← Chapters

အပိုင်း (၅၁၄)

Vol. 35 Ch. 514

အပိုင်း (၅၁၄)

Vol. 35 Ch. 514

“ဟုတ်တယ်” လီယွင်က အသာပြောလိုက်၏။

“ခင်ဗျားက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လား” ပဉ္စမ အကြီးအကဲသည် မိုးကြိုးပစ်ခံလိုက်ရသလိုပင် တည်နေရာတွင် ကြက်သေ သေလျက်ရှိနေ၏။ ၎င်း၏ မျက်လုံးများသည် တွေဝေငေးငိုင်သွားပြီး နှလုံးသားထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်သွားခဲ့၏။ သူလုပ်ခဲ့သည့် အကြောင်းအရာများကို အားလုံးထက် သူက ပိုသိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား ပုလ္လင်ပေါ်မှ ဆွဲချရန် ကြိုးစားခဲ့ခြင်းသည် သူ၏ အကြံအစည်ပင် ဖြစ်ခဲ့သည်။

မထင်မှတ်ထားလောက်အောင်ဘဲ နန်းဆောင်သခင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ ၎င်း၏ နောက်လိုက်များထဲမှ တစ်ယောက်ပင်လျှင် အစစ်အမှန် အင်မော်တယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသော လူတစ်ယောက်ဖြစ်နေခဲ့၏။ ထိုကျင့်ကြံသူသည် သူ၏ ဘိုးဘေးကြီးကို ဖိနှိပ် ရိုက်နှက်ခဲ့၏။ ထိုသို့ဆိုလျှင် နန်းဆောင်သခင်၏ အားအင်အဆင့်သည် မည်သို့ဖြစ်မည်နည်း။ အလုံးစုံသော စွမ်းအင်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် ရယ်မောချင်စိတ်ပင် မရှိတော့ချေ။

“ကျုပ်ပြောပြမယ်။ ခင်ဗျားရဲ့ အမြင်အာရုံက ချင်ကလန်ဘိုးဘေးကြီးလောက် မကောင်းဘူး” လီယွင်က အသာ ပြုံးလိုက်၏။ ပြုံးလျက် ရှိနေတုန်းမှာပဲ သူသည် ပဉ္စမ အကြီးအကဲကို ကြောက်လန့်တကြား ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

“စီနီယာ... ကျုပ် အမှားကို ကောင်းကောင်းသိပါပြီ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ ကျုပ် ဘာပဲဖြစ်ဖြစ် ကျိန်းသေပေါက် ပြန်ပြီးတော့ ပြုလုပ်ပေးပါ့မယ်” သို့ပေမဲ့ ပဉ္စမအကြီးအကဲသည် စကားကို ဆုံးအောင် မပြောလိုက်ရချေ။ လီယွင်က တားဆီးလိုက်သည်။

“အင်း... ဒါက ခင်ဗျားတို့ ဘိုးဘေးကြီး အသုံးပြုခဲ့တဲ့ ဆင်ခြေ တစ်ခုပဲလေ”

လီယွင်သည် တစ်ဖက်လူကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ပြောရမယ်ဆိုရင် ခင်ဗျားရဲ့ အကြံအစည်က မဆိုးဘူး။ ဒါပေမဲ့ ကျုပ်ကိုရင်ဆိုင်ဖို့အတွက်ဆိုရင် ပိုပြီးအားကောင်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို ဆွဲဆောင်သင့်တယ်။ ကံဆိုးစွာနဲ့ ကောင်းကင်နဲ့ မြေပြင်၊ အသင်္ချေလောကထဲမှာ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ပြည့်စုံအောင် ပြုလုပ်နိုင်မယ့်လူဆိုတာ ရှိမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ အကြံအစည်က အစောကြီးကတည်းက မှားယွင်းနေတာပဲ”

ဤအခြေအနေသည် ဖြည်းဖြည်းချင်း ပြောဆိုခဲ့သည့် အကြောင်းအရာသာ ဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေတွင် ကြားရသည့် လူအားလုံး၏ နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ပင်။ ချင်ကလန်၏ ခေါင်းဆောင်သည် နာနာကျင်ကျင် အမူအရာမျိုးဖြင့် ရပ်လျက် ရှိနေသည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်က မည်မျှရှိသနည်း။ နန်းဆောင်သခင်သည် ပဉ္စမ အကြီးအကဲ၏ အကြံအစည်များကို အစကတည်းက ကြိုတင်သိရှိနေခြင်း ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ လေးလေးနက်နက်ပင် သတ်မှတ်ခဲ့ခြင်း မရှိချေ။

ထို့အပြင် နန်းဆောင်သခင် အနေနှင့် အသင်္ချေ များပြားလှသည့် လောကအသီးသီးတွင် သူ့ကို အန္တရာယ်‌ ပေးနိုင်လောက်သည့်လူဟူ၍ မည်သူမှ မရှိဟု ပြောဆိုခဲ့လေ၏။ ချင်ကလန် အနေနှင့် ကျိန်းသေပေါက် ဒုက္ခရောက်ပြီ ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အနေနှင့် သူတို့ကို ညှာတာ ထောက်ထားပေးရန် မျှော်လင့်ချက်သာလျှင် ရှိတော့၏။

“စီနီယာ... ဒီလူက ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို မလေးမစား ပြုမူခဲ့ပါတယ်။ ဒါကြောင့် ကျုပ် ဒီကို ခေါ်လာတာပါ။ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါအုံး။ အများကြီးတော့ မျှော်လင့်မထားပါဘူး။ စီနီယာ အနေနဲ့ ချင်ကလန်ရဲ့ တခြားအဖွဲ့ဝင်တွေကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ချင်ရွှမ်လန်သည် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

“ချင်ရွှမ်လန်” ပဉ္စမ အကြီးအကဲသည် အော်ဟစ်လိုက်၏။ သူသည် ကြောက်ရွံ့စရာ ကောင်းလှသည့် မျက်လုံးအစုံ နှင့် ချင်ရွှမ်လန် ကို လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိအခြေအနေတွင် ချင်ကလန်၏ ခေါင်းဆောင် သူ့အား သစ္စာဖောက်နေသည့် မြင်ကွင်းကို ကြည့်ရှုရင်း ယုံကြည်ရန် ခက်ခဲလို့‌နေ၏။ ထို့အပြင် သူသည် ကလန်အတွက် များပြားသည့် ကောင်းကျိုးများကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ချင်ကလန်ခေါင်းဆောင်သည် သူ့ကို တကယ်ပင် အရည်ညှစ်ထုတ်ရန် ကြံစည်လို့ နေလေ၏။

“ပဉ္စမ အကြီးအကဲ... ထိုက်တန်တဲ့အရာဆိုတာ ပြန်ပြီး ပေးဆပ်ရမှာပဲ” ချင်ရွှမ်လန်သည် ခေါင်းကိုမော့ကာဖြင့် ပြောဆိုလိုက်သည်။

“ဟုတ်တယ်။ ဘယ်လိုအရာပဲဖြစ်ဖြစ် အလကားမရဘူး။ ကျသင့်ငွေ ရှိတယ်” လီယွင်က ခေါင်းညိတ်လိုက်၏။ သူသည် လက်ဖျောက် တစ်ချက်တီးလိုက်ပြီးသည့်နောက် အနီရောင် အလင်းတန်းတစ်ခုသည် ပဉ္စမအကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ပြီးသည့်နောက် ၎င်းသည် လောကကြီးထဲတွင် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားလေ၏။

ချင်ကလန်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားတစ်ခုသည် ကွဲကြေပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်၏။ များပြားလှသည့် အကြီးအကဲများသည် ထိုအမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သော ကျောက်စိမ်းပြားကို လှမ်းကာ ကြည်ရှုရင်း သက်ပြင်းချမိလိုက်သည်။

“မထင်မှတ်ထား‌တာတွေ ဖြစ်မလာဘူးဆိုရင် ကလန်ခေါင်းဆောင်ကတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်သွားခဲ့တာ ဖြစ်ရမယ်” ပဉ္စမအကြီးအကဲ၏ ဝိညာဉ်ကျောက်စိမ်းပြားသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်လိုက်ခြင်း မဟုတ်သည် ဆိုလျှင်တောင်မှ ၎င်း၏ နောက်လိုက် တစ်ယောက်ယောက်က သတ်ဖြတ်လိုက်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ လက်ရှိအခြေအနေတွင် သူတို့သည် ပဉ္စမအကြီးအကဲ၏ သေခြင်း၊ ရှင်ခြင်းကို တစ်ချက်ကလေးမှ ဂရုမစိုက်နိုင်ကြချေ။

“အင်း... ဖြစ်နိုင်တယ်။ ပြီးတော့ ကျုပ်တို့ ချင်ကလန်ရဲ့ ကံကြမ္မာက အဆုံးအဖြတ် ဖြစ်ပြီးသား နေလိမ့်မယ်” ချင်ကလန်၏ အကြီးအကဲကြီးသည် လက်ထဲတွင် ရှိနေသည့် ကျိုင်းတုတ်ကြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် လိုက်၏။ သူသည် အပြင်ဘက် လေဟာနယ်ကို လှမ်းကြည့်လျက် ရှိနေမိသည်။

လက်ရှိ အခြေအနေ၌ ချင်ကလန်သည် အလုံးစုံ ပျက်စီးခြင်းအခြေအနေဆီသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သူ မတွေးဘဲ မနေနိုင်ချေ။ တစ်ဖက်လူများသည် အလျင်စလိုဖြင့် ရောက်ရှိလာခဲ့ပြီး ချင်ကလန်ကို ဖျက်ဆီးသည် သာမက ချင်ကလန်ထဲရှိ အရင်းအမြစ်များအား ယူဆောင်သွားမည်ကို စိုးရွံ့နေမိ၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ ချင်ကလန်ကို ဘာမှ မလုပ်တော့ဘူးမလား။ ပြီးတော့ ကျုပ်တို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အတွက် အန္တရာယ် ပေးနိုင်လောက်တဲ့ လူတွေမှ မဟုတ်တာ” အကြီးအကဲ တစ်ယောက်က ဝင်ရောက်ကာ ပြောလိုက်သည်။

“ကလန်ခေါင်းဆောင် အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက အသက်ရှင် ထွက်လာနိုင်မလား၊ မထွက်လာ နိုင်ဘူးလား အပေါ်မှာပဲ မူတည်နေတယ်” တော်ဝင်အကြီးအကဲသည် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။

ကလန်ခေါင်းဆောင်သာ သေဆုံးသွားမည်ဆိုပါက သံသယရှိစရာ မလိုပါဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ရေတွက်လို့ မရအောင် များပြားလှသည့် လူများကို စေလွှတ်ကာ ချင်ကလန်ကို ဖိနှိပ်ပေလိမ့်မည်။ ကလန်ခေါင်းဆောင်သည်သာ အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာသည်ဆိုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် သူတို့အတွက် အစီအစဉ် တချို့တလေကို ချမှတ်ပေးမှာ သေချာသည်။ တချို့သော အပြစ်ဒဏ်များ ဖြစ်ပေလိမ့်မည်။

ချင်ကလန်၏ အကြီးအကဲများသည် သတိရသွားကြ၏။ အားလုံးတို့သည် ကလန်ခေါင်းဆောင်၏ ဝိညာဉ် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်မိကြ၏။ ကံကောင်းစွာဖြင့် ထိုကျောက်စိမ်းပြားသည် အကောင်းတိုင်း တည်ရှိလို့နေသေး၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အနေနှင့် သူတို့၏ ကလန်ခေါင်းဆောင်ကို သတ်ဖြတ်ပစ်ရန် ရည်မှန်းချက် ရှိပုံမပေါ်ပေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ အခြေအနေ တစ်ခုလုံးသည် တင်းမာလျက် ရှိနေ၏။ ချင်ရွှမ်လန်သည် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်လျက် ရှိနေ၏။

လီယွင်သည် ထရန် မပြောခဲ့ချေ။ ထိုအစား ဤအတိုင်းသာ ကြည့်ရှုလျက် ရှိနေ၏။ ချင်ကလန်၏ အနာဂတ်သည် အရေးအကြောင်း အခြေအနေမျိုးတွင် တည်ရှိနေကြောင်းကို တစ်ဖက်လူ ကောင်းကောင်း နားလည်ပေလိမ့်မည်။

“စီနီယာ” ချင်ရွှမ်လန်က စတင်ကာ ခေါ်ဆိုလိုက်သည်။

“ထ” လီယွင်က အသာဖြတ်ပြောလိုက်၏။ လီယွင်၏ စကားစုသည် မိုးကောင်းကင် တေးသံကဲ့သို့ပင် ကြည်လင် နူးညံ့လျက် ရှိနေ၏။

“စီနီယာ... ချင်ကလန်ကို ချမ်းသာပေးတာလား” ချင်ရွှမ်လန်သည် မယုံကြည်နိုင်သလို မေးမြန်းလိုက်သည်။

“ကျုပ် ဘယ်တုန်းက အဲလို ပြောလို့လဲ” လီယွင်က အသာပြောလိုက်၏။

“ဒါပေမဲ့ စီနီယာ” ချင်ကလန်ခေါင်းဆောင်သည် ဇဝေဇဝါ ဖြစ်လို့နေသည်။

“ခင်ဗျားတို့ ချင်ကလန် အကြောင်းကို ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ချင်ကလန်ရဲ့ ပဉ္စမ အကြီးအကဲ လုပ်ခဲ့တဲ့ လုပ်ရပ်က ခင်ဗျားတို့ကလန်နဲ့ နီးနီးကပ်ကပ် ပတ်သက်နေတယ်လေ” လီယွင်က အသာပြောလိုက်၏။ သူသည် ထိုင်ခုံကို အသာမှီထိုင်လိုက်ပြီးသည့်နောက် စားပွဲခုံကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်လျက် ရှိနေ၏။ “ဒီတော့ ချင်ကလန်အနေနဲ့ သေဒဏ်ကနေ လွတ်ကင်းသွားတယ် ဆိုရင်တောင်မှ ပြစ်ဒဏ်ကနေ လွတ်ကင်းဖို့ ခက်တယ်”

“မေးချင်ပါတယ် စီနီယာ... ကျုပ်တို့ကို ဘယ်လို စီစဉ်ချင်ပါသလဲ” ချင်ကလန်၏ ကလန်ခေါင်းဆောင်သည် သတိ အပြည့်နှင့် မေးမြန်းလိုက်သည်။

“ဒီနေ့ကစပြီး ချင်ကလန်က ကျုပ်ရဲ့အမိန့်အောက်မှာ တည်ရှိလိမ့်မယ်။ ခင်ဗျား ငြင်းချင်လား” လီယွင်က အသာပြောလိုက်၏။

လက်ရှိအခြေအနေမှာတော့ သူသည် ချင်ကလန်ကို အလုံးစုံ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် ချင်ကလန်ကို သူ့အား အလုပ်အကျွေးပြုစေချင်ခြင်းမှာ တစ်ဖက်လူများ၏ အလားအလာကို မြင်ရသောကြောင့်ပင်။ ချင်ရွှမ်လန် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မလာခင်တွင် လီယွင်သည် ချင်ကလန်၏ အနာဂတ် အကြောင်းကို သေသေချာချာ စစ်ဆေးခဲ့သည်။

နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ချင်ကလန်သည် သာမန်ထက်ပိုကာ ထူးကဲသည့် ကံတရားနှင့် ကလေးတစ်ယောက်ကို မွေးဖွားလာပေလိမ့်မည်။ အနာဂတ် အောင်မြင်မှုများသည် အနည်းဆုံး ကွာစီအင်မော်တယ်အင်ပါယာ အဆင့်တွင် ရှိမည့်သူမျိုး ဖြစ်သည်။ အင်မော်တယ် အင်ပါယာအဆင့်သို့ မရောက်သေးဘူး ဆိုလျှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာ ဆိုသည်မှာ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး ကြောက်လန့်ရမည့် ရှားရှားပါးပါး စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

အသင်္ချေ များပြားလှသည့် လောကကြီးတွင် ရေတွက်၍မရအောင် များပြားလှသည့် ပါရမီရှင်များ ထွက်ပေါ်လာခဲ့၏။ သို့ပေမဲ့ ကြီးကျယ်ခမ်းနားလှသည့် အနာဂတ်နှင့် မွေးဖွားလာသည့် ကလေးငယ် ဆိုသည်မှာတော့ ရှားပါးလွန်းလှ၏။ ချင်ကလန်၏ အနာဂတ်သည် ကျိန်းသေပေါက် လျော့တွက်ရမည့် အရာမျိုး မဟုတ်ချေ။ သူ့အနေနှင့် နောက်ကွယ်မှသာ ကူညီပေးခဲ့သည်ဆိုပါက ကွာစီအင်မော်တယ် အင်ပါယာ အနေနှင့် ကျိန်းသေပေါက် အင်မော်တယ် အင်ပါယာအဖြစ်သို့ ပြောင်းလဲသွားနိုင်ရန် ဆိုသည်မှာ အခက်အခဲ ရှိလိမ့်မည် မဟုတ်ချေ။

တချို့သော အဆင့်များသည် မိမိ၏ သန္ဓေပါရမီနှင့် အဆင့်တိုးတက်၍ ရသည့်အရာမျိုး မဟုတ်ချေ။

အလုံးစုံကောင်းမွန်သည့် ပါရမီပါသည်ဆိုလျှင်တောင်မှ ကံတရားလိုအပ်ချက် ရှိသည်ဆိုပါက အရှေ့သို့ ဆက်၍ သွားနိုင်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိခြင်းဆိုသည်မှာ ကံတရားကို အားကိုးရန်လည်း လိုအပ်နေသေးသည်။

ထို့ကြောင့် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် သာမန် ထက်ပိုကာ ထူးချွန်လှသည့် ပါရမီရှင်များ ဖြစ်ပြီး အလွန်အမင်း ကံကောင်းသူများဟုလည်း သုံးသပ်နိုင်၏။

All Chapters