← Chapters

အခန်း (၂၂၀)

Vol. 15 Ch. 220

အခန်း (၂၂၀)

Vol. 15 Ch. 220

ထိုသူသည် လေဟာနယ်၏ အတွင်းပိုင်းဆီမှ တစ်လှမ်းချင်းစီ လှမ်းလျှောက်ထွက်လာခဲ့၏။ ထိုသူသည် သင့်တင့်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ချည်သားဝတ်စုံကို ဝတ်ဆင်ထား၏။ ဆံပင်များကို သေသေချာချာ စည်းနှောင်ထားပြီး သစ်သားဆံထိုးဖြင့်ပင် ထိုးထား၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ရိုးရှင်းလွန်းလှ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် မေ့လျော့မသွားနိုင်သည့် ရိုးရှင်းသည့် မျက်နှာသွင်ပြင်မျိုးပင်။ လူတော်တော်များများသည် ထိုလူ၏ ပုံပန်းသွင်ပြင်ကို စကားလုံးများဖြင့် ဖော်ညွှန်းရမည်ဆိုပါက အလွန်တရာ သာမန်ဆန်လှသည်ဟု ပြောဆိုရပေလိမ့်မည်။

“ဟမ်”

အသံတစ်ခုက ထွက်ပေါ်လာ၏။ ရှုပ်ထွေးကြယ်ပင်လယ်၏ အစပ်တွင်တော့ များပြားလှသည့် ကျင့်ကြံသူများ ရောက်ရှိလာခဲ့၏။ ၎င်းတို့ထဲမှ တစ်ချို့သည် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ဝင်ရောက် ရှာဖွေရန်အတွက် စောင့်ကြည့်နေကြသူများ ဖြစ်ပြီး တချို့မှာတော့ အင်ပါယာတစ်ယောက် ပြန်ပေါ်လာမည်လားဆိုသည်ကို စောင့်မျှော်နေခြင်း ဖြစ်၏။

စီနီယာသူတော်စင် တစ်ယောက်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ရှုပ်ထွေးကြယ်ပင်လယ်ဆီမှ ထွက်ပေါ် လာသည့် လူငယ်ကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့် ချီးကျူးသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ သူက တီးတိုးရေရွတ်လိုက်သည်။ “ဒီကောင်လေးက ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး ရှုပ်ထွေးကြယ်ပင်လယ်ထဲက ထွက်လာတာလဲ”

ရှုပ်ထွေးကြယ်ပင်လယ်သည် ဆန်းကြယ်လွန်းလှသည့် တည်နေရာတစ်ခုဖြစ်ပြီး တားမြစ်တည်နေရာကဲ့သို့သော သေခြင်းတရား၏ ဇုံတည်နေရာ တစ်ခုသာလျှင်ဖြစ်၏။ အထဲဆီသို့ ဝင်ရောက်သွားသည်ဆိုပါက သေဆုံးခြင်း ဆိုသည်မှာ ကိုးဆယ်ရာခိုင်နှုန်း သေချာသည့် နေရာမျိုးဖြစ်၏။ မိုင်အနည်းငယ်လောက် လျှောက်လိုက်သည်နှင့် တပြိုင်နက် သေဆုံးသွားနိုင်သည့် တည်နေရာမျိုးပင်။ ထို့အပြင် တစ်စုံတစ်ယောက်သည် နတ်ဘုရား အသိအမြင်ဖြင့် အထဲသို့ ဝင်ရောက်ကာ ကြည့်ရှု၍လည်း မရနိုင်ချေ။ ထို့ကြောင့် အင်ပါယာများပင်လျှင် အထဲသို့ ဝင်ရောက်ပြီး လမ်းပျောက်သွားနိုင်သည့် တည်နေရာမျိုးပင် ဖြစ်လေ၏။

“မင်းရဲ့စကားကို သတိထား တာအိုရောင်းရင်း... ဒီလူက အထင်သေးလို့ရတဲ့ အရာမျိုး မဟုတ်ဘူး” အနီးအနားတွင် ရှိနေသည့် လူတစ်ယောက်သည် အသံပို့လွှတ်ကာ သတိပေးလိုက်၏။ သူ၏ အမူအရာသည် တကယ့်ကို တည်ငြိမ်လျက် ရှိနေသည်။

သူတို့သည် လူငယ်ကို သေသေချာချာ စူးစိုက်ကာ ကြည့်ရှုနေ၏။ ခဏလောက်ကြာပြီးသည့်နောက် နတ်ဘုရားအာရုံများကို အသာဖြန့်ကျက်ကာဖြင့် လူငယ်ကို စစ်ဆေးကြည့်ရှု လိုက်၏။ ရလဒ်အားဖြင့် ဗလာဟင်းလင်း ဖြစ်နေသည်ကိုသာ မြင်ရ၏။ သူတို့၏ရှေ့တွင် လူတစ်ယောက်ရပ်နေခြင်း မဟုတ်ပါက သူတို့သည် ထိုလူရှိနေသည် ဖြစ်ကြောင်းကို ရှာဖွေ တွေ့ရှိလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အဆင့်နှင့် လူတစ်ယောက်သည် မည်ကဲ့သို့ သာမန်လူတစ်ယောက် ဖြစ်လိမ့်မည်နည်း။

လူငယ်သည် အပြင်ဘက်ပိုင်းတွင် ငယ်ရွယ်လှသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်သည်ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်ဆီမှ ရှေးဆန်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့၏။ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သည့် ရှေးမွန်းစတားကြီး တစ်ကောင်၏ အော်ရာမျိုးလည်း ထွက်ပေါ်လျက် ရှိနေ၏။ အိုမင်းရင့်ရော်ပြီး ဆံနွယ်ဖြူ နေသည့် သူတော်စင်တစ်ယောက်ပင်လျှင် ငယ်ရွယ်သည့် လူတစ်ယောက်အား ဘိုးဘေးကြီးဟု ခေါ်သည့်အရာမျိုး ဖြစ်သည်ဆိုခြင်းမှာ သာမန်ပင် မဟုတ်ပါလား။

“အမ်” သူတော်စင်အိုကြီး၏ အမူအရာသည် အေးခဲသွားခဲ့၏။ သူသည် လူငယ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ နတ်ဘုရားအသိစိတ်နှင့် လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူသည် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ ဘာမှ မရှိပေ။ သူ၏ ရှေ့တွင် ရှိနေသည့် လူသည် သက်ရှိသတ္တဝါ တစ်ယောက်သာဖြစ်ပြီး နတ်ဘုရားအာရုံများနှင့် ဝင်ရောက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကြယ်ကောင်းကင်ဆီသို့ ဝင်ရောက်ကာ ကြည့်ရှုသကဲ့သို့ပင် ဘာတစ်ခုကိုမှ ထင်ထင်ရှားရှား မမြင်ရချေ။

အဘိုးအိုသည် ပါးစပ်ကို ဟကာဖြင့် ကြောင်အအ အမူအရာမျိုး ဖြစ်တည်လျက်ရှိနေ၏။ လက်ကို အသာမြှောက်ပြီး သည့်နောက် ပြောလိုက်မိ၏။ “ဂျူနီယာက စီနီယာ ဘယ်သူလဲဆိုတာ မသိပါဘူး။ ကျေးဇူးပြုပြီး...”

သူပြော၍ မပြီးသေးခင်မှာပဲ လူငယ်သည် တစ်ချက်လှမ်းကြည့်လိုက်၏။ ၎င်း၏ မျက်လုံးများသည် စူးရှ တောက်ပ လွန်းလှ၏။ မျက်နှာပြင်ပေါ်တွင် မည်သည့် ပျော်ရွှင်မှု၊ မည်သည့် ဝမ်းနည်းမှုမှ မရှိဘဲ အလွန်တရာ ရိုးရှင်းလှသည့် ပုံပန်းသွင်ပြင်မျိုးသာ တည်ရှိနေ၏။ သူသည် သူတော်စင်အိုကြီးကို တစ်ချက်လှမ်းကြည့်ကာ မည်သည့် စကားမှ မဆိုချေ။ အရှေ့ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ ချက်ချင်းပဲ ပုံရိပ်ယောင်များ ကျန်ရှိခဲ့ပြီးသည့်နောက် လူငယ်သည် ပျောက်ကွယ်သွားခဲ့သည်။

ဟူး .......

သူတော်စင်အိုကြီးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သူ၏ နဖူးစပ်တွင် ချွေးသီးများ ရွှဲလျက် ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ဤလူငယ်သည် သာမန်ထက်ပိုသည့် မွန်းစတားအိုကြီးတစ်ယောက် ဖြစ်ကြောင်း သူက သတိပြုမိသွားပြီ ဖြစ်သည်။ တော်ဝင်သူတော်စင် သို့မဟုတ် ထိုထက် ပိုမိုကာ မြင့်မားသည့် အဆင့်ကို ပိုင်ဆိုင်သည့်လူ ဖြစ်နိုင်၏။ အစကနေ အဆုံးအထိ မည်သည့် အော်ရာမှ ထုတ်ဖော်မပြသခဲ့ချေ။ ထို့ကြောင့် ထိုသူ၏ တိကျသည့် အားအင်အဆင့်ကို စစ်ဆေးကြည့်ရှုရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ကွာစီအင်ပါယာ ဖြစ်နိုင်၏။ သို့မဟုတ် တော်ဝင်အင်ပါယာပင် ဖြစ်နိုင်စွမ်းရှိ၏။

“တာအိုရောင်းရင်း... ခင်ဗျား ကံကောင်းတာပဲ” အစောတုန်းက ပြောဆိုခဲ့သည့်လူသည် တီးတိုးလှမ်းကာ ပြောလိုက်၏။ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ကို အထင်အမြင်သေးသလို ပြောဆိုခြင်း ဆိုသည်မှာ ကောင်းမွန်လှသည့် အရာမဟုတ်ချေ။ ချက်ချင်း သေဆုံးသွားနိုင်သည့် အရာမျိုးဖြစ်သည်။

“အင်း... ကံကောင်းတာပေါ့”

သူတော်စင်အိုကြီးသည် လက်ကို အသာယမ်းခါလိုက်၏။ သူ့အနေနှင့် အနာဂတ်တွင် တောင်စဉ်ရေမရ၊ ပေါက်တက်ကရများ လျှောက်ကာ မပြောဆိုရင် သံန္နိဋ္ဌာန် ချလိုက်မိ၏။

အလွန်တရာ ရိုးရှင်းလှသည့် ပုံပန်းသွင်ပြင်မျိုးနှင့် လူတစ်ယောက်သည် ဤမျှအားကောင်းလှသည့် လူတစ်ယောက် ဖြစ်နေမည်ဟု မည်သူ ထင်မှတ်မည်နည်း။ ထွက်ခွာသွားသည်ကပင် သဲလွန်စ ဘာတစ်ခုလေးမှ ရှာမတွေ့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် မြေပေါ်တွင် မတ်မတ်ရပ်တည်လျက် ရှိနေသည်ဆိုသော်လည်း စောဏက ဖြစ်တည်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နဝေတိမ်တောင်ပင် ဖြစ်မိနေသေး၏။ အိမ်မက်မက်နေသလိုပင်။

“စောနကလူဝတ်ထားတဲ့ ဝတ်စားဆင်ယင်မှု အကြောင်းကို ပြောရမယ်ဆိုရင် ကျုပ် တစ်စုံတစ်ယောက်ကို သတိရသွားတယ်။ ဒါပေမဲ့ သေတော့ မသေချာဘူး” တစ်စုံတစ်ယောက်သည် မျက်မှောင်ကုတ်ကာ ပြောဆိုလိုက်သည်။

“အမ်”

တခြားသော လူတစ်ယောက်ကလည်း ဝင်ပြောလိုက်၏။ “ရှုပ်ထွေးကြယ်ပင်လယ်က ထွက်လာတဲ့လူကို ခင်ဗျားသိလား။ အထဲကိုဝင်ပြီး ထွက်ခွာလာနိုင်တဲ့လူဆိုတာ သာမန် လူတစ်ယောက် မဟုတ်ဘူး။ သူက အင်ပါယာတစ်ယောက် မဟုတ်ဘူး ဆိုရင်တောင်မှ ကွာစီအင်ပါယာတစ်ယောက် ဖြစ်ရမယ်”

များပြားလှသည့် လူများသည် စိတ်ဝင်တစားဖြင့် လှမ်းကာ ကြည့်ရှုလာခဲ့ကြသည်။ စောဏတုန်းက ထွက်ပေါ် လာသည့် လူနှင့်ပတ်သက်၍ သူတို့သည် တကယ်ပင် စိတ်ဝင်စားလျက် ရှိ၏။ သမိုင်းမှတ်တမ်းများကို ပြန်လည် စဉ်းစားပြီးသည့်နောက် သူတို့သည် မည်သူဖြစ်သည်ကို ဝေခွဲမရ ဖြစ်လို့နေခဲ့၏။

“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာတုန်းက ကွာစီအင်ပါယာ အကြောင်နဲ့ပတ်သက်လို့ ရေးထားတဲ့ ရှေးမှတ်တမ်း တစ်ခုကို ကျုပ် ဖတ်ဖူးတယ်။ သူက တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့အားအင်အဆင့်က ကြောက်စရာ ကောင်းတယ်”

သူတော်စင်အိုကြီးသည် တစ်စုံတစ်ခုကို ပြန်လည်ကာ စဉ်းစားမိပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။ “ကျုပ်ရဲ့ မှတ်ဉာဏ်တွေသာ မှန်မယ်ဆိုရင် အဲဒီလူကို လင်းရှောင်လို့ ခေါ်တာပဲ”

All Chapters