← Chapters

အခန်း (၃၂၄)

Vol. 22 Ch. 324

အခန်း (၃၂၄)

Vol. 22 Ch. 324

"စီနီယာရဲ့ ဂုဏ်သိက္ခာအရဆိုရင် ကျုပ်လို့ လူတစ်ယောက်ကို လှည့်စားနေမှာ မဟုတ်ဘူး။ ပြီးတော့ သန်းနဲ့ချီတဲ့ သက်ရှိသတ္တဝါတွေက ကောင်းကင်လျှို့ဝှက် နန်းဆောင်အပေါ် ယုံကြည်ချက် ရှိကြတယ်။ စီနီယာသာ မြေအင်မော်တယ် လောကထဲမှာ ရှိမယ်ဆိုရင် စီနီယာရဲ့ ဂုဏ်သတင်းက ဒီထက်ပိုမြင့်သွားမှာ သေချာတယ်" ရန်ကျန့်သည် ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် သာမန်ထက်ပိုသည့် အရာဖြစ်ပြီး သက်ရှိများ၏ ချီးကျူးမှုကို ခံယူထိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သတင်းသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့နေပြီ ဖြစ်၏။ ထို့ကြောင့် ရန်ကျန့်သည် သူ၏ သံသယ အားလုံးကို ဖယ်ရှားပြီး ဖြစ်၏။

"သွားတော့" ရန်ကျန့်သည် လက်ကို ယမ်းခါလိုက်သည်။

"ကောင်းပါပြီ"

သက်လတ်ပိုင်း ကွာစီအင်ပါယာသည် သက်ပြင်းအသာချကာဖြင့် လှည့်ထွက်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထွက်ခွာသွားခဲ့ပြီးနောက် မကြာခင်မှာပဲ များပြားလှသည့် သိုလှောက်လက်စွပ်များနှင့်အတူ ပြန်လာခဲ့သည်။ လက်ရှိ မျိုးဆက် တစ်ယောက်အနေဖြင့် အဆင့်နိမ့်လောက ဆီသို့ ဆင်းသက်လာချိန်တွင် ရန်ကျန့်သည် အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်သည့် လူတစ်ယောက် ဖြစ်၏။ ရန်ကျန့်သာ တစ်ဖက်လူများ၏ သိုလှောင်လက်စွပ်များကို တောင်းဆိုပါက မည်သူမှ ငြင်းပယ်ရဲလိမ့်မည် မဟုတ်ချေ။

"နတ်သားတော် အရာအားလုံး ရလာပါပြီ" သက်လတ်ပိုင်း ကွာစီအင်ပါယာသည် သိုလှောင်လက်စွပ် အားလုံး ကို ကမ်းပေးလိုက်၏။

ရန်ကျန့်သည် တွန့်ဆုတ်မနေတော့ချေ။ သိုလှောင်လက်စွပ်များအား လီယွင်၏ ရှေ့ဆီသို့ တခါတည်း ပေးပို့လိုက်သည်။

"စီနီယာ … ဒါကျုပ်အများဆုံး တတ်နိုင်တဲ့ ပမာဏပါပဲ။ သိချင်တာက စီနီယာရဲ့ လက်ထဲမှာ ရှိနေတဲ့ သတင်းအချက်အလက်တွေကို ဘယ်လောက်များများ ရယူနိုင်မလဲ ဆိုတာပါပဲ"

ရန်ကျန့်သည် အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်၏။

"အချိန်ရောက်တဲ့အခါ မင်းသိမှာပေါ့"

လီယွင်သည် သိုလှောင်လက်စွပ်များကို လှမ်းကြည့်ပြီးနောက် မျက်ခုံးပင့်လိုက်မိ၏။ ထိုသူများသည် တကယ့်ကို ချမ်းသာလှသည့် လူများဖြစ်ကြောင်း သူကသိရှိ၏။ ကွာစီအင်ပါယာအဆင့် နတ်ဘုရားနည်းစနစ်များနှင့် ကွာစီအင်ပါဟာအဆင့် ဆေးပင်များ … ထိုပြင် ထိခိုက်ထားသော အင်ပါရီယန်လက်နက်များပင် ပါဝင်လျက် ရှိနေသည်။

ထိခိုက်ထားသော အင်ပါရီယန် လက်နက်များကို ကြည့်ရသည်မှာ ရန်ကျန့်နှင့် တခြားသောသူများအတွက် ဝှက်ဖဲအဖြစ် အသုံးပြုသည့် အရာများ မဟုတ်ချေ။ မဟုတ်ပါက ဤကဲ့သို့ လွယ်လွယ်ကူကူ ပေးလိမ့်မည် မဟုတ်ချေ။ ဤအရာအားလုံးတို့၏ တန်ဖိုးသည် တကယ်တမ်း နှိုင်းယှဉ်ကြည့်ပါက အားနည်းသော နတ်နယ်မြေတစ်ခုထက်ပင် ပိုများလို့နေ၏။ လီယွင်သည် သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးသည့်နောက် ရှေ့တွင် ရှိနေသည့် လူနှစ်ယောက်ကို ပြောလိုက်၏။

"ဖန်းဟန်ရဲ့ ဘိုးဘေးချန်ခဲ့တဲ့ တည်နေရာထဲမှာ မင်းတို့လိုချင်တာ အားလုံးရှိတယ်။ အမွေအနှစ် ပွင့်တဲ့အချိန်မှာ ကျောက်စိမ်းပြားပေါ်က မှတ်တမ်းတွေကို စစ်ဆေးလိုက်"

လီယွင်သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ "သွားတော့"

"ဂျူနီယာ သွားပါတော့မယ်"

ရန်ကျန့်သည် ဦးညွှတ်လိုက်၏။ သူသည် ကြာကြာမနေခဲ့ချေ။ အသာလှည့်ပြီးနောက် သူ၏ ကာကွယ်သူနှင့်အတူ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ ထွက်ခွာသွားခဲ့တော့သည်။

လီယွင်နောက်ဆုံးပြောလိုက်သည်များသည် သူ၏ ပူပန်နေသည့် စိတ်အတွက် နှလုံးငြိမ်ဆေးကဲ့သို့ပင် ဖြစ်ခဲ့၏။

……….

တော်ဝင်သဲကန္တာရမြို့၏ အခန်းတစ်ခုအတွင်းမှာတော့ အောင်းရွှမ်၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အဝင်ဝသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။

"သူတို့ ထွက်သွားပြီ”

“ကြည့်ရတာ မင်းရဲ့ ဘိုးဘေးအမွေအနှစ်တွေက ထွက်ပေါ်လာတော့မှာပဲ" မုန့်ရှင်းကျီသည် ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။

"စီနီယာနှစ်ယောက်တို့ ….. ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားမှဖြစ်မယ်" ဖန်းဟန်က လှုံဆော်လိုက်သည်။

သူသည် ရန်ကျန့်နှင့်အတူ ထွက်ခွာလာသည့် သက်လတ်ပိုင်းလူကို မြင်ခဲ့ပြီးဖြစ်၏။ သေချာသည်မှာ သတင်းအချက်အလက်များကို ဝယ်ယူရန်အတွက် အရင်းအမြစ်များကို ပေးခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ကျောက်စိမ်းလေဟာနယ် နန်းတော်သည် အရင်ဆုံးသာ လှုပ်ရှားလိုက်ပါက သူ့အနေဖြင့် ဘိုးဘေး၏ အမွေအနှစ်များကို ရရှိရန် အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

"နေအုံး"

မုန့်ရှင်းကျီသည် လက်မြှောက်ပြပြီး ဖန်းဟန်အား စိတ်တည်တည်ငြိမ်ငြိမ် ထားရန် အချက်ပြလိုက်သည်။ ပြီးနောက် မနီးမဝေးရှိ တည်နေရာသို့ လက်ညိုးညွှန်ပြလိုက်၏။ လေဟာနယ်ထဲတွင်တော့ ၎င်းတို့၏ အော်ရာများ ကို အဆုံးစွန်ထိ ဖုံးကွယ်ကာ တရွေ့ရွေ့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

တော်ဝင်သူတော်စင်အဆင့်၏ အောက်တွင်ရှိနေသော သူများသည် ၎င်းတို့ ရောက်ရှိလာမည်ကို အာရုံခံမိရန် ခက်ခဲပေလိမ့်မည်။ ဤကြောက်မက်ဖွယ်ရာ လူသုံးယောက်တို့သည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ဝင်ရောက်ပြီးနောက် ရပ်တန့်မနေခဲ့ကြချေ။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှချေ၏။ ကောင်းကင်လျိုဝှက် နန်းဆောင်ဆီသို့ တည့်တည့်သွားခြင်းပင်။

"အင်း …. ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါယာသုံးယောက်ပါလား" အောင်းရွှမ်၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။

သူသည် ခရမ်းရောင် နက်နဲ​လောကနှင့် အများဆုံး ရင်ဆိုင်ခဲ့ရသူဖြစ်၏။ လက်ရှိအချိန်တွင် ခရမ်းရောင် နက်နဲလောကဆီမှ တော်ဝင်အင်ပါယာ သုံးယောက်တို့ ရောက်ရှိလာခဲ့၏။ တော်ဝင်အင်ပါယာသုံးယောက် ရောက်ရှိလာခြင်းသည် ၎င်းတို့၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်တော့မည့် အခြေအနေပင် ဖြစ်ရပေမည်။ အစစ်အမှန်အင်မော်တယ် အမွေအနှစ် သတင်းသည် ၎င်းတို့ဆီသို့ ရောက်ရှိသွားတာပင် ဖြစ်ရပေမည်။ ဤခန့်မှန်း၍ မရသော စွမ်းအားမြင့် ကျင့်ကြံသူများ၏ အင်အားသည် ပြောနေစရာပင် မလိုချေ။ အထူးပင် တောင့်တင်း ခိုင်မာပေလိမ့်မည်။ အထူးသဖြင့် အင်ပါယာတိုင်နှင့် အင်ပါယာမိုယွမ်တို့ပင် ဖြစ်သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အင်အားစုများကို အမိန့်ပေးနိုင်စွမ်းရှိနေ၏ ။ သတင်းအချက်အလက်များ ဝယ်ယူရန် လုံလောက်သည့် တန်ကြေး ပမာဏကို ထုတ်ဖော်နိုင်စွမ်းလည်း ရှိမှာ သေချာ၏။

မြေအင်မော်တယ်လောကရှိ ကျောက်စိမ်းလေဟာနယ် နန်းတော်အတွက် သူတို့ အများကြီး ပူပန်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကွာစီအင်ပါယာတစ်ယောက်သာလျှင် ဤနေရာသို့ ရောက်ရှိလာ သောကြောင့်ပင်။ သို့ပေမဲ့ သူတို့အနေဖြင့် ဤတော်ဝင်အင်ပါယာ သုံးယောက် ကို သတိထားရပေမည်။

"တစ်စုံတစ်ခု မှားနေပြီ"

အင်ပါယာတိုင်တို့သုံးယောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းသို့ ဝင်ရောက်ပြီး မကြာခင်မှာပဲ မုန့်ရှင်းကျီ၏ အမူအရာသည် ထပ်မံကာ ပြောင်းလဲသွားခဲ့၏။ သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဘက်သို့ ကြည့်လိုက်၏။

စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ယောက်သည် အဝင်ဝတွင် ပေါ်​လာကြ၏။ ၎င်းတို့သည် အင်ပါယာ သုံးယောက်တို့ထက် အနည်းငယ် နှေးကွေးသွားသောကြောင့် တံခါး၏ အပြင်ဖက်တွင် တားဆီးခြင်း ခံထားရ၏။ အထဲကို ဝင်၍ မရနိုင်ချေ။

"ဒီနှစ်ယောက် ဘယ်အချိန် ပေါ်လာတာလဲ"

မုန့်ရှင်းကျီသည် ကောင်းကင်လျို့ဝှက် နန်းဆောင်၏ အဝင်ဝတွင် ရှိနေသည့် လူနှစ်ယောက်ကို လက်ညိုးညွှန်ပြလိုက်၏။ သူတို့၏ အဆင့်ဖြင့် သူတို့၏ အာရုံခံမှုအောက်တွင် လွတ်မြောက်နိုင်သူဟူ၍ မရှိချေ။

ယခုလူနှစ်ယောက်တို့သည် တစ်ယောက်ချင်းစီတိုင်းမှာ လောက တစ်ခုလုံးကို တုန်ခါအောင် ပြုလုပ်နိုင်စွမ်းရှိသော အားအင်ကို ပိုင်ဆိုင်နေကြ၏။

"ကျုပ်လည်း မသိဘူး" အောင်းရွှမ်သည် အသာပြောဆိုလိုက်သည်။

သူပြော၍ မပြီးခင်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင် ရှေ့တွင် ရပ်နေသော သူ နှစ်ယောက်တို့သည် ခေါင်းကို လှည့်လိုက်သည်။ ၎င်းတို့၏ အကြည့်များသည် တည်နေရာ အတားအဆီးကို ဖြတ်သန်းပြီး သူတို့ဆီသို့ ရောက်ရှိလာ၏။

ထိုအကြည့်သည် အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့အား ကြက်သီးမွေးညင်းများပင် ထသွားစေ၏။ ၎င်းတို့သည် အန္တရာယ်၏ အငွေ့အသက်ကိုပင် ခံစားလိုက်မိ၏။

မုန့်ရှင်းကျီတို့ကို ကြည့်ရှုပြီးနောက် ထိုသူနှစ်ယောက်တို့သည် တော်ဝင်သဲကန္တာရမြို့တွင် ရောက်ရှိနေကြောင်း သတိရသွားပုံပင်။ ထို့ကြောင့် ချက်ချင်းပြန်လှည့်ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဖက်၌ ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြသည်။

"တော်ဝင်အင်ပါယာတွေ …" မုန့်ရှင်းကျီသည် သက်ပြင်းရှည်ကြီးပင် ချလိုက်မိ၏။

“ရှေးတော်ဝင်အင်ပါယာပဲ …” အောင်းရွှမ်၏ အမူအရာသည် ထပ်တူညီစွာဖြင့် လေးနက်သွားသည်။ ဤအင်ပါယာနှစ်ယောက်၏ အော်ရာကို သူတို့ မရင်းနှီးချေ။ ကောင်းကင်မူလလောက၊ ခရမ်းရောင် နက်နဲလောက သို့မဟုတ် မည်သည့်လောကကမှန်း မသိရှိကြချေ။

၎င်းတို့ဆီမှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ရှုရလျှင် ရှေးသင်္ချိုင်းဂူထဲမှ ထွက်လျှောက်လာသော လူများကဲ့သို့ လှုပ်ရှားမှုမရှိတောင်မှ ကောင်းကင်နှင့် မြေကြီးကို ကွဲအက်သွားနိုင်သည့် အော်ရာများကို ထုတ်ဖော်ပြလျက် ရှိနေကြ၏။

တစ်ယောက်နှင့်တစ်ယောက် ကြည့်ရှုပြီးနောက် အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် ဤအင်ပါယာများ၏ အခြေအနေကို မြန်မြန်ဆန်ဆန်ပဲ သုံးသပ်မိကြ၏။ ထိုတို့သည် ကန့်သတ်ထားသော တည်နေရာဆီမှ ထွက်ပေါ်သူများ ဖြစ်ရပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ အစစ်အမှန်အင်မော်တယ် အမွေအနှစ် သတင်းထွက်ပေါ်လာပြီးနောက် ဤလူများ ပေါ်လာကြသည်။ ၎င်းတို့သည် အခွင့်အရေးကို ရရှိရန် စိတ်အားတက်ကြွစွာ ရောက်ရှိလာခြင်းသာ ဖြစ်ပေလိမ့်မည်။

"အင်း .. ဒီလိုကြောက်စရာကောင်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေတောင် စီနီယာ နန်းဆောင် သခင်ကို လာရှာကြတာပဲ” မုန့်ရှင်းကျီသည် မျက်မှောင်ကုတ်လိုက်မိ၏။ ထိုသို့ဆိုလျှင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် ထွက်ပေါ်လာသည်ဟူသော သတင်းသည် သူခန့်မှန်းထားသည်ထက် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေလောက်ပေပြီ။

All Chapters