင်း၊ရှင်ခြင်းအခြေအနေနှင့် ရင်ဆိုင်နေရခြင်းသာ ဖြစ်ပေလိမ့်မည်။

စာရင်းထဲတွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် လီယွင်သည် မွန်းစတားအင်ပါယာ ခေါင်းလောင်းဆိုသည့် စာလုံးကို ဆက်လက်ကာ မြင်လိုက်၏။ သူသည် ခေါင်းကို အသာညိတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ ကောင်းကင်မူလလောကကြီးသည် သူ့ကို စိတ်မပျက်‌စေခဲ့ချေ။ မွန်းစတားအင်ပါယာ ခေါင်းလောင်းသည် အင်ပါရီယာလက်နက်စာရင်း၏ တတိယနေရာတွင် တည်ရှိနေ၏။

ရွှေကျီးကန်းကလန်သည် တကယ်ပင် ကောင်းကင်မူလလောကကြီး မွန်းစတားမျိုးနွယ်များကြားတွင် အထင်အမြင်သေး၍ မရနိုင်သည့် မျိုးဆက် ဖြစ်၏။ ၎င်းတို့ကလန်၏ အင်ပါရီယာလက်နက်သည် ခန့်မှန်း၍ မရနိုင်အောင် အားကောင်းလှသည်။

မွန်းစတားအင်ပါယာခေါင်းလောင်း ပေါ်ပေါက်လာခဲ့ချိန်တွင် အင်ပါယာ လက်နက်များ၏ စွမ်းအင်အဆင့် ထိပ်ဆုံးအဆင့်တွင် မရှိဟု ထင်မှတ်ရ၏။ သို့ပေမဲ့ ရွှေကျီးကန်းကလန်သည် နှစ်ပေါင်းများစွာ ထိုအရာကို သန့်စင်ခဲ့ပြီးသည့်နောက် များပြားလှသည့် အင်ပါယာများ၏ သန့်စင်မှုနှင့်အတူ အားအင်ဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။

ထို့ပြင် ရွှေကျီးကန်းကလန်မှ အင်ပါယာများအားလုံးတို့သည် အပြင်ဘက်သို့ထွက်ကာ တိုက်ခိုက်သည့် အချိန်မျိုး၌ မွန်းစတားအင်ပါယာခေါင်းလောင်းကို သယ်ဆောင်သွားတတ်၏။ ဤအင်ပါယာလက်နက်သည် အင်ပါရီယာလက်နက် သက်သက်သာ မဟုတ်ချေ။ မွန်းစတားအားလုံးတို့၏ အမှတ်သင်္ကေတ တစ်ခုပင် ဖြစ်ပြီး ရှေးယခင်တုန်းက မွန်းစတားမျိုးနွယ်များ ထွန်းတောက်သည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ခဲ့ကြောင်း ဖော်ညွှန်းပြသည့် အမှတ်သင်္ကတပင် ဖြစ်သည်။

အတိတ်တုန်းက မွန်းစတား အင်ပါယာခေါင်းလောင်း ပေါ်ပေါက်လာသည့်အချိန်တွင် အားလုံးသော မျိုးနွယ်စုများသည် အရှုံးပေးခဲ့ရ၏။ လူသားမျိုးနွယ်များ ထွန်းတောက်သည့် အချိန်ဆိုလျှင်တောင်မှ မည်သူ့မျှသည် မွန်းစတားမျိုးနွယ်များကို သွားရောက်ကာ ယှဉ်ပြိုင်မတိုက်ခိုက်ရဲကြချေ။ ရွှေကျီးကန်း ကလန်သည် တကယ့်ကို တော်ဝင်နန်းဆန်သည့် မျိုးနွယ်ကြီးတစ်ခု ဖြစ်ခဲ့၏။

မူလအားဖြင့် မွန်းစတားအင်ပါယာခေါင်းလောင်းသည် မွန်းစတားမျိုးနွယ်များအားလုံး၏ သင်္ကေတပင် ဖြစ်၏။ ကောင်းကင်မူလလောကကြီးထဲတွင်ရှိနေသည့် မွန်းစတားများ၏ ကျရှုံးခြင်း၊ အောင်မြင်ခြင်းကို ဖော်ညွှန်းပြသနေသည့်အရာကို လက်ညိုးထိုးပြပါဆိုပါက မွန်းစတားအင်ပါယာခေါင်းလောင်းကိုသာ ပြရပေလိမ့်မည်။ အဆုံးမဲ့သော သစ္စာတရား၏ စွမ်းအင်ထောက်ပံ့မှုကြောင့် မွန်းစတား အင်ပါယာခေါင်းလောင်း၏ အားအင်အဆင့်သည် ယနေ့အချိန်ထိ တိုင်းတာ၍ မရနိုင်လောက်အောင် အားကောင်းနေခြင်းပင်။

“အခုကျန်းထျန်လည်းရှိသေးတာပဲ”

လီယွင်သည် အင်ပါရီယာလက်နက်စာရင်းကို လှမ်းကြည့်ပြီးသည့်နောက် အဆုံးသတ်တွင် များပြားလှသည့် ရင်းနှီးနေသော နာမည်များကို မြင်လိုက်ရ၏။ သူသည် တကယ်ပဲ အံ့အားသင့်သွားမိသည်။ ဘေးတစ်ဖက်တွင်ရှိနေသည့် အင်ပါယာကျန်းထျန်အား လှမ်းကာ ကြည့်ရှုလိုက်သည်။

တော်ဝင်အင်ပါယာကျန်းထျန် အသုံးပြုခဲ့သည့် လက်နက်များကို ကောင်းကင် လျှို့ဝှက်အမှတ်များနှင့် သူ လဲလှယ်ခဲ့ပြီးပြီဖြစ်၏။ ထိုအရာများအားလုံးသည် တကယ်တမ်းသာ တည်ရှိနေသည်ဆိုပါက ကျိန်းသေပေါက် ထိပ်ဆုံးသုံးခု စာရင်းဝင်မှာသေချာ၏။ ကံဆိုးစွာဖြင့် ထိုအရာများ မရှိတော့‌ချေ။ ထိုသို့ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာကျန်းထျန်၏ လက်နက်တစ်ခုသည် အင်ပါရီယာလက်နက်၏စာရင်းတွင် ပါဝင်လျက် ရှိနေတုန်းပင်။

“စနစ်” လီယွင်သည် စာရင်းနှစ်ခုကို ကြည့်ရှုနေရင်းမှ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “ဒီစာရင်းနှစ်ခုကို ထုတ်ဖော်လိုက်တော့”

ထိုစကားပြောပြီးပြီးချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် များပြားလှသည့် သင်္ကေတ များ ကျဆင်းလာခဲ့၏။ ရှေးကျောက်တိုင်ကြီး နှစ်ခုသည် ဆန်းကြယ်လွန်းလှသော အော်ရာများကို ထုတ်ဖော်ပြသကာဖြင့် လေဟာနယ်ထဲတွင် ထီးထီးကြီး ပေါ်ပေါက်လာခဲ့သည်။

ဝုန်း

မိုးခြိမ်းသံကဲ့သို့သော အသံကြီးထွက်ပေါ်လာခဲ့ပြီး တော်ဝင်သဲကန္တာရမြို့တစ်ခုလုံးသည် ပွက်လောရိုက် သွားခဲ့၏။ ရေတွက်၍မရအောင် များပြားလှသောလူများသည် မည်သို့မျှပင်မနေနိုင်ဘဲ ခေါင်းမော့ကာ ကြည့်ရှုလိုက်ကြ၏။ အသစ်ပေါ်ပေါက်လာခဲ့သည့် စာရင်းသစ်နှစ်ခုကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့ အားလုံးသည် အံ့အားသင့်မှုအပြည့်နှင့် ဝင်ရောက်ကာကြည့်ရှုမိနေ၏။

“အင်ပါယာစာရင်းဟုတ်လား”

လူသားခန္ဓာကိုယ်နှင့် နွားဦးခေါင်းရှိသော တောင့်တင်းခိုင်မာသည့် ခန္ဓာကိုယ်ပိုင်ရှင် ကျင့်ကြံသူ တစ်ယောက်သည် ခေါင်းကိုမော့ကာဖြင့် လေဟာနယ်ထဲ၌ ပေါ်ပေါက်လာခဲ့သည့် စာရင်းသစ်နှစ်ခုကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။

“ဒါတွေက မြေအင်မော်တယ် လောက၊ ကောင်းကင်မူလလောက၊ ခရမ်းရောင်နက်နဲလောကမှာရှိတဲ့ တော်ဝင်အင်ပါယာစာရင်းတွေပဲ။ သွေးနတ်ဆိုးလောကကြီးတောင် ပါသေးတာလား။ မဟုတ်သေးဘူး”

ထိုအချိန်မှာတော့ အဘိုးအိုတစ်ယောက်က ထွက်လျှောက်လာခဲ့၏။ ၎င်းသည် ကြည်လင်ပြီးရှင်းလင်းလှသည့် မျက်လုံးအစုံနှင့်အတူ လှမ်းကာကြည့်ရှုနေ၏။ ၎င်းသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားလာပြီး ကျောင်းတော်သားတစ်ယောက်ကဲ့သို့ပင်။ ၎င်းနှင့်အနီးအနားတွင် မည်သူမျှ မရပ်ရဲကြချေ။ အဘိုးကြီးသည် မုတ်ဆိတ်မွှေးကို အသာပွတ်သပ်ကာဖြင့် စာရင်းကို ကြည့်ရှုနေ၏။

“သွေးနတ်ဆိုးလောက က မပါသင့်ဘူး။ ပြီးတော့ သွေးနတ်ဆိုးလောကကြီးဆိုတာ မရှိတော့ဘူးလေ။ စီနီယာနန်းဆောင်သခင်က အင်ပါယာကျန်းထျန်ကို ကူညီပြီး သွေးနတ်ဆိုးလောကဆိုတဲ့အရာကို ထည့်ပေး ထားတာပဲ ဖြစ်ရမယ်။

“အင်း... အဲ့လိုမဟုတ်သေးဘူး။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်တို့ ကောင်းကင်မူလလောကကြီးရဲ့ အင်ပါယာတွေ တစ်ယောက်မှ မပါရတာလဲ” ထိုအချိန်မှာတော့ လူပေါင်းများစွာတို့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြသည်။

အင်ပါယာစာရင်းထဲတွင် စုစုပေါင်း လူဆယ်ယောက်သာလျှင်ရှိပြီး သွေးနတ်ဆိုးလောကကြီးမှ တော်ဝင်အင်ပါယာကျန်းထျန်သည် ပထမဦးဆုံးနေရာကို သိမ်းပိုက်ထားကာ ၎င်း၏နောက်တွင် မြေအင်မော်တယ်လောက ဆီမှ အင်ပါယာ ခုနှစ်ယောက်တို့ ရှိ၏။ ထိုသူများ၏ အနောက်ဘက် မှာတော့ ခရမ်းရောင်နက်နဲလောကဆီမှ အင်ပါယာနှစ်ယောက်တို့ တည်ရှိနေသည်။ ကောင်းကင်မူလ လောကကြီးမှ အင်ပါယာများမှာတော့ တစ်ယောက်တလေမှပင် စာရင်းထဲ၌ မပါဝင်ခဲ့ချေ။

“အင်း ကြည့်ရတာ တကယ့်ကို မပါခဲ့ဘူးပဲ။ ဒါအတုများလား”

“ကောင်းကင်မူလလောကကြီးက နှစ်ပေါင်းများစွာ ထွန်းတောက်ခဲ့တာလေ။ အင်ပါယာတွေကလည်း အဆုံးအစမဲ့ ပေါ်ပေါက်လာခဲ့ကြတယ်။ နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အင်ပါယာ တော်တော်များများ မွေးဖွားလာခဲ့တယ်ဆိုတာ အားလုံးအသိပဲ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်တို့ ကောင်းကင်မူလလောကကြီးရဲ့ အင်ပါယာတစ်ယောက်တလေတောင် ဒီစာရင်းထဲကို မပါရတာလဲ”

“အတိအကျပဲ။ မြေအင်မော်တယ်လောကကလူတွေ ပါဝင်တယ်ဆိုတာက ကျုပ်လက်ခံနိုင်သေးတယ်၊ ဘယ်လိုဖြစ်ပြီးတော့ တော်ဝင်အင်ပါယာကျန်းထျန်နဲ့ ခရမ်းရောင်နက်နဲလောကကလူတွေက ပါနေရတာလဲ”

“ဘာဖြစ်လို့လဲ”

“စီနီယာနန်းဆောင်သခင် ဒီတစ်ကြိမ်မှာ အမှားအယွင်းလုပ်ခဲ့မိတာလား။ ကောင်းကင်မူလလောကကြီးမှာ ရှိတဲ့ အင်ပါယာတွေ ကျန်ခဲ့တာလား။ မေ့ခဲ့တာပဲဖြစ်ရမယ်”

လူအုပ်ထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့သည် စတင်ကာဆွေးနွေးလိုက်ကြသည်။ ၎င်းတို့သည် အင်ပါယာ စာရင်းကို ကြည့်ရှုရင်း သဘောမတွေ့သလို ခံစားနေမိကြ၏။

သို့ပေမဲ့ နောက်ဆုံးစကားကို ပြောဆိုခဲ့ပြီးသည့်နောက် အားလုံးသော သူတို့သည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ ကြသည်။

All Chapters