← Chapters

အပိုင်း (၁၃၇)

Vol. 10 Ch. 137

အပိုင်း (၁၃၇)

Vol. 10 Ch. 137

အရှေ့ဘက် အစွန်ဆုံးတည်နေရာရှိ မွန်းစတားကလန်တစ်ခု

အလွန်ရှည်လျားပြီး ကြီးမားလွန်းလှသည့် နတ်ဘုရားသစ်ပင်ကြီးတစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များကို ဝါးမြိုစုပ်ယူလျက် ရှိနေပြီး နေနှင့်လ၏ အဆီအနှစ်များကိုလည်း စုစည်းနေ၏။ ၎င်းသည် နတ်ဘုရားအလင်းတန်းများကို ထုတ်ဖော်လျက်ရှိနေပြီး တာအို၏အရိပ်အယောင်များကိုပင် ထုတ်ဖော် ပြသလျက်ရှိ၏။

သစ်ပင်ကြီး၏ ထိပ်တည်နေရာတွင် ဆန်းကြယ်လွန်းလှသည့် နန်းတော်ကြီးတစ်ခုအား မားမားမတ်မတ် တည်ဆောက်ထား၏။ ထိုအရာဆီမှ ရွှေရောင်အလင်းတန်းများသည် တရိပ်ရိပ်နှင့်ထွက်ပေါ်နေသည်။

၎င်းနန်းတော်ကြီးဆီမှ ထွက်ပေါ်လျက်ရှိနေသည့် ဖိအားသည် တည်နေရာကြီးတစ်ခုလုံးကိုပင် ဖိသိပ်ကြပ်ညှပ်စေ၏။

နန်းတော်၏အရှေ့တွင်တော့ ရွှေရောင်ဆံပင်နှင့် လူရွယ်သုံးယောက်တို့သည် ဘေးချင်းယှဉ်ကာ ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ သူရဲကောင်းကဲ့သို့သော အော်ရာများထွက်ပေါ်နေ၏။ ၎င်းတို့သည် မျက်လုံးကို ဖွင့်လိုက်သည့်အချိန်မှာတော့ နေလုံး၏ မီးတောက်ကဲ့သို့သော အော်ရာများ ထွက်ပေါ်လာကြသည်။

၎င်းတို့သုံးယောက်သည် ရွှေကျီးကန်းကလန်၏ မင်းသားသုံးပါးပင်ဖြစ်လေ၏။ သက်တူရွယ်တူ လူငယ်များ ကြားထဲတွင် ထူးချွန်လှသည့် ပါရမီကို ပိုင်ဆိုင်လွန်းသည့် သူများလည်းဖြစ်လို့နေ၏။

၎င်းတို့၏ ခြေထောက်အောက်တွင်တော့ နတ်ဘုရားသစ်ပင်ကြီးတစ်ခုတည်ရှိနေ၏။ ထိုအရာသည် ဖူဆန်နတ်ဘုရား သစ်ပင်ဟု အမည်ခေါ်တွင်ပြီး မွန်စတားကလန်များထဲတွင် နံပါတ်တစ် နတ်ဘုရား သစ်ပင်လည်းဖြစ်လေသည်။

အတိတ်တုန်းက ရွှေကျီးကန်းကလန်မှ အင်ပါယာသည် ဤသစ်ပင်ကြီးကို စိုက်ပျိုးခဲ့၏။ လက်ရှိအခြေအနေမှာတော့ တော်ဝင်အင်ပါယာတစ်ယောက်၏ အော်ရာများစုဝေးလျက်ရှိနေပြီး လူငယ် မျိုးဆက်များအနေနှင့် ၎င်းတို့၏ ဘိုးဘေးများ၏ လမ်းစဉ်ကို သေသေချာချာ နားလည်နိုင်စွမ်းရှိသည့် အထူး တည်နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“အကြီးဆုံးအစ်ကို... ကျင်းချန်က လူသားမျိုးနွယ်ဆီကိုသွားတယ်” ဘယ်ဘက်ခြမ်းတွင်ရှိ နေသည့် ရွှေကျီးကန်းကလန်၏ မင်းသားသည် ထကာပြောဆိုလိုက်သည်။

“ဟုတ်တယ်။ ကြာပေါ့”

ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသားသည် အလယ်ဗဟိုတွင်ရပ်လျက်ရှိနေ၏။ ၎င်း၏ လက်ထဲတွင် သတင်းပေးပို့သည့် ကျောက်စိမ်းပြား ပေါ်ပေါက်လာခဲ့၏။ လက်ချောင်းများနှင့် အသာဖိညစ်ပြီးသည့်နောက် ကျောက်စိမ်းပြားသည် ကွဲကြေသွားခဲ့၏။

ပါဝင်သည့်အကြောင်းအရာသည် ရွှေရောင်ဘောလုံးကဲ့သို့ပင် ဖြစ်တည်ကာ အရှေ့ဆီ၌ ပေါ်ပေါက်လာခဲ့သည်။

ရွှေရောင်အလင်းတန်းများသည် လေဟာနယ်ထဲတွင် စာကြောင်းတစ်ခုအဖြစ် ပေါ်လာ၏။ ကျင်းချန်နှင့် တိုင်ချူးနတ်သားတို့တိုက်ပွဲကို အသေးစိတ် ရေးသားထားခဲ့ခြင်းပင်။

“လူသားပါရမီရှင်စာရင်းရဲ့ နှစ်ဆယ်လေးယောက်မြောက်လူက မွန်းစတားကလန်ရဲ့ ဆယ့်ခုနှစ်ယောက် မြောက်ပါရမီရှင်နဲ့ တိုက်ခိုက်ခဲ့တယ်။ စိတ်ဝင်စားစရာပဲ” ရွှေကျီးကန်းကလန်ရဲ့ အငယ်ဆုံးမင်းသားသည် လှောင်ချင်ပြောင်ချင်သည့် အရိပ်ယောင်များနှင့် ပေါ့ပေါ့ပါးပါးပြောလိုက်၏။

“ဒီကျင်းချန်က တကယ့်ကို လုပ်ရည်ကိုင်ရည် ရှိတာလား။”

“သူက အစစ်အမှန်ပုံစံကို အသွင်ပြောင်းပြီးမှပဲ လူသားမျိုးနွယ်ရဲ့ နှစ်ဆယ့်လေးယောက်မြောက် ပါရမီရှင်ကို အနိုင်ရတာမလား။ ဒါတောင်မှ ကောင်းကင်ဖမ်း နဂါးတိုက်ခိုက်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့ရသေး တယ်လေ။”

“ဘာပဲဖြစ်ြဖစ် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က အားကောင်းတယ်ဆိုတာတော့ ငြင်းပယ်လို့ မရဘူး” ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် အသာလက်ပိုက်ကာဖြင့် ပြောဆိုလိုက်သည်။

သူသည် မွန်းစတားကလန်၏ ပါရမီရှင်များစာရင်းကို အသာလှမ်းမျှော်ကြည့်ရှုပြီး ပြောပြလိုက်၏။ “နံပါတ်ခြောက်ယောက်မြောက်နေရာမှာ ရပ်တည်နေတာက အစစ်အမှန် နဂါးကလန်ကလေ။ နဂါးတွေကို တိုက်ခိုက်ခဲ့ဖူးတဲ့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်ကတော့ ဆယ့်ခုနှစ်ယောက်မြောက် စာရင်းမှာပဲရှိတယ်”

“တကယ့်ကိုသနားစရာပဲ။ ဒီပါရမီရှင်စာရင်းသာ ထွက်ပေါ်မလာဘူးဆိုရင် ရွှေတောင်ပံ တော်ဝင်ဖန်း ကလန်ကို အရမ်းအားကောင်းတယ်လို့ ငါထင်ထားမိမှာပဲ”

ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသားသည် အသာရယ်မောကာ ထူးမခြားနားသလို ပြောလိုက်သည်။

“ရွှေတောင်ပံတော်ဝင်ဖန်းကလန်က ကျဆုံးနေတာပဲ၊ ဒါပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက်ကတော့ ကျန်ရှိ နေသေးတယ်လေ၊ အနာဂတ်မှာ သူတို့အတွက် အခွင့်အရေးတွေရနိုင်သေးတယ်။ ငါ့ကို အံ့အားသင့်စေတာ လူသားမျိုးနွယ်တွေပဲ

“ဟမ်”

ရွှေကျီးကန်းကလန်မှ တစ်ခြားသော မင်းသားနှစ်ယောက်တို့သည် ပထမစာရင်း တည်နေရာတွင် ရှိနေသည့် ယုရှင်းချန်ကို လှမ်းကာကြည့်ရှုလိုက်၏။ သူမ၏နာမည်ကို မြင်ရသည့်အချိန်မှာတော့ မျက်မှောင်ကုပ်လိုက်မိ၏။ ဤလူ၏ နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးချေ။ သူမသည် ဆန်းကြယ်လွန်းလှသည့် ပုံပေါ်၏။

ဒုတိယအဆင့်ရှိ လူကို မြင်ရသည့်အချိန်မှာတော့ ရွှေကျီးကန်းကလန်မှ မင်းသားများသည် လေးလေးနက်နက် အမူအယာ ဖြစ်တည်သွားခဲ့ကြ၏။ အင်ပါရီယာရီကလန်မှ မျိုးဆက်သစ်တစ်ယောက်ဖြစ်နေသည်လား။

“လူသားမျိုးနွယ်တွေ အခက်ခဲဆုံးဖြစ်နေတဲ့ အချိန်အတောအတွင်းမှာ တိုးတက်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ဖန်တီးခြင်း တော်ဝင်အင်ပါယာရဲ့ မျိုးဆက်သစ်လေ။ သူက ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ဒုတိယမြောက် တည်နေရာကို ရောက်နေတာလား” ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားသည် မှတ်ချက်ပြုလိုက်သည်။

ဖန်တီးခြင်း တော်ဝင်အင်ပါယာသည် တကယ်ပင် ရီချန်၏ ဘိုးဘေးကြီးဖြစ်၏။ အင်ပါယာ ခြောက်ယောက်တို့ ယှဉ်တွဲတည်ရှိ နေထိုင်စဉ်က လူသားမျိုးနွယ်မှ အင်ပါယာနှစ်ယောက်၊ မွန်းစတား ကလန်မှ အင်ပါယာ သုံးယောက်နှင့် နတ်ဆိုးကလန်မှ အင်ပါယာတစ်ယောက်တို့ ရှိခဲ့ဖူးသည်။ ရီချန်၏ ဘိုးဘေးသည် လူသားအင်ပါယာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်လို့နေ၏။

“အင်း... လူသားမျိုးနွယ်တွေကလည်း တကယ့်ကိုလုပ်ရည်ကိုင်ရည်ရှိတာပဲ၊ ဒါမှမဟုတ် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အဆင့်သတ်မှတ်ချက်မှာ အမှားအယွင်းဖြစ်ခဲ့တာလား” တတိယမင်းသားသည် အမှတ်မထင်ပြောဆိုလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်က ငါတို့ မွန်းစတားကလန်အနေနဲ့ မရင်းနှီးသလို ခံစားရတယ်။ ဒါပေမဲ့ လူသားမျိုးနွယ်တွေအတွက်တော့ ကြီးမားတဲ့ အသိအမှတ်ပြုစရာ တစ်ခု ဖြစ်မဲ့ပုံပဲ” ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသားသည် စာရင်းကို လှမ်းကာကြည့်ရှုလိုက်သည်။ သူ၏ အသံသည် အေးစက်တည်ငြိမ်လျက်ရှိနေ၏။

“သူဖန်တီးထုတ်လုပ်ထားတဲ့ ကောင်းကင်ပါရမီရှင်စာရင်းက သံသယဝင်စရာ မရှိအောင် မှန်ကန်နိုင်တယ်။ ကျုပ်တို့ဘိုးဘေးတွေရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့တဲ့ အင်ပါယာရဲ့မျိုးဆက်က ကောင်းကင်ပါရမီရှင်စာရင်း မှာ ဒုတိယမြောက်ဖြစ်လာတယ်။ ဒါပေမဲ့ ကြည့်ရတာ လူသားမျိုးနွယ်တွေက ဘာမှထူးခြားတာ မဟုတ်ပါဘူး” ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် အထင်အမြင်သေးသလို ပင်ပြောဆိုလိုက်၏။ သူသည် အတိတ်ကဖြစ်ရပ်များကို ပြန်လည်ကာ စဉ်းစားနေသကဲ့သို့ပင်။

သူက ပြောလိုက်မိသည်။ “တခြား ကျန်တဲ့ လူသားအင်ပါယာတစ်ယောက်ကသာ ကြားဝင်ပြီး မတိုက်ခိုက်ခဲ့ဘူး ဆိုရင် ရီကလန်ရဲ့ ဘိုးဘေးကြီးက သူ့နယ်မြေဆီကိုတောင် ပြန်နိုင်မှာမဟုတ်ဘူး။ တော်ဝင်အင်ပါယာရဲ့ အင်ပါရီယာလက်နက်တောင်မှ ရီကလန်ဆီကို ပြန်ရောက်ခိုက်မှာမဟုတ်ဘူး”

ရှေးတုန်းက လျှို့ဝှက်ချက်များ ပါဝင်ခဲ့သည့် ကိစ္စဖြစ်၏။ ဤအရာသည် ဆန်းကြယ်လွန်းလှပြီး ပြင်ပလူများ မသိရှိသော အရာပင်။

သို့ပေမဲ့ ရွှေကျီးကန်းကလန်မှ မျိုးဆက်သစ်များအတွက်တော့ လျှို့ဝှက်ချက် မဟုတ်ပေ။ ၎င်းတို့ဘိုးဘေး၏ ကြီးမားလှသည့် အောင်မြင်မှုသည် ၎င်းတို့၏ ဂုဏ်ယူဝံ့ကြွားရသည့်အရာပင် ဖြစ်၏။ ၎င်းတို့၏ အင်ပါယာသည် အဆင့်တူချင်း၌ ရှိနေသည့် အင်ပါယာတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့၏။ အင်ပါယာများ၏ သမိုင်းသည် မည်မျှကြီးကျယ်လှသည့် မှတ်တမ်းမှတ်ရာနည်း။

“အဲတုန်းက လူသားမျိုးနွယ်ရဲ့ တခြားအင်ပါယာ တစ်ယောက်သာ အသက်ရှင်ကျန်ရစ်တာ မဟုတ်ဘူးဆိုရင် ကျုပ်တို့ဘိုးဘေးက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှာ မဟုတ်ဘူး။ ဒါဆိုရင် လူသားမျိုးနွယ်တွေအနေနဲ့ ခုချိန်ထိ ရှိဖို့တောင် မသေချာဘူး။”

“လူသားမျိုးနွယ်ရဲ့ ဒုတိယပါရမီရှင် ရီချန်၊ အနာဂတ်မှာ တိုက်ခိုက်ကြည့်ရမယ်” ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် တွေးတွေးဆဆဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“တိုက်ခိုက်ကြည့်ရမယ် မဟုတ်ဘူး။ တိုက်ကို တိုက်ခိုက်ရမှာ” ရွှေကျီးကန်းကလန်၏ အကြီးဆုံးမင်းသား သည် အသာလက်ပိုက်ကာဖြင့် ပြောဆိုလိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည်။

အတိတ်တုန်းက ၎င်းတို့၏ ဘိုးဘေးကြီးသည် လူသားမျိုးနွယ်၏ ဘိုးဘေးကို သတ်ဖြတ်ပစ်ခဲ့၏။ ၎င်းတို့သည် လည်း လူသားမျိုးနွယ်၏ မျိုးဆက်သစ်များကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ရပေလိမ့်မည်။ ဤအရာသည် လောကကြီး၏ ထာဝရ နိယာမသဘောတရားပင်။ မည်သူမျှ တွန်းလှန်ပစ်၍ မရနိုင်ချေ။ သူတို့သည် အစစ်အမှန်အားကောင်း လွန်းလှချေ၏။

…….

တချိန်တည်းမှာပဲ မိုင်ပေါင်းများစွာဝေးကွာလှသည့် တည်နေရာ၌ ကြေးရောင်စစ်ရထားကြီးတစ်လုံးသည် အမြန်ဆုံးနှုန်းဖြင့် ခရီးနှင်လျက်ရှိ၏။ ထိုရထားလုံး၏အထဲတွင်တော့ အရပ်ရှည်ရှည်ဖြင့် ဆန်းကြယ်လွန်းလှသော ပုံရိပ်ယောင်လူတစ်ယောက်သည် မတ်မတ်ထိုင်လျက် ရှိနေ၏။ ၎င်းသည် အင်ပါယာ တစ်ယောက် ဆင်းသက်လာသကဲ့သို့ပင်။

“တိုင်ချူးနတ်သားတော်နဲ့ ကျင်းချန်တို့ရဲ့ တိုက်ပွဲလား”

ရီချန်သည် လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားခဲ့၏။ သတင်းအချက်အလက်ကို သူရရှိခဲ့၏။ “တိုင်ချူးနတ်သားတော် က လူသားမျိုးနွယ်ရဲ့ ကောင်းကင်ပါရမီရှင် စာရင်းတွင် နှစ်ဆယ့်လေးယောက်မြောက် စာရင်းအဆင့်လားပဲ။ သူ့ရဲ့ အားအင်အဆင့်က အားမနည်းဘူး။ ဒါတောင်မှ ကျင်းချန် လောက် အားမကောင်းဘူးလား”

“အင်း”

၎င်းသည် နတ်ဘုရားအသိမြင်များကို ဖြန့်ကျက်ကာဖြင့် သတင်းအချက်အလက်များကို သေသေချာချာ ဖတ်ရှုလိုက်၏။ ရလဒ်ကို မြင်ရပြီးသည့်နောက် သူသည် ခေါင်းညိတ်လိုက်မိ၏။ ထင်မှတ်ထားသည့် အတိုင်းပင်။ တိုင်ချူးနတ်သားတော်သည် ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင်မှ ကျင်းချန်မှာ ၎င်း၏ အစစ်အမှန်ပုံစံ ကို ထုတ်ဖော် အသက်သွင်းကာ တိုက်ခိုက်ခဲ့ရသည်။

“ဟမ်”

တိုက်ပွဲတွင် ပါဝင်သည့်အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် ရီချန်သည် အသံပင် ထွက်လာခဲ့မိ၏။ ၎င်း၏နောက်တွင် တခြားမှတ်တမ်းမှတ်ရာလည်း တည်ရှိနေသေး၏။

“ဒါ စီနီယာနန်းဆောင်သခင် ဖန်တီးခဲ့တဲ့ စာရင်းအသစ်လား။ မွန်းစတားကလန်တွေရဲ့ ကောင်းကင် ပါရမီရှင်စာရင်း ဟုတ်လား” ရီချန်ကတီးတိုးရေရွတ်လိုက်မိသည်။

စာရင်းကို ပြန်လည်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ တတိယနေရာတွင် ရှိနေသည့် ရွှေကျီးကန်းကလန် မင်းသား၏ နာမည်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အေးစက်သွားခဲ့၏။ “ရွှေကျီးကန်းကလန်ကလည်း ဒီစာရင်းထဲမှာ ပါဝင်နေတာလား”

All Chapters