အပိုင်း (၆၂၉)
Vol. 43 Ch. 629
“ခင်ဗျားတို့ အခု တော်ဝင်သဲကန္တာမြို့ အပြင်ဘက်ဆီ ရောက်နှင့်နေတဲ့ ထျန်းမင်တောင်က လူအကြောင်းကို မေ့နေကြပြီနဲ့ တူတယ်” လီယွင်သည် အရင်းအမြစ်များကို သိမ်းဆည်းပြီးသည့်နောက် ပြောလိုက်၏။
ဤစကားစုကို ကြားရသည့်အချိန်မှာတော့ တိုင်ချူး ၊ ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် ကျိုးကလန်၏ ဘိုးဘေးတို့သည် ကြိတ်ကာ တွေးလိုက်မိသည်။ “အင်း.. သိတာပေါ့”
ထျန်းမင်တောင်သခင်သည် ကျိန်းသေပေါက် လှုပ်ရှားလိမ့်မည်ဟု သူတို့က တွက်ချက်ခဲ့ပြီးသား ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် မှန်ကန်တိကျသည့် အဖြေတစ်ခုကို မရရှိသေးသောကြောင့် စိတ်ထဲတွင်သာ အတည်ပြုနိုင်သေး၏။
မူလအားဖြင့် ထျန်းမင်တောင်မှ အင်မော်တယ်ဘုရင် နှစ်ယောက်တို့၏ အားအင်အဆင့်နှင့်ဆိုလျှင် ကျိန်းသေပေါက် အင်မော်တယ်ဘုရင် သုံးယောက်တို့ကို ရင်ဆိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ စီနီယာ နန်းဆောင်သခင်၏ ကူညီမှုကို ရရှိမည်ဆိုပါက တမျိုးဖြစ်ပေလိမ့်မည်။
တွေးကြည့်ပြီးသည့်နောက် လူအနည်းငယ်တို့၏ စိတ်များသည် ရှုပ်ထွေးသွားခဲ့ကြ၏။ ၎င်းတို့အနေနှင့် စီနီယာကို မေတ္တာရပ်ခံချင်၏။ ထျန်းမင်တောင်မှ လူများကို မကူညီရန်ပင်။ သို့ပေမဲ့ ဤကဲ့သို့သော ကိစ္စသည် ကြီးမားသည့် တောင်းဆိုမှု တစ်ခုဖြစ်ပြီး တစ်ဖက်လူ၏ ပုဂ္ဂိုလ်ရေးရာ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်သလို ဖြစ်မှာ စိုးရိမ်ရ၏။ သူတို့အနေနှင့် စီနီယာ မျက်စိနောက်အောင် ပြုလုပ်မိသည်ဆိုပါက ကျိန်းသေပေါက် အရာအားလုံး ဆုံးရှုံးသွားနိုင်သည်။
“စီနီယာ.. မေးချင်ပါတယ်။ အင်မော်တယ်ဘုရင် သုံးယောက်တို့က ဒီနေရာကို ဘာလို့ ရောက်လာတာလဲ” ကျိုးကလန်၏ ဘိုးဘေးသည် ခဏလောက် စဉ်းစားပြီးသည့်နောက် မေးမြန်းလိုက်၏။
ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကြားတည်နေရာတွင် နေထိုင်သည့် လူတစ်ယောက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိပြီး ဖြစ်၏။ စီနီယာကို ထျန်းမင်တောင်အား မကူညီရန် ပြောဆိုခြင်းထက်စာလျှင် အင်မော်တယ်ဘုရင် သုံးယောက်တို့၏ အကြောင်းကို မေးမြန်းခြင်းကသာလျှင် ပိုပြီး အကျိုးကျေးဇူး ရှိနိုင်သည်။
ထို့အပြင် စီနီယာနန်းဆောင်သခင်သည် ဤလောကကြီးများနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်၊ မကောင်းသည့် ရည်ရွယ်ချက်ဟူ၍ မရှိပေ။ အင်မော်တယ်ဘုရင်သုံးယောက်တို့ ရောက်ရှိလာသည် ဆိုခြင်းမှာ အဘယ်ကြောင့်နည်း သူတို့ မသိချေ။
“ပြောရမယ်ဆိုရင် လက်ရှိ အခြေအနေမှာ သတင်းအချက်အလက်တွေက အရမ်းကို အရေးကြီးပြီး တန်ဖိုးကလည်း သာမန်ထက် ပိုတယ်” လီယွင်သည် မျက်ခုံးကို ပင့်လိုက်၏။ ပြီးနောက် ကျိုးကလန်၏ ဘိုးဘေးကို ကြည့်လိုက်၏။
ကျိုးကလန်၏ ဘိုးဘေးသည် ချက်ချင်းပဲ နားလည်သွားမိ၏။ သူသည် အန္တိမကျင့်ကြံခြင်းအဆင့် ပစ္စည်းများကို လီယွင်၏ အရှေ့ဆီသို့ ချကာ ပြောလိုက်သည်။ “စီနီယာ.. ကျုပ်ရဲ့ သံသယတွေကို ကျေးဇူးပြုပြီး ရှင်းပြပေးပါအုံး”
“အင်း.. ပြောဖို့က လွယ်ပါတယ်”
လီယွင်သည် ဆေးလုံးများကို သိမ်းကာ ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ထျန်းမင်တောင်ရဲ့ တခြား အင်မော်တယ်ဘုရင်တစ်က နတ်ဘုရားလောကကပဲ။ အဲဒီ နတ်ဘုရားလောကရဲ့ အင်မော်တယ်သုံးယောက်တို့ တည်နေရာဖြတ်သန်းပြီး ရောက်ရှိလာတာလည်း သူတို့နဲ့ တူညီတဲ့ မျိုးနွယ်စုဖြစ်တဲ့ အဲဒီလူအတွက်ပဲ”
“တူညီတဲ့ မိသားစု ဟုတ်လား” ကျိုးကလန်ဘိုးဘေး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူသည် ဤသတင်းအချက်အလက်ကို ပထမဦးဆုံး ကြားခဲ့ဖူးခြင်းဖြစ်၏။ သူ၏ ခန့်မှန်းမှုသာ မှန်မည်ဆိုလျှင် ယခု တည်နေရာကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည့် အင်မော်တယ်သုံးယောက်တို့သည် တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင် ရှိနေသည့် အင်မော်တယ်ဘုရင်နှင့် တူညီသည့်မျိုးနွယ်မှ ဖြစ်သည်။ သူတို့သည်သာ ထိုလူများနှင့် ပူးပေါင်းလိုက်မည်ဆိုပါက ကျိန်းသေပေါက် ထျန်းမင်တောင်ကို ဖျက်ဆီးနိုင်စွမ်း ရှိပေလိမ့်မည်။
“စီနီယာ.. ဘယ်အချိန်မှာ သူတို့ တည်နေရာ ဖြတ်သန်းလာမလဲ သိချင်ပါတယ်။ သူတို့ ဘယ်နေရာကို ရောက်မှာလဲ” ကျိုးကလန်၏ ဘိုးဘေးက မေးမြန်းလိုက်၏။
ဤအရာသည် အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုသာလျှင်ဖြစ်၏။ ထျန်းမင်တောင်သည် မလှုပ်ရှားရသေးချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့ကြပြီဖြစ်၏။ တူညီသည့် သတင်းအချက်အလက်များကို ကျိန်းသေပေါက် စုံစမ်းမှာ သေချာသည်။
ခြေတစ်လှမ်း ဦးထားခြင်းသည် ကောင်းမွန်သည့် အရာမျိုးပင် ဖြစ်၏။ ထိုမှသာလျှင် အင်မော်တယ်ဘုရင် သုံးယောက်တို့ ရောက်ရှိလာမည်ကို ကြိုတင်ကာ သိရှိထားသည့် လူများသည် အရေးအကြောင်း အခြေအနေမျိုး၌ အသုံးတည့်လာပေလိမ့်မည်။
“အင်း...”
လီယွင်သည် အသာရယ်မောကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်၏။ “နက်နဲလျှို့ဝှက်လောကပေါ့”
“နက်နဲလျှို့ဝှက်လောက ဟုတ်လား” ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ ဟောခန်းထဲတွင် ရှိနေသည့် လူများအားလုံးတို့သည် တုန်လှုပ်သွားခဲ့၏။ မကြာခင်မှာပဲ ပြန်လည်ကာ တည်ငြိမ်သွားခဲ့လေသည်။ တည်နေရာ ဖြတ်သန်းကာ ရောက်ရှိလာခဲ့မည့် အင်မော်တယ်ဘုရင် သုံးယောက်တို့သည် နက်နဲလျှို့ဝှက်လောကဆီသို့ ရောက်ရှိလာမည့် သတင်းကို သူတို့ ကြိုတင်သိရှိခဲ့ပြီ ဖြစ်သည်။
“စီနီယာ.. နက်နဲလျှို့ဝှက်လောကက ကျယ်ပြောတဲ့ တည်နေရာကြီးလေ။ တိတိကျကျ နေရာလေး ပြောလို့ ရမလား” ကျိုးကလန်၏ ဘိုးဘေးက ထပ်မံကာ မေးမြန်းလိုက်၏။
“လျှိုကလန်” လီယွင်သည် အသာပြောပြလိုက်သည်။
လျှိုကလန် - နက်နဲလျှို့ဝှက်လောကတွင် ရှိနေသည့် လျှိုကလန်သည် နတ်ဘုရားလောက၏ လျှိုကလန်နှင့် ခြားနား၏။ သို့ပေမဲ့ လျှိုချင်းယုသည် ပြန်လည်မွေးဖွားလာရန် စီစဉ်သည့်နေရာတွင် ဤလျှိုကလန်၌ ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့၏။ သက်သေပြနေခြင်းမှာ ဤလျှိုကလန် နှစ်ခုကြားတွင် ထူးခြားသည့် ဆက်နွယ်မှု တစ်ခုခု တည်ရှိနေခြင်းပင်။ သို့ပေမဲ့ ဆက်နွယ်မှုသည် ရှေးဆန်လွန်းလှသောကြောင့် သိရှိသူ မရှိသလောက် နီးပါးပင်။
“လျှိုကလန် ဟုတ်လား”
ကျိုးကလန်၏ ဘိုးဘေးသည် နဝေတိမ်တောင် အမူအရာမျိုးဖြင့် လှမ်းကြည့်လိုက်၏။ သူသည် ဤမိသားစုကို ကြားခဲ့ဖူးပုံပင်။ သူမှတ်မိသည်သာ မှန်မည်ဆိုပါက ဤအရာသည် အင်ပါရီယာကလန် တစ်ခုဖြစ်၏။ ၎င်း၏ အဖွဲ့ဝင်အားလုံးတို့၏ အားအင်အဆင့်သည် သာမန်သာဖြစ်ပြီး ထူးချွန်သည့် အရာဟူ၍ မရှိချေ။ လုံလောက်အောင် အားမကောင်းသလို အားနည်းလွန်းသည်လည်း မဟုတ်ချေ။ အလယ်အလတ်တန်းစား ဂိုဏ်းဂဏ တစ်ခုကဲ့သို့ပင်။
ခဏလောက် စဉ်းစားပြီးသည့်နောက် သူသည် အင်မော်တယ်ဘုရင်သုံးယောက်တို့ အဘယ်ကြောင့် ထိုနေရာသို့ ဆင်းသက်လာသည် ဖြစ်ကြောင်းကို အဖြေရှာ မရနိုင်ခဲ့ချေ။ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။
“လမ်းညွှန်ပြသပေးတာ ကျေးဇူးပါပဲ စီနီယာ” ကျိုးကလန်၏ ဘိုးဘေးက ဦးညွတ်လိုက်၏။ ပြီးသည့်နောက် သူသည် တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
တစ်ယောက်နှင့် တစ်ယောက် ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ကြ၏။ ထို့ကြောင့် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ ထွက်သွားပါတော့မယ်”
အင်မော်တယ်ဘုရင် သုံးယောက်တို့သည် အထောက်အပံ့အဖြစ် ရောက်ရှိလာခဲ့သည် ဖြစ်သောကြောင့် သူတို့သည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာရန် အရင်းအမြစ်များကို အသုံးပြုမည့် အကြံအစည်အား ခဏတာ ဘေးဖယ်ထားလိုက်သည်။
အင်မော်တယ်ဘုရင် သတင်း အချက်အလက်သည် လုံခြုံသည့် သတင်းအချက်အလက် မဟုတ်ချေ။ အထူးသဖြင့် ထျန်းမင်တောင်သခင် ရောက်ရှိလာသည် ဆိုပါက ကျိန်းသေပေါက် သူတို့ အခွင့်အရေးများ ဝယ်ယူသွားကြောင်းကို သိရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့အား လိုက်လံ သတ်ဖြတ်ပေလိမ့်မည်။ ထို့ကြောင့် အရေးအကြီးဆုံး ကိစ္စသည် လက်ရှိ ရောက်ရှိလာတော့မည်ဖြစ်သော အင်မော်တယ်ဘုရင် သုံးယောက်တို့၏ အကူအညီဖြင့် ထျန်းမင်တောင် တစ်ခုလုံးကို သုတ်သင် ရှင်းလင်းရန်ပင် ဖြစ်လေသည်။