← Chapters

အခန်း (၃၇၁)

Vol. 25 Ch. 371

အခန်း (၃၇၁)

Vol. 25 Ch. 371

"ဘယ်လောကကြီးက လာတယ်ဆိုတာ သိချင်လို့လား"

လီယွင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီးနောက် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ဖြစ်တည်လာသည်။

"ဒီအတွက် ပေးရတဲ့ တန်ကြေးကို ခင်ဗျားတတ်နိုင်မှာ မဟုတ်ဘူး။ "

“ဟုတ်လား”

အင်ပါယာကျန်းထျန်သည် အရာအားလုံးကို အထင်အမြင်သေးလျက် ရှိနေ၏။ ၎င်းသည် မောက်မာလွန်းလှသည့် ပုံပန်းသွင်ပြင်ကို ထုတ်ဖော်လျက် ရှိနေတုန်းပင်။ အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင်မှ ၎င်းသည် မောက်မာလျက် ရှိနေ၏။ အချိန်ကို ကြည့်ရလျှင် သူသည်လည်း အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်သည်ဟု ယုံကြည်မိ၏။ လက်ရှိအချိန်တွင် အဆင့်တစ်ခုသာလျှင် လိုအပ်၏။ အင်ပါယာကျန်းထျန်၏ အမြင်အရဆိုလျှင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် ပြည့်စုံလှသည့် အဆင့်အတန်းတစ်ခုသာလျှင် ဖြစ်၏။ ထိုသူကဲ့သို့ လှမ်းလျှောက်သွားပါက သူသည်လည်း အ​ရေးကြီးသည့် ခြေလှမ်းတစ်ခုကို လှမ်းပြီး ဖြစ်ပေလိမ့်မည်။

"အင်း….. အသင်္ချေများပြားတဲ့ လောကတွေထဲမှာ ကျုပ်လိုချင်တာကို ဘယ်သူမှ တားဆီးလို့မရဘူး။ ခင်ဗျား အပါအဝင်ပေါ့" အင်ပါယာကျန်းထျန်သည် မထူးခြားသလို ပြောလိုက်၏။ ၎င်း၏ မျက်စိသူငယ်အိမ်များမှ ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လျက် ရှိနေပြီး ကောင်းကင်၏ လမ်းစဉ်ကဲ့သို့ပင် စူးရှလွန်းလှ၏။ ထိုအရာ အားလုံးသည် ရှိရှိသမျှကို တိုက်စားတော့မည့် အော်ရာများကဲ့သို့ပင်။

အနီရောင် နေကြီးတစ်ခုလုံးသည် ရှုပ်ထွေးလှသည့် တည်နေရာတစ်ခုလုံးကိုပင် တိုက်စားနေခဲ့၏။ နိဗ္ဗာန်နဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်ပြီးနောက် သူသည် အင်မော်တယ်အဆင့်သို့ ရောက်လုနီးပါးပင် ဖြစ်နေခဲ့၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် နှင့် ရင်ဆိုင်ရလျှင်တောင်မှ သူသည် အံ့အားသင့် စိုးရွံ့နေလိမ့်မည် မဟုတ်ချေ။

သူ၏ အမြင်အရဆိုလျှင် တစ်ဖက်လူနှင့်သူသည် တူညီသည့် အ​ခြေအနေတွင် တည်ရှိနေ၏။ လောကကြီး၏ နိယာမများက ကန့်သတ်ထားသောကြောင့်သာ ယခုလို အနည်းငယ် ကွာခြားနေခြင်း ဖြစ်သည်။ တစ်ဖက်လူအနေဖြင့် တည်နေရာ အတားအဆီးများကို ဖယ်ရှားလိုက်သည်နှင့် သူသည် တစ်ချို့သော ဉာဏ်အလင်းကို ရရှိမှာ ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူအနေဖြင့် ထိုအတားအဆီးကို ဖယ်လိုက်ပါက သံသယရှိစရာမလိုအောင် သူ့အား အခွင့်အရေးပေးသလို ဖြစ်လိမ့်မည်။ ထို့အပြင် တစ်ဖက်လူကို သူ အနိုင်မရရှိနိုင်လျှင်တောင်မှ အသက်ရှင်လျက် ထွက်ပြေးနိုင်စွမ်းရှိသည် သူ့၌ဝှက်ဖဲပေါင်းများစွာ တည်ရှိနေသည် မဟုတ်ပါလား။

"ဒီလိုလား "

လီယွင်က ထပ်မံကာ ပြောဆိုလိုက်၏။ သူသည် ထိုစကားစုကို ပြောလိုက်သည့် အချိန်၌ သူ၏ မျက်နှာသွင်ပြင်ကို မပြောင်းလဲခဲ့ချေ။ လက်နှစ်ဖက်သည် နောက်ပစ်လျက်သား ရပ်နေ၏။ ခြေထောက်ကို မြောက်ပြီးနောက် ရှေ့ဆီသို့ အသာလှမ်းတက်လိုက်၏။

ချက်ချင်းပဲ ပေါက်ကွဲသည့် အသံတစ်ခုက ဖြစ်တည်လာခဲ့ပြီး လောကကြီးတစ်ခုလုံး တောက်ပသည့် အလင်းတန်းများနှင့် ပြည့်နှက်သွားခဲ့၏။ ကြည့်ရသည်မှာ ကောင်းကင်နှင့် မြေပြင်သည် ပြောင်းပြန်လှန်လိုက် သကဲ့သို့ပင်။

ကောင်းကင်မူလလောကကြီးသည် မိုးခြိမ်းသံများနှင့် ဆူညံပွက်လောရိုက်ကုန်၏။ အလင်းတန်းများသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီးနောက် တည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ နတ်အဆင့် ရောင်စဉ်ရောင်ဝါများသည် လွှမ်းခြုံထားပြီး လီယွင်အား ဆန်းကြယ်လှသော လူတစ်ယောက်အဖြစ် ဖန်တီးပေးလေ၏။

ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိပြီး အရာအားလုံးသည် လွင့်စင်သွားကုန်သည်။ အခြေအနေတစ်ခုလုံးသည် တကယ်ပင် ဆိုးဆိုးရွားရွားပင်။

"ဝေါ့ " အင်ပါယာကျန်းထျန်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တုံ့ပြန်နိုင်ခြင်း မရှိသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များသည် သူ့ထံသို့ ကျဆင်းလာခဲ့၏။ ပြီးသည့်နောက် သူ၏ ပုခုံးကို အသာဖိနှိပ်ထား၏။ လက်ရှိအချိန်မှာတော့ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ဖြူလျော်သွားခဲ့ပြီး ခြေထောက်များသည်လည်း ကွေးညွှတ်လာခဲ့၏။ မြေပေါ်သို့ ဒူးထောက်ချလုမတတ်ပင်။ သွေးများ အန်ထွက်လာပြီးသည့်နောက် အခြေအနေသည် တကယ်ပင် ကြည့်ရဆိုးလာခဲ့သည်။

"မဖြစ်နိုင်ဘူး။" အင်ပါယာကျန်းထျန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများနှင့် ပြည့်နှက်လာခဲ့၏။ ၎င်းသည် အသက်ကို မြန်မြန်ရှုလျက် ရှိနေ၏။ အလင်းတန်းများသည် ၎င်း၏ ခန္ဓာကိုယ်ကို ထွန်းလင်းလျက် ရှိနေပြီး ဖိနှိပ်ထားအား ချိုးဖျက်နိုင်ရန် ကြိုးစားနေ၏။

သို့ပေမဲ့ သူသည် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားသော အရာသည် အားနည်းမလာရုံသာမက ပိုမိုကာပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်အားအဖြစ် တိုးပွားလာသည်။

နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သနည်း။ သူ့အနေဖြင့် ပထမဆုံး အင်ပါယာဖြစ်လာစဉ်တည်းက အင်ပါယာလမ်းစဉ်ကို လျှောက်လမ်းနေကြသူ များထက် ခြေတစ်လှမ်းသာခဲ့၏။ အင်ပါယာဖြစ်လာရမည့် လမ်းတွင် ထိုသူများကို ဖြတ်လျှောက်ကာ နင်းခဲ့၏။ သူ့အနေဖြင့် လောက၏ အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိလာသည့် အချိန်တွင် သက်ရှိသတ္တဝါတို့ မော့ကာ ကိုးကွယ်ရမည့် လူတစ်ယောက် ဖြစ်လာခဲ့၏။ သူပြိုင်ဖက်ကင်း ဖြစ်လာခဲ့သည့် အချိန်တွင် သွေးနတ်ဆိုးလောကကြီး၌ သူ့အား တုဖက်ပြိုင်နိုင်သူ ဟူ၍ မရှိတော့ချေ။

လောကကြီးတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ပြီး သူ့အားစတေးခံရန် စောင့်မျှော်နေခဲ့ရ၏။ သူ့၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိ၏။ အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းနိုင်ရန်ပင်။

သူသည် သွေးနတ်ဆိုးလောကကြီးကို ဖျက်ဆီးပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်ရန်အတွက် ကြိုးစားခဲ့လေ၏။ နောက်ဆုံးရလဒ်မှာတော့ သု့အား တကယ်ပင် စိတ်ပျက်စေခဲ့၏။ တစ်လောကလုံးကို သွေးစတေးမှု ပြုလုပ်ခြင်းအားဖြင့် သူ့အား အင်မော်တယ်တစ်ယောက် ဖြစ်မလာနိုင်ခဲ့ချေ။ အင်မော်တယ်အဆင့်ဆီသိူ့ ချိုးဖျက်ဝင်ရောက်နိုင်လု နီးပါးအထိသာ ရောက်ရှိလာခဲ့၏။ ခြေတစ်လှမ်းမှာတော့ ဝေးကွာလျက် ရှိနေသေး၏။

သူသည် အသေင်္ချ များပြားလှသော လောကများထဲတွင် ပြိုင်ဖက်ကင်းမဟုတ်လျှင်တောင်မှ တစ်ချို့သော အင်မော်တယ်များ နှင့် လက်ရည်တူတွင် ရှိနေမည်ဟု ထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ သူ မထင်မှတ်ထားလောက်အောင် ကောင်းကင်မူလလောကကြီးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည့် အချိန်မှာတော့ အလွန်ဆန်းကြယ်လှပါသည်ဆိုသော အင်မော်တယ်တစ်ယောက်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့လေသည်။

ပြိုင်ဘက်သည် လှုပ်ရှားတိုက်ခိုက်မှုကိုပင် မပြုလုပ်ခဲ့ချေ။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူ့ကို အလုံးစုံ ဖိနှိပ်လို့ နေခဲ့သည်။ မယုံကြည်နိုင်စရာ ကောင်းလွန်းလှချေသည်။ ရှင်းလင်းစွာပင်။ ၎င်းသည် အင်မော်တယ် ဖြစ်လာရန်အတွက် ဆံခြည်တစ်မျှင်စာလျှင် ကွာဝေးတော့သည့် လူတစ်ယောက်သာ ဖြစ်၏။ အဘယ်ကြောင့် အစစ်အမှန် အင်မော်တယ်တစ်ယောက်နှင့် ဤမျှ ကြီးမားသော ကွာခြားချက် ရှိနေရသနည်း။

“ဒီလောကကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကျုပ်က အင်မော်တယ်တစ်ယောက် ဖြစ်လာရမယ်။”

“ခင်ဗျားကို အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မပြောပါဘူး။ အင်မော်တယ်တစ်ယောက် ဖြစ်လာမယ်ဆိုရင်တောင်မှ ခင်ဗျားက ပုရွက်ဆိတ်လေး သာသာပဲ။ ခင်ဗျားက သက်ရှိသတ္တဝါတွေ အားလုံးကို ပုရွက်ဆိတ်လို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ ခင်ဗျား မသိတာက ခင်ဗျားက တခြားသူ တစ်ယောက်ယောက်ရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်လေး တစ်ကောင်သာသာပဲ။ ဒီတော့ ကျုပ်ရဲ့ရှေ့မှာ ခင်ဗျားက မတ်တပ်ရပ်ပြီး စကားပြောဖို့ အရည်အချင်းဆိုတာ လုံးဝ မရှိဘူး” လီယွင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ထိုစကားစုသည် မကျယ်လှချေ။ သို့ပေမဲ့ အင်ပါယာကျန်းထျန်၏ နားထဲတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။ သူ မတုံ့ပြန်နိုင်ခင်မှပဲ လီယွင်သည်‌ နောက်ထပ် ခြေတစ်လှမ်းကို လှမ်းလိုက်သည်။

ဘုန်း

ဆန်းကြယ်လွန်းလှသည့် စိတ်ဆန္ဒများ ပေါက်ကွဲထွက်သွားခဲ့၏။ လီယွင်သည် အလင်းတန်းများဖြင့်‌ တောက်ပလျက် ရှိနေပြီး ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည်လည်း တုန်ခါလျက် ရှိနေ၏။

အကန့်အသတ်မဲ့ ကျယ်ပြောလွန်းလှသည့် လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း ပြိုလဲလျက် ရှိနေလေ၏။ ကောင်းကင်အထက်တွင် ရှိနေသည့် ကြယ်များပင်လျှင် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ အောက်သို့ ကြွေကျကုန်သည်။

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တပြိုင်နက် လောကကြီးတစ်ခုလုံး အဆုံးသတ်ဆီသို့ ရောက်ရှိလုနီးပါးပင်။ ထိုအရာကို ခုခံနိုင်ရန်အတွက် အင်အားဟူ၍ မရှိကြချေ။ ထို့ကြောင့် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ကြည့်ရှုခြင်း ကိုသာလျှင် ပြုလုပ်နိုင်ကြ၏။

ဖောက် ဖောက် ဖောက်

အဆုံးမဲ့ နက်ရှိုင်းသည့် ကောင်းကင်ယံကြီး အထက်တွင်တော့ စကြဝဠာကြီး တစ်ခုလုံးသည် ပြိုလဲလုမတတ်ပင် တုန်ခါလျက် ရှိနေတော့၏။ လီယွင်ကို ဗဟိုပြုပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်း များသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့နေခဲ့၏။ ကြည့်ရှုရသည်မှာ ကြောက်လန့်ဖွယ်ကောင်းသည့် မြင်ကွင်း တစ်ခုကဲ့သို့ပင်။

ဘုန်း ဂျိန်း

ရှုပ်ထွေးလွန်းလှသည့် အခြေအနေ တစ်ခုဖြစ်တည်လာခဲ့ပြီး သန့်စင်လွန်းလှသည့် ချီများသည် အောက်ဆီသို့ ကျဆင်းလာခဲ့၏။ အင်ပါယာ ကျန်းထျန်သည် တကိုယ်လုံး သွေးများ စွန်းထင်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဖိအားသည် အဆုံးစွန်သော အခြေအနေဆီသို့ ရောက်ရှိလာ၏။ ၎င်း၏ မျက်ခုံးများသည် ကုပ်လျက်ရှိ၏။ သူသည် ခုခံရန် ကြိုးစားနေသည်။ သို့ပေမဲ့ မည်သို့မှ မဖြစ်နိုင်ချေ။

ဘုတ်

လောကကြီးတစ်ခုလုံး တုန်ခါလျက် ရှိနေတုန်းမှာပဲ သူသည် မြေပြင်၏ အရှေ့၌ ဒူးထောက်ထိုင်ချပြီး ဖြစ်နေ၏။ တလောကလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့၏။ မြင်မြင်သမျှ အရာအားလုံးကို မယုံကြည်နိုင်သလို ဖြစ်မိနေကြသည်။

အင်မော်တယ်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည့် အင်ပါယာကျန်းထျန်ကဲ့သို့ အားကောင်းလွန်းလှသည့် တစ်စုံတစ်ယောက်သည် တကယ်ပဲ ဒူးထောက်ခြင်းကို ပြုလုပ်ခဲ့လေသည်လား။ ထို့အပြင် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် ၎င်း၏ စိတ်ဆန္ဒစွမ်းအင်ကို ထုတ်ဖော်ခဲ့ခြင်းသာဖြစ်၏။ တိုက်ခိုက်မှုစွမ်းအင် များကို တစ်ခုကလေးမှ ထုတ်ဖော်ခြင်း မရှိသေးချေ။

“ကျုပ်ကို ဒူးထောက်အောင် လုပ်ရဲတယ် ဟုတ်လား”

အင်ပါယာကျန်းထျန်က ရုတ်တရက် အော်ငေါက်လိုက်၏။ ကြီးမားလွန်းလှသည့် အမဲရောင်အရိပ်ကြီးသည်သူ၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာကြီးသည် ကြီးမားလွန်းလှသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ပင် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံလာခဲ့၏။ ပုံပေါ်လာသည်နှင့်တပြိုင်နက် ၎င်းသည် ခုန်ဝင်ကာဖြင့် လီယွင်ကို ဝါးမျိုရန် ကြိုးစားတော့၏။

သွေးနတ်ဆိုးလောကကြီးကို စတေးမှု ပြုလုပ်ပြီးသည့်နောက် ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် ရှိခဲ့သည့် သက်ရှိ သတ္တဝါပေါင်းများစွာတို့သည် ၎င်း၏ သွေးစတေးမှုအတိုင်း အပြုခံနေရ၏။ ထို့ကြောင့်ပင်လျှင် ထိုသတ္တဝါများ အားလုံးတို့သည် လက်ရှိအချိန်တွင် ကြီးမားသည့် ပုံရိပ်ယောင်ကြီးအဖြစ် ဖြစ်တည်ကာ သူခိုင်းစေနိုင်သည့်အရာ ဖြစ်လာခဲ့သည်။

သူသည် လီယွင်ကို ထိုအကောင်ကြီးနှင့် တိုက်ခိုက်ရုံတင်မက သူဖန်တီးခဲ့သည့် ပုံရိပ်ယောင် ကမ္ဘာကြီးနှင့် ချုပ်နှောင်ရန်လည်း ကြိုးစားခဲ့၏။ အစစ်အမှန် ပြောဆိုရမည်ဆိုလျှင်တော့ အင်ပါယာကျန်းထျန်သည် သမိုင်း မှတ်တမ်းထဲတွင် တကယ့်ကို ဩချရလောက်မည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကြီးမားလှသည့် ပါရမီကို ပိုင်ဆိုင်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

All Chapters