အခန်း (၁၇၆)
Vol. 12 Ch. 176
တိုက်ပွဲအတွင်းမှာတော့ ရီချန်၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေ၏။ ၎င်းသည် သူရဲကောင်းဆန်သော ဟန်ပန်အမူအရာမျိုးဖြင့် သွေးများစွန်းထင်းလျက်ရှိသော လှံကြီးကို ကိုင်ဆောင်ထား၏။ ကြည့်ရှုရသည်မှာ တကယ်ပင် အားကောင်းလွန်းလှချေသည်။ အရှိန်အဟုန် ပြင်းထန်လှသည့် နတ်ဘုရားအလင်းတန်းများသည် တလက်လက် တောက်ပလျက် ရှိနေပြီး ၎င်း၏ တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် ကောင်းကင်ကြီးကို ထိုးခွင်းလုမတတ်ပင်။
နှစ်ယောက် တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေရပြီး အောက်စည်းဘက်သို့ ရောက်ရှိနေသည်ဆိုသော်လည်း သူသည် မယုံကြည်နိုင် လောက်အောင် အားကောင်းလှသော ဟန်ပန်အမူအရာမျိုးကို ထုတ်ဖော်လျက် ရှိနေတုန်းပင်။ သူတို့ တိုက်ခိုက်လျက်ရှိနေသည့် တည်နေရာ တစ်ခုလုံးသည်လည်း ရှုပ်ပွပြီး စုတ်ပြတ်သတ်လျက် ရှိနေလေ၏။
သုံးယောက်သား ရင်ဆိုင်တိုက်ခိုက်သည့်အချိန်တွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး လူတော်တော်များများတို့သည် ထိုတည်နေရာတွင် မတ်မတ်ရပ်နိုင်စွမ်း မရှိကြချေ။ ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားကြ၏။ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် မြေပြင်နှင့်နိယာမ တစ်ခုလုံးသည် အားကောင်းလှသည့် သဘောသဘာဝများ မရှိသည်ဆိုပါက တည်နေရာကြီး တစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ဖြစ်နေမည်မှာ သေချာသည်။
"အင်း… ဒီပါရမီရှင်တွေ၊ လူသားကလန်ကပဲဖြစ်ဖြစ်၊ မွန်းစတားကလန်ကပဲဖြစ်ဖြစ် တကယ့်ကို တော်ဝင် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ ပုံပန်းသွင်ပြင်မျိုးရှိတဲ့ လူတွေကြီးပဲ" ကြည့်ရှုနေသည့် တချို့သော လူများသည် ဘေးတစ်ဖက်ဆီမှ သုံးသပ်လျက် ရှိနေကြ၏။
ဤတိုက်ပွဲကို မျက်မြင်တွေ့ဆုံခြင်းသာ မရှိဘူးဆိုပါက ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေကြသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မည်မျှအားကောင်းလှသည်ဆိုသည်ကို တကယ်ပင် ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။ ယခု ကြည့်ရှုရသည်မှာ ကောင်းကင်ပါရမီရှင်စာရင်းတွင် ရှိနေသည့် တတိယမြောက်လူပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နေ၏။
လင်းကျန်သည် တကယ်ပင် မွန်းစတားကလန်၏ ကောင်းကင်ပါရမီရှင်စာရင်း ပထမနေရာတွင် ရှိနေသည့် ရှန်းရှန်နှင့် လက်ရည်ညီစွာ တိုက်ခိုက်လျက် ရှိနေ၏။ တကယ့်ကို မယုံကြည်နိုင်ဖွယ်ရာပင်။ အချိန်တို အတိုင်းအတာအတွင်း ရှိသည်ဆိုလျှင်တောင်မှ လင်းကျန် အနေနှင့် ဂုဏ်ယူရန် လုံလောက်နေသည့် အခြေအနေမျိုးပင်။
တိုက်ခိုက်မှု တည်နေရာအတွင်းမှာတော့ ရှန်းရှန်သည် သာမန်ထက်ပိုကာ ထူးချွန်လွန်းလှပြီး ရှေးမွန်းစတားတစ်ကောင်၏ အမူအရာမျိုးကို ထုတ်ဖော်ပြသနေ၏။ ၎င်း၏ တိုက်ခိုက်ချက် တစ်ခုလုံးသည် ကလည်း တကယ်ပင် ခန့်ညားပြီး အရှိန်အဝါ ကြီးမားလွန်းလှ၏။ ၎င်းအသုံးပြုသည့် လူဝံနတ်ဘုရား အတတ်ပညာသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး၏ စွမ်းအင်များကို စုစည်းကာ ထုတ်ဖော်တိုက်ခိုက် ရခြင်းဖြစ်၏။
တခြားတစ်ဖက်တွင် ရှိနေသည့် လင်းကျန်၏ ခန္ဓာကိုယ်အတွင်းတွင်တော့ အသက်ဓာတ်များ ဆူဝေလာခဲ့၏။ ၎င်းသည် နတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက် လက်သီးထိုးချက် တစ်ခုချင်းစီတိုင်း သည် စကြဝဠာရှိ ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ပင် တဖြောင်းဖြောင်းနှင့် အရှိန်အဟုန် ပြင်းထန်နေသည်။
ဤအရာသည် လူပေါင်းများစွာတို့အား တကယ်ပင် မခံမရပ်နိုင် ဖြစ်စေသည့် ခံစားချက်များကို ရရှိစေ၏။ ဖိအားဒဏ်သည် အလွန်ပင် ကြီးမားလွန်းလှ၏။ လင်းကလန်၏ ရှေးအင်ပါယာတစ်ယောက် ပြန်လည် မွေးဖွားလာသကဲ့သို့ပင် လင်းကျန်သည် အစွမ်းပြလျက် ရှိနေ၏။
"ဒီနေ့တိုက်ပွဲက တကယ်ကို သမိုင်းဝင်မယ့် တိုက်ပွဲမျိုးပဲ" တစ်စုံတစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။
"အမှန်ပဲ"
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြသူတစ်ယောက်က ဦးခေါင်းညိတ်လိုက်၏။ သူသည် လေးနက် တည်ကြည်စွာ ပြောလိုက်၏။ "အင်း… အခုခေတ်မလို့လေ။ အနာဂတ်ရောက်ရင် ဒီလူတွေက ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အင်ပါယာတွေ ဖြစ်လာမှာ မြင်ယောင်နေသေးတယ်"
"ကျုပ်တို့ လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမဖြစ်တဲ့ ယုရှင်းချန် ရောက်မလာသေးဘူးလေ။ မွန်းစတားကလန်ရဲ့ အဖွဲ့ဝင်တွေ အားလုံးက ဒီလောက် ရုန်းကန်နေရပြီ။ ယုရှင်းချန်သာ ရောက်လာပြီဆိုရင် မွန်းစတားကလန်ကလူတွေ ဘာခံနိုင်မှာလဲ" လူသားကျင့်ကြံသူတစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ မှတ်ချက်ပြုလိုက်သည်။
"အရမ်းကြီး အောင်ပွဲခံမနေနဲ့အုံး။ လင်းကျန်က တဖြည်းဖြည်း အောက်စည်းရောက်တော့မယ်"
ဦးချိုတစ်ခု ရှိနေသည့် မွန်းစတားသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "လင်းကျန်သာ ရှုံးသွားပြီဆိုရင် ရီချန်ကတော့ တစ်ယောက်တည်း ကျန်ခဲ့တော့မယ်နော်။ ဒီတစ်ကြိမ်မှာတော့ လျှို့ဝှက်နယ်မြေထဲမှာ လူသားကလန်တွေက ဟာသလုပ်စရာ ဖြစ်သွားလိမ့်မယ်"
"ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသား အသတ်ခံရလုနီးပါး ဖြစ်သွားတာကော မသိသေးဘူးလား" တစ်စုံတစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ လှောင်သလိုပြောင်သလို သတိပေးလိုက်သည်။
တခြားတစ်ဖက်ခြမ်းတွင် ရှိနေသည့် ကျန်းပိုင်ချွမ်းမှာတော့ သူ၏အော်ရာများကို ဖိနှိပ်ထားခဲ့သည်။ သူသည် တိုက်ပွဲတည်နေရာဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့ပြီး သူ၏အနား တည်နေရာထဲတွင် ဆွေးနွေးလျက် ရှိနေသည့် အကြောင်းအရာများကို နားထောင်လျက် ရှိနေသည်။ သူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ကံကောင်းစွာဖြင့် ဤလူများ အားလုံးသည် တိုက်ပွဲကို အာရုံစိုက်ထားသည် ဖြစ်သောကြောင့် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို သိပ်ပြီး ဂရုမစိုက်ကြချေ။
နားလည်လွယ်၏။ လက်ရှိအခြေအနေတွင် မည်သူမှသည် ဤကဲ့သို့သော ထိပ်တန်းပါရမီရှင်များ တိုက်ခိုက်နေသည့် မျက်စိရှေ့မှောက်တွင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို တစ်စုံတစ်ယောက် လူယုလိမ့်မည်ဟု ထင်မှတ်လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်သည် ထိုအရာကို ပြုလုပ်သည်ဆိုလျှင်လည်း ကျိန်းသေပေါက် ဖုဖောင်းနေအောင် ရိုက်နှက်ခံရမှာ သေချာ၏။
ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် တည်ရှိရာ မိုင်တစ်ရာအတွင်း ဝင်ရောက်ပြီးသည့်နောက် ကျန်းပိုင်ချွမ်းက ရပ်တန့်လိုက်၏။ သူသည် အကွာအဝေးကို ချိန်ဆထားပြီးသားဖြစ်၏။ ဒီထက်နည်းနည်း နီးသွားမည်ဆိုလျှင် သူ့ကို သိရှိသွားမှာ သေချာသည်။
နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တိုက်ပွဲကို အာရုံစိုက်လျက် ရှိနေသည်ဆိုသော်လည်း စိတ်ဝိညာဉ်ဆေးပင်ကို အလုံးစုံ လျစ်လျှူရှုထားသည် မဟုတ်ချေ။ ၎င်းတို့သည် အရူးများ မဟုတ်ကြပေ။ တိုက်ခိုက်ရင်း ခဏဆိုသလို လှမ်းကာကြည့်ရှုနေ၏။ တစ်စုံတစ်ယောက်သည်သာ ထိုအပင်ကို လှမ်းကာ ခူးလိုက်သည်နှင့်တပြိုင်နက် ၎င်းတို့အားလုံး ကျိန်းသေပေါက် အမဲဖျက်မှာသေချာ၏။
"မိုင်တစ်ရာပတ်လည်အဝေး …. ဒီနေရာက အချိန်ကိုက်ပဲ"
ကျန်းပိုင်ချွမ်း၏ လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာ၏။ သတင်းအချက်အလက်များကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူသည် သင့်လျော်ရာ တည်နေရာတစ်ခုကို ရှာဖွေလိုက်၏။ သူ၏ အောက် မြေတည်နေရာတစ်ခုကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူသည် အဝေးတစ်နေရာတွင် တိုက်ခိုက်လျက်ရှိနေသည့်လူများကို ထပ်မံကာ ကြည့်ရှုလိုက်သည်။
သူ၏ နှုတ်ခမ်းပါးထက်တွင် အပြုံးကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ သူ့အနေနှင့် အန္တရာယ်များလှသည့် တည်နေရာ တစ်ခုကို သေသေချာချာ ရှောင်ရှားခြင်းပင် ဖြစ်သည်။ လျှို့ဝှက်နယ်မြေအတွင်းတွင် နေရာအနှံ့၌ သားရဲရိုင်းများ တည်ရှိနေသလို မတူညီသည့် မျိုးစိတ်များကလည်း တည်ရှိနေ၏။
ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် အနီးအနားတွင် ခန့်မှန်း၍ မရနိုင်သည့် သားရဲများ ပုန်းအောင်းနေတာမျိုးလည်း ဖြစ်နိုင်၏။ အတားအဆီး အစီအရင်တစ်ခုကလည်း တည်ရှိလို့နေသေး၏။ ဆေးပင်၏ ရနံ့များသည် အစောင့်အရှောက်သားရဲများကို ဆွဲဆောင်မှာ သေချာသည်။
ယနေ့အချိန်မှာတော့ သားရဲများ အားလုံးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိနေသည် ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်သည် ဆေးပင်ကို ယူလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက် နိုးထကာ ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။
သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ရီကလန်နှင့် တခြားသောသူများသည် တိုက်ခိုက်ရေးတည်နေရာထဲတွင် တည်ရှိနေ၏၊ အစောင့်အရှောက် သားရဲရိုင်းများသာ နိုးထလာသည်ဆိုပါက ကျိန်းသေပေါက် အခြေအနေ တစ်ခုလုံးသည် သူတို့အတွက် ဆိုးရွားသည့် အခြေအနေသို့ ရောက်ပေလိမ့်မည်။
"ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကရတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို စောင့်ရှောက်တဲ့ အစောင့်အရှောက် သားရဲတွေအကုန်လုံးက သာမန်အဆင့် သားရဲတွေ မဟုတ်ဘူး။ သူတို့အတွက် တကယ့်ကို စိန်ခေါ်မှုတွေ ဖြစ်လိမ့်မယ်"
ကျန်းပိုင်ချွမ်းသည် မြေတည်နေရာတွင် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် သူ၏ လက်တွင် အမဲရောင် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ သူသည် မြေပြင်ကို ဖိနှိပ်လိုက်၏။ ပြီးနောက် တီးတိုး ရေရွတ်လိုက်တော့သည်။ "ထွက်ခဲ့စမ်း ငါ့ရဲ့သားရဲရိုင်းတွေ"
ဘုန်း
မြေပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီးသည့်နောက် ပေဒါဇင်ချီ အဝေးတွင် ရှိနေသည့် မြေပြင်တစ်ခုလုံးကို ထိုးခွင်းသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာ ပြီးသည့်နောက် ကျန်းပိုင်ချွမ်း တည်ရှိရာ မြေတည်နေရာတစ်ခုလုံးသည် အက်ကွဲကြောင်းများ ဖြစ်တည်လာ၏။
အားလုံးသော သူတို့သည် ထိုအသံကို ကြားရသည့်အချိန်မှာတော့ ရုတ်တရက်လှည့်ကာ ကြည့်ရှုလိုက်၏။ ကျန်းပိုင်ချွမ်းကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ မျက်နှာများသည် ပြောင်းလဲသွားကြသည်။ "ဘယ်လိုဖြစ်ပြီး ကျန်းပိုင်ချွမ်းက ရောက်လာပြန်ရတာလဲ"
"ဒီကောင် နည်းနည်းတော့ ထူးဆန်းတယ်။ လျှို့ဝှက်နယ်မြေထဲမှာ သူသွားတဲ့နေရာအကုန်လုံး သားရဲရိုင်းတွေ လိုက်ပါလာတာပဲ။ အံ့အားသင့်စရာကောင်းတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့အနားမှာ သားရဲရိုင်းတွေ မရှိပါလား"
"သူဘယ်ရောက်နေလဲဆိုတာကို မသိဘဲ နေမလား။ အခု ဒီနေရာမှာ ပါရမီရှင်တွေ အများကြီးရှိတယ်လေ။ ပြီးတော့ နေရာအနှံ့မှာ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေလည်း ရှိတယ်။ သားရဲရိုင်းတွေ လာမယ် ဆိုလို့ရှိရင် သူတို့အားလုံးကို လက်ဆောင်လာပေးသလို ဖြစ်သွားမှာပေါ့"
"ပြောရမယ်ဆိုရင် ကျန်းပိုင်ချွမ်း ဘာလုပ်နေတာလဲ။ သူက မြေကြီးကို ဘာလို့ တိုက်ခိုက်နေရတာလဲ။ အောက်မှာရှိတဲ့ မြေတွင်းတစ်ခုကို တူးယူချင်တာလား။ အစီအရင်ထဲကို ဝင်ပြီး ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို လုယူဖို့ စဉ်းစားနေတာလား"
ကျန်းပိုင်ချွမ်း၏ အမူအရာကို ကြည့်ရှုပြီးသည့်နောက် လူပေါင်းများစွာတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ဖြစ်တည်လာခဲ့ကြ၏။ ၎င်းတို့သည် လူရွှင်တော်တစ်ယောက်ကို ကြည့်ရှုနေရသကဲ့သို့ပင်။
ကောင်းကင် ပါရမီရှင်စာရင်းတွင်ပင် မဝင်သည့် လူတစ်ယောက်အနေဖြင့် ဤပါရမီရှင်များကို မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်အတွက်ကတော့ မေ့ထား၍ ရသည်။
လက်ရှိတိုက်ခိုက်နေကြသည့် လူများကို ကြည့်ရှုရမည်ဆိုလျှင် ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် နောက်ခံများကို ပိုင်ဆိုင်သည့် လူများသာဖြစ်ပြီး ၎င်းတို့၏ ပခုံးထက်တွင် ကြီးမားလှသည့် တာဝန်ဝတ္တရား များကလည်း တည်ရှိနေကြ၏။ ထို့ကြောင့် ၎င်းတို့၏ လက်ထဲတွင် ရှိနေသည့် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို တခြားသူများ၏ လက်ထဲသို့ ရောက်ရှိမည့်ကို မည်သို့မှ လက်ခံလိမ့်မည် မဟုတ်ချေ။