← Chapters

အပိုင်း (၁၆၀)

Vol. 11 Ch. 160

အပိုင်း (၁၆၀)

Vol. 11 Ch. 160

ယန်ရှိုသည် သူ၏အကြည့်များကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ သူသည် ကွင်းထဲတွင် ရှိနေသည့် လူများကို လှမ်းကာကြည့်ရှုလိုက်၏။ လက်ထဲတွင် ဖန်တီးခြင်းသော့က ပေါ်ပေါက်လာခဲ့၏။ သူက တည်ငြိမ်စွာ ပြောလိုက်မိသည်။ “လူတွေအများကြီး ကြည့်ရှုနေတာပဲ။ ခေါင်းဆောင်ရီ... အချိန်ဆက်ပြီးတော့ နှောင့်နှေးနေလို့ မဖြစ်တော့ဘူးလေ။ ရန်ငြိုးဆိုတာ ဘယ်အချိန်မဆို ဖြေရှင်းလို့ရတယ်။ ဒီတစ်ကြိမ် လျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင်တော့ အနာဂတ်မှာ ဘယ်ချိန်ပြန်ပွင့်လာမလဲဆိုတာ ဘယ်သူကမှ သိမှာ မဟုတ်ဘူး”

သူက ထပ်ပြောလိုက်၏။ “ဒါကို လက်မလွတ်သွားစေဖို့ ကျုပ်က မျှော်လင့်မိတယ်”

ရီချင်းမင်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ပိုမိုကာ တင်းမာသွားခဲ့၏။ သူသည် ကြေးဂိတ်တံခါးဆီသို့ လှမ်းကြည့်လိုက်၏။ အဝင်ဝဆီသို့ လှမ်းမျှော်ကြည့်ရှုပြီးသည့်နောက် ရှုပ်ထွေးလှသည့် ခံစားချက်များ ဖြစ်တည်လာ ခဲ့၏။ သူသည် တကယ်ပဲ စိတ်ထဲတွင် နဝေတိမ်တောင် ခံစားချက်များ ဖြစ်တည်နေသည်။

မူလအားဖြင့် ဤအရာသည် အင်ပါရီယာ ရီကလန်၏ လျှို့ဝှက်နယ်မြေသာဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ သူတို့ မပိုင်တော့ချေ။ အင်ပါရီယာ ရီကလန်သည် ထိုအထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိသည့် ရေတွက်လို့ မရအောင် များပြားလှသည့် ဂိုဏ်းဂဏ အသီးသီးထဲမှ တစ်ခုပင် ဖြစ်လို့နေခဲ့၏။

တစ်ခုသာသည်မှာ ၎င်းတို့သည် ဘိုးဘေး၏ မှတ်တမ်းများကို ကိုင်ဆောင်မှတ်သားထား၏။ လျှို့ဝှက်နယ်မြေ ထဲတွင် ရှိနေသည့် အရာအားလုံးကို မှတ်တမ်းတင်ထားသော အရာပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဆိုသော်လည်း ပတ်ဝန်းကျင် တည်နေရာကြီးသာ မပြောင်းလဲဘူးဆိုပါက မှတ်တမ်းထဲမှာ ရှိနေသည့် အရာများကို မှီငြမ်းကာဖြင့် အထဲတွင် ရှိနေသည့် အရာများကို ခန့်မှန်းနိုင်၏။ အနည်းဆုံး ဘာမှမသိသည့် လူများထက်စာလျှင် ၎င်းတို့သည် အကောင်းဆုံး ပြုလုပ်နိုင်စွမ်းတော့ ရှိနေသေးသည်။

“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲမှာ ရှိနေတဲ့ ရတနာတွေက လွယ်လွယ်ကူကူ ရနိုင်တဲ့အရာ မဟုတ်ဘူး”

ရီချင်းမင် သည် အေးစက်စက်ဖြင့် တီးတိုးရေရွတ်လိုက်၏။ သူသည် လက်ကို အသာဖြန့်လိုက်တော့ ဖန်တီးခြင်းသော့ တစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။

ဖန်တီးခြင်း၏ စွမ်းအင်လှိုင်းများသည် ဖြစ်တည်လျက် ရှိနေပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ တစ်ချိန်တည်းမှာပဲ တခြားသော လူသုံးယောက်တို့ကလည်း ၎င်းတို့၏ လက်ထဲတွင် ရှိနေသည့် သော့များကို လက်လွှတ်လိုက်သည်။

ဖန်တီးခြင်းသော့ လေးခုတို့သည် လေဟာနယ်ထဲတွင် စုစည်းပြီးသည့်နောက် လကြီးကဲ့သို့ပင် ပြည့်ဝလှသည့် ရောင်စဉ်တန်းများ ထွက်ပေါ်လာခဲ့၏။ တရွှီးရွှီး အသံများ ပေါ်ပေါက်လာပြီးသည့်နောက် ဖန်တီးခြင်းသော့ လေးခုထဲမှ အင်မော်တယ် နတ်ဘုရားရောင်စဉ်တန်းများသည် ကြေးဂိတ်တံခါးဆီသို့ စုစည်းကာ ဝင်ရောက်သွားခဲ့၏။

ဂျိန်း

နားကွဲလောက်စရာ ကျယ်လောင်လှသော အသံကြီးတစ်ခု ပဲ့တင်ထွက်လာခဲ့၏။ ကြေးဂိတ်တံခါးကြီးဆီမှ စူးရှသည့် အော်ငြီးသံကြီး ထွက်ပေါ်လျက် ရှိနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရေတွက်လို့ မရအောင် များပြားသည့် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ အချိန်၏ စွမ်းအင်များသည် လေဟာနယ်ထဲတွင် ပြည့်နှက်လျက် ရှိနေပြီး ထိုအရာများသည် နက်နဲပြီး ဆန်းကြယ်လွန်းလှချေသည်။

ပြင်ပတွင် ကြည့်ရှုနေကြသည့် လူများ၏ မျှော်လင့်တကြီး အကြည့်အောက်မှာတော့ ဂိတ်တံခါးကြီး၌ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်သည့် အသံကြီးနှင့်အတူ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် ထိုအက်ကွဲကြောင်းကြီးထဲမှ ဆန်းကြယ်လွန်းလှသည့် နှင်းဆီရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။

အလင်းတန်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ထိုထဲတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဘုရင်တစ်ပါး ၏ အော်ရာများ ပါဝင်လျက် ရှိနေသည်။

အားလုံးသော သူတို့သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင် သွားခဲ့ကြ၏။

ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် အကြောင်းအရာများကို သူတို့ မသိရှိဘူးဆိုသော်လည်း ထွက်ပေါ်လျက် ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ကြည့်ရှုလိုက်သည်နှင့် သာမန်မဟုတ်သည်ကို သူတို့ သိရှိနိုင်စွမ်းရှိ၏။ ပေါကြွယ်လှသည့် စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေသည် ဆိုသောကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်မှာ မည်သည့် ရတနာ၊ မည်သည့် ရှားပါးလှသည့် ပစ္စည်းများ မဖြစ်ပေါ်၊ မရှိဘူး ဆိုသည်မှာ အဓိပွာယ် မရှိလှချေ။

ဂျိန်း ဂျိန်း

ကြီးမားလွန်းလှသည့် ကြေးဂိတ်တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့၏။ ကောင်းကင်ယံထက်တွင် တောက်ပသည့် ရောင်စဉ်လှိုင်းများ ဖြစ်တည်လျက် ရှိနေပြီး ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းကို မြင်ရပြီးနောက် ရေတွက်လို့မရအောင် များပြားလှသည့် လူများ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင် များ ပိုမိုထွန်းတောက်လာကြ၏။

အတွင်းဘက်သည် နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့သော နေရာဖြစ်ပြီး တောင်တန်းများသည်လည်း အစီအရီဖြင့် လှပစွာ တည်ရှိနေသည်။ အသက်ဓာတ်များ ပေါကြွယ်လွန်းလှပြီး ရှေးဆန်လွန်းသော သစ်ပင်အိုကြီးများသည် လေနှင့်အတူ လှုပ်ခါလျက်ရှိသည်။ ထိုသစ်ပင်အိုကြီးများဆီမှ သစ်ကိုင်းများနှင့် အရွက်အလက် များသည် တကယ်ကို စိုပြေ စိန်းလမ်းလျက် ရှိနေသည်။

လေထုထဲတွင် သားရဲများ၏ အော်သံကို ခပ်သဲ့သဲ့ ကြားနေရ၏။

ဝှစ်

တောင်တန်းများ၏ ကြားထဲတွင် အင်မော်တယ်နတ်ဘုရား ရောင်စဉ်လှိုင်းတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကြည့်ရှုနေသူများ အားလုံး၏ အာရုံကို ဆွဲဆောင်ခဲ့၏။ ဤအရာသည် တောင်ထွတ်ငယ်လေးတစ်ခုသာ ဖြစ်ပြီး တလက်လက် တောက်ပလျက်ရှိသည့် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လျက် ရှိနေသည်။

ထိုတောင်တန်းကြီးကို သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးနှင့်ပင် ဆင်တူလျက် ရှိနေ၏။ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်ရှုရမည်ဆိုလျှင် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူထက် မည်သို့မှ နိမ့်ကျလှသည့်ပုံ မပေါ်ချေ။ နတ်အဆင့် စိတ်ဝိညာဉ်အပင် သို့မဟုတ် ထိုထက် မြင့်မားသည့် သူတော်စင်အဆင့် ရတနာတစ်ခုခု ရှိပုံပေါ်၏။

“စိတ်ဝိညာဉ်လမ်းစဉ်၊ ဒါ တကယ့်ကို ဖန်တီးခြင်းလျှို့ဝှက်နယ်မြေပဲ”

“ကောင်းကင်ဘုံ... ကျုပ်တစ်ဘဝလုံး အထဲမှာ နေရမယ်ဆိုရင်တောင်မှ ကျုပ် လိုလိုချင်ချင်နဲ့ နေလိုက်ချင် သေးတယ်။ ဒီလောက် ကောင်းမွန်လှတဲ့ ပတ်ဝန်းကျင်တည်နေရာထဲမှာဆိုရင် အင်ပါယာတစ်ယောက် ဖြစ်လာဖို့ ဆိုတာ လုံးဝ ခက်ခဲမှာ မဟုတ်ဘူး။ ဟုတ်တယ်မလား”

လူပေါင်းများစွာတို့သည် အားတက်သရောဖြင့် ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် တကယ်ပင် စိတ်ကျေနပ်သည့် အမူအရာများ ဖြစ်တည်လျက် ရှိနေ၏။ အားလုံးသော သူတို့သည် အရှေ့ဆီသို့ လှမ်းဝင်ရန် ကြိုးစားလိုက်ကြ၏။ အက်ကွဲကြောင်းထဲမှ ပေါ်လာသည့် မြင်ကွင်းကပင်လျှင် သာမန်ထက် ပိုလွန်းနေ၏။ အထဲကို ဝင်သွားမည်ဆိုပါက မည်မျှကောင်းမွန်လှသည့် အခွင့်အရေးမျိုး တည်ရှိနေမည်ဆိုသည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။

“အင်း... အားလုံးက အားတက်သရော ရှိနေပြီဆိုမှတော့ ဒီအဘိုးကြီး ရှေ့က ဝင်ပါ့မယ်” အဘိုးအိုတစ်ယောက်သည် ကောင်းကင်ယံအထက်ဆီမှ ပျံသန်းလိုက်၏။ တောက်ပသည့် အလင်းတန်းများသည် ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေ၏။ သူတော်စင်တစ်ယောက်၏ အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး ကြည့်ရှုနေသည့် အားလုံးသောသူများကို တန့်ခနဲပင် ဖြစ်သွားစေခဲ့ကြ၏။

အဘိုးအိုသည် လေဟာနယ်ထဲသို့ လှမ်းလျှောက်လိုက်၏။ သူ၏ အမြန်နှုန်းသည် တကယ်ပင် အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ သူသည် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် စောဏက အလင်းတန်းများ ထွက်ပေါ်နေသော ရှေးတောင်တန်းကြီးကို သေသေချာချာ မျက်တောင်မခတ်ဘဲ ကြည့်ရှုနေ၏။ ဤအရာသည် ကျိန်းသေပေါက် သူတော်စင်အဆင့် ဆေးပင်တစ်ခု ဖြစ်မည်ဖြစ်ကြောင်းကို သူက အတည်ပြုမိသည်။

သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ဆိုသည်မှာ တကယ်ပင် စိတ်ဝိညာဉ်လမ်းစဉ်များနှင့် တလက်လက် တောက်ပလျက် ရှိနေသည့်အရာဖြစ်ပြီး တန်ဖိုးကြီးမားလှသည့်အရာပင် ဖြစ်၏။ သူသာ ထိုအရာကို ရရှိနိုင်မည်ဆိုပါက နှစ်တစ်ထောင်နီးပါးခန့် သူ၏သက်တမ်းကို တိုးမြှင့်နိုင်မှာဖြစ်၏။

နှစ်တစ်ထောင်အတွင်းတွင် ဘာမဆို ဖြစ်နိုင်စွမ်းရှိ၏။ ဤအချိန်အတိုင်းအတာအတွင်း ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ဆီသို့ တက်လှမ်းနိုင်သည်ဆိုပါက ရေတွက်လို့မရအောင် များပြားသည့် နှစ်ပေါင်းများစွာ ထပ်မံ အသက်ရှင် နေထိုင်ရမည် မဟုတ်ပါလား။

“ဝမ်ဟွာနတ်နယ်မြေကလူ မဟုတ်လား” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။ ဝမ်ဟွာနတ်နယ်မြေမှ လူသည် ဤမျှ ရဲတင်းလိမ့်မည်ဟု သူတို့ မထင်ချေ။ အားလုံး၏ အရှေ့မှ ပထမဆုံး ဝင်ရောက်ရန် ကြံစည်လျက်ပင် ရှိနေ၏။ ထို့အပြင် ရွှေကျီးကန်းကလန်၊ အင်ပါရီယာ ရီကလန်တို့ပင် လှုပ်ရှားမှု မပြုလုပ်သေးချေ။ ဝိုင်းဝန်း တိုက်ခိုက်မည်ကို မကြောက်ရွံ့ဘူးလား။

အံ့အားသင့်စရာ ကောင်းလှစွာပဲ လက်ရှိအချိန်မှာတော့ တခြားသော ဂိုဏ်းဂဏအသီးသီးတို့သည် တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေ၏။ မည်သူမှသည် အတူတူ ဝင်ရောက်ရန် မကြိုးစားကြသလို မည်သူကမှလည်း မတားဆီးကြချေ။ ၎င်းတို့သည် တစ်စုံတစ်ခု ဖြစ်ပေါ်လာရန် စောင့်မျှော်နေသကဲ့သို့ပင်။

“ဟမ်”

အဘိုးအိုသည် တစ်စုံတစ်ခု လွှဲမှားနေသည်ကို သတိပြုမိ၏။ ထို့ကြောင့် ပြောလိုက်သည်။ “ဝမ်ဟွာ နတ်နယ်မြေကို သူတို့ကြောက်လို့လား”

ဖြစ်နိုင်၏။ ထို့အပြင် ဝမ်ဝမ်နတ်နယ်မြေသည် အားကောင်းလွန်းလှ၏။ နတ်နယ်မြေပေါင်းများစွာ ကြားထဲတွင် အဆင့်အတန်းမြင့်မြင့် တည်ရှိနေခဲ့သည့်အရာဖြစ်၏။ ထို့ကြောင့် တခြားသူများသည် အနည်းငယ် ကြောက်ရွံ့သည်ဆိုခြင်းမှာ ဖြစ်သင့်သည့်အရာပင်။

တွေးတောရန် အချိန်မရှိသောကြောင့် အဘိုးအိုသည် ကြေးဂိတ်တံခါးဆီသို့ ရောက်ရှိနှင့်နေပြီ ဖြစ်၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သူသည် ခြေထောက်ကို မကာဖြင့် အထဲသို့ လှမ်းဝင်လိုက်၏။

ဘုန်း

သူ၏ ခြေထောက်သည် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ၏ မြေပြင်နှင့် ထိလိုက်သည့်အချိန်မှာပဲ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် တုန်ခါသွား ခဲ့၏။ မိုးကြိုးနှင့် လျှပ်စီးလှိုင်းများသည် ကြေးဂိတ်တံခါးဆီမှ ထွက်ပေါ်လာခဲ့ပြီး အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

အကန့်အသတ်မဲ့ များပြားလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အားလုံးသော သူတို့သည် မြန်မြန်ဆန်ဆန်ဖြင့် အနောက်သို့ ခြေလှမ်းဆုတ်ပြီး သူတို့၏ ရှေ့တွင် မြင်နေရသည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို လှမ်းကာ ကြည့်ရှုနေ၏။

ဤအရာသည် တကယ့်ကို ကြီးမားလှသည့် ကောင်းကင်ဘုံ ကပ်ဘေးကြီး တစ်ခုကဲ့သို့ပင်။ သူတော်စင် တစ်ယောက်ပင်လျှင် ခုခံနိုင်စွမ်း မရှိချေ။ ဆိုးရွားသည့် အော်ဟစ်သံကိုပင် အော်ဟစ်လိုက်ခြင်း မရှိဘဲ တိုက်ရိုက်ဆိုသလို ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ကပ်ဘေး၏ ကြောက်မက်ဖွယ်ရာ စွမ်းအင်ကို အလုံးစုံ ထုတ်ဖော်ပြသခဲ့ခြင်းပင်။

မိုးကြိုးသမုဒ္ဒရာကပ်ဘေး - ဤကဲ့သို့ အကန့်အသတ်မဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်နေသည့် ကပ်ဘေးကြီးသည် ဤနေရာတွင်‌ ပေါ်ပေါက်လာခဲ့သည်။ အချိန်အတော်ကြာ တဝုန်းဝုန်းနှင့် ပစ်ချပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့သည်။

ဂလု

ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မြင်ရသည့် လူပေါင်းများစွာတို့သည် ခက်ခက်ခဲခဲဖြင့် တံတွေးကို မျိုချလိုက်မိ၏။

“ဒါ သေလမ်းရှာတာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က သတင်းအချက်အလက်တွေကို ဝယ်မထားဘဲ အထဲကို အဆင်အခြင်မဲ့ ဝင်ရတယ်လို့။ ဒီအဘိုးကြီး တကယ့်ကို အသက်ရှင်ရတာ ပျင်းခဲ့တာပဲ” ရွှေကျီးကန်း ကလန်က တစ်စုံတစ်ယောက်သည် ထကာ ပြောဆိုလိုက်သည်။။

ရထားလုံး၏ အတွင်းမှာတော့ ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် အပြင်ဘက်တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကြည့်ပြီး ထူးမခြားနားသလိုပင်။ တစ်ချိန်တည်းထဲမှာပဲ သူသည် အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ သူသည်သာ သတင်းအချက်အလက်များကို ဝယ်ယူခဲ့သည်သာ မဟုတ်ပါက သူတို့၏ ကလန်မှ သူတော်စင်သည် ထိုအထဲသို့ ဝင်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်သည် ခန့်မှန်း၍ပင် မရနိုင်ချေ။

All Chapters