← Chapters

အခန်း (၁၈၆)

Vol. 13 Ch. 186

အခန်း (၁၈၆)

Vol. 13 Ch. 186

“ဟမ် …”

ယန်ရှို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားပြတ်သွား၏။ သူသည် မြေပေါ်သို့ လဲကျလုမတတ်ပင်။ စီနီယာပင်လျှင် သူ့၌ ပြဿနာတစ်ခု ရှိသည်ဟု ပြောဆိုခဲ့သည်။ မည်ကဲ့သို့ သေးငယ်သည့်အရာ ဖြစ်မည်နည်း။

"နတ်နယ်မြေအဆင့် စာရင်းမှာ နေရာနည်းနည်းလေး တက်လှမ်းဖို့ပဲ ဂျူနီယာက စိတ်ဆန္ဒရှိခဲ့တာပါ။ အဲတာက ကိစ္စကြီး ကြီးမဟုတ်ဘူးမလား"

ယန်ရှိုက တီးတိုးပြောဆိုလိုက်၏။ ယခင်တုန်းက တိုင်ချူး နတ်သားတော်သည်လည်း ထိုကဲ့သို့​သော နည်းလမ်းမျိုးကို အသုံးပြုခဲ့​သေးသည် မဟုတ်ပါလား။ ကွာခြားမှုသည် ထိုသူမှာ နတ်သားတော် ဖြစ်နေပြီး သူမှာတော့ နတ်အရှင်တစ်ယောက် ဖြစ်လို့နေခြင်းပင်။ ထိုအရာမှ လွဲ၍ အရားအားလုံးသည် တူညီလှ၏။

“တိတိကျကျပြောရမည်ဆိုရင် ခင်ဗျားတို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ပြီးတော့ မုန့်ရှင်းကျီ တို့က ဘေးအန္တရာယ်ထဲကို ရောက်ပြီ" လီယွင်သည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

တစ်စုံတစ်ယောက်သည် ကွာစီအင်ပါယာအဆင့် ဆေးပင်ကို လုယက်ချင်၏။ သူသည် ဤသတင်းကို ထုတ်ဖော်မည် ဆိုပါက ကျိန်းသေပေါက် မျိုးမျိုးမြတ်မြတ် ရမှာ သေချာသည်။ ကံဆိုးစွာဖြင့် ဤနေရာတွင် ယန်ရှိုတစ်ယောက်တည်းသာ ရှိ၏။ တခြားသော ကလန်အသီးသီးမှ ခေါင်းဆောင်များသာ ဤ​နေရာတွင် ရှိပါက ကျိန်းသေပေါက် ကောင်းကင်လျို့ဝှက် အမှတ်များကို ရရှိမည့်အပြင် စနစ်ဆီမှ နတ်ဘုရားအတတ်ပညာနှင့်ပင် လဲလှယ်နိုင်စွမ်း ရှိပေလိမ့်မည်။

"စီနီယာ ဒီဂျူနီယာ လုံးဝနားမလည်ပါဘူး"

ယန်ရှိုသည် ကြောင်တောင်တောင် ဖြစ်လို့နေ၏။ သူ့အတွက် အခွင့်အရေးကိုသာလျှင် လိုချင်ခဲ့ခြင်းဖြစ်၏။ အဘယ့်ကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ပါဝင်ပတ်သက်လာရသနည်း။ ထို့အပြင် ဘိုးဘေးကြီးပါ ပြဿနာထဲ၌ ပါဝင်လာခဲ့၏။

"ခင်ဗျားနားလည်တဲ့ အချိန်ကျရင် နောက်ကျသွားလိမ့်မယ်။ "

လီယွင်သည် အသာပြုံးလိုက်၏။ ထိုအပြုံးထဲတွင် စာနာသနားသည့် အရိပ်အယောင်များ ပါဝင်နေသည်။

"နောက်ကျသွားမယ် ဟုတ်လား"

ယန်ရှိုသည် ဇဝေဇဝါ ဖြစ်မိနေ၏။ သူသည် မည်သို့မှ မနေနိုင်တော့ဘဲ စိတ်ထဲမှ တွက်ချက်နေမိ၏။ သို့ပေမဲ့ အချိန်အတော်ကြာ တွေးတောပြီးနောက် မည်သည့် သဲလွန်စကိုမှ မရရှိခဲ့ချေ။ လက်ရှိငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအနေဖြင့် ဘာဖြစ်နိုင်သနည်း။ စီနီယာအနေဖြင့် မည်ကဲ့သို့သော သတင်းအချက်အလက်မျိုးကို ကြိုတင်သိနေသနည်း။ အဘယ့်ကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ကာ မပြောရသနည်း။

"စီနီယာ့ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါရစေ"

ပြောပြီးသည့်နောက် ယန်ရှိုသည် အံကိုကြိတ်ကာဖြင့် သူတော်စင်အဆင့် လက်နက်တစ်ခုကို ရှေ့ဆီသို့ ချလိုက်၏။ နတ်အရှင်စာရင်း၌ အဆင့်တက်ရေးသည် အရေးကြီးသော်လည်း ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ပို၍ အရေးကြီးသည်ဟု သူက ယုံကြည်မိ၏။ မုန့်ရှင်းကျီသာ သေဆုံးသွားပါက သူတို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း သည် အားအင်တစ်ဝက်လောက် လျော့ကျသွားပေလိမ့်မည်။

"ကျန်းပိုင်ချွမ်း ဒုက္ခရောက်နေပြီ" လီယွင်သည် ထိုစကားစုအနည်းငယ်ကိုသာ ပြောဆိုလိုက်၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ" ယန်ရှိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် လေးနက်တည်ကြည်သွားခဲ့သည်။

သူသည် အစောက စိတ်ထဲတွင် တွက်ချက်ခဲ့သော်လည်း ထိုကဲ့သို့သော ကိစ္စမျိုးကို မည်သူမှ ပြုလုပ်ရဲလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားသည်။ သူတို့၏ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အနည်းဆုံး နတ်နယ်မြေတစ်ခုနှင့် နှိုင်းယှဉ်၍ရသော အားအင်ကို ပိုင်ဆိုင်သည်။ လက်ရှိအချိန်တွင် မုန့်ရှင်းကျီကဲ့သို့သော ဝှက်ဖဲလည်း ပေါ်ပေါက်လာခဲ့၏။ တော်တော်များများတို့သည် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို လာရောက်ကာ ပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ကျန်းပိုင်ချွမ်းသည် ကွမ်စီအင်ပါယာအဆင့် ဆေးပင်အနည်းငယ်ကိုသာလျှင် လက်ထဲတွင် ကိုင်ဆောင်ထားခဲ့၏။ ဆေးပင်တစ်ခုလုံး မဟုတ်ချေ။ ကြည့်ရသည်မှာ တခြားသော ဂိုဏ်းများသည် အကျိုးအမြတ်ရရှိရန်အတွက် ဝင်ရောက်ကာလုရန် ကြံစည်နေကြသည်လား။

"ဘယ်လိုဖြစ်နိုင်မှာလဲ ဟုတ်လား"

လီယွင်သည် ပြန်ကာ တုံ့ပြန်လိုက်၏။ သူသည် ရှေ့တွင် ရှိနေသည့် ယန်ရှိုကို ကြည့်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ကျန်းပိုင်ချွမ်းတင်မကဘူး။ ရီချန်နဲ့ အခြားသူတွေလည်း အခက်အခဲတွေနဲ့ ကြုံနေရပြီ။ တကယ်သာ ဂရုမစိုက်ဘူးဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ရခဲ့တဲ့ အရာအကုန်လုံးက တခြားသူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားလိမ့် မယ်"

"ဟမ့် … ဘယ်လောက် ယုတ်မာလိုက်လဲ" ယန်ရှိုသည် အံကိုကြိတ်လိုက်သည်။

နောက်ကွယ်မှ စီမံညွှန်ကြားနေသူသည် သူ၏ တပည့်ကိုသာမက ရီချန်နှင့် တခြားသူများကိုပါ ပစ်မှတ်ထားလျက် ရှိနေ၏။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကိုသာမက အင်ပါရီယန် ရီကလန်နှင့် အခြားသော ဂိုဏ်းအသီးသီးကိုပါ ပြဿနာရှာရန် စီစဉ်ထားခဲ့၏။ နောက်ကွယ်မှလူသည် တကယ်ပင် ကြမ်းတမ်းလှပြီး လုပ်ရဲကိုင်ရဲပုံလည်း ပေါ်၏။ အနည်းဆုံး ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းထက် အားနည်းလှသော အခြေအနေမျိုး မဟုတ်နိုင်ချေ။

"ကျုပ် စီနီယာကို အတင့်ရဲရဲနဲ့ပဲ မေးချင်ပါတယ်။ နောက်ကွယ်က ဘယ်သူလုပ်နေတာလဲ။ ပြီးတော့ ဘာတွေလုပ်ချင်တာလဲ" ယန်ရှိုသည် နတ်အဆင့်ပစ္စည်းတစ်ချို့ကို ထုတ်ယူကာဖြင့် လီယွင်၏ ရှေ့တွင် ပေးလိုက်၏။

သူ့အနေဖြင့် ပို၍ကောင်းမွန်သည့် ပစ္စည်းများကို မထုတ်ဖော်ချင်၍ မဟုတ်ချေ။ လက်ရှိအချိန်၌ သူ၏ သိုလှောင်လက်စွပ်ထဲတွင် မည်သည့်အရာမှ မကျန်တော့ချေ။ ဤအရာသည် အကုန်ဖြစ်၏။ မူလအားဖြင့် သူသည် လျှို့ဝှက်နယ်မြေထဲရှိ သတင်းအချက်အလက်များကို ဝယ်ယူချင်ရုံဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားသည့် ကိစ္စရပ်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူ၏ မူလရည်ရွယ်ချက်နှင့် သွေဖယ်သွားခဲ့ပြီ ဖြစ်သည်။

"ဒီဟာတွေက သတင်းအချက်အလက် နှစ်ခုအတွက် လုံလောက်တဲ့ အရာတွေ မဟုတ်ဘူး"

လီယွင်သည် ခေါင်းကို ယမ်းခါပြီး ယန်ရှိုကို လှမ်းကြည့်လိုက်၏။ "ဒါပေမဲ့ ကျုပ်ခင်ဗျားကို တစ်ခုပြောပြမယ်။ အခုကစပြီး သုံးနာရီပဲ။ သုံးနာရီ ကျော်ရင် ကျန်းပိုင်ချွမ်း ဒုက္ခရောက်ပြီ"

"သုံးနာရီ ဟုတ်လား"

ယန်ရှို၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ မည်သူ နောက်မှ ဆောင်ရွက်နေကြောင်း မသိရှိသော်လည်း သုံးရီဆိုသော အချိန်သည် လုံလောက်နေပြီ ဖြစ်၏။ မြန်မြန်ဆန်ဆန်ပဲ ကျောက်စိမ်းပြားကို ထုတ်ယူကာဖြင့် ဂိုဏ်းထဲတွင် ရှိနေသည့် ဘိုးဘေးအကြီးအကဲကြီးကို လှမ်းကာ သတင်းပို့လိုက်၏။ ထို့ပြင် ကျင့်ကြံနေသည့် ဘိုးဘေးများကိုလည်း အပြင်ဖက်သို့ ထွက်ကာ ကူညီရန် တောင်းပန်လိုက်၏။ သို့ပေမဲ့ တော်ဝင် သူတော်စင်အဆင့် ကျင့်ကြံသူများ ရောက်ရှိသွားလျှင် အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိပေလိမ့်မည်။

ပြုလုပ်စရာများကို ပြုလုပ်ပြီးသည့်နောက် သူသည် ကျန်းပိုင်ချွမ်းကိုလည်း သတင်းပို့လိုက်သေး၏။

ယန်ရှိုသတင်းပေးပို့ပြီးသည့်နောက် ……

မိုင်သန်းနှင့်ချီသော အကွာအဝေး၌ မဲနက်လျက် ရှိနေသော နန်းဆောင်ကြီးတစ်ခုကို သယ်ပိုးထားသော ကြီးမားလှသည့် အသူရာသိမ်းငှက်ကြီးသည် ပျံသန်းလျက် ရှိသည်။

ကျန်းပိုင်ချွမ်းသည် ထိုနန်းဆောင်၏ အပြင်ဘက်တွင် ရှိနေပြီး သူ၏ဝတ်စုံများသည် လေနှင့်အတူ လွင့်မျောနေ၏။ သူ၏ နှလုံးသားတစ်ခုလုံးသည် ကောင်းမွန်လှသည့် ခံစားချက်များကို ရရှိနေ၏။ သူသည် ကြီးမားလှသော ကိစ္စများကို ပြုလုပ်ခဲ့၏။ အနာဂတ်ဂိုဏ်းချုပ်နေရာသည် သူ၏ လက်ထဲသို့ ရောက်ရှိလာမှာ သေချာ၏။ မည်ကဲ့သို့ ပြေးလွတ်နိုင်မည်နည်း။

လှပလွန်းသည့် အနာဂတ်အကြောင်းကို တွေးတောပြီးနောက် ကျန်းပိုင်ချွမ်းသည် တကယ်ပင် မယုံနိုင်လောက်သည့် ပျော်ရွှင်မှုကို ခံစားနေမိ၏။ ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနားသို့ တက်ရောက်လာသော တိုင်ချူးနတ်သားတော်သည် ကံကောင်းသည့်အရာများကို တွေ့ကြုံခဲ့ရသည်။ သူသည် တစ်ကယ့်ကို ပါရမီကြီးမားလွန်းလှသည့် မွန်းစတားကလန်၏ ပါရမီရှင်နှစ်ယောက်နှင့် တွေ့ကြုံခဲ့ရ၏။ ထို့ပြင် တစ်ဖက်လူများကို လွယ်လွယ်ကူကူနှင့် ချန်ထားခဲ့နိုင်၏။ တူညီလှသည့် ငွေကြေးကို အသုံးပြုလိုက်ပါက ကောင်းကင်ပါရမီရှင် စာရင်းဆီသို့ မကြာခင်အချိန်တွင် ရောက်ရှိသွားမည် မဟုတ်ပါလား။ ကောင်းကင်ပါရမီရှင် စာရင်းသို့ လှမ်းတက်နိုင်ပါက သူ့အတွက် တကယ့်ကို ဂုဏ်ယူစရာပင် ဖြစ်လာပေလိမ့်မည်။

သို့ပေမဲ့ ရုတ်တရက် ဆိုသလိုပင် သူ၏လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားက လင်းလက်လာခဲ့၏။ ခေါင်းကိုငုံ့ပြီးသည့်နောက် တီးတိုးရေရွှတ်လိုက်၏။ “ဆရာ ငါ့ကို ဘာသတင်းအချက်အလက်ကို ပို့လိုက်ပါလိမ့်။”

အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း သူသည် လျစ်လျူမရှုရဲချေ ထို့ကြောင့် ကျောက်စိမ်းပြားကို မြောက်ကိုင်ကာဖြင့် ပါဝင်သည်များကို နားထောင်ကြည့်လိုက်၏။ ပြီးသည့်နောက် သူ၏ မျက်နှာအသွင်အပြင် တစ်ခုလုံးသည် ချက်ချင်းပဲ ပြောင်းလဲသွားတော့သည်။

"မကောင်းတော့ဘူး"

ကျန်းပိုင်ချွမ်းသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် သူ၏ နောက်တွင် ရှိနေသော ကြီးမားလှသည့် နန်းတော်ထဲသို့ ပြေးဝင်သွားလိုက်၏။

All Chapters