← Chapters

အပိုင်း (၁၄၅)

Vol. 10 Ch. 145

အပိုင်း (၁၄၅)

Vol. 10 Ch. 145

ဖန်တီးခြင်းသော့ဆိုသည်မှာ ဖန်တီးခြင်းတော်ဝင်အင်ပါယာ ချန်ခဲ့သည့် အရာတစ်ခုဖြစ်၏။ ယခင်တုန်းက အင်ပါရီယာ ရီကလန်သည် ရွှေကျီးကန်းကလန်ဆီမှ သော့ကို ရယူရန် အင်ပါရီယာ လက်နက်ကိုပင် အသုံးပြုကာ လဲလှယ်ရန် ကြိုးစားခဲ့ဖူး၏။ သို့ပေမဲ့ ၎င်းတို့သည် ဘာမှ မလဲလှယ်နိုင်ခဲ့ချေ။

ရွှေကျီးကန်းကလန်သည် ၎င်းတို့ထက် အားမနည်းလှချေ။ ထို့ကြောင့် အင်ပါရီယာ လက်နက်တစ်ခုကို အသုံးပြုပြီး ဖိနှိပ်ကာ ပြန်လည်တောင်းခံရန်ဆိုသည်မှာ အရူးအိမ်မက်ကဲ့သို့ မဖြစ်မြောက်ခဲ့ချေ။

ကဲ့ကုန်းကျွင်း၏ လက်ဝါးပြင်တစ်ခုလုံးသည် တုန်ယင်လျက်ရှိ၏။ သူသည် ကျောက်စိမ်းပြားကို ကိုင်ဆောင် ထားခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများနှင့် လှုပ်ခါလျက် ရှိနေသည်။ ဖန်တီးခြင်းသော့ လေးခုထဲမှ တစ်ခု၊ ဖန်တီးခြင်းတော်ဝင်အင်ပါယာ၏ လျှို့ဝှက်နေရာကို ဖွင့်နိုင်သည့် အရာများထဲမှ တစ်ခုဟု သတ်မှတ်နိုင်၏။ အထဲတွင် မည်မျှ များပြားလှသည့် အခွင့်အရေးများ တည်ရှိနေမည်ကို မည်သူသိရှိနိုင်မည်နည်း။

မည်သူမှ သေချာမပြောနိုင်ချေ။ ရေတွက်လို့ မရအောင် များပြားလှသည့် နှစ်များအတွင်း အင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်များပင်လျှင် ထိုနေရာတွင် ပေါက်ရောက်ကောင်း ပေါက်ရောက်နိုင်နေ၏။ အင်ပါယာ ဆိုသည့် စာလုံးသည် တောင်ကဲ့သို့ပင် ကြီးမားပြီး လေးလံလွန်းလှ၏။ အင်ပါယာအဆင့်ဆိုသည်မှာ သာမန်ထက် အလွန့်အလွန်ကိုပင် ထူးခြားလှသည့် အရာများ ဖြစ်၏။

ရှုံးသည်ဟု တွက်ချက်ခဲ့သည့် ကဲ့ကုန်းကျွင်း၏ စိတ်တစ်ခုလုံးသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ လက်ရှိ အချိန်မှာတော့ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲ၌ ဂဏာမငြိမ်စွာဖြင့် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်လျက်ရှိနေ၏။ သူသည် စိတ်ဆုံးဖြတ်ချက် ချပြီးသည့်နောက် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။

“စီနီယာ.. ကျေးဇူးပြုပြီး တိမ်ဖြူအိမ်တော်ထဲမှာ ရှိနေတဲ့ ဖန်တီးခြင်းသော့နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်ကို တိုင်းချူးနတ်နယ်မြေအတွက်ပဲ သီးသန့် သိမ်းဆည်းထားပေးလို့ ရမလား”

ဤအရာမှာ ကြီးမားလွန်းလှ၏။ လူပေါင်းများစွာတို့သည် ထိုအရာကို သိရှိသည်ဆိုသည်နှင့် ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်ကုန်မှာ‌ သေချာ၏။

ဖန်တီးခြင်းသော့ကို သူကိုင်ဆောင်ထားသည်ဆိုသည့် သတင်းသာ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်ဆိုပါက အင်ပါရီယာ ရီကလန်သည် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်နေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ပျောက်ဆုံးလျက် ရှိနေသည့် ဖန်တီးခြင်းသော့သည် ပေါ်လာမည်ဆိုပါက ကျိန်းသေပေါက် အင်အားကြီးလှသည့် လူများ၏ လက်ထဲသို့ ရောက်ရှိသွားမှာဖြစ်ကြောင်း ကဲ့ကုန်းကျွင်းက နားလည်လိုက်မိ၏။ ထို့ကြောင့် တခြားသူများကို မသိစေချင်ပေ။ မဟုတ်ပါက အင်ပါရီယာ ရီကလန်၏ လက်ချက်ကို ကျိန်းသေပေါက် ခံရတော့မှာ သေချာသည်။

“အင်း”

လီယွင်က စဉ်းစားလိုက်သည်။ ပြီးနောက် သူသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ သူသည် ထိုအရာကို ကတိမပေးနိုင်ချေ။ အင်ပါရီယာ ရီကလန်ဆီမှလူများ လာရောက်ကာ စုံစမ်းသည်ဆိုပါက လီယွင်သည် ထိုသတင်း အချက်အလက်ကို သိုဝှက်ထား၍ မကောင်းဟု တွေးတော နေမိ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတဲ့ ဂုဏ်သိက္ခာကြောင့် ကျုပ်က ခင်ဗျားတို့နဲ့ ပတ်သက်ပြီး တစ်ခု ပြောပြမယ်”

လီယွင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျုပ်အနေနဲ့ လာပြီး မမေးတဲ့ ကိစ္စရပ်မျိုးကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့…..”

“ကျုပ်နားလည်ပါပြီ”

ကဲ့ကုန်းကျွင်းက ခေါင်းညိတ်လိုက်သည်။ ဤမျှ လက်ခံသည်ကပင် အလွန် ကျေးဇူးတင်စရာ ကောင်းနေပြီဖြစ်သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်အနေနှင့် တခြားသောသူများကို လျှောက်ကာ မပြောဘဲ လာရောက်မေးမြန်းမှ ပြောဆိုမည် ဆိုခြင်းမှာ သူ့အတွက် ကောင်းမွန်လှသည့် အရာများဖြစ်ပြီး ဖန်တီးခြင်းသော့ကို ယူ၍ ငြိမ်ငြိမ်သက်သက်နှင့် ထွက်ခွာသွားမည် ဆိုပါက တခြားမည်သူက သိရှိနိုင်မည်နည်း။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လူပေါင်းများစွာတို့သည် ဖန်တီးခြင်းသော့အကြောင်းကို မေ့လျက် ရှိနေကြသည်။ တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာပြီး သတင်း အချက်အလက်များကို ဝယ်ယူမည်ဆိုလျှင်တောင်မှ ထိုအကြောင်းအရာကို မေးမြန်းမိရန်မှာ သိပ်ပြီး မဖြစ်နိုင်ချေ။

ကဲ့ကုန်းကျွင်းအနေနှင့် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ သူသည် သူ၏ နတ်သားတော်ကို လှမ်းကြည့်ပြီးသည့်နောက် မထင်မှတ်ထားသည့် အရာတစ်ခုမှ ကြီးမားလှသည့် အခွင့်အရေးကြီးဆီသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။

“စီနီယာ… ဖန်တီးခြင်းသော့ ပေါ်ပေါက်လာပြီဆိုတာ တကယ့်ကို ကြမ်းတမ်းတဲ့ ကိစ္စရပ်ပဲလေ။ ပြီးတော့ အရှိန်အဟုန်လည်း ကြီးမားလွန်းလှတယ်။ ကျုပ် အခု ထွက်သွားပါတော့မယ်”

ကဲ့ကုန်းကျွင်းသည် လေးနက်စွာ ပြောလိုက်သည်။ သူသည် အလွန်လေးနက်သည့် မျက်နှာသွင်ပြင်နှင့် ပြောဆိုခဲ့တော့၏။ သူသည် တိုင်ချူးနတ်သားတော်ကို ခေါ်ယူပြီး နှုတ်ဆက်ရန် ပြင်ဆင်လိုက်သည်။

“အင်း… ယဉ်ကျေးနေဖို့ မလိုပါဘူး” လီယွင်သည် ပြုံးကာ ပြောလိုက်၏။

မကြာခင်မှာပဲ ကဲ့ကုန်းကျွင်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ခွာသွားခဲ့၏။ သူ၏ အင်္ကျီလက်ထဲတွင် ရှိနေသည့် လက်မှာတော့ တိတ်တဆိတ်လှုပ်ရှားလျက် ရှိနေသည်။ သူသည် သတင်းပေးပို့ နေခြင်းပင် ဖြစ်သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ရောက်ပြီးသည့်နောက် အားလုံးသော သူတို့သည် သူတို့ကို အာရုံ စူးစိုက်ကာ ကြည့်ရှုနေသည်ဖြစ်ကြောင်းကို နားလည်ပြီးသားဖြစ်၏။ ဘာအခွင့်အရေးကို ရရှိမည်ကို လူတွေက မသိရှိဘူး ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်သည် သူတို့နောက်ဆီသို့ လိုက်ပါကာဖြင့် စုံစမ်းမှု များ ပြုလုပ်နိုင်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ဝယ်ယူထားသည့် သတင်းအချက်အလက်များသည် အကျိုးကျေးဇူး ရရှိစေသည် ဖြစ်ကြောင်းကို အားလုံးက သိရှိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ လက်ရှိ ရရှိခဲ့သည့် သတင်းအချက်အလက်ကို မည်သူမှ အသိခံ၍ မဖြစ်ချေ။ ထို့အပြင် တခြားသောသူများ သိသွားမည်ကို ကာကွယ်သည့် အနေဖြင့် ကြိုတင်ကာ ပြင်ဆင်ထားရန်လည်း လိုအပ်နေသေး၏သည်။

ထို့ကြောင့်ပင်လျှင် တိုင်ချူးနတ်နယ်မြေဆီသို့ သတင်းလှမ်းပို့ခဲ့၏။ ဖန်တီးခြင်းသော့ကို ရပြီးသည့်နောက် အားလုံးမှ ကြားဖြတ်ကာ လုယူမည် ဆိုလျှင် သူသည် လက်ရှိအခြေအနေ၌ ပြန်လည်တိုက်ခိုက်ရန် ယုံကြည်ချက် မရှိပေ။

တစ်ချိန်တည်းမှာပဲ တိုင်ချူးနတ်နယ်မြေ၏ တောင်အနောက်ဘက် ကြီးမားလှသော ဟောခန်းကြီး အတွင်းမှာတော့ အဖြူရောင်ဆံပင်များနှင့် အဘိုးအိုတစ်ယောက်သည် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်လျက်ရှိ၏။

သူသည် မျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ မျက်စိသူငယ်အိမ်များသည် ကြယ်တာရာစုများ ကဲ့သို့ပင် စူးရှလင်းလက်လျက် ရှိနေ၏။ အကန့်အသတ်မဲ့များပြားလှသည့် အော်ရာများကိုလည်း ထုတ်ဖော်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် ရွှေရောင် ရောင်စဉ်လှိုင်းများသည် တလက်လက်ဖြင့် တောက်ပလျက် ရှိနေသည်။

၎င်းသည် လက်ကို မြှောက်လိုက်တော့ ကျောက်စိမ်းပြားတစ်ခုသည် လက်ထဲတွင် ပေါ်ပေါက်လာ၏။ နတ်ဘုရား အသိအမြင်ကို ထည့်သွင်းကာ ကြည့်ရှုပြီးသည့်နောက် အဘိုးအိုသည် မျက်မှောင်ကုတ်မိသွား၏။

သူက တီးတိုး ရေရွတ်လိုက်သည်။ “ဖန်တီးခြင်းသော့က ပြန်ပြီး ပေါ်လာတာလား။ အင်း… ဂိုဏ်းတူ ညီလေးကဲ့က တကယ့်ကို ကံကောင်းတာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ဒီလို အရေးကြီးတဲ့ ပစ္စည်းမျိုးကို‌တောင် ဝယ်ယူနိုင်ခဲ့တယ်”

အဘိုးအိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ နေရာအနှံ့ဆီသို့ ၎င်း၏ သူတော်စင်အော်ရာများသည် ပျံ့နှံ့သွားခဲ့တော့၏။ ဟောခန်းကြီး တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ဖိအားဒဏ်ကို မနည်းကြံ့ကြံ့ခံကာ ရင်ဆိုင်နေရသကဲ့သို့ပင်။

“ဖန်တီးခြင်းသော့ ပေါ်လာပြီဆိုတော့ အင်ပါရီယာ ရီကလန်ကလည်း ငြိမ်ငြိမ်သက်သက် နေမှာမဟုတ်ဘူး။ ပြီးတော့”

အဘိုးအိုက ဆက်ပြောလိုက်သည်။ “ဖန်တီးခြင်းသော့ ပေါ်လာတဲ့ တည်နေရာက အင်ပါရီယာ ရီကလန်ရဲ့ နယ်စပ်နားမှာ ဖြစ်နေတာပဲ။ အနည်းငယ် လှုပ်ရှားမှု ဖြစ်လာပြီဆိုတာနဲ့ အင်ပါရီယာ ရီကလန်က ကျိန်းသေပေါက် သိရှိသွားမှာပဲ။ အင်း… ဘာပဲဖြစ်ဖြစ် ကိစ္စတော့ မရှိဘူး”

အဘိုးအိုသည် အသာ သက်ပြင်းချ လိုက်၏။ “အင်း…. သူ့အစား ငါကိုယ်တိုင် လှုပ်ရှားရတော့မှာပေါ့”

ဖန်တီးခြင်းသော့ ပေါ်လာခြင်းသည် သာမန်ထက် ပိုသည့် ကိစ္စတစ်ခုဖြစ်၏။ အင်ပါရီယာ ရီကလန်သည်သာ ထိုအရာကို သိရှိသည်ဆိုပါက သူတော်စင် နှစ်ယောက်တည်းနှင့် တိုက်ခိုက် ခုခံဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ပိုမိုအားကောင်းလှသည့် စီနီယာများ ပါဝင် လာမှသာလျှင် အင်ပါရီယာ ရီကလန်၏ ဖိအားဒဏ်ကို ခံယူနိုင်မှာ သေချာသည်။

ဖန်တီးခြင်းသော့သည် တိုင်ချူးနတ်နယ်မြေ၏လက်ထဲသို့ ရောက်ရှိခဲ့ပြီးပြီ ဖြစ်သောကြောင့် ၎င်းတို့၏ အပိုင် ပစ္စည်းသာဖြစ်သည်။ မည်သူ့မှ မပေးနိုင်ချေ။ ထို့အပြင် ဤကဲ့သို့သော သတင်းအချက်အလက်ကို ရရှိရန် အတွက် သူတို့သည် ကြီးမားလှသည့် တန်ဖိုးကို ပေးအပ်ခဲ့ရသည် မဟုတ်ပါလား။

All Chapters