← Chapters

အခန်း (၁၂၈)

Vol. 9 Ch. 128

အခန်း (၁၂၈)

Vol. 9 Ch. 128

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်နှင့် ပိုင်ချမ်းဟန်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိနေ၏။

အနည်းငယ် ပြောဆိုဆွေးနွေးပြီးသည့်နောက် ပိုင်ချမ်းဟန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် ကျောက်စိမ်းပြားကို ထုတ်ယူပြီး အထဲတွင်ရှိနေသည့် ပါဝင်အကြောင်းအရာများကို ဖတ်ရှုပြီး မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။ သူသည် လဲပြိုလုမတတ်ပင်။

ပထမတုန်းက သူသည် ပျော်ရွှင်သွားမိ၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်မိသည်။ “တော်ဝင်ဓားဂိုဏ်း.. ဘယ်လောက်ဆိုးရွားလိုက်သလဲ”

ပိုင်ချမ်းဟန်သည် ဒေါသထွက်သွားမိ၏။

တော်ဝင်ရင်နိုင်ငံတော်သည် ဖန်းနီရှန်ကို တစ်လလောက်နီးပါး ရှာဖွေခဲ့၏။ အဆုံးသတ်မှာတော့ ဖန်းနီရှန် သည် တော်ဝင်ဓားဂိုဏ်းထဲကို ဝင်ရောက်ခဲ့၏။ ဤသတင်းကို သူလက်မခံနိုင်ပေ။ သူမကို ရှာဖွေ မတွေ့ရှိဘူးဆိုလျှင် ကိစ္စမရှိချေ။ ရှာဖွေတွေ့ရှိပြီးသည့်နောက် ခေါ်ယူနိုင်ရန် မအောင်မြင်ဘူး ဆိုသည်မှာ သူ့ကို တကယ်ပင် ထိခိုက်နာကျင်ခံစားရစေသည်။

“ဒီလောက်ကြီး ထိခိုက်နာကျင်ခံစားနေဖို့ မလိုပါဘူး။ ဒါ ဖြစ်သင့်တဲ့ အကြောင်းအရာပဲလေ” လီယွင်သည် ရေနွေးကို အသာမော့သောက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

ဖန်းနီရှန် - ဓားကျင့်ကြံသူတစ်ယောက်သည် တော်ဝင်ရင်နိုင်ငံကို မရွေးချယ်ဘူးဆိုသည်မှာ သဘာဝပင်ဖြစ်၏။ ထို့အပြင် တော်ဝင်ရင်နိုင်ငံဆိုသည်မှာ နိုင်ငံတော်တစ်ခုဖြစ်၏။ သေမျိုးလောက၏ နိုင်ငံတော်တစ်ခုဆိုသည့် အကန့်အသတ်ဘောင်အတွင်းတွင် ဝင်ရောက်လျက်ရှိ၏။ ပြင်ပလူများသည် ထိုအထဲသို့ ဝင်ရောက်ရန်အတွက် စိတ်ပါဝင်စားမှု မရှိဘူးဆိုသည်မှာ သဘာဝပင် ဖြစ်သည်။

ဂိုဏ်းတစ်ခုထဲသို့ ဝင်ရောက်ခြင်းဆိုသည်မှာတော့ ခြားနားလှ၏။ အနာဂတ် အားအင်အဆင့်ပေါ် မူတည်ပြီး တကယ့်ကို ကောင်းမွန်လှသည့် အရာများကို လုပ်နိုင်၏။ ထို့အပြင် အင်အားကြီးလာသည်နှင့်အမျှ ကောင်းမွန်လှသည့် အခွင့်အရေးကို ပိုင်ဆိုင်ပြီး ရာထူးရာခံများလည်း တည်ရှိနိုင်၏။ နိုင်ငံတော်ဆိုသည်မှာတော့ မိမိတို့၏ အခွင့်အာဏာ၊ အားအင်များကို ပြင်ပလူသို့ ပေးအပ်ကြခြင်း မရှိချေ။ မဟုတ်လျှင် ပုန်ကန်ကုန်ကြမည် မဟုတ်ပါလား။

“စီနီယာ ပြောတာလည်း အမှန်ပါပဲ” ပိုင်ချမ်းဟန်က တီးတိုးရေရွတ်လိုက်၏။

တော်ဝင်ဓားဂိုဏ်းနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် တော်ဝင်ရင်နိုင်ငံတော်သည် အဘက်ဘက်မှ အသာမရရှိကြောင်းကို သူက ကောင်းကောင်းနားလည်လိုက်မိ၏။ သူတို့တွင် ဓားကျင့်ကြံခြင်း နည်းစနစ်များ ရှိသည်ဆိုသော်လည်း ပြည့်စုံလွန်းလှသည့် စနစ်များတော့ မဟုတ်ခဲ့ချေ။ ထို့ကြောင့် အစစ်အမှန်ဓားသမားတစ်ယောက်သည် သူတို့၏ နည်းစနစ်များကို မှီခို၍ တိုးတက်အောင် ကြိုးစားရမည်ဆိုသည်မှာ စိန်ခေါ်မှုတစ်ခုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

အကြောင်းကိစ္စများကို နားလည်သည်ဆိုလျှင်တောင်မှ ကောင်းကင်ပါရမီရှင်စာရင်း၏ ပါရမီရှင်တစ်ယောက်သည် သူ၏လက်ထဲမှ လွတ်မြောက်သွားခဲ့သည်ဆိုခြင်းကို သူတွေးတောမိသည်နှင့် တပြိုင်နက် နှလုံးသားတစ်ခုလုံး သွေးစက်စက်ယိုနေမိ၏။

“စီနီယာ” ပိုင်ချမ်းဟန်က သက်ပြင်းချလိုက်မိ၏။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ တစ်ဦးတည်းသော တစ်ကိုယ်တော် ကျင့်ကြံသူက ပါသွားပြီ ဖြစ်သောကြောင့် တော်ဝင်ရင်နိုင်ငံမှ တစ်စုံတစ်ယောက်အား ထိုစာရင်းထဲသို့ ဝင်ရောက်စေရန် ကြိုးစားစေ၍လည်း အလုပ်မဖြစ်နိုင်ကြောင်း သူ သိရှိသည်။ ဘာပဲဖြစ်ြဖစ် သူ၏ ကိုယ်ပိုင်မျိုးဆက်များအား ကျင့်ကြံရာတွင် ပိုမို အားစိုက်ရန် တွန်းအားပေးဖို့သာရှိသည်။

သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည့်အချိန်မှာပဲ ခြေသံထွက်ပေါ်လာခဲ့၏။

ပိုင်ချမ်းဟန် သည် ချက်ချင်းပဲ တိတ်ဆိတ်ငြိမ်သက်သွား၏။ အသစ်ဝင်လာသူကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ အကြည့်များသည် တစ်ဖက်လူကို မြင်လိုက်ရသည့်အချိန်မှာတော့ တီးတိုးရေရွတ်လိုက်မိ၏။ “မွန်းစတားကလန် ကလား”

“ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က ကျင်းချန်... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဂါရဝ လာပြုပါတယ်” အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် ကျင်းချန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ၏အကြည့်များသည် လီယွင်ဆီသို့ ရောက်သည့်အချိန်မှာတော့ မျက်နှာတစ်ခုလုံး ဝင်းလက် တောက်ပသွားခဲ့၏။ သူသည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။

“အင်း”

လီယွင်က ခေါင်းညိတ်လိုက်၏။ တစ်ချက်လှမ်းကြည့်လိုက်သည် ဆိုသည်နှင့် သူသည် စနစ်ကို အမှီအခို မပြုဘူးဆိုလျှင်တောင်မှ တစ်ဖက်လူသည် အလွန်မောက်မာလှသည့် ပုံပန်းသွင်ပြင်မျိုးနှင့် လူတစ်ယောက် ဖြစ်ကြောင်း ကောင်းကောင်းသိရှိရုံသာမက ပြိုင်ဘက်ကင်းသည့် အော်ရာများကိုလည်း ထုတ်ဖော်လျက် ရှိနေသည့် လူမျိုးပင်။

ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က လူဖြစ်ကြောင်း သိရှိပြီးသည့်နောက် လီယွင်သည် စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။ လောကကြီးထဲတွင် ဤမျိုးနွယ်သည် တကယ့်ကို အားကောင်းလှသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ အဖွဲ့ဝင်တိုင်းသည် သူတို့၏ မျိုးဆက်အတွင်းတွင် ပြိုင်ဘက်ကင်းဟု သုံးသပ်နိုင်သည့်လူများဖြစ်၏။

နောက်ခံနှင့် အလားအလာကို နှိုင်းယှဉ်ကြည့်ရှုရမည်ဆိုလျှင် မွန်းစတားကလန်များတွင် သွေးမျိုးဆက် အားအင် နှင့် ပတ်သက်၍ တကယ်တမ်း အားကောင်းသည့်လူမှာ အနည်းငယ်သာလျှင်ဖြစ်၏။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်သည် အားလုံးသောသူများကြား မားမားမတ်မတ် ရပ်တည်ပြီး တကယ့်ကို အရှိန်အဝါကြီး သည့်အခြေအနေမျိုးကို ဖန်တီးထားနိုင်ခဲ့သည်။

မွန်းစတားမျိုးနွယ်များ၏ တော်ဝင်မိသားစုဖြစ်သော ရွှေရောင်ကျီးကန်းကလန်သည် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်ထက် အနည်းငယ်သာလျှင် အားကောင်းလှ၏။

ခန့်မှန်း၍ မရအောင် နက်နဲသော နောက်ခံအင်အားကြောင့် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ သခင်လေးသည် တကယ့်ကို မောက်မာလှသည့်အမူအရာမျိုး ရှိသည်ဆိုသည်မှာ သဘာဝပင်ဖြစ်ပေလိမ့်မည်။

“ကျေးဇူးပြုပြီး ထိုင်ပါအုံး” လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ အနီးအနားတွင် ထိုင်ခုံတစ်ခုက ပေါ်ပေါက်လာခဲ့၏။

“ကျေးဇူးပါပဲ စီနီယာ” ကျင်းချန်သည် အသာဦးညွတ်လိုက်၏။ ပြီးသည့်နောက် ထိုင်ချလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဒီနေ့လာတာက မွန်းစတားကလန်တွေအတွက် ကောင်းကင်ပါရမီရှင် စာရင်းကို ထုတ်ပြန်ပေးစေချင်တာလား” လီယွင်က အသာပြောပြလိုက်၏။

အစပိုင်းတုန်းက လူသားပါရမီရှင်များ၏ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်ပြန်ရန်သာ စဉ်းစားလိုက်၏။ အဘယ်ကြောင့်ဆိုသော် အနီးအနားတွင် မွန်းစတားများ မရှိသောကြောင့်ပင်။ မွန်စတားကလန်၏ ကောင်းကင် ပါရမီရှင်စာရင်းကို ထုတ်ပြန်ရမည် ဆိုလျှင်တောင် အချိန် ကြာမြင့်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် မွန်းစတားကလန်အတွက် သိပ်စိတ်ပါဝင်စားမှု မရှိသေးသောကြောင့် မထုတ်ပြန်ရသေးခြင်းပင်။

အနီးအနားတွင် မရှိသော မွန်းစတား ကလန်များ၏ အကြောင်းကို ကောင်းကင်ပါရမီရှင်စာရင်း ထုတ်ပြန်မည် ဆိုပါက လျှောက်ပြီး ပြောဆိုသည့်အရာ ဖြစ်သည်ဟု အားလုံးက ထင်မှတ်ပေလိမ့်မည်။ ထို့အပြင် လူသားများ စီစဉ်ချမှတ်ထားသည့် အစီအစဉ် ဖြစ်မလားဟု မွန်းစတားကလန်များကလည်း သံသယဝင်ကြမှာဖြစ်၏။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂုဏ်သိက္ခာကြီးမားလှသည့် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ လူများ ရောက်ရှိလာခဲ့သည် ဖြစ်သောကြောင့် တစ်ဖက်လူများသည် သူ့အစား ကြေညာပေးတော့မှာဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် ကြိုးစားအားထုတ်ရန် သိပ်ပြီး မလိုခဲ့ချေ။

ကောင်းကင်ပါရမီရှင်စာရင်းကို စိတ်ပါဝင်စားသည့် မွန်းစတားကလန်ဆိုသည်မှာ အနည်းငယ်သာလျှင် ရှိ၏။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ လူများသည် မွန်းစတားကလန်၏ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်လွှင့် စေချင်သည့် တစ်ဦးတည်းသော မွန်းစတားကလန်များ ဖြစ်နေသည်လား မသိချေ။ သာမန်မျိုးနွယ်များ အတွက်တော့ ၎င်းတို့သည် ထိုစာရင်းကို မြင်ချင်မှ မြင်ချင်ပေလိမ့်မည်။ သူတို့အနေနှင့် ထိုစာရင်းထဲတွင် ပါခြင်း၊ မပါခြင်းကို စဉ်းတောင် စဉ်းစားလိမ့်မည် မဟုတ်ချေ။

“စီနီယာ.. ကောလဟလတွေအရဆိုရင် စီနီယာရဲ့ နတ်ဘုရားတွက်ချက်ခြင်း နည်းလမ်းက တကယ့်ကို ကြမ်းတမ်းတာပဲ။ ဒီနေ့ ကိုယ်တိုင်မြင်ရတဲ့အချိန်မှာ တကယ်ပဲ ချီးကျူးမိပါတယ်” ကျင်းချန်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ သူ၏ ရည်ရွယ်ချက်ကို တစ်ဖက်လူသည် နားလည်ပြီး သိရှိလက်ခံ လိုက်သကဲ့သို့ပင်။

“အင်း... ဒါကကိစ္စ သေးသေးလေးပါ” လီယွင်သည် လက်ကို အသာယမ်းခါကာဖြင့် ပြောလိုက်၏။ ဤစာရင်းသည် ဘာမှ ငွေကုန်ကြေးကျ များသည့်ကိစ္စမျိုး မဟုတ်ဘဲ လွယ်လွယ်ကူကူ ဖန်တီးနိုင်သည့် အရာမျိုးဖြစ်၏။ ထို့ကြောင့် စိတ်မပူချေ။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှလူများ ရောက်ရှိမလာဘူး ဆိုလျှင်တောင်မှ အချိန်ကာလ တစ်ခုကြာလျှင် သူ ထိုအရာကို ဖန်တီးပေးမှာ သေချာ၏။

“စနစ်” ပြောပြီးသည့်နောက်မှာတော့ လီယွင်သည် မွန်းစတားကလန်၏ ပါရမီရှင်စာရင်းကို ထုတ်ဖော်ပြသရန် ပြောဆိုရန် ပြင်လိုက်သည်။

သို့ပေမဲ့ ထိုသို့ မပြောဆိုရသေးခင်မှာပဲ ကျင်းချန်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုကို လှမ်းကာ ကြည့်ရှုလိုက်၏။

အဘိုးအိုသည် ချက်ချင်းပဲ ရှေ့ဆီသို့ ချဉ်းကပ်လာခဲ့၏။ ထိုသူသည် လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းသေတ္တာကို လီယွင်ဆီသို့ အသာကမ်းပေးလိုက်သည်။

“မွန်းစတားကလန်တွေထဲမှာ တကယ့်ကို ပါရမီရှင်တွေ အများကြီး ရှိပါတယ်။ စီနီယာအတွက် ကိစ္စသေးသေးလေး မဟုတ်ဘူးဆိုပေမဲ့ တကယ့်ကို အားစိုက်လုပ်ရမယ့် အလုပ်မျိုးလို့ ထင်ပါတယ်။ ဒါကြောင့် ဒီဂျူနီယာဆီက နေပြီးတော့ ကျေးဇူးတင်လက်ဆောင်လေးကို လက်ခံပေးပါအုံး။”

“ကျေးဇူးပြုပြီး လက်ခံပေးပါ စီနီယာ”

All Chapters