← Chapters

အခန်း (၇၀၇)

Vol. 48 Ch. 707

အခန်း (၇၀၇)

Vol. 48 Ch. 707

ဘုန်း

အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ လျှိုချင်းကျီ၏ ခန္ဓာကိုယ်တဝိုက်တွင် တောက်ပသည့် အလင်းရောင်စဉ်များ ဖြစ်တည်လာခဲ့ပြီး စကြဝဠာကြီး တစ်ခုလုံးသည်လည်း မူလပုံစံအတိုင်း ပြန်လည် ပြောင်းလဲသွားသည်။ နဂိုရှိရင်းစွဲ အခြေအနေမျိုးသို့ ပြန်လည် ရောက်ရှိသွားခြင်းပင်။

နတ်ဆိုးလောကကြီး တစ်ခုလုံးသည် ပြန်လည်ကာ မဲမှောင်သွားခဲ့၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ အားကောင်းလွန်းသည့် အော်ရာများသည် တည်နေရာအနှံ့ဆီသို့ ဒီရေလှိုင်းများအတိုင်း တိုက်စားသွားခဲ့သည်။

“အင်း”

လျှိုချင်းကျီ၏ ဒဏ်ရာများသည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။ သူ၏အားအင်အဆင့်ကလည်း တိုးတက် လာခဲ့၏။ သူသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ တောက်ပသည့် အလင်းတန်းနှစ်ခု ပေါ်ပေါက်လာခဲ့ပြီး ၎င်း၏နဖူးထက်တွင် ရှိနေသည့် လခြမ်းပုံသဏ္ဍာန်သည် ဖြည်းညှင်းစွာ လည်ပတ်‌လျက် ရှိ၏။ ထိုအရာဆီမှ အင်မော်တယ်ဘုရင်အဆင့်ထက် ချိုးဖြတ်လုနီးပါးဖြစ်နေသည့် အော်ရာများထွက် ပေါ်လျက် ရှိနေပြီး အဆင့်သစ်တစ်ခုကို တက်လှမ်းတော့မည့်ပုံပင်။ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ပြိုင်စံရှားသည့် အော်ရာများသည် လျှိုချင်းကျီ၏ ခန္ဓာကိုယ်၌ ဖြစ်တည်လာခဲ့၏။

ဘုတ် ....။

လျှိုချင်းကျီ၏ အမူအရာသည် အေးစက်ပြီး ကြမ်းတမ်းလို့နေ၏။ ၎င်း၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေ၏။ ကောင်းကင်ယံထက်တွင် တစ်လှမ်းချင်း လှမ်းလျှောက်လျက်ရှိပြီး ၎င်းသည် အားကောင်းလွန်းသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်မှတ်မှားရသည်။

“သတ္တမဘိုးဘေးနဲ့ ဘိုးဘေးရွှမ်ချမ်တို့ကို ဂါရဝပြုပါတယ်” လျှိုချင်းကျီသည် သူ၏ လူနှစ်ယောက်ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောဆိုလိုက်၏။ ပြောနေတုန်းမှာပဲ သူသည် အနားပတ်ဝန်းကျင်ကို လှမ်းကာကြည့်ရှုရင်း မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မိနေ၏။

သူ၏မှတ်ဉာဏ်များအရဆိုလျှင် သူသည် ထျန်းမင်တောင်သခင်နှင့် တိုက်ခိုက်ပြီးသည့်နောက် သူ၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့လေ၏။ ပြန်လည်နိုးထလာသည့် အချိန်တွင်တော့ သူသည် အနားပတ်ဝန်းကျင်တွင် ရှိနေသည့် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲလျက် ရှိနေသည်ကို သတိပြုမိလိုက်၏။

ဤအရာသည် သူ မရင်းနှီးသည့် လောကကြီးတစ်ခုဖြစ်ပြီး ရှေးမှတ်တမ်းများထဲတွင် ရေးသားထားခဲ့သည့် နတ်ဆိုးလောကကြီးနှင့် ပုံသဏ္ဍာန်တော့ တူညီနေ၏။ ပြောရမည်ဆိုလျှင် သူ သတိမေ့နေသည့် အတောအတွင်း သတ္တမဘိုးဘေးကြီးနှင့် အခြားသူများသည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

“လောကဝတ်တွေ လုပ်နေဖို့ မလိုဘူး” သတ္တမဘိုးဘေးကြီးသည် လက်ကို ယမ်းခါပြီးနောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလိုက်၏။ ပြီးနောက် သူက လေးလေးနက်နက် ပြောဆိုလိုက်၏။ “နိုးလာပြီဆိုတော့ ကောင်းတာပေါ့။ ငါတို့ ဒီမှာဆက်ပြီးနေဖို့ မသင့်တော်ဘူးလေ။ ခပ်ဝေးဝေးကို သွားပြီးတော့မှ ဆွေးနွေးကြမယ်”

“နားလည်ပါပြီ” လျှိုချင်းကျီသည် သံသယအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ သူ မည်ကဲ့သို့ ပြန်လည် ကောင်းမွန်လာသနည်း။ ဒဏ်ရာများကို ပြန်လည် ကုသလာပြီးသည့်နောက် ပိုမိုကာ အားကောင်းလာသည့် ခံစားချက်များကို အဘယ့်ကြောင့် ရရှိနေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းချင်၏။ ကြည့်ရသည်မှာ သူသည် ယခင်ထက် ပိုမိုကာ အားကောင်းသွားခဲ့သည့်ပုံ ပေါ်၏။ အနည်းဆုံးအနေနှင့် သူ ထျန်းမင်တောင်သခင်နှင့် ထပ်မံတိုက်ခိုက်ရမည်ဆိုပါက ကျိန်းသေပေါက် မြန်မြန်ဆန်ဆန်နှင့် ရှုံးနိမ့်တော့မည် မဟုတ်ချေ။

ဆွစ်

အလင်းတန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းပြီးသည့်နောက် ၎င်းတို့သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ကောင်းကင်ယံဆီသို့ ထိုးတက်လိုက်၏။ အပြင်လောကဆီသို့ ထွက်ခွာသွားရန် ပြင်ဆင်လိုက်ကြခြင်းပင်။ နတ်ဆိုးလောကကြီးသို့ ဝင်လာသည့်အချိန်မှာ သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့သည် ၎င်းတို့၏ အော်ရာများကို ဖုံးဖိထားခဲ့၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ချက်အတိုင်း လိုက်ပါပြီး နတ်ဆိုးလောကကြီးထဲသို့ သတိအပြည့်နှင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ သူတို့သည် ပုန်းကွယ်နေစရာ မလိုအပ်တော့ချေ။ လျှိုချင်းကျီလည်း ရှိနေသောကြောင့် မည်သည့်နေရာကို သွားသွား သူတို့ ထင်ထင်ပေါ်ပေါ် သွားနိုင်ပြီဖြစ်၏။ နတ်ဆိုးလောကကြီးဆီမှ မြန်မြန်ဆန်ဆန် ထွက်ခွာသွားဖို့ ဆိုသည်မှာ သူတို့အတွက် ခက်ခဲသည့်အရာ မဟုတ်တော့ချေ။

“ဌာနေအရှင်.. သူတို့ ထွက်သွားတော့မယ်” မဲနက်လျက် ရှိနေသည့် ဟောခန်းကြီးထဲမှာတော့ သုံးပေကျော်ခန့် ရှိသည့် သတ္တဝါတစ်ကောင်သည် မြန်မြန်ဆန်ဆန်ပဲ လှမ်းကာပြောလိုက်၏။ အင်မော်တယ်ဘုရင် တစ်ယောက်၏ လှုပ်ရှားမှုသည် အလွန်တရာ မြန်ဆန်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် မိုင်သန်းနှင့်ချီသည့် အကွာအဝေးကို ရောက်ရှိသွားမှာ ဖြစ်၏။ နတ်ဆိုးလောကကြီးမှ မထွက်ခွာခင် ပြုမူ ဆောင်ရွက်မှသာလျှင် တစ်ဖက်လူများကို တိုက်ခိုက်နိုင်မှာ ဖြစ်သည်။ မဟုတ်ပါက သွေးကြွေး ဆပ်ခွင့်ရလိုက်မည် မဟုတ်ချေ။

“စိတ်မပူနဲ့” ဌာနေအရှင်သည် တည်ငြိမ်သည့်အသံဖြင့် ပြောဆိုလိုက်၏။ အရာအားလုံးသည် တွက်ချက် ထားသည့်အတိုင်း ရှိနေသကဲ့သို့ပင်။

လက်ကို အသာဆန့်တန်းပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ လေဟာနယ်ထဲသို့ ကြယ်စင်စုများ ပြုတ်ကျလာခဲ့၏။ အလွန်ကြမ်းတမ်းသည့် အော်ရာများ စုဝေးလာခဲ့ပြီးနောက် ကောင်းကင်ယံထက်တွင် ရှေးဓားကြီးတစ်စင်းက ပေါ်ပေါ်လာ၏။

ဤဓားကြီးသည် ဌာနေအရှင် ဖန်တီးထားသည့် ဓားကြီးတစ်ခုဖြစ်ပြီး ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် သတ်ဖြတ်လိုခြင်း ဆန္ဒများက အပြည့်အဝ ထွက်ပေါ်လာ၏။ ဓားချီများသည် နတ်ဆိုးလောကကြီး တစ်ခုလုံးကို ပျံ့နှံ့လျက်ရှိနေပြီး လေဟာနယ်တစ်ခုလုံးသည်လည်း တစ်စစီဖြစ်ကုန်သည်။

ချလွမ်

ရှေးဟောင်းဓားကြီးက တုန်ယင်လျက်ရှိနေပြီး ဓားအော်ရာများသည် ကြောက်ခမန်းလိလိပင်။

ဟူး..

စကြဝဠာ၏အဆုံး ခပ်ဝေးဝေးတစ်ဖက်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မြင်ရသည့်အချိန်မှာတော့ လျှိုကလန်၏ ဘုရင်သုံးပါးတို့သည် အနောက်ဆီသို့ အလောတကြီးနှင့် လှည့်ကာ ကြည့်ရှုလိုက်၏။ တစ်ချက် ကြည့်လိုက်သည်နှင့်တပြိုင်နက် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့ကြ၏။ ဆန်းကြယ်လွန်းသည့် ဓားအလင်းတန်းများသည် စကြဝဠာ၏ ကြယ်စင်စုများကဲ့သို့ပင် ၎င်းတို့ဆီသို့ ကျဆင်းလာ၏။

“ဒါ ဌာနေအရှင်ပဲ” သတ္တမဘိုးဘေးက ထကာ အော်ဟစ်လိုက်၏။ သူသည် ရွှေရောင်ဘူးသီးခြောက် တစ်ခုကို ထုတ်ယူပြီး အသက်သွင်းလိုက်၏။ ချက်ချင်းဆိုသလိုပဲ ထိုအရာသည် ဓားအလင်းတန်းများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့၏။ တန်ပြန်မှုလှိုင်းများ ဖြစ်တည်လာခဲ့ပြီး ဘူးသီးခြောက်ကြီးပင်လျှင် အနောက်ဘက်သို့ လွင့်စင်သွား၏။ လေဟာနယ်ထဲတွင် တစ်ခါတည်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

သတ္တမဘိုးဘေးကြီးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ထို့အပြင် သွေးများလည်း အန်ထွက် လာခဲ့၏။

“သူ ကျုပ်တို့ကို တွေ့သွားပြီ” သတ္တမဘိုးဘေးကြီးသည် နှုတ်ခမ်းထောင့်တွင် ရှိနေသည့် သွေးများကို သုတ်လိုက်၏။ သူသည် လေဟာနယ်ထဲတွင် ရပ်တန့်လျက် ရှိနေသည့် ရှေးဓားကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှလုံးသားထဲတွင်တော့ ဓားတိုက်ခိုက်ချက် တစ်ခုတည်းနှင့်တင် အားအင်ကင်းမဲ့သည့် ခံစားချက်များကို ရရှိခဲ့သည်။

ဤကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အင်မော်တယ်ဘုရင် တစ်ယောက်ပင် ဘာမှ လုပ်နိုင် လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ တိုက်ခိုက်ချက်သည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်တွင် ရှိနေသကဲ့သို့ပင်။ သို့ပေမဲ့ မည်သို့ ဖြစ်နိုင်မည်နည်း။

ငရဲလောက၏ တိုက်ပွဲပြီးသည့်နောက်တွင် ကွာစီအင်ပါယာ ဆိုသည်မှာ ပေါ်ပေါက်မလာသည့် လူမျိုးပင်။ ထို့အပြင် နတ်ဆိုးလောကကြီးသည် တိုက်ပွဲတွင် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည့် လောကကြီး ဖြစ်၏။ ထိုကဲ့သို့သော လောကကြီးသည် အဘယ့်သို့ ကွာစီအင်မော်တယ်အင်ပါယာ တစ်ယောက်ကို မွေးထုတ်ပေးနိုင်သနည်း။

သူတို့ ရန်သူ၏ မူလရင်းမြစ်က မည်မျှဖြစ်သနည်း။ မည်သို့သော စွမ်းအားများကို ပိုင်ဆိုင်နေသနည်း။ သတ္တမဘိုးဘေးကြီး၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာတို့ ပြည့်နှက်သွားခဲ့၏။ သို့ပေမဲ့ သူ ထိုအရာကို အဖြေမရှာနိုင်ခင်မှာပဲ မနီးမဝေးတွင်ရှိနေသည့် ရှေးဓားကြီးသည် ရုတ်တရက် သူ့ဆီသို့ ပြန်လည်ကာ ကျဆင်းလာပြန်၏။

ချလွမ် ချလွမ် ချလွမ် ....။

ရှေးဓားကြီးသည် တုန်ခါလျက်ရှိနေပြီး အစိတ်အပိုင်းလေးခုအဖြစ် ပိုင်းဖြတ်ကာ ကြမ်တမ်းသည့် အရှိန်အဟုန်ဖြင့် တိုက်ခိုက်၏။ တည်နေရာလွတ်ဟူ၍ မကျန်လောက်အောင်ပင်။ နေရာအနှံ့၌ ဓားချီများနှင့် ပျံ့နှံ့လျက် ရှိ၏။ ရှေးဓားကြီးသည် မိုင်သန်းနှင့်ချီသည့် အကွာအဝေးတစ်ခုလုံးကို လှည့်ပတ်ကာဖြင့် တိုက်စားနေ၏။ ကောင်းကင်ယံထက်တွင် ကြီးမားလွန်းလှသည့် ထောက်တိုင်ကြီး လေးခု ပေါ်ပေါက်လာပြီး တည်နေရာတစ်ခုလုံးကို မွှေနှောက်နေသကဲ့သို့ပင်။

ပြန်လည်တိုက်ခိုက်ရန် မဆိုနှင့် ခုခံဖို့ဆိုလျှင်ပင် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်၏။ တိုက်ခိုက်နေသည့် အားအင်အဆင့်သည် အင်မော်တယ်ဘုရင်ထက် အဆပေါင်းများစွာ သာလွန်လျက် ရှိနေ၏။ ကြည့်ရသည်မှာ ရှေးနတ်ဆိုးအင်အားစုတစ်ခု နိုးထ အသက်ဝင်လာပြီး တည်နေရာ တစ်ခုလုံးကို လွှမ်းမိုး ဖျက်စီးမည့် ပုံစံမျိုး ကဲ့သို့ပင်။

All Chapters