အပိုင်း (၇၈၅)
Vol. 52 Ch. 785-Final
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အရှေ့ဘက်တွင်တော့ …..
ဘုတ်ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဘုတ်
လျှိုမင်းဟယ်သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီးနောက် အမှန်ပင် ဆွံ့အလျက်ရှိနေ၏။ ကောင်းကင်ယံကို မော့ကြည့်ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်၏။ “စီနီယာ… စီနီယာ ကျေးဇူးအရမ်းတင် ပါတယ်။ ကျုပ်တို့အားလုံး မှားယွင်းခဲ့ပါတယ်။ ငရဲလောကကြီး ရောက်ရှိလာတဲ့အချိန်မှာ အသင်္ချေ များပြားတဲ့ လောကအသီးသီးတို့ စုစည်းရမယ်ဆိုတာ ငရဲလောကရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတာမျိုး မဟုတ်ဘဲနဲ့ စီနီယာရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတာမျိုးပေါ့။ ကျုပ်တို့ စီနီယာနန်းဆောင်သခင်ရဲ့ ရည်ရွယ်ချက်ကို အထင်အမြင် လွဲခဲ့မိပါတယ်”
နားလည်မှုလေးတစ်ခု လွဲမှားခဲ့ခြင်းသာလျှင်ဖြစ်၏။ သို့ပေမဲ့ အသင်္ချေ များပြားသည့် လောကအသီးသီး တို့သည် အဆုံးစွန်သော အခြေအနေဆီသို့ ရောက်ရှိခဲ့၏။ အင်မော်တယ်ဘုရင် အဆင့်စာရင်းတွင် ရှိနေသည့် ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းတို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်၏။
“တာအိုရောင်းရင်း… အရမ်းကြီး ဝမ်းနည်းစရာ မလိုဘူး။ ကျုပ်မှတ်ထားတာ မှန်မယ်ဆိုရင် လျှိုကလန်ထဲမှာ တစ်စုံတစ်ယောက် ရှိနေသေးတယ်” တစ်စုံတစ်ယောက်သည် နှစ်သိမ့်သည့် စကားလုံးများကို ပြောဆိုလိုက်သည်။
“ဘယ်သူရှိတာလဲ။ လျှိုကလန်မှာရှိတဲ့ အင်မော်တယ်ဘုရင်တွေ အကုန်လုံး သေဆုံးသွားခဲ့ပြီ။ ဒီနေ့ကစပြီး လျှိုကလန်က လုံးဝမရှိတော့ဘူး” လျှိုမင်းဟယ်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။
“လျှိုချင်းဟုန်လေ”
ထိုစကားစုသည် မိုးခြိမ်းသံကဲ့သို့ပင် ပေါ်ပေါက်လာခဲ့ပြီး လျှိုမင်းဟယ်၏ နှလုံးသား တည့်တည့် ထိမှန်လေ၏။ ၎င်းသည် ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး အနောက်ဘက်တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။
လျှိုမင်းဟယ်သည် ချက်ချင်း သတိဝင်သွားသည်။ သူသည် အမောတကောဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ လှမ်းကာ ဝင်သွားလိုက်၏။
……….
အချိန်များ ကုန်လွန်သွားခဲ့၏။ နှစ်တစ်သန်းဆိုသည်မှာ လေတစ်ချက် ဝှေ့တိုက်သွားသလိုပင်။
နှစ်တစ်သန်း ကြာမြင့်ပြီးသည့်နောက် အသင်္ချေ များပြားသည့် လောကကြီးများသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားခဲ့ပြီဖြစ်၏။ လောကကြီးသည် အလွန်တရာ ကျယ်ပြောလျက် ရှိနေပြီး အန္တိမ ကျင့်ကြံသူ အဆင့်သို့ ရောက်ရှိဖို့ဆိုသည်မှာ လွယ်ကူသည့် အခြေအနေမျိုးသို့ ပြောင်းလဲသွားခဲ့၏။
ဤသက်တမ်းအတွင်းမှာတော့ အဆုံးမဲ့သော ပါရမီရှင်များသည် လောကအသီးသီးတွင် ပေါ်ပေါက်လာခဲ့ ကြ၏။ အင်မော်တယ်ဘုရင်များ၏ အရေအတွက်သည် အဆပေါင်းများစွာ ပိုမိုကာ တိုးတက်လာခဲ့၏။ ထိုသူများကြားထဲတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အတောက်ပဆုံးပင် ဖြစ်သည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးကို အခြေပြုပြီးသည့်နောက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တည်ထောင်သူ မုန့်ရှင်းကျီသည် အင်မော်တယ်ဘုရင်အဆင့်ဆီသို့ လှမ်းဝင်နိုင်ခဲ့၏။
လက်ရှိဂိုဏ်းချုပ် ယန်ရှိုသည် အန္တိမ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိပြီး အင်မော်တယ်ဘုရင်တစ်ယောက် မဟုတ်သော်လည်း ၎င်းသည် ထာဝရ အသက်ရှင်ခြင်းကို ပိုင်ဆိုင်လျက် ရှိနေသည်။ အနာဂတ်တွင် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် အကြောင်းအရာ မဟုတ်ချေ။
“အန္တိမအဆင့် ကျင့်ကြံခြင်းကို ဝင်ရောက်တဲ့အတွက် ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်”
“ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်”
“ဂိုဏ်းချုပ်ကို ဂုဏ်ပြုပါတယ်”
ဂိုဏ်းချုပ်၏ အဓိက ဟောခန်းထဲမှာတော့ များပြားလှသည့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ အကြီးအကဲ များသည် ဦးကိုညွတ်ကာဖြင့် ဂါရဝပြုလျက်ရှိနေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် လွန်ခဲ့သည့် နှစ်သန်းအနည်းငယ်ကမှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ ရေတွက်၍မရအောင် များပြားသည့် မျိုးဆက်များသည် ပါရမီရှင်များအဖြစ် ဖြစ်တည်လာခဲ့၏။
ယန်ရှိုသည် ဂိုဏ်းချုပ် တည်နေရာတွင် တည်ရှိနေပြီး နှစ်သန်းပေါင်းများစွာကြာအောင် အားလုံးသော သူတို့၏ ကိုးကွယ်မှုကို ခံယူရ၏။ ထို့အပြင် သူသည် မုန့်ရှင်းကျီ၏ တိုက်ရိုက်တပည့် ဖြစ်ခဲ့သည်။
မုန့်ရှင်းကျီ တစ်ယောက်လုံး အနားတွင် ရှိနေသောကြောင့် ယန်ရှို၏ ဂိုဏ်းချုပ်ရာထူးသည် မြင့်မိုရ်တောင်ကြီးကဲ့သို့ပင် ခိုင်မာလျက် ရှိနေ၏။ မည်သူမှသည် ၎င်း၏ လက်ထဲတွင် ရှိနေသည့် ဂိုဏ်းချုပ် ရာထူးကို မလုယူရဲချေ။
“အကြီးအကဲတို့ ဒီလောက်ထိ လောကဝတ်တွေ လုပ်နေဖို့ မလိုပါဘူး”
ယန်ရှိုသည် ထိပ်ဆုံးတည်နေရာတွင် အသာထိုင်ချပြီးသည့်နောက် မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ နှင့် ပြည့်နှက်လာခဲ့၏။ သူက အသာပင် ပြောဆိုလိုက်၏။
“စီနီယာနန်းဆောင်သခင်ရဲ့ ကျေးဇူးကြောင့်ပဲ။ နန်းဆောင်သခင်သာ မရှိဘူးဆိုရင် ဒီနေ့ အခြေအနေမျိုးကို ဘယ်လိုလုပ် ရောက်မှာလဲ။ အတိတ်က အကြောင်းအရာတွေကို ပြန်ပြီး တွေးကြည့်မယ်ဆိုရင် ဒီနိမ့်ကျတဲ့ လူက အကြီးအကဲတစ်ယောက်သာသာပဲ ရှိခဲ့တာလေ”
အကြောင်းအရာများကို ပြန်လည်ကာ တွေးတောပြီးသည့်နောက် ယန်ရှို၏ မျက်နှာပေါ်တွင် လွမ်းဆွေးတသ သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ မျက်စိတမှိတ်အတွင်း နှစ်သန်းချီ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်မူလလောကကြီးသည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မုန့်ရှင်းကျီသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိနေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဆက်လက်ကာ တည်ရှိနေမလား။ မတည်ရှိဘူးလားက မသေချာချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် မတည်ရှိပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တည်ရှိလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ ဝမ်ဝမ် နတ်နယ်မြေနဲ့ ခရမ်းရောင် နတ်နယ်မြေမှာ ရှိနေတဲ့ အကြီးအကဲတွေ ရောက်လာကြပါတယ်။ ဂိုဏ်းချုပ် အန္တိမအဆင့်ကို ချိုးဖြတ်နိုင်တဲ့ သတင်းကြားတဲ့အတွက် လာပြီးတော့ ဂုဏ်ပြုစကား ဆိုကြတာပါ” ထိုအချိန်မှာတော့ တပည့်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာပြီး တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြောဆိုလိုက်၏။
“ဪ”
ယန်ရှိုသည် မျက်ခုံးကို ပင့်လိုက်၏။ သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အကြီးအကဲများကို လှမ်းကြည့်ကာ ပြောလိုက်သည် “သူတို့ ရောက်လာပြီဆိုမှတော့ အရင်ဆုံး သူတို့ကို ဧည့်ခံထားလိုက်။ ကျုပ် တောင်အနောက်ဘက်ကို သွားပြီးတော့ ဘိုးဘေးကြီးကို အဆင့်ချိုးဖြတ်နိုင်ခဲ့တဲ့အကြောင်း သတင်းပို့ လိုက်အုံးမယ်”
ပြောပြီးသည့်နောက် သူသည် တခြားသော အကြီးအကဲများ၏ တုံ့ပြန်မှုကို မစောင့်ဘဲ ထွက်ခွာသွားခဲ့၏။ တောင်အနောက်ဘက်သို့ ရောက်သည့်အချိန်မှာတော့ ယန်ရှိုသည် မုန့်ရှင်းကျီ တံခါးပိတ်ကျင့်ကြံရာ နေရာ ဆီသို့ ရောက်ရှိသွားခဲ့၏။ ပြီးနောက် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောဆိုလိုက်၏။
“ဂျူနီယာယန်ရှို… ဘိုးဘေးကြီးနဲ့ လာရောက်တွေ့ဆုံပါတယ်” ဂါရဝပြု နှုတ်ဆက်စကား ဆိုလိုက်သော်လည်း လေဟာနယ်ထဲတွင် မည်သည့် တုံ့ပြန်မှုမှ မပေါ်လာခဲ့ချေ။
“ဂျူနီယာယန်ရှို… လာရောက်တွေ့ဆုံ …”
နောက်တစ်ကြိမ် ထပ်မံပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ လေဟာနယ် တစ်ခုလုံးသည် ရုတ်တရက် ကွဲအက်သွားခဲ့၏။ အက်ကွဲကြောင်းကြီး ပေါ်ပေါက်လာပြီးနောက် အချိန်၏ မြစ်ရေစီးကြောင်းကြီး ပေါ်ပေါက်လာသည်။ ရှေးဆန်ပြီး ကြည့်ကောင်းလှသည့် လူတစ်ယောက်သည် ထိုမြစ်ကြီး၏ အထက်၌ မတ်မတ်ရပ်လျက် ရှိနေ၏။ ထိုလူ၏ဝတ်စုံကို ယန်ရှိုက ကောင်းကောင်း ရင်းနှီး၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်မှ မဟုတ်လျှင် တခြားမည်သူဖြစ်မည်နည်း။ သို့ပေမဲ့ လက်ရှိ စီနီယာ ဟုတ်ပုံမပေါ်ချေ။ လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းတုန်းက စီနီယာပင် ဖြစ်လေသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကြီးမားသည့် လက်ကြီးကို အသာဆန့်တန်းကာဖြင့် ဘိုးဘေး မုန့်ရှင်းကျီကို ဆွဲခေါ်သွားခဲ့သည်။ ဘိုးဘေးကြီးသည် စီနီယာ၏ လက်ထဲ၌ ကန့်လန့်ကြီး ပါသွားလေ၏။
“သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ” ယန်ရှိုသည် မြင်နေရသည့် မြင်ကွင်းကို ကြည့်ရှုပြီး တံတွေးကို မျိုချလိုက်မိတော့သည်။
....
ရှုပ်ထွေးသည့် ပြဿနာများနှင့် ကြီးကျယ်ခမ်းနားလွန်းသော ရည်မှန်းချက်နှင့် လောကကြီးကို လွှမ်းမိုးချင်သော ကျင့်ကြံသူ တစ်ဦး သို့မဟုတ် တစ်ဖွဲ့ဟူ၍ ပေါ်မလာတော့ချေ။ အရာအားလုံးသည် လီယွင်၏ ဦးဆောင်မှုအောက်တွင် လောကသဘာဝအတိုင်း ဖြတ်သန်းလျက်ရှိသည်။ ကျင့်ကြံသူတို့၏ လောက၌ အားကြီးသူသည် အားနည်းသူကို နင်းချေခြင်း ဆိုသည်မှာ သဘာဝပင်။ ထိုသို့သော ကိစ္စများကို သူသည် လိုက်လံ ပါဝင်ရှုပ်ထွေးနေမည် မဟုတ်ချေ။ အိမ်၌ မွေးမြူထားသည့် သားရဲသည် သက်ဆိုးရှည်မည် မဟုတ်ပေ။ သားရဲဆိုသည်မှာ လုံလောက်သည့် စွန့်စားခန်းများနှင့် အတူ အသက်မွေးဖို့ လိုအပ်သည် မဟုတ်ပါလား။
လောကသည် လောက၏ သဘာဝအတိုင်း ဖြတ်သန်းသွားလာနေသည်။ အရာအားလုံးသည် ခဏသာလိုပင်။ လီယွင်မှာတော့ ထာဝရတည်မြဲနေ၏။
………………………………………
(ပြီးပါပြီ။)
အဆုံးထိ အားပေးဖတ်ရှုပေးကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။ အားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
[စာပြီးချိန် - ၉:၃၀ ည၊ ၁၃.၈.၂၀၂၅။]
ဘာသာပြန် သိန်းထွန်း ရေးသားပြီးစီးခဲ့သော စာစဉ်များ -
I. ကျင့်ကြံသူတို့စကားဝိုင်း
II. ကံကြမ္မာစာအုပ်
III. ပြိုင်စံရှားဂိုဏ်း
IV. ကောင်းကင်လျှို့ဝှက်နန်းဆောင်
ဆက်လက်ပြန်ဆိုမည့် စာစဉ် -
ရှမ့်သခင်လေး …..
အနုံဆုံး၊ အအဆုံး ၊ အညံဖျင်းဆုံး တောရွာ ဇနပုဒ်ဆီမှ သူဆင်းရဲလေးတစ်ဦး၏ လောက အထွတ်အထိပ်သို့ လျှောက်လှမ်းရာ ခရီး ...
ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် ယခင်ဘဝက ၎င်းအသုံးပြုနေကျ Ai စနစ် နှင့် ချိတ်ဆက်ပြီးသား ကွန်ပြူတာ တစ်ခု နှင့် X – ray စက်ကြီး ပါလာခဲ့သော ရှမ့်လန့် …..
လူပေါင်းများစွာတို့၏ အထင်အမြင်သေးမှုကို ချက်ချင်းတုံ့ပြန် လက်စားချေတတ်သော ရှမ့်လန့် …
တော်ဝင်မျိုးနွယ်များ၏ အရှုပ်အထွေး၌ ဉာဏ်တာအိုနှင့် လျှောက်လှမ်းခဲ့သော ရှမ့်လန် ...
စစ်တုရင် ကစားပွဲတစ်ပွဲကို ကိုယ်တိုင် ကစားနေရသလို ဖတ်ရှုရမည့် ဝတ္တုစီးရီး ....
ရှမ့်လန့် ၏ အရှက်မဲ့မှု ၊ မျက်နှာအရေပြားထူမှု တို့နှင့်အတူ ရှမ့်လန်၏ စွန်းစားခန်းများကို ဟာသနှောကာ ဖတ်ရှုရမည့် ရှမ့်သခင်လေး ….။