← Chapters

အပိုင်း (၇၇၀)

Vol. 52 Ch. 770

အပိုင်း (၇၇၀)

Vol. 52 Ch. 770

“ဘာတွေဖြစ်ကုန်တာလဲ” ကောင်းကင်မူလလောကကြီး၏ သာမန်ဂိုဏ်းတစ်ခု၏ အတွင်းမှာတော့ ဂိုဏ်းချုပ်နှင့် များပြားလှသည့် အကြီးအကဲများသည် တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်ပြီး ၎င်းတို့ရှေ့တွင် ပြောင်းလဲလျက် ရှိနေသည့် ပတ်ဝန်းကျင် တည်နေရာကြီးကို လှမ်းကာကြည့်ရှုနေ၏။ ဖြစ်တည်လာခဲ့သည့် အားကောင်းလှသော စွမ်းအင်လှိုင်းများသည် ၎င်းတို့၏ နှလုံးသားများကို တုန်ယင်စေခဲ့လေ၏။

စောဏတုန်းကတင် ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များသည် မြန်မြန်ဆန်ဆန်ပင် လောကကြီး အပြင်ဘက်သို့ ထွက်ခွာသွားခဲ့လေ၏။ ယခင်တုန်းက များပြားလှသည့် လောကအသီးသီးတို့ ပေါင်းစပ်မှုအောက်တွင် ကောင်းကင်မူလလောကကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များသည် တကယ့်ကို ပေါကြွယ်ခဲ့သည်ဟု သုံးသပ်၍ရ၏။ ထို့ကြောင့်ပင်လျှင် အင်ပါယာများ တစ်ယောက်ပြီး တစ်ယောက် ဖြစ်တည်လာခဲ့ခြင်းပင်။ သို့ပေမဲ့ လက်ရှိအချိန်တွင် ယုတ်လျော့သွားခဲ့ပြီဖြစ်သည်။

အကြီးအကဲ တော်တော်များများတို့သည် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။ အချိန်အတိုင်းအတာတိုအတွင်း အဘယ်ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များက ကုန်ဆုံးသွားရသနည်း။ မျက်စိတစ်မှိတ် အတွင်းမှာပဲ လူပေါင်းများစွာတို့သည် စီနီယာ နန်းဆောင်သခင်ကို တွေးတောမိကြ၏။ ထိုသူ တစ်ယောက်တည်းသည်သာ လောကကြီးတွင် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်ပါလား။

လောကကြီးများကို ပေါင်းစပ်နိုင်သည်ဆိုလျှင် လောကကြီးများကို ခွဲခြားဖို့ကလည်း တတ်နိုင်မည် မဟုတ်ပါလား။ သေချာ၏။ သို့ပေမဲ့ ပြဿနာသည် စီနီယာနန်းဆောင်သခင် အနေနှင့် ကောင်းကင်မူလလောကကြီးအတွက် တကယ့်ကို ကောင်းမွန်သည့် ကိစ္စရပ်များကို ပြုလုပ်ပြီး ဖြစ်၏။ အဘယ်ကြောင့် လောကကြီးများကို ပြန်လည်ကာ ခွဲခြားရသနည်း။

“ဘာတွေဖြစ်နေတာလဲ” ဂိုဏ်းချုပ်က တီးတိုးရေရွတ်လိုက်၏။

“ဂိုဏ်းချုပ်... မြန်မြန်ကြည့်အုံး” တစ်စုံတစ်ခုကို သတိပြုမိပုံပေါ်သော အကြီးအကဲတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။ ၎င်းသည် လက်ကိုမြှောက်ကာဖြင့် ဂိုဏ်း၏ အပြင်ဘက်တွင် ရှိနေသည့် တပည့်ပေါင်းများစွာကို လက်ညှိုးထိုးလိုက်သည်။

ဂိုဏ်း၏ အပြင်ဘက်ရှိ တပည့်များသည် သာမန်ကျင့်ကြံသူများထက် ပိုမိုကာ အားကောင်းပြီးသား ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် အစစ်အမှန် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ပုရွက်ဆိတ်လေးများကဲ့သို့ပင် အားနည်းလှ၏။

လက်ရှိအခြေအနေမှာတော့ သာမန်အားဖြင့် တည်ငြိမ်လျက်ရှိနေသည့် အပြင်စည်းတပည့်များသည် အုတ်အော်သောင်းနင်း ဖြစ်လို့နေခဲ့၏။ အားနည်းသည့် ကျင့်ကြသူများသည် ဒူးများ ခွေယိုင်ကာဖြင့် မြေပြင်ပေါ်သို့ လဲကျလျက် ရှိနေ၏။ ပါရမီရှင် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။

“ဘာတွေ ဖြစ်ကုန်တာလဲ” ဂိုဏ်းချုပ်သည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်း ပေါ်ပေါ်လာချင်းမှာပဲ တပည့်များသည် အရှေ့ဆီသို့ လှမ်းဝင်လာခဲ့ကြ၏။

“ဂိုဏ်းချုပ်... ကျုပ်တို့ကို ကယ်ပါအုံး။ နတ်ဆိုးကျင့်ကြံသူတွေ ကျုပ်တို့ကို သတ်တော့မယ်”

“စိတ်ကို အေးအေးထားကြအုံး”

ဂိုဏ်းချုပ်သည် မျက်မှောင် ကုတ်မိ၏။ ပြီးသည့်နောက် တပည့်များကို သေသေချာချာ ကြည့်ရှုလိုက်၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အကြီးအကဲကို အသာလှည့်ကြည့်ကာ လေးလေးနက်နက် မေးမြန်းလိုက်သည်။ “ဘာကို သတိပြုမိလဲ”

“ဘာမှ မရှိဘူး” အကြီးအကဲ တော်တော်များများတို့သည်လည်း ခေါင်းကို ခါယမ်းလိုက်၏။ ၎င်းတို့သည် နတ်ဘုရား အသိအမြင်များကို ဖြန့်ကျက်ကာဖြင့် တပည့် တစ်ယောက်ချင်းစီကို စစ်ဆေးကြည့်၏။ သို့ပေမဲ့ တပည့်များ ဘာဖြစ်မှန်း သေသေချာချာ မသိရှိရချေ။ တချို့သော နိယာမတစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရသည့် ပုံသာရှိပြီး တခြား ထူးထူးခြားခြားလည်း သူတို့ ရှာမတွေ့ခဲ့ချေ။

“လက်ရှိမှာ တော်ဝင်သဲကန္တာရမြို့ အနီးအနားမှာ ထူးဆန်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေ ရှိနေတယ်။ ဒီကိစ္စက ဒါနဲ့ ပတ်သက်နေမလား မသိဘူး” ဂိုဏ်းချုပ်က တီးတိုးရေရွတ်လိုက်၏။

သူ ပြောပြောပြီးချင်းမှာပဲ အကြီးအကဲသည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကြည့်ကာဖြင့် အမူအရာ တစ်ခုလုံး ပျက်ယွင်းသွားခဲ့သည်။ “ဂိုဏ်းချုပ်... တကယ့် ပြဿနာကြီး ဖြစ်နေပြီ”

“ဘာပြဿနာလဲ” ဂိုဏ်းချုပ်က မေးမြန်းလိုက်၏။

“အခြေအနေကိုတော့ ကျုပ်တို့ သေသေချာချာ မသိရှိဘူး။ ဒါပေမဲ့ ကောင်းကင်မူလလောကကြီး တစ်ခုလုံးတင် မကဘူး၊ ခရမ်းရောင်နက်နဲလောက၊ မြေအင်မော်တယ်လောက အားလုံးက ဒီလို အခြေအနေမျိုးကို ကြုံနေရတယ်။ ကျုပ်တို့ဂိုဏ်းတစ်ခုတည်း ဒီလိုကိစ္စကြီး ဖြစ်နေတာ မဟုတ်ဘူး။ လောကအသီးသီးက ဖြစ်နေကြတာပဲ” အကြီးအကဲသည် လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်သည်။

“လောကအသီးသီး ဟုတ်လား”

ဂိုဏ်းချုပ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ပြီးသည့်နောက် သူ၏ အမူအရာ တစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ ကောင်းကင်မူလလောကကြီးသည် သေးငယ်သည့် လောကတစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး စီနီယာ နန်းဆောင်သခင် မှလွဲ၍ တခြား ထူးထူးခြားခြား ကျင့်ကြံသူဟူ၍ ရှိလှသည် မဟုတ်ပေ။

အပြင်ဘက်တွင် ရှိသော တခြားသော လောကများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ့်ကို သေးငယ်လွန်းလှ၏။ ကောင်းကင်မူလလောကကြီးတွင် တည်ရှိနေထိုင်ခဲ့ကြသော ကျင့်ကြံသူများသည် အင်မော်တယ်ဘုရင်ကို မဆိုနှင့် အန္တိမ ကျင့်ကြံသူပင်လျှင် တစ်ယောက်တည်း ရှားရှားပါးပါး ရှိသည် မဟုတ်ပါလား။

“အင်း... စိတ်ဝိညာဉ်စွမ်းအင်တွေက ဘာကြောင့် မြန်မြန်ဆန်ဆန်နဲ့ ယုတ်လျော့နေရတာလဲ။ အချိန်အတိုင်းအတာ တိုအတွင်း ကောင်းကင်မူလလောကကြီး တစ်ခုလုံးက ပျက်စီးတော့မယ်နဲ့ တူတယ်” တခြားသော အကြီးအကဲ တစ်ယောက်က ပြောဆိုလိုက်လေ၏။ သူသည် ဂိုဏ်းထဲတွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကာ ကြည့်ရှုနေ၏။

လက်ရှိအချိန်တွင် အပြင်စည်းတပည့်များကိုသာမက ဂိုဏ်း၏ အတွင်းစည်းတပည့်များကိုပင် သက်ရောက်လာခဲ့ပြီး ၎င်းတို့၏နောက်တွင် အကြီးအကဲ တချို့ကိုပင် သက်ရောက်လာခဲ့၏။ ၎င်းတို့သည် နှစ်ရာပေါင်းများစွာ နေထိုင်ခဲ့သည့် လူများဖြစ်၏။ စိတ်ဝိညာဉ်စွမ်းအင်များ ယုတ်လျော့သွားသည်နှင့်တပြိုင်နက် ကောင်းကင်မူလ လောကကြီး ၏ နိယာမများက အားလျော့လာခဲ့သည်။

ချက်ချင်းပဲ အားလုံးသောသူတို့သည် ဆိုးကျိုးများကို ခံစားရပြီး ပို၍ အရေးကြီးမားသည်မှာ အပြင်ဘက်တွင် ရှိနေသည့် အခြေအနေသည် ပိုမိုကာ ဆိုးရွားလာခဲ့ခြင်းပင်။ လောကကြီးထဲတွင် နေထိုင်သည့် သာမန်လူ များသည် သေဆုံးကုန်ကြပြီ ဖြစ်၏။ သာမန်လူအားလုံးသာ သေဆုံးကုန်သည်ဆိုပါက သူတို့သည် မည်သူကို တပည့်အဖြစ် ဆက်လက်ကာ မွေးမြူရတော့မည်နည်း။

............

“သွားကြစို့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားမယ်။ စီနီယာနန်းဆောင်သခင်ဆီမှာ ဖြေရှင်းမှု တစ်ခုခု ရှိလိမ့်မယ်။ ကျုပ်တို့ ဒီကိစ္စကို လျစ်လျှူရှုထားလို့ မရဘူး။ ကောင်းကင်မူလလောကကြီးက စီနီယာနန်းဆောင် သခင်ရဲ့ လက်ထဲက ဖန်တီးမှုတစ်ခုပဲ” ဂိုဏ်းချုပ်တစ်ယောက်က ထကာ အော်ဟစ်လိုက်၏။ သူသည် တော်ဝင်သဲကန္တာရမြို့ တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

အမှောင်လောကကြီးထဲမှာတော့ လုဝူတောက်နှင့် ကျိုးချီတို့သည် ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်နေ၏။ ကြီးမားသည့် ဓားကြီးနှင့် ကြေးအိုးကြီးသည် ကောင်းကင်ယံထက်တွင် တဝုန်းဝုန်းနှင့် ထိပ်တိုက်ရင်ဆိုင် လျက်ရှိနေပြီး တိုက်ပွဲထဲသို့ မည်သူကမှ ဝင်ရောက် မတိုက်ခိုက်ရဲချေ။ အင်မော်တယ်ဘုရင် အဆင့် စာရင်းတွင် ရှိနေသည့် ပထမနှင့် ဒုတိယတို့၏ တိုက်ပွဲသည် သမိုင်းတွင်လောက်စရာ တိုက်ပွဲကြီးပင် ဖြစ်သည်။

လုဝူတောက်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ တခြားတစ်ဖက်တွင် ရှိနေသည့် ကျိုးချီကလည်း ထူးမခြားနားပင်။ ၎င်း၏ အော်ရာများသည် အနည်းငယ် မှေးမှိန်လျက် ရှိပြီး နန်းကုန်းယွင် ကဲ့သို့ပင် ဆိုးဆိုးရွားရွား အခြေအနေဆီသို့ ရောက်ရှိလို့နေ၏။

အထူးသဖြင့် ခန္ဓာကိုယ် အသွင်သဏ္ဍာန် မရှိသော ကျိုးချီပင် ဖြစ်၏။ အချိန်အတိုင်းအတာတိုအတွင်း ၎င်းသည် အထက်စီးသို့ ရောက်ရှိခဲ့သည် ဆိုသော်လည်း အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီးသည့်နောက် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် မသေချာတော့ပေ။

ကျိုးချီသည် လုဝူတောက်အား ယှဉ်ပြိုင်နိုင်လောက်သည့် လျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်သည် ဆိုသော်လည်း ရေရှည် တိုက်ခိုက်မှုတွင် အကျိုး သက်ရောက်မှုရှိမည် မဟုတ်ပေ။ လုဝူတောက် ရှုံးနိမ့်သွားမည် ဆိုလျှင်တောင်မှ ဌာနေအရှင်က ကျန်ရှိနေသေး၏။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် မပြောင်းလဲနိုင်ပေ။

“ငရဲလောကရဲ့အရှင်… သူလာပြီဆိုတာနဲ့ ကျိန်းသေပေါက် လောကအသီးသီးတို့က ပျက်စီးတော့မယ်။ အင်မော်တယ်လောကကြီးရဲ့ ခြေလှမ်းအတိုင်းပဲ ကျုပ်တို့အားလုံး ဒုက္ခရောက်တော့မှာပဲ” ကျိုးချီက ပြောဆိုလိုက်၏။ သူသည် လုဝူတောက်ကို အခွင့်အရေး မပေးချင်ပေ။

“အဲတော့”

လုဝူတောက်က အေးစက်စက် ပြန်ပြောလိုက်၏။ “ပြန်လည်မွေးဖွားခြင်း တာအိုအကြောင်းကို ခင်ဗျား နားမလည်ဘူး။ ဒီနေ့ သုတ်သင်ခံရခြင်းဆိုတာ မနက်ဖြန်မှာ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ရရှိစေဖို့ လမ်းတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ ငရဲလောကတိုက်ပွဲက တကယ့်ကို ကြီးမားခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူက မှတ်မိလဲ။ မှတ်မိတယ်ဆိုရင်တောင်မှ ဘာလုပ်လို့ ရမှာလဲ။ ဘယ်သူမှ မမှတ်မိကြဘူး မဟုတ်လား”

ရှုပ်ထွေးသည့် တည်နေရာ ပတ်လမ်းကြောင်းထဲတွင် လောကငယ်လေးများသည် သုတ်သင် ရှင်းလင်းခြင်းကို ခံနေရသည်။

လောကကြီးထဲတွင် ရှိနေသည့် အားအကောင်းဆုံးသော ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလမ်းစဉ်၏ ထိပ်ဆုံးဆီသို့ လှမ်းတက်ပြီး နှစ်ပေါင်းများစွာ ကျင့်ကြံနေထိုင်ခဲ့သူများဖြစ်၏။ သို့ပေမဲ့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ဆီမှ ထွက်ပေါ်လာခဲ့သည့် စွမ်းအင်လှိုင်းများသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၏ အသက်ဓာတ်များ အားလုံးကို ယုတ်လျော့စေခဲ့၏။ ထို့ကြောင့် အားလုံးသော သူတို့သည် ထွက်ပြေးခြင်းကိုသာ ပြုလုပ်နိုင်၏။

All Chapters