အပိုင်း (၄၇၂)
Vol. 32 Ch. 472
ရက်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ကောင်းကင်မူလလောကကြီး၏ တိမ်ရွေ့လျားခြင်းဂိုဏ်းအထက် လေဟာနယ်ရှိ ကောင်းကင်ကြီး တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းတို့အားလုံးသည် ကောင်းကင်ယံထက်ဆီမှ ဆင်းသက်လာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးလုမတတ်ပင်။
“ဘာတွေဖြစ်ကုန်တာလဲ။ မြေအင်မော်တယ်လောကကလူတွေ ရောက်လာကြတာလား။ သူတို့က တကယ်ပဲ ကျုပ်တို့ တိမ်ရွေ့လျားခြင်းဂိုဏ်းမှာ ပေါ်လာတာလား။ အမိန့် မြန်မြန်ပေးလိုက်။ ချက်ချင်းပဲ ရှိသမျှ တပည့်တွေ ထွက်ပြေးကြဖို့ပြင်”
တိမ်ရွေ့လျားခြင်းဂိုဏ်း၏ အတွင်းဘက်မှာတော့ ကြမ်းတမ်းလှသည့် အော်ရာများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကြီးအထက်ဆီသို့ပင် လွင့်တက်လာခဲ့၏။ အက်ကွဲကြောင်းများ ဖြစ်တည်လာသည့် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် အားလုံးသော သူတို့၏ နှလုံးသားများသည် ဆို့နင့်လျက် ရှိနေသည်။
အနားပတ်ဝန်းကျင်ကို ကြည့်ရှုရမည်ဆိုလျှင် တခြားသောဘက်ရှိ တည်နေရာတွင် လက်ရွေးစင် စစ်သည်များက အပြည့်ဖြစ်လို့နေ၏။ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အလွန်အားကောင်းလှသည့် ဟိတ်ဟန်များ ကို ထုတ်ဖော်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ မျက်လုံးများသည် လျှပ်စီးတန်းများ ဖြတ်ပြေးနေသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အားအင်အဆင့်သည် မေးခွန်းထုတ်၍ မရသည့် အရာပင် ဖြစ်၏။ ထိုသူများထဲတွင် သူတော်စင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိနေ၏။ နတ်အရှင်အဆင့်အောက် ကျင့်ကြံသူဆိုလျှင် ပြောနေစရာပင် မလိုအပ်ချေ။ အနောက်ဘက်တွင် များပြားလှသည့် စစ်မြင်းများ တည်ရှိနေပြီး စွမ်းအားမြင့် သားရဲရိုင်းများ၏ ပေါ်တွင် မတ်မတ်ရပ်နေကြသော စစ်သည်များလည်း ရှိနေသေးသည်။
၎င်းစစ်သည်များသည် လှံများ၊ ပုဆိန်များကို ကိုင်မြှောက်ကာဖြင့် အေးစက်သည့်အကြည့်မျိုးဖြင့် လှမ်းကာ ကြည့်ရှု နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အလွန်ပင် ကြီးကြီးမားမား ဖြစ်တည်နေ၏။
“လွင့်မျောတိမ်တောင်လား” တိမ်ရွေ့လျားခြင်းဂိုဏ်း၏ အကြီးအကဲသည် ရွက်သင်္ဘော၏ အရှေ့တွင် ရှိနေသော အလံတစ်ခုကို မြင်ရသည့် အချိန်မှာတော့ လေအေးများ ရှုရှိုက်လိုက်မိ၏။ အခြားသော အင်အားစုများ ဖြစ်သည် ဆိုပါက သူတို့အနေနှင့် သိပ်၍ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လွင့်မျောတိမ်တောင် ဆိုသည့် စကားလုံးသည် ကောင်းကင်မူလလောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့ပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဖန်းဟန် ကြောင့်ပင်။
မြေအင်မော်တယ်လောကကြီးထဲတွင် လွင့်မျောတိမ်တောင်ဆိုသည်မှာ တကယ့် စွမ်းအားမြင့် ဂိုဏ်းဂဏ တစ်ခုဟု သုံးသပ်၍ ရ၏။ ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိလာသည်ဆိုပါက တားမြစ်တည်နေရာများ ထက်ပင် ပိုမို ကြောက်ဖို့ကောင်းသည်။
၎င်းတို့ တိမ်ရွေ့လျားခြင်းဂိုဏ်းသည် တတိယအဆင့် ဂိုဏ်းဂဏတစ်ခုသာ ဖြစ်သောကြောင့် မြေအင်မော်တယ် လောက၏ လွင့်မျောတိမ်တောင်အား မည်ကဲ့သို့ ခုခံရမည်နည်း။ မဖြစ်နိုင်ပေ။ သူတို့သည် တချို့သော နတ်နယ်မြေများနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းနေသေး၏။ မြေအင်မော်တယ်လောကတွင် ရှိနေသော လွင့်မျောတိမ်တောင် အား ခုခံရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
“သေစမ်း”
တည်နေရာအက်ကွဲကြောင်းဆီမှ အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာ၏။ လွင့်မျောတိမ် တောင်၏ ရွက်သင်္ဘောပေါ်တွင် တည်ကြည်ခမ်းနားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က နေလုံးကဲ့သို့ စူးရှလှသည့် အော်ရာများကို ထုတ်ဖော်ကာဖြင့် တစ်လှမ်းချင်း လျှောက်ထွက်လာ၏။ တစ်ဖက်သောသူများသည် ၎င်းကို ကြည့်ရှုရန်အတွက် မျက်စိပင် မဖွင့်နိုင်ခဲ့ချေ။ အလင်းများမှာ အမှန်ပင် စူးရှလွန်းလှ၏။
စကားစု တစ်ခုကို ပြောဆိုပြီးသည့်နောက် လက်ဝါးရိုက်ချက် တစ်ခုကို ဖန်တီးလိုက်၏။ လေထုထဲတွင် ရှိနေသည့် လေများ၊ တိမ်များပင်လျှင် လွင့်စင်သွားခဲ့လေ၏။ မိုင်တစ်သောင်းပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ လက်ဝါးရိုက်ချက်ကြီးသည် ကောင်းကင်ယံတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့၏။ လက်ဝါးရိုက်ချက်ကြီးနှင့်အတူ မိုးခြိမ်းသံများပင်လျှင် ယှဉ်တွဲကာ ပါဝင်လာခဲ့၏။ ကြမ်းတမ်းလှသည့် အရှိန်အဟုန် နှင့်အတူ ထိုလက်ဝါးရိုက်ချက်ကြီးသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆင်းသက်လာခဲ့သည်။
“သွားပြီပဲ”
တိမ်ရွေ့လျားခြင်းဂိုဏ်း၏ သူတော်စင်အဆင့် အကြီးအကဲသည် ထိုစကားစုကိုသာ ရွတ်ဆိုနိုင်၏။ ပြီးနောက် ဘုန်း ... ဟူသည့် ကျယ်လောင်လှသောအသံကြီးနှင့်အတူ လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတည်းက တည်ရှိခဲ့သော တိမ်ရွေ့လျားခြင်းဂိုဏ်းကြီး တစ်ခုလုံးသည် အငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တော့၏။
တိမ်ရွေ့လျားခြင်းဂိုဏ်းတစ်ခု ပျောက်ကွယ်သွားသည့် အချိန်အတွင်းမှာပဲ လွင့်မျောတိမ်တောင်၏ ရွက်သင်္ဘောကြီးသည် ကောင်းကင်ယံကို ထိုးခွင်းကာဖြင့် ဝင်ရောက်လာခဲ့လေသည်။ ၎င်းတို့သည် တရားဝင် ဆိုသလိုပဲ ကောင်းကင်မူလလောကကြီးဆီသို့ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
“စီနီယာအစ်ကို.... အခု ဂိုဏ်းကို သတင်းပို့ရမယ်။ ကျုပ်တို့ ကောင်းကင်မူလလောကကြီးထဲကို ရောက်လာပြီ” ရွက်သင်္ဘောပေါ်မှာတော့ အလွန် ကြည့်ကောင်းလှသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်နေသည့် လူတစ်ယောက် သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လှမ်းကြည့်ကာ ပြောဆိုလိုက်၏။
သူတို့အတွက် တိမ်ရွေ့လျားခြင်းဂိုဏ်းကဲ့သို့သော ဂိုဏ်းတစ်ခုသည် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အားကောင်းလှသည် မဟုတ်ချေ။ လွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်စွမ်း ရှိ၏။ ထို့အပြင် ၎င်းတို့သည် ခိုးကြောင်ခိုးဝှက်နှင့် ဝင်ရောက်ရန် ပြင်ဆင်နေခဲ့သည့် သွေးနတ်ဆိုးလောကမှ သွေးနတ်ဆိုးများကဲ့သို့ မဟုတ်ချေ။ သူတို့သည် တကယ့်ကို အရှိန်အဝါ ကြီးကြီးမားမားဖြင့် ကောင်းကင်မူလလောကကြီးထဲသို့ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ ဆင်းသက်လာချင်းချင်းမှာပဲ တိမ်ရွေ့လျားခြင်းဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးခဲ့ပြီး လောကကြီး တစ်ခုလုံးကို အလုံးစုံ လွှမ်းမိုးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်။
“နားလည်ပြီ”
ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသော ကွာစီအင်ပါယာသည် ခေါင်းကို အသာညိတ်လိုက်၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့ပြီး လွင့်မျောတိမ်တောင်ဆီသို့ လျင်လျင်မြန်မြန်ဖြင့် သတင်း ပေးပို့နေ၏။
ထိုအတောအတွင်း လွင့်မျောတိမ်တောင်၏ အဓိကဟောခန်းထဲမှာတော့ အကြီးအကဲ တစ်ယောက်သည် ပျော်ရွှင်သည့် အမူအရာဖြင့် ထကာ အော်ဟစ်လိုက်သည်။ “တောင်သခင်... ကျုပ်တို့ လွင့်မျောတိမ်တောင်ရဲ့ လူတွေက ကောင်းကင်မူလလောကကြီးထဲကို ဝင်သွားခဲ့ပြီ။ သူတို့ တကယ့်ကို နေရာယူခဲ့ပြီးပြီ”
“ဪ”
လွင့်မျောတိမ်တောင်၏ သခင်သည် ခပ်တည်တည်ဖြင့် ကြည့်ရှုနေ၏။ ထိုသတင်းကို ကြားရသည့် အချိန်မှာတော့ သူသည် တစ်ချက်ကလေးမှ အံ့အားသင့်မှု မရှိခဲ့ချေ။ အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ “ခရီးစဉ်က ဒီလို ချောချောမွေ့မွေ့ အဆင်ပြေနေတာလား”
“တောင်သခင်ကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ကောင်းကင်မူလလောကကြီးက ကျုပ်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ အတွက် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ခဲ့ကြဘူး။ အင်ပါယာရန်မို ထွက်ပေါ်လာမယ့် အခြေအနေကိုပဲ စောင့်ရလိမ့်မယ်။ လွင့်မျောတိမ်တောင်က ကောင်းကင်မူလလောကကြီးထဲမှာ အခြေချနိုင်ပြီ။” ထိုအကြီးအကဲသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
လွင့်မျောတိမ်တောင်အနေဖြင့် အရာအားလုံးကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူက ယုံကြည်နေ၏။ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် အရာများသည် သူတို့အတွက် စိန်ခေါ်မှုပင် ဖြစ်လိမ့်မည် မဟုတ်ချေ။ အချက်အလက်အားဖြင့် ကောင်းကင်မူလလောကကြီးသည် မြေအင်မော်တယ်လောကကြီးကို ခုခံနိုင်ရန်အတွက် အားအင်အဆင့် အနည်းငယ်သာလျှင် ရှိ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ထောက်ပံ့မှု တည်ရှိနေသည် ဆိုလျှင်တောင်မှ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ အမှတ်မထင် ကိစ္စရပ်မျိုးသာ ဖြစ်ပေါ်မလာပါက ကောင်းကင်မူလလောကကြီးသည် မြေအင်မော်တယ်လောကကြီး၏ ထိန်းချုပ်မှုအောက်သို့ အလိုအလျောက် ကျဆင်းသွားမှာ သေချာသည်။
ကောင်းကင်မူလလောကကြီးကို လွှမ်းမိုး ထိန်းချုပ်နိုင်သည်ဆိုပါက သူတို့သည် ကျိန်းသေပေါက် ခရမ်းရောင်နက်နဲ လောကကြီးကို ဆက်တိုက်ဆိုသလိုပဲ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ လောကကြီး နှစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည် ဆိုပါက မြေအင်မော်တယ်လောကကြီးသည် သံသယရှိစရာ မလိုပါဘဲ အဆင့်မြင့်လောကတစ်ခုဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် အနာဂတ်၌ တခြားသော လောကတစ်ခုခုနှင့် ပေါင်းစပ်ခဲ့သည် ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောကကြီးသည် တွန့်ဆုတ်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးအနေနှင့် ခုခံ ကာကွယ်ရန်အတွက် ပြဿနာကြီး မဟုတ်တော့ချေ။ ထို့အပြင် သူတို့၏ မြေအင်မော်တယ်လောကကြီးတွင် အစစ်အမှန် အင်မော်တယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူများလည်း တည်ရှိနေ၏။
တစ်နေ့သောအချိန်တွင် ၎င်းတို့အားလုံးသည် အဆင့် ချိုးဖြတ်ကောင်း ချိုးဖြတ်နိုင်ပေလိမ့်မည်။ ထိုသို့သော အားအင်အဆင့်မျိုးကို ပိုင်ဆိုင်သည် ဆိုပါက စီနီယာနန်းဆောင်သခင် တခြားသော လောကကြီးများကို ပေါင်းစပ်ခြင်း မပြုလုပ်လျှင်တောင်မှ မြေအင်မော်တယ်လောကကြီးသည် မိမိဘာသာ လိုက်လံ ပေါင်းစည်းခြင်းကို ပြုလုပ်နိုင်သည်။
“အရမ်းကောင်းတယ်”
လွင့်မျောတိမ်တောင်၏ တောင်သခင်သည် တန်ဖိုးကြီးမားလှသော ပုလဲလုံးတစ်ခုကို ကိုင်ဆောင်ကာဖြင့် ပြောဆိုလိုက်၏။ “ကောင်းကင်မူလလောကကြီးထဲကို ဝင်ရောက်တဲ့အချိန်မှာ အကြီးအကဲနှစ်ယောက်ကို အဆင်ခြင်မဲ့ ကိစ္စရပ်မျိုးကို မပြုလုပ်ဖို့ ပြောလိုက်ပါ။ နိရယလောကကြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို နမူနာ ယူသင့်တယ်လေ။ ဒါပေမဲ့ ....”
တောင်သခင်သည် ခဏလောက် ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။ “ဖန်းဟန် ဘယ်မှာရှိတယ်ဆိုတာကို သေသေချာချာ သတိပြုကြ။ တော်ဝင်သဲကန္တာရမြို့ကနေ သူထွက်လာပြီဆိုတာနဲ့ သူ့ကို တစ်ခါတည်း ဖမ်းဆီးလိုက်ကြ”
သူတို့အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးထိ လုံးပန်းနေရသည်ဆိုလျှင်တောင်မှ ဖန်းဟန်ကို ရှာဖွေရန် အလျော့ပေးလိမ့်မည် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးကို အသာစီးမှ ဖိနှိပ်ထားနိုင်သည် ဆိုသော်လည်း သူ၏အမြင်အရဆိုလျှင် ဖန်းဟန်သည် ကောင်းကင်မူလလောကကြီး၏ အကျိုးကျေးဇူးများထက် မည်သို့မှ မနိမ့်ကျသည့် အကျိုးကျေးဇူးများကို ကိုင်ဆောင်ထားသည့် လူတစ်ယောက်ဖြစ်၏။ သူတို့သည်သာ ဖန်းဟန်ကို ဖမ်းဆီးနိုင်သည်ဆိုပါက အင်မော်တယ်လက်နက် တစ်ခုကို ရရှိမှာဖြစ်၏။
ထို့အပြင် ထိုအရာသည် အစပိုင်းသာ ရှိသေး၏။ ဖန်းဟန်၏ ဘိုးဘေး ချန်ခဲ့သည့် အမွေအနှစ်များ အားလုံးသည် မျက်စိစွဲစရာပင် ဖြစ်၏။ အစစ်အမှန် အင်မော်တယ် ကျင့်ကြံခြင်း နည်းစနစ်များ၊ အစစ်အမှန် အင်မော်တယ်လက်နက် ထိုအရာများ အားလုံးကို ရရှိမည် ဆိုပါက လွင့်မျောတိမ်တောင်သည် မည်သည့် ဂိုဏ်းဂဏကိုမဆို ကြောက်ရွံရတော့မည် မဟုတ်ချေ။
“တကယ်လို့ လိုအပ်ပြီဆိုရင် ဖန်းကလန်ရဲ့ အကြွင်းအကျန်တချို့ကို လိုက်ပြီးဖမ်းဖို့ လိုအပ်လိမ့်မယ်။ ပြီးတော့ ကောင်းကင်မူလလောကကြီးထဲကို စေလွှတ်ရမယ်။ သူ့ရဲ့ အကြွင်းအကျန် ကလန်အဖွဲ့သားတွေ တည်ရှိနေသေး တာကို သိမယ်ဆိုရင် ဖန်းဟန်က ကျိန်းသေပေါက် ခုခံနိုင်တော့မှာ မဟုတ်ဘူး။ သူ့ကို အပြင်ဘက်ကို ထွက်လာအောင် ဆွဲဆောင်သလိုပဲ ဖြစ်လိမ့်မယ်” လွင့်မျောတိမ်တောင်၏ သခင်သည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။
ဖန်းကလန်၏ များပြားလှသည့် အဖွဲ့ဝင်များသည် လွင့်မျောတိမ်တောင်၏ ဖိနှိပ်ခြင်းကို ခံနေရ၏။ ထို့ကြောင့် တချို့သောသူများကို ဖမ်းဆီးရန် ဆိုသည်မှာ ခက်ခဲမှု မရှိချေ။
“နားလည်ပါပြီ”
ထိုအကြီးအကဲ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးခဲသွား၏။ သူသည် ခေါင်းကို အသာညွတ်လိုက်၏။ သူတို့၏ တောင်သခင်သည် စိတ်မရှည်တော့ကြောင်း သူ နားလည်လိုက်၏။ ငြိမ်ငြိမ်သက်သက်နှင့် စောင့်စားနေရခြင်းသည် ဖြေရှင်းနည်း မဟုတ်ကြောင်းလည်း သူက သိရှိ၏။ သို့ပေမဲ့ ဖန်းဟန်သည်သာ တော်ဝင်သဲကန္တာရမြို့ထဲတွင် ဆက်တိုက် နေထိုင်နေသည်ဆိုပါက သူတို့အနေနှင့် အချိန်ပေါင်းမြောက်မြားစွာ ကြာမြင့်သည်အထိ စောင့်ဆိုင်း နေရပေလိမ့်မည်။