← Chapters

အပိုင်း (၂၇၅)

Vol. 19 Ch. 275

အပိုင်း (၂၇၅)

Vol. 19 Ch. 275

“မုန့်ရှင်းကျီ”

ကိုးရို့ကားယား ပြေးနေတုန်းမှာပဲ အောင်းရွှမ်သည် မုန့်ရှင်းကျီကို အသာလှည့်ကာ ကြည့်ရှုလိုက်၏။ အံကိုကြိတ်ကာဖြင့် သူ၏နဂါးလက်သည်းများကို ဆန့်ထုတ်ကာ မုန့်ရှင်းကျီကို လှမ်းဆွဲပြီး တည်နေရာ လမ်းကြောင်းအတိုင်း ဆွဲခေါ်လိုက်၏။

မုန့်ရှင်းကျီသည် ကွာစီအင်ပါယာတစ်ယောက်ဖြစ်၏။ ခရမ်းရောင်နက်နဲလောကကြီး၏ ကျူးကျော်မှုသာ မရှိဘူး ဆိုပါက အောင်းရွှမ်အနေနှင့် တစ်ဖက်လူကို နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ရိုက်သတ်ကောင်း ရိုက်သတ် ပေလိမ့်မည်။ သို့ပေမဲ့ ဤကဲ့သို့ ထူးခြားလှသည့် အခြေအနေမျိုးတွင်တော့ ရွေးချယ်စရာ မရှိလှချေ။

ကွာစီအင်ပါယာ တစ်ယောက်သည် မည်သို့ပင် ဆိုစေကာမူ တိုက်ပွဲတစ်ခု၏ အခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်၏။ အောင်းရွှမ်အနေဖြင့် မုန့်ရှင်းကျီတစ်ယောက် ဤနေရာတွင် သေဆုံးကာ ကျန်ရှိမည်ကို ဤအတိုင်း ကြည့်နေ၍ မဖြစ်ပေ။

နဂါးပြာကလန်သည် တည်နေရာလမ်းကြောင်းနှင့် ဝေးကွာလှသည့် တည်နေရာတွင် မဟုတ်ချေ။ နီးနီးနားနား တွင်သာ ရှိ၏။ ယခု အောင်းရွမ်သည် အင်ပါယာတစ်ယောက် ဖြစ်သွားသောကြောင့် သူ၏ အမြန်နှုန်း သည် ပိုမိုကာ မြန်ဆန် လာခဲ့သည်။ မိုင်တစ်သောင်း ပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလိုပဲ ပြေးလွှားနိုင်စွမ်း ရှိနေ၏။

သူတို့ ပြန်ရောက်ပြီဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ ပြန်ပေါ်လာပေလိမ့်မည်။ တစ်ဖက်မှ အင်ပါယာ သုံးယောက်တို့သည် မည်မျှ အားကောင်းလှသည်ဆိုဆို ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။ နန်းဆောင်သခင်သာ ဒေါသထွက်သွားသည် ဆိုပါက ဤအင်ပါယာ သုံးယောက်တို့သည် မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် မသိဘဲ သေဆုံးသွားပေလိမ့်မည်။

အောင်းရွှမ်တစ်ယောက် တည်နေရာလမ်းကြောင်းထဲသို့ ဝင်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် အင်ပါယာ နှစ်ယောက်တို့၏ ကိုယ်ပွားများသည် ရပ်တန့်ရန် ရည်မှန်းချက်ရှိပုံ မပေါ်ပေ။ ၎င်းတို့သည် ခပ်ဖျော့ဖျော့ လှောင်ပြုံး တစ်ခုကိုသာ ပြုံးထားကြ၏။

သူတို့နှစ်ယောက်၏ အတွေးသည် ရိုးရှင်းလွန်းလှ၏။ တည်နေရာလမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်းအားဖြင့် လုံခြုံသည်ဟု ခံစားရလေသည်လား။ အင်ပါယာသုံးယောက်တို့ ပူးပေါင်းတိုက်ခိုက်သည် ဆိုလျှင်တောင်မှ အင်ပါယာ တစ်ယောက်ကို သတ်ဖြတ်ပစ်ရန် မလွယ်ကူလှချေ။

နဂါးအင်ပါယာသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည် ဆိုပါက သူတို့အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် တည်နေရာလမ်းကြောင်းထဲသို့ ဝင်ရောက်ရန် ကိုသာ ရွေးချယ်ခဲ့သည်။

အင်ပါယာသုံးယောက် အနေဖြင့် တည်နေရာလမ်းကြောင်း တစ်ခုလုံးကို ဖျက်ဆီးပစ်ရန် မစဉ်းစားခဲ့ဘူးလား။ တည်နေရာလမ်းကြောင်းသာ ပျက်စီးသွားမည်ဆိုပါက ဆိုးရွားသည့် အကြောင်းအရာများ ဖြစ်သွားမည်ဖြစ်ပြီး နယ်မြေနှစ်ခုကြားတွင် ရှိနေသည့် ရှုပ်ထွေးလှသည့် တည်နေရာကြီး တစ်ခုဆီသို့ ရောက်ရှိသွားပေလိမ့်မည်။

“အဆင့်တူ အချင်းချင်း ဒီလို ပုံပျက်ပန်းပျက် ပြေးရတာမျိုးကို မြင်ရတာ ရယ်ချင်စရာပဲ” ရွှေရောင်ဝတ်စုံနှင့်လူက အေးစက်စက် ပြောလိုက်၏။

“အတိအကျပဲ” အင်ပါယာမိုယွမ်သည် တစ်ချိန်တည်းမှာပဲ ခေါင်းညိတ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း .....။

လေဟာနယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေပြီး တည်နေရာ တစ်ခုလုံးသည်လည်း ပျက်စီးလျက် ရှိနေ၏။ ဓား၊ လက်ဝါးနှင့် လက်သီးချက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေသည်။ ထိုအရာသည် လောကကြီး တစ်ခုလုံးရှိ အားလုံးသောသူတို့ မော့ကြည့်စရာအရာပင် ဖြစ်လာခဲ့၏။

ရေတွက်လို့ မရအောင် များပြားလှသောလူများသည် ဇဝေဇဝါ ဖြစ်နေကြ၏။ အင်ပါယာ သုံးယောက်တို့သည် အဘယ်ကြောင့် အသစ်ဖြစ်တည်လာခဲ့သည့် အင်ပါယာတစ်ယောက်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သူတို့ နားမလည်လှချေ။

အင်ပါယာသုံးယောက်တို့ ပူးပေါင်းတိုက်ခိုက်ရန် ပြင်နေသည့် အချိန်မှာပဲ ခပ်ဖျော့ဖျော့ သက်ပြင်းချသံတစ်ခုသည် ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးဆီ ပဲ့ထင်ထပ်သွားတော့၏။ အားလုံးသော သက်ရှိသတ္တဝါများ၏ နားထဲသို့ ထိုအသံက ရောက်ရှိလာ၏။

တည်နေရာလမ်းကြောင်းထဲမှတဆင့် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလှသော လက်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိုအရာသည် မိုင်သောင်းနှင့်ချီသည့် အကွာအဝေးကိုပင် လွှမ်းခြုံထားလေ၏။ အရာအားလုံးကို ဖိနှိပ်ထား နိုင်လေ၏။ လက်ဆီမှ တောက်ပလှသည့် ရောင်စဉ်အလင်းများ ထွက်ပေါ်လျက် ရှိနေလေပြီး ၎င်းသည် လက်ကို အသာကွေးညွတ်ကာဖြင့် လက်ညှိုးနှင့် အသာတောက်လွှတ်လိုက်သည်။

ဒုန်း

ဆန်းကြယ်လှသော နှင်းဆီရောင် အလင်းတန်းများ လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး များပြားလှသည့် နတ်ဘုရားဓားများသည် ကောင်းကင်ယံတွင် ဖြစ်တည်လာခဲ့၏။ ထိုအရာများ အားလုံးသည် ကောင်းကင်တွင် ရှိနေသည့် တိမ်များအားလုံးကိုပင် ထိုးခွင်းသွားစေခဲ့ပြီး နတ်ဘုရားသက်တန့်ရောင်စဉ်ကဲ့သို့ပင် ကောင်းကင်ယံဆီမှ ပြန်လည်ကာ ကျဆင်းလာခဲ့၏။

ထိုဓားချက်သည် အတိတ်၊ ပုစ္စုပ္ပန်၊ အနာဂတ် အရာအားလုံးကို ထိုးခွင်းနိုင်စွမ်း ရှိနေသလိုပင်။ မိုးကောင်းကင်ပေါ်၌ ရောင်စဉ်တန်းများသည် တောက်ပလျက် ရှိနေ၏။ ထိုလက်ညှိုးတစ်ချက် တောက်လိုက်သည်နှင့် တပြိုင်နက် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အရာအားလုံးတို့သည် ပျောက်ဆုံး ပျက်စီးသွားသကဲ့သို့ပင်။

ဘုန်း

ဓားအလင်းတန်းများသည် အရင်ဦးဆုံး ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် လက်ဝါးချက်ကြီးသည် ပျောက်ကွယ် သွား၏။ နောက်ဆုံးမှာတော့ လက်သီးချက်သည်လည်း အလင်းတန်းများနှင့်အတူ ပေါက်ကွဲကာ ပျောက်ဆုံးသွား လေ၏။

“ဘယ်သူလဲ”

အေးစက်စက်အသံသုံးခုသည် မတူညီသည့် အင်ပါယာသုံးယောက်၏ နှုတ်ခမ်းဆီမှ ထွက်ပေါ်လာခဲ့သည်။

တုန်ခါမှု တစ်ခုလုံးသည် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့၏။ ဤမြင်ကွင်းကို မြင်ရသည့် လူပေါင်းများစွာတို့သည် မယုံကြည်နိုင်သလိုပင် ဖြစ်လို့နေခဲ့၏။ ၎င်းတို့ အားလုံးသည် တုံဏိဘာဝ ဖြင့် ဆွံ့အလို့ နေခဲ့သည်။

တစ်စုံတစ်ယောက်သည် အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် လက်တစ်ချက် တောက်လိုက်ရုံနှင့် အင်ပါယာ သုံးယောက်တို့၏ တိုက်ခိုက်ချက် သုံးခုကို ဖျက်ဆီးပစ်လိုက်နိုင်လေသည်လား။

“ဒီတည်နေရာလမ်းကြောင်းကို ငါဖန်တီးထားတာ။ မင်းတို့ ဖျက်ဆီးချင်တယ်ဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆိုတဲ့ စကားလုံးက ဟန်ပြသက်သက် ဖြစ်ကုန်မှာပေါ့” ကြည်လင် ရှင်းလင်းလှသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။

ရေတွက်လို့ မရအောင် များပြားလှသည့် လူများသည် ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

“ကောင်းကင်လျှို့ဝှက် နန်းဆောင် ဟုတ်လား”

သူတို့ ယခင်တုန်းက အဘယ်ကြောင့် မကြားဖူးရသနည်း။ ကောင်းကင်မူလလောက ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အင်အားစုတစ်ခုက တည်ရှိနေလေသည်လား။ ထိုအင်ပါယာသည် ခရမ်းရောင်နက်နဲလောကနှင့် သွေးကြွေးဆပ်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ခဲ့လေသည်လား။

သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ ကောင်းကင်မူလလောကကြီး၏ အင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေသည်ဖြစ်ကြောင်း အားလုံးက သိရှိလိုက် ကြ၏။

အင်ပါယာသုံးယောက်နှင့် ရင်ဆိုင်သည့် နေရာတွင် အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် တစ်ခါတည်း ချိုးဖြတ်ခဲ့လေ၏။ ၎င်းပိုင်ဆိုင်နေသည့် စွမ်းအင်သည် အင်ပါယာသုံးယောက်ထက် သာလွန်နေသည်မှာ သံသယ ရှိစရာပင် မလိုချေ။

“လုပ်ရပ်တိုင်းက တန်ပြန်သက်ရောက်မှု ရှိလိမ့်မယ်။ မင်းတို့ ငါဖွင့်ထားတဲ့ တည်နေရာလမ်းကြောင်းကို တိုက်ခိုက် ခဲ့တယ်။ ဒီနေ့ ငါ့ရဲ့ အပြစ်ပေးမှုကို ခံလိုက်ကြ”

အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လက်ဝါးတစ်ခုသည် လက်သီးအဖြစ်သို့ ပြောင်းလဲကာ လေထုထဲမှ ကျဆင်းလာခဲ့သည်။

ဝမ် ...။

လက်သီးအလင်းတန်းသည် သုံးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက် မတူညီသည့် တည်နေရာသုံးခုဆီသို့ ရောက်ရှိသွား၏။ လက်သီး တစ်ခုချင်းစီတိုင်းသည် တော်ဝင်တာအို၏ စွမ်းအင်များ ပါဝင်လျက် ရှိနေပြီး လေထုထဲ၌ ဆန်းကြယ်လှသည့် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလေ၏။ ထိုလက်သီးချက်ထဲတွင် မိုးကောင်းကင်နတ်ဘုရားတစ်ပါး၏ အရိပ်အာဝါသများ ပါဝင်လျက် ရှိနေပြီး အသင်္ချေ များပြားလှသည့် လောကကြီး များကိုပင် ဖိနှိပ်ထားနိုင်စွမ်း ရှိနေ၏။

“ဒါ ဒါ.. အင်မော်တယ်”

မိုယွမ်အင်ပါရီယာနန်းဆောင်၏ အတွင်းမှာတော့ အင်ပါယာမိုယွမ်သည် မတ်မတ်ရပ်လျက် ရှိနေပြီး များပြားလှသည့် ကြယ်စင်စုများကို ဖြတ်သန်းကာ ကျဆင်းလာသည့် လက်သီးချက်ကြီးကို ကြည့်ရှုနေ၏။ ၎င်း၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်လျက် ရှိနေ၏။ ဤလက်သီးချက်သည် သူ၏ နားလည်မှုထက် ကျော်လွန်လျက် ရှိနေ၏။ အဆင့်သစ် တစ်ခုဆီသို့ ရောက်ရှိနေသကဲ့သို့ပင်။ ကောင်းကင်မူလ လောကကြီးမှ တစ်စုံတစ်ယောက်သည် နောက်ဆုံးအဆင့်ကိုပင် လှမ်းတက်နိုင်လုနီးပါး ဖြစ်နေသည်လား။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မိုးကောင်ကင်နန်းတော်တစ်ခုအတွင်းမှာတော့ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် မျက်လုံးကို ဖွင့်လိုက်၏။ ၎င်း၏ သူရဲကောင်းဆန်လှသည့် ဟန်ပန် မျက်နှာပေါ်တွင် ရှိနေသည့် မျက်လုံး များသည် ကြယ်စင်စုများ ကဲ့သို့ပင် နက်နဲလွန်းလှ၏။ ၎င်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီးသည့်နောက် လေဟာနယ်ထဲသို့ ရောက်ရှိသွား၏။ သူသည် လက်သီးအလင်းတန်းများကို လှမ်းကြည့်ကာဖြင့် ထပ်တူညီစွာ တုန်လှုပ်နေမိ၏။

“အဲလောကကြီးမှာ အင်မော်တယ်ဆိုတာ ရှိတာလား”

နတ်ဘုရားတောင်ထွတ်ပေါ်မှာတော့ ကျောပေါ်တွင် ဓားရှည် တစ်ခုကို လွယ်ပိုးထားသည့် မီးခိုးရောင် ဝတ်စုံနှင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် တည်ငြိမ်အေးစက်လျက် ရှိနေသည် ဆိုလျှင်တောင်မှ ၎င်း၏ တောက်ပသည့် မျက်လုံးများထဲတွင် အလင်းတန်းများ ထွန်းတောက်နေ၏။ သူသည် သတိမပြုမိစွာပဲ ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။ သူ၏ နောက်ဘက်တွင် ရှိနေသည့် ဓားရှည်ဆီမှ တဟူးဟူးနှင့် အသံများပင် ထွက်ပေါ်နေ၏။

All Chapters