← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

“ဟမ် ....”

လီယွင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် ကျင်းချန်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် တွေးလိုက်သည်။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က လူများသည် ဗဟုသုတနှင့် ကြွယ်ဝပုံပေါ်၏။ သာမာန်လူများထက် ပိုမိုကာ တွေးခေါ်နိုင်စွမ်းပင် ရှိလို့နေ၏။

သူတွေးနေတုန်းမှာပဲ ပိုင်ချမ်းဟန်ကို တစ်ချက်လှမ်းကာ ကြည့်ရှုလိုက်၏။ အစစ်အမှန်ပင်။ တော်ဝင်ရင် နိုင်ငံတော်၏ အင်ပါယာသည်လည်း ဤကဲ့သို့သော လောက၏ သဘောသဘာဝ နိယာမများကို နားလည်သူတစ်ယောက် ဖြစ်သင့်သည် မဟုတ်ပါလား။

ပိုင်ချမ်းဟန်သည် လီယွင်၏ အကြည့်ကို နားလည်သတိပြုမိပြီးသည့်နောက် နှလုံးသားထဲတွင် အေးစိမ့်သလို ခံစားလိုက်၏။ စီနီယာ၏ အဓိပ္ပါယ်ပါသည့် အကြည့်ကို သူသည် အာရုံခံမိ၏။ သို့ပေမဲ့ လက်ရှိ အ‌ခြေအနေမှာတော့ သူသည် ထိုအကြည့်၏ နက်နဲလှသည့် အကြောင်းအရာများ အကြောင်းကို နားမလည်နိုင်ခဲ့ချေ။

“ယဉ်ကျေးနေစရာမလိုပါဘူး” လီယွင်သည် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။ သူ၏ နှလုံးသားထဲမှာတော့ တကယ်ပင် အံ့အားသင့်လျက်ရှိ၏။ လက်ကို အသာမြှောက်ပြီးသည့်နောက် ကျောက်စိမ်းသေတ္တာကို တစ်ချက်ကလေးမှ မစစ်ဆေးဘဲ သိမ်းဆည်းလိုက်၏။ ကောင်းကင်လျှို့ဝှက်အမှတ်များသည် နှစ်သောင်းကျော်အထိ ရုတ်တရက်တိုး တက်သွားသည် ဖြစ်ကြောင်းကို သူက သိရှိပြီး ဖြစ်သည်။

“ဒါက ဂျူနီယာလုပ်သင့်တဲ့အရာပါပဲ” ကျင်းချန်သည် ပြုံးကာပြောလိုက်၏။ ဤတစ်ကြိမ် သူ လာရောက်လည်ပတ်ခြင်းသည် ခန့်မှန်းထားသည်ထက်ပို မိုကာ အဆင်ပြေချောမွေ့လျက် ရှိနေ၏။ ကြည့်ရသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မွန်းစတားကလန်များနှင့်ပတ်သက်၍ ဝိဝါဒကွဲခြင်း မရှိချေ။ အားလုံးကို နားလည်သဘောပေါက် လက်ခံထားသည့် လူမျိုးဖြစ်ပုံပေါ်၏။ ထိုအရာသည် ကျင်းချန်ကို စိတ်သက်သာရစေခဲ့၏။

“စနစ်... မွန်းစတားကလန် ပါရမီရှင်တွေရဲ့ စာရင်းကို စစ်ဆေးလိုက်တော့။ အင်း အသက်နှစ်ရာကနေ ငါးရာကြားထဲမှာရှိတဲ့ ကျင့်ကြံသူတွေကိုပဲ အာရုံစိုက်ရအောင်။ ထိပ်တန်း တစ်ရာဆိုရင် လုံလောက်ပြီ”

လီယွင်က ပြောလိုက်၏။ ပြီးနောက် ထပ်ပြောလိုက်သည်။ “ပြီးတော့ ငွေထပ်မကုန်နိုင်တဲ့ တချို့အောင်မြင်မှုတွေပါ ထပ်ထည့်ပေးအုံး”

[ဒင်.. မွန်းစတားကလန်၏ ပါရမီရှင်ထိပ်ဆုံးတစ်ရာ စာရင်း အောင်မြင်စွာ ထွက်ပေါ်လာခဲ့၏]

[နံပါတ်တစ် - ရှန်ရှန်

ကလန် - ရှုပ်ထွေးလုဝူ

ကျင့်ကြံခြင်းနည်းစနစ် - ဘုံကိုးပါးကာကွယ်ခြင်း

အောင်မြင်မှု - မရှိ

သတင်းအချက်အလက်များကို သိရှိရန်အတွက် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကို ကုန်ကျမည်]

[နံပါတ်နှစ် - ခွန်းရှု

ကလန် - ခွန်ဖန်

ကျင့်ကြံခြင်းနည်းစနစ် - မြောက်အင်ပါယာကျမ်းစာ

အောင်မြင်မှု - သုံးရက်အတွင်း ကောင်းကင်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်ကို သတ်ဖြတ်ပစ် ခဲ့၏။

သတင်းအချက်အလက်အကုန်လုံးကိုသိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် တစ်သောင်းကုန်ကျမည်]

[နံပါတ်သုံး - ရွှေရောင်ကျီးကန်းအိမ်ရှေ့စံမင်းသား

ကလန် - ရွှေရောင်ကျီးကန်းကလန်

ကျင့်ကြံခြင်းနည်းစနစ် - နတ်ဆိုးအင်ပါယာကျမ်းစာ

အောင်မြင်မှု - မရှိ

သတင်းအချက်အလက်အားလုံးကို သိရှိရန် ကောင်းကင်လျှို့ဝှက် အမှတ် ရှစ်ထောင်ကုန်ကျမည်]

[နံပါတ်လေး - ဖန်းယု

ကလန် - ကောင်းကင်ဖီးနစ်ကလန်

ကျင့်ကြံခြင်းနည်းစနစ် - ......]

[နံပါတ်ငါး - ဟောင်ဝုတောက်

ကလန် - အစစ်အမှန်ဖီးနစ် ......]

[နံပါတ်ခြောက် - အောင်းကန့်

ကလန် - အစစ်အမှန်နဂါး.....]

.........

[နံပါတ်ဆယ့်ခုနှစ် - ကျင်းချန်

ကလန် - ရွှေတောင်ပံ တော်ဝင်ဖန်းကလန်

အားအင်အဆင့် - နိဗ္ဗာန်နအဆင့်ထိပ်ဆုံး

ကျင့်ကြံခြင်းနည်းစနစ် -ကောင်းကင်ဖန်း လျှို့ဝှက်ကျမ်းစာ

အောင်မြင်မှု - ရွှေရောင်ကျီးကန်း ဒုတိယမင်းသားနှင့် သရေရအောင် တိုက်ခိုက်နိုင်ခဲ့၏]

[နံပါတ်ဆယ့်ရှစ်- ရွှေရောင်ကျီးကန်း ဒုတိယမင်းသား

ကလန်- ရွှေရောင်ကျီးကန်း

ကျင့်ကြံခြင်းနည်းစနစ် - နတ်ဆိုးအင်ပါယာကျမ်းစာ

အောင်မြင်မှု - ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ သခင်လေးနှင့် သရေရအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သတင်းအချက်အလက်များ သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ခုနှစ်ထောင် လိုအပ်သည်]

.....

[နံပါတ်တစ်ရာ - ညိုပါထျန်း

ကလန် - ခွေ့နွားထီးကလန်

အားအင်အဆင့် - နိဗ္ဗာနအဆင့် ထိပ်ဆုံး]

လီယွင်သည် စာရင်းကို လှမ်းကာကြည့်ရှုပြီးသည့်နောက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။ မွန်းစတားကလန်၏ ထိပ်ဆုံးကျင့်ကြံသူများသည် အထင်ကြီးလောက်စရာ မဟုတ်ချေ။ သတင်းအချက်များ များများပြားပြားပါသည်ဆိုလျှင်တောင်မှ ဘာမှအဓိပ္ပါယ်သိပ်မရှိလှချေ။

မွန်းစတားပေါင်းများစွာတို့ သိရှိပြီးသည့် အကြောင်းအရာများပင်ဖြစ်၏။ တစ်ချို့သောသူများပင်လျှင် သိရှိပြီးသော အကြောင်းအရာဖြစ်၏။ ထို့ကြောင့် စနစ်သည် သတင်း အချက်အလက်များကို ရက်ရက်ရောရောဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ရွှေရောင်ကျီးကန်းကလန် နှင့် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်တို့ကြားတွင်တော့ အနည်းငယ် ကြောင်တောင်တောင်နိုင်သည့် အခြေအနေ တစ်ခု ရှိ၏။ နံပါတ် ၁၇ နှင့် နံပါတ် ၁၈ တည်နေရာများသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ဖူးပြီး သရေအဖြစ်သာ ရရှိခဲ့၏။ ရွှေရောင်ကျီးကန်းကလန်၏ အောင်မြင်မှုများကို ပြန်လည် စဉ်းစားရမည်ဆိုလျှင် ပါရမီရှင်နှစ်ယောက် တည်ရှိလို့ နေခဲ့၏။

လက်ရှိ တော်ဝင်ဓားဂိုဏ်းကဲ့သို့ပင်။ ကံဆိုးသည်မှာ ဖန်းနီရှန်သည် ပါရမီရှင်စာရင်းတွင် အနည်းငယ် နောက်ပိုင်းသို့ ရောက်လျက်ရှိနေပြီး ထိပ်တန်းစာရင်းသို့ မဝင်ခဲ့ချေ။ ရမ်ချင်းရှောင်ဟူသော တပည့်သည် ပိုမိုကာ ဆိုးဝါးလွန်းလှ၏။ နောက်ဆုံးအဆင့်ဆီသို့ပင် ရောက်ရှိနေသည်။

“အင်း.. အားလုံးပဲ မွန်းစတားကလန်ရဲ့ ပါရမီရှင်တွေက လူသားကလန်ရဲ့ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့ရမှာ မဟုတ်ဘူး” လီယွင်က မှတ်ချက်ပြုလိုက်မိ၏။

ဤစာရင်း၏ ထိပ်ဆုံးသည်ရှိသည့် လူများသည် သွေးမျိုးဆက် အား‌ကောင်းသည့် လူများသာဖြစ်၏။ ၎င်းတို့၏ ဘိုးဘေးများ ချန်ထားခဲ့သည့် ခန့်မှန်း၍ မရအောင် များပြားလှသည့် အားအင်အဆင့်နှင့် ဂုဏ်သိက္ခာများသည် ၎င်းတို့ကို ထင်ထင်ပေါ်ပေါ်နှင့် နေထိုင်နိုင်စွမ်းရှိသည့် အရာမျိုးဖြစ်ခဲ့၏။ အလွန်အားကောင်းလှသည့် ဘိုးဘေးများ တည်ရှိခြင်းသည် အလွန်အားကောင်းလှသည့် နောက်မျိုးဆက်သစ်များ တည်ရှိခြင်းဟူသည့် အဓိပ္ပါယ်ပင်။ မွန်းစတားကလန်များ၏ သွေးမျိုးဆက်ဆိုသည်မှာ ထိုကဲ့သို့ပင်။

လူသားမျိုးနွယ်များမှာတော့ ထိုသို့မဟုတ်ပေ။ ညံ့ဖျင်းလှသည့် အဖေတစ်ယောက် ရှိသည်ဆိုလျှင်တောင်မှ သားတစ်ယောက်သည် အလွန်အားကောင်းလွန်းလှသည့် ပါရမီရှင် ဖြစ်လျှင်ဖြစ်နိုင်သေး၏။ ထို့ကြောင့် လူသား မျိုးနွယ်များသည် မွန်းစတားကလန်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အကန့်အသတ်မဲ့သော ပါရမီကို ပိုင်ဆိုင်လျက် ရှိနေခြင်းပင်။

မွန်းစတားကလန် အတွင်းထဲမှာတော့ သာမာန်မွန်းစတားတစ်ယောက်သည် အင်ပါယာဖြစ်လာရန် နှစ်ပေါင်း တစ်သောင်း သို့မဟုတ် တစ်သိန်းလောက် ကြာမြင့်နိုင်သည်။ သို့သော်လည်း အင်ပါယာ ဖြစ်ပြီးသည့်နောက်တွင် မတူညီသည့် မျိုးနွယ် သန္ဓေအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

မြွေကလန်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် အင်ပါယာအဖြစ် ဖြစ်သွားပြီးသည့်နောက် နဂါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလျှင် ပြောင်းသွားနိုင်၏။ ထို့ကြောင့်ပင်လျှင် မြွေမျိုးနွယ်များအား နဂါးမျိုးနွယ်များ၏ အောက်ခွဲမျိုးနွယ်များအဖြစ် သတ်မှတ်ကြခြင်း ဖြစ်၏။

“ရော့ ဒီမှာ မင်းတောင်းဆိုထားတဲ့ စာရင်းပဲ” လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို အသာပစ်ပေးလိုက်သည်။

ကျင်းချန်သည် ထိုအရာကို လျှင်လျှင်မြန်မြန်နှင့် လှမ်းကာဖမ်းလိုက်၏။ တစ်ချိန်တည်းမှာပဲ သူသည် နောက်ထပ် ကျောက်စိမ်းပြားတစ်ခုကို ပိုင်ချမ်းဟန်ဆီသို့ လှမ်းကာ ပစ်ပေးလိုက်၏။ တန်ဖိုးမရှိလှသည် ဆိုသော်လည်း ထိုအရာကို အလကားနီးပါး ဖန်တီးရနိုင်သည် ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဖြန့်ဖြူးနိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“ကျေးဇူးပါပဲ စီနီယာ” ပိုင်ချမ်းဟန်နှင့် ကျင်းချန်တို့သည် ကျေးဇူးတင်စွာဖြင့် ဦးခေါင်းကိုငုံ့ကာ ထပ်မံကာ ပြောဆိုလိုက်ကြ၏။

All Chapters