အခန်း (၅၃၁)
Vol. 36 Ch. 531
“တစ်ယောက်တည်း မဟုတ်ဘူးလား” ဟောင်ယွမ် သည် တွန့်ခနဲဖြစ်သွား၏။ အန္တိမကျင့်ကြံသူအဆင့် တစ်ယောက်တည်းဆိုပါက ကျိန်းသေပေါက် သူတို့အနေနှင့် အစစ်အမှန်အင်မော်တယ်အဆင့်သို့ ချိုးဖြတ် ပြီးသည့်နောက် ပြန်လည်ကာ ခုခံနိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ တစ်ယောက်ထက် ပိုမိုသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာများလိမ့်မည်။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် အဆင့်ချိုးဖြတ်နိုင်စွမ်းရှိသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် တစ်ဖက်လူများကို ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာသည် ရွက်သင်္ဘောလေး တစ်ခုတည်းသာလျှင် ရှိနေသေး၏။ မည်မျှ များပြားလှသည့် ကြောက်မက်ဖွယ်ရာ ကျင့်ကြံသူများ ထိုရန်သူများ၏ နောက်ကွယ်တွင် တည်ရှိနေကြောင်း မသိရှိနိုင်ပေ။
ပိုမို၍ အရေးကြီးသည်မှာ မြေအင်မော်တယ်လောကတွင် ရှိနေသည့်လူများအနေနှင့် ရန်သူများ၏ အဓိက ဌာနချုပ် မည်သည့်နေရာတွင် ရှိသည်ကို မသိခြင်းပင်။ တစ်ချို့အခြေအနေမျိုးကို ပိုင်ဆိုင်သည် ဆိုပါက တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်း ပြောင်းပြန်လှန်ပစ်နိုင်မည့် အခွင့်အရေးမျိုးရနိုင်သည်။ တစ်ဖက်လူများ၏ မွေးရပ်မြေ တည်နေရာများကို ပြန်လည်ကာ တိုက်ခိုက်ခြင်းပင်။
ယခုအခြေအနေသည် ခရမ်းရောင်နက်နဲလောကကြီး လုပ်ခဲ့သည့်အရာနှင့် မတူခြားနားလို့နေခဲ့၏။ မြေအင်မော်တယ်လောကအနေနှင့် ခရမ်းရောင်နက်နဲလောကကြီးကို အလုံးစုံသုတ်သင်ရှင်းလင်းပစ်ရန် ကြိုးစားနေသည့် အခြေအနေတွင် အင်ပါယာပိုင်လီသည် မြေအင်မော်တယ်လောကကြီးဆီသို့ ရောက်ရှိ လာခဲ့ပြီး တိုက်ခိုက်နိုင်ခဲ့၏။
ထို့အပြင် အားအင်အဆင့် ပြင်းထန်လွန်းလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများ လောကထဲ၌ တိုက်ခိုက်သည် ဆိုပါက ကျိန်းသေပေါက် လောကသားအားလုံး သေဆုံးမှာပင်။ ငါးကန်ထဲတွင် နဂါးများတိုက်ခိုက်သည် ဆိုပါက ငါးများသေဆုံးသည်မှာ သဘာဝပင်ဖြစ်သည်။
“အင်း .... ဒါ ကောလဟာလတွေထဲ ငရဲလောကလား”
မြေအင်မော်တယ်လောကတွင်တော့ ထာဝရ အစစ်အမှန် အင်မော်တယ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ကြည့်ရှုလျက် ရှိနေ၏။ ၎င်း၏အမူအရာသည် လေးနက်နေ၏။ ၎င်းသည် ရွက်သင်္ဘောကြီးကို လှမ်းကာကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်၏။
“ငရဲလောကက အတိတ်တုန်းက သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရတယ်ဆိုပေမဲ့ သူတို့ဆီမှာ ကျန်ခဲ့တဲ့ လက်ကျန်အားအင်တွေက မြေအင်မော်တယ်လောကအနေနဲ့ ခုခံနိုင်စွမ်းမရှိတဲ့အရာမျိုးပဲဖြစ်တယ်”
တခြားသောသူများနှင့် နှိုင်းယှဉ်ရမယ်ဆိုလျှင် ထာဝရ အစစ်အမှန် အင်မော်တယ်သည် ငရဲလောကနှင့် ပတ်သက်၍ နက်နဲသည့် အသိပညာများ တည်ရှိ၏။ ထို့ပြင် သူ၏ အမွေအနှစ်သည်ကလည်း ငရဲလောကကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် လူတစ်ယောက်ဆီမှ ရရှိခဲ့သည့်အရာ မဟုတ်ပါလား။ ထို့ကြောင့် ငရဲလောက၏ အော်ရာများနှင့် သူ ရင်းနှီးနေခြင်းမှာ ထူးခြားသည့်အရာမျိုး မဟုတ်ချေ။
အစောပိုင်းတုန်းက မြေအင်မော်တယ်လောကထဲတွင် သေဆုံးခဲ့သည်လူများအားလုံး အသက်ပြန်ရှင်လာခဲ့ သည့်အချိန်၌ ငရဲလောကမှလူများ နောက်ကွယ်မှ ဖန်တီးပြုလုပ်ခဲ့ကြောင်း သူ တွက်ချက်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အစပိုင်းတုန်းက နိရယအင်ပါယာက နောက်ကွယ်မှ ပြဿနာရှာနေခြင်းဟု သူ ထင်မှတ်ခဲ့၏။ သို့သော်ငြား ကြည့်ရှုရသည်မှာ နိရယအင်ပါယာနှင့် ဘာမှသက်ဆိုင်သည့်ပုံမပေါ်ချေ။ ငရဲလောက၏အခွဲ သီးခြား အမွေအနှစ် ဆက်ခံသူ တစ်ယောက်ယောက်၏ တခြားသော အင်အားစုတစ်ခုသာလျှင် ဖြစ်ပေလိမ့်မည်။
“အန္တိမကျင့်ကြံသူအဆင့် ငါးယောက်... ဒါက တရားလွန်လွန်းတယ်။ ဒီလူတွေရဲ့ ပြုမူ ဆောင်ရွက်ပုံနဲ့ဆိုရင် ကျုပ်တို့ဆီက အန္တိမကျင့်ကြံသူဆယ်ယောက်ရှိတယ် ဆိုရင်တောင်မှ တစ်ဖက်လူတွေကို ဖိနှိပ်နိုင်ဖို့ မလွယ်ဘူး” ထာဝရ အစစ်အမှန် အင်မော်တယ်သည် မျက်မှောင်ကုပ်လိုက်မိ၏။
လက်ရှိအခြေအနေမှာတော့ ကောင်းကင်မူလလောကကြီးဆီသို့ သွားရောက်ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို မေးမြန်းဖို့အကြောင်း သူစဉ်းစားလိုက်မိ၏။ ထိုမှသာလျှင် သူ့အနေနှင့် အန္တိမကျင့်ကြံခြင်း အဆင့်ဆီသို့ လွယ်လွယ်ကူကူဖြင့် အဆင့်ချိုးဖြတ်နိုင်ရန် နည်းလမ်းကို တွေ့ရှိပေလိမ့်မည်။ သို့သော်လည်း လက်ရှိအခြေအနေသည် သူ့အား ထွက်ခွာသွားရန် အခွင့်အရေး မပေးခဲ့ချေ။
သူ ထွက်ခွာသွားသည်နှင့် တပြိုင်နက် မြေအင်မော်တယ်လောက၏ တိုက်ခိုက်ရေးစွမ်းအင် တစ်ဝက်ကျော်လောက်သည် လစ်ဟင်းသွားမှာ သေချာ၏။ အစစ်အမှန် အင်မော်တယ် အနည်းငယ် သာလျှင် ကျန်ရှိတော့မည်ဖြစ်သောကြောင့် ရန်သူကိုတားဆီးဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ဟုတ်ပေ၏။ သူရှိနေသည် ဆိုလျှင်တောင်မှ မည်သို့မျှ ရန်သူကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဟု ထာဝရ အစစ်အမှန် အင်မော်တယ်က ယုံကြည်နေခဲ့၏။ သူ တွန့်ဆုတ်လျက်ရှိနေတုန်းမှာပဲ ကျယ်လောင်လွန်းသည့် ဘုန်းဟူသော အသံကြီးတစ်ခု ပေါ်ပေါက်လာ၏။
လေဟာနယ်တစ်ခုလုံးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မတ်မတ်ရပ်ကာ ပေါ်လာ၏။ ၎င်း၏ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ပင် ကျောအနောက်ဘက်သို့ ကျဆင်းနေ၏။ ၎င်းသည် တစ်လှမ်းချင်း လှမ်းလျှောက်ရင်း အစီအရင်တစ်ခုကို ဖန်တီးနေ၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ဤအစီအရင်ကြောင့် သီးခြားဖြစ်တည်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်နေရသည်ဆိုသော်လည်း အန္တိမကျင့်ကြံသူ တစ်ယောက်၏ ဆန်းကြယ်မှုကို သူက မခံစားရချေ။ လှုပ်ရှားမှုများသည် သံသယရှိစရာမလိုပါဘဲ မြေအင်မော်တယ်လောကကြီးတစ်ခုလုံးနှင့် ပတ်သက်ဆက်နွယ်နေသကဲ့သို့ပင်။ အန္တိမကျင့်ကြံသူများ၏ တိုက်ပွဲသည် လောကကြီး တစ်ခုလုံးကို ပျက်စီးသွားနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဤအစီအရင် တည်ရှိနေသောကြောင့် လူပေါင်းများစွာတို့သည် သေဆုံးမည့်အန္တရာယ်မှ လွတ်မြောက်ပေလိမ့်မည်။
“တိုင်ချူး... ခင်ဗျား ထွက်ပြေးသွားခဲ့တာကြာပြီ။ ဒီနေ့ အခြေအနေမှာ ရှုံးနိမ့်သွားပြီဆိုရင် ဘယ်နေရာကို ထွက်ပြေးအုံးမလဲ” ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူသည် ခါးထောက်ကာ မတ်မတ်ရပ်ရင် အော်ငေါက်လိုက်သည်။ ၎င်း၏ပုံပန်းသွင်ပြင်ကို ကြည့်ရှုရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ခင်ဗျားတစ်ယောက်တည်းနဲ့ ကျုပ်တို့ကို ရင်ဆိုင်တိုက်ခိုက်မယ်ဆိုတော့ တကယ့်ကို သတ္တိကောင်းတာပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။ ကျိန်းသေပေါက် သေဆုံးပြီး ကျုပ်တို့ထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်။ တကယ်လို့ ကျုပ်တို့အရှင်ကသာ သနားညှာတာမယ်ဆိုရင် ခင်ဗျားအနေနဲ့ ကိုယ်ပိုင်အသိစိတ်တော့ ပိုင်ဆိုင်မှာပေါ့”
လေလှိုင်းများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများ၏ လွှမ်းခြုံမှုကို ခံလိုက်ရသည်။ ကောင်းကင်၏ အဆုံးသတ်တွင် ရှိနေသည့် သက်ရှိသတ္တဝါများအားလုံးသည် ကြောက်လန့်သွားကြ၏။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများသည် မည်မျှကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သိရှိနိုင်သည်။
မြေအင်မော်တယ်လောကရှိ သက်ရှိသတ္တဝါပေါင်းများစွာတို့သည် အစစ်အမှန်ပင် တုန်လှုပ်လျက် ရှိနေသည်။ ၎င်းတို့သည် မည်မျှဝေးဝေးကို နောက်ဆုတ် စွန့်ခွာသွားသည်ဆိုဆိူ လုံခြုံသည့် တည်နေရာဆီသို့ ရောက်ရှိသွားသည်ဟု မထင်မှတ်ခဲ့ချေ။ မြေအင်မော်တယ်လောကဆီသို့ တဖက်လူများ ဝင်ရောက်လာသည် ဆိုပါက ကျိန်းသေပေါက် ပြဿနာပင်။
“ဒါ အစစ်အမှန် အင်မော်တယ်ထက်တောင် ပိုမိုကြောက်ဖို့ကောင်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေလား”
ထိုအချိန်မှာတော့ အားနည်းလွန်းလှသည့် သက်ရှိသတ္တဝါများသည် မည်သို့မျှ မခံစားနိုင်ကြချေ။ မြေပေါ်သို့ပင် ဒူးထောက်ထိုင်ချလုမတတ် ဖြစ်နေကြ၏။ အစစ်အမှန် အင်မော်တယ်များ၏ တိုက်ပွဲသည် ၎င်းတို့ သိပ်ပြီး မြင်ဖူးလှသည့်အရာမျိုး မဟုတ်ချေ။ အစစ်အမှန်အင်မော်တယ်၏အထက် အန္တိမကျင့်ကြံသူများ၏ တိုက်ပွဲဆိုသည်မှာ စိတ်ကူးပင်မယဉ်နိုင်သည့်အရာမျိုး ဖြစ်၏။
“ဒီလို ကြောက်မက်ဖွယ်ရာ ကောင်းတဲ့လူတွေကို ရင်ဆိုင်မှာ အဖြူရောင်ဝတ်စုံနဲ့လူ တစ်ယောက်တည်းလား။ ဒီလူက ခုခံနိုင်ပါ့မလား” လူပေါင်းများစွာတို့က စဉ်းစားလိုက်မိကြသည်။
အဖြူရောင်ဝတ်စုံနှင့်လူအပေါ်တွင် ၎င်းတို့၏ မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားခဲ့ကြ၏။ သို့ပေမဲ့ နက်ရွှေရောင် စစ်သင်္ဘောကြီးပေါ်တွင် တည်ရှိနေသည့် သက်ရှိသတ္တဝါများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းကြောင်း အတိုင်းသားမြင်နေရ၏။
ကောင်းကင်ယံထက်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တိုင်ချူးသည် အေးစက်စက် အမူအရာမျိုးနှင့် တည်ရှိလို့နေခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်နေတုန်းပင်။
..........
ဘုန်း
အမဲရောင်ဖီးနစ်ငှက်ကြီးသည် ရွက်သင်္ဘောကြီးဆီမှ ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဘုရားမီးညွှန့်များသည် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလျက်ရှိနေပြီး အားလုံးသောသူတို့ကို လောင်မီးကျစေမည့်အရာမျိုးပင်။ လေဟာနယ်တစ်ခုလုံးသည် ကွဲကြေလာခဲ့၏။
“ကောင်းကင်ဘုံ”
ရေတွက်၍မရအောင် များပြားသည့် လူအားလုံးသည် ထိုမြင်ကွင်းကို ကြည့်ရှုရင်း အံ့အားသင့်မိနေကြ၏။ ပါးစပ်ပင် ပြန်မပိတ်နိုင်ခဲ့ကြချေ။ တိုင်ချူးသည် အစီအရင်တစ်ခုကို ဖန်တီးကာ ကာကွယ်ပေးထားသည် ဆိုလျှင်တောင်မှ တစ်ဖက်လူမှ ထုတ်ဖော်လိုက်သည့် အားအင်ကို ခုခံရချိန်မှာတော့ မည်သို့မျှ မနေနိုင်တော့ဘဲ သွေးများပင် အန်ထွက်လာခဲ့ကြလိမ့်မည်။
“သွားပြီပဲ” သာမန်ကျင့်ကြံသူများသည် မည်သို့မျှမခုခံနိုင်ကြချေ။ တချို့က စိတ်ပျက်လက်ပျက်ဖြင့် ထကာ အော်ဟစ်လိုက်ကြ၏။
ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူ ထွက်ပေါ်လာသည် ဆိုလျှင်တောင်မှ ရှေးရွက်သင်္ဘောပေါ်တွင်ရှိနေသည့် အော်ရာများသည် အားနည်းသွားသည့် အရိပ်သင်္ကေတမျိုး မရှိချေ။ ထွက်ပေါ်လာသည့်သူထက် ပိုမိုအားကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူများ ထပ်မံ တည်ရှိနေဦးမည့်ပုံပင်။ သူတို့အနေနှင့် အနိုင်ရရန် မျှော်လင့်ချက်ဟူ၍ လုံးဝမရှိတော့ပေ။
“တိုင်ချူး.. ဒီအချိန်မှာ အဆုံးသတ်ပြီပဲ။ မင်းကိုယ်တိုင် ငါတို့နောက်ကို လိုက်ခဲ့ဖို့ဆုံးဖြတ်မလား။ ဒါမှမဟုတ် အတင်းခေါ်သွားရမှာလား” အမဲရောင်ဖီးနစ်ငှက်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များကို ထုတ်ဖော်ကာဖြင့် လက်ညိုးညွှန်ကာ ပြောဆိုလိုက်သည်။