← Chapters

အခန်း (၁၃၁)

Vol. 9 Ch. 131

အခန်း (၁၃၁)

Vol. 9 Ch. 131

"မွန်းစတားကလန်တွေထဲမှာ တကယ့်ကို ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ" ကျန်းချန် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် ပိုင်ချန်းဟန်သည် လေးလေးနက်နက် ပြောလိုက်မိ၏။

တခြားသော မျိုးနွယ်စုများသည် ပိုမို၍ အားကောင်းနေခြင်းမှာ လူသားမျိုးနွယ်များအတွက် ကောင်းမွန်သည့် အရာမျိုး မဟုတ်ချေ။ သို့ပေမဲ့ ဘုရင်အင်ပါယာတစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ အတွေးအခေါ်များသည် ဘောင်အတွင်းထက် ကျော်လွန်ကာ တွေးတောနိုင်စွမ်းရှိနေသည်။ မွန်းစတားကလန်များ ဆိုသည်မှာ ရှေးမွန်းစတား ကလန်များနှင့် မတူညီလှချေ။

အချိန်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ရှေးတော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသည့် ရွှေကျီးကန်းကို အမှီခိုပြု၍ မွန်းစတားကလန် အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် ဆိုသည်မှာ နေ့အိမ်မက် မက်သလိုပင် ဖြစ်ပေလိမ့်မည်။ ရွှေရောင်တော်ဝင် တော်ဝင်ဖန်းကလန်ကို မဆိုနှင့် အစစ်အမှန် ဖီးနစ် ကလန် နှင့် အစစ်အမှန် နဂါးကလန်များသည် တခြားမျိုးနွယ်စုဖြစ်သော ရွှေကျီးကန် ကလန်ကို လွယ်လွယ်နှင့် အညံ့ခံလိမ့်မည် မဟုတ်ချေ။

လက်ရှိ အချိန်မှာတော့ နဂါးကလန်များသည် ပင်လယ်ကို စိုးမိုးထားခဲ့၏။ မည်သည့်ရန်သူမှမရှိဘဲ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကို အုပ်စိုးထားရခြင်းမှာ စွဲမက်စရာပင် မဟုတ်ပါလား။

ထို့အပြင် တချို့သော မွန်းစတားကလန်များသည် တစ်ယောက်နှင့်တစ်ယောက် တည့်လှသည် မဟုတ်ပေ။ ရွှေရောင်တောင်ပံ တော်ဝင်ဖန်းကလန်နှင့် နဂါးကလန် ဆိုလျှင် တစောင်းစေးနှင့် မျက်ချေးပင် ဖြစ်သည်။ ထို့ကြောင့် အားလုံးကို စုစည်းရန် ဆိုသည်မှာ အဓိပ္ပာယ်မရှိသည့် အရာပင် ဖြစ်ပေလိမ့်မည်။

"စီနီယာ"

ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော ပိုင်ချမ်းဟန်သည် လီယွင်အနားသို့ ကပ်ကာဖြင့် အသာ မေးမြန်းလိုက်၏။ “စီနီယာ့ အထင်အရဆိုရင် လူသားမျိုးနွယ် ပါရမီရှင်စာရင်း နဲ့ မွန်းစတားမျိုးနွယ် ပါရမီရှင် စာရင်းမှာ ဘယ်ဟာက ပိုသာလဲ”

"ခင်ဗျား စိတ်ဝင်စားလို့လား" လီယွင်သည် မျက်ခုံးကို ပင့်ကာဖြင့် မေးမြန်းလိုက်သည်။

"အဲအတွက် ပိုက်ဆံတွေပေးဖို့လိုသေးလား"

ပိုင်ချမ်းဟန်၏ နှလုံးသားတစ်ခုလုံးသည် အင့်ခနဲ ခံစားလိုက်မိ၏။

"မလိုပါဘူး"

လီယွင်သည် လက်ကို ယမ်းခါလိုက်၏။ နောက်ထပ် ကျောက်စိမ်းပြားတစ်ခုသည် ထပ်မံကာ ပေါ်ပေါက်လာသည်။ "မျိုးနွယ်စုတွေရဲ့ ပါရမီရှင် စာရင်းက မကြာခင်မှာ ပေါ်ပေါက်လာလိမ့်မယ်။ အလျင်လိုစရာ မလိုဘူး"

ဘယ်အချိန်ထုတ်ဖော်လျှင်ကောင်းမည်နည်း ဆိုသည်ကိုသာ သူ စဉ်းစားရန် လိုအပ်၏။ ကျန်းချန် ထွက်ခွာသွားပြီးသည့်နောက် မျိုးနွယ်စု အားလုံးအတွက် ကောင်းကင်ပါရမီရှင်စာရင်းကို မထုတ်ဖော်လျှင် မမျှတဘူးဟု သူကခံစားမိ၏။

ပိုင်ချန်းဟန် လီယွင့်လက်ထဲမှ ကျောက်စိမ်းပြားကို လှမ်းကြညည့်ကာဖြင့် မေးမြန်းလိုက်သည်။ "ဘယ်လောက်လောက်ကြာအောင် စောင့်ရအုံးမှာလဲ"

"မကြာပါဘူး။ မကြာခင်ပေါ့"

လီယွင်သည် စကားလုံးတစ်လုံးသာ ပြန်ဖြေလိုက်၏။

............

ကောင်းကင်လျို့ဝှက် နန်းဆောင် အပြင်ဖက်မှာတော့ ကျန်းချန်သည် တစ်လှမ်းချင်း ထွက်လျှောက်လာ၏။ လူများသည် အနောက်ဖက်သို့ လှမ်းကာ ဆုတ်ပေးလိုက်ကြသည်။

"သူ ထွက်လာပြီ"

"ကောင်းကင်ပါရမီရှင်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက် ကျန်းချန်”

“ပြောရမယ်ဆိုရင် သူက မွန်းစတားကလန်ရဲ့ ဆယ့်ခုနှစ်ယောက်မြောက်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ "

"အင်း ကြောက်စရာကောင်းတဲ့ အရှိန်အဝါ မျိုးပဲ။ ကောင်းကင်လျို့ဝှက် နန်းဆောင်ထဲကို သတင်းအချက်အလက် သွားဝယ်တာများလား။ သူထွက်လာပြီး မကြာခင်မှာပဲ မွန်းစတားကလန်ရဲ့ ပါရမီရှင် စာရင်း ထွက်လာတာ မဟုတ်လား။ ဒီတော့ ဒီနှစ်ခုကြားမှာ ဆက်စပ်မှု ရှိနိုင်တယ်။ "

အနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် တကိုယ်တော် ကျင့်ကြံသူနှင့် ကလန်အသီးသီးမှ ကျင့်ကြံသူများသည် ခပ်ဝေးဝေး တည်နေရာသို့ လှမ်းဆုတ်လိုက်၏။ ကျန်းချန်၏ ဖိအားသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ အားလုံးသော သူတို့သည် သူ့အား သတိအပြည့်နှင့် ကြည့်ရှုနေကြ၏။

ရွှေရောင်တောင်ပံ ဖန်းကလန်၏ အမွေအနှစ်ကို ရယူထားသော လူငယ်လေးသည် လူများအကြား်တွင် ငြိမ်ငြိမ်သက်သက်နှင့် ရပ်လျက် ရှိနေပြီး တစ်စုံတစ်ယောက် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေပုံ ပေါ်သည်။

မကြာခင်မှာပဲ သူ၏ ဘေးသို့ အဘိုးအိုကြီးတစ်ယောက် ရောက်ရှိလာ၏။ အဘိုးအိုသည် ရုတ်တရက် မျက်လုံးကို ဖွင့်ကာဖြင့် ပြောလိုက်၏။ "သခင်လေး သူရောက်လာပြီ"

ဟမ်

ကျန်းချန်သည် မျက်လုံးကို ဖွင်လိုက်၏။ သူ၏ ရွှေရောင်ဆံပင်နှင့် ဝတ်စုံသည် လေထဲတွင် ယမ်းခါလျက် ရှိနေ၏။ သူ၏ သွေးချီများသည် မီးတောင်ကဲ့သို့ပင် ပေါက်ကွဲ ထွက်လာခဲ့သည်။

လက်ရှိအချိန်မှာတော့ သူ၏ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် ကြီးကြီးမားမား ဖြစ်တည်လျက် ရှိနေပြီး တော်ဝင်သဲကန္တာရမြို့ကို ဖုံးလွှမ်းသွား၏။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုအချိန်မှာတော့ အလင်းတန်းတစ်ခုသည် မြန်မြန်ဆန်ဆန်နှင့် ချဉ်းကပ်လာသည်ကို အတိုင်းသား မြင်နေရ၏။

ရွှီး ..။

အလင်းတန်းများ ဆင်းသက်လာပြီးနောက် တောင်ငယ်လေး တစ်လုံးကဲ့သို့ပင် ကြီးမားလွန်းသည့် ရွှေရောင် နတ်ဘုရား သားရဲကြီး ပေါ်ပေါက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ ရောင်စဉ်တန်းများ ထွန်းလင်းနေပြီး အမွေးတစ်ခုချင်းစီကပင် တောက်‌ပြောင်လျက်ရှိသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ထုတ်ဖော်နေခြင်းကြောင့် လေဟာနယ်များပင် ကွဲအက်လျက် ရှိနေ၏။ ရွှေရောင် သားရဲကြီး၏ အထက်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်က ထိုင်လျက် ရှိနေ၏။ ၎င်းသည် နတ်ဘုရားကဲ့သို့ပင် တော်ဝင်ဆန်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။

ကောင်းကင်လျိုဝှက် နန်းဆောင်အပြင်ဖက်သို့ ရောက်ရှိနေချိန်မှာပဲ သူသည် အောက်တွင်ရှိနေသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်၏။ မျက်မှောင်ကုတ်ကာဖြင့် အသာမေးမြန်းလိုက်သည်။ "မွန်းစတားကလန်က တာအိုရောင်ရင်းလား"

"ရွှေရောင်တောင်ပံ တော်ဝင်ဖန်းကလန် … ကျန်းချန်" ကျန်းချန်က ပြောဆိုလိုက်၏။ သူ၏ အသံသည် ရွှေနှင့် သံကဲ့သိုပင် မာကြောလွန်းလွန်း၏။ ၎င်းတို့နှစ်ယောက် အကြည့်ချင်းဆုံပြီးနောက် လေထဲတွင် မီးပွားများ ပွင့်ထွက်လာသကဲ့သို့ပင်။

လူပေါင်းများစွာတို့သည် အနောက်ဖက်သို့ ဆုတ်ခွာလိုက်ရ၏။

"ဒါက တိုင်ချူး နတ်သားတော်ပဲ" တစ်စုံတစ်ယောက်သည် ထကာ အော်ဟစ်လိုက်သည်။

"ဒီလိုနေ့ကို ရောက်လာမယ်လို့ မထင်ဘူး။ ငါတို့ လူသားပါရမီရှင် ရောက်လာပြီပဲ။”

“အရမ်းကောင်းတယ်”

"တိုင်ချူးနတ်သားတော်က သူ့ကို ကောင်းကောင်း ပညာပေးလိမ့်မယ်။ ရွှေရောင်တောင်ပံ တော်ဝင် ဖန်းကလန်က မွန်စတားကောင်က လူသားမျိုးနွယ်ထဲကို လာပြီးတော့ ဘယ်လိုလုပ် မောက်မောက်မာမာ ပြောရဲတာလဲ။ အသက်ရှင်ရတာ ပျင်းနေပြီ ထင်တယ်"

"စိတ်ကို အေးအေးထားပါ။ တိုင်ချူးနတ်သားတော်က ကောင်းကင်ပါရမီရှင်စာရင်းရဲ့ နှစ်ဆယ့်လေးယောက်မြောက်မှာပဲ ရှိတယ်လေ။ ရွှေရောင်တောင်ပံ ဖန်းကလန်ရဲ့ သခင်လေးကတော့ ဆယ့်ခုနှစ်ယောက်မြောက်။ အဲအဆင့်ကြားမှာ ကွာခြားချက်တွေ ရှိမယ် ထင်တယ် "

"လူသားတွေရဲ့ ပါရမီရှင်စာရင်းနဲ့ မွန်စတားကလန်ရဲ့ ပါရမီရှင်စာရင်းနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်လို့ရမှာလဲ"

"ရွှေရောင်တောင်ပံ တော်ဝင်ဖန်းကလန်ရဲ့ သခင်လေးက လူသားစာရင်းကိုသာ ဝင်မယ်ဆိုရင် ထိပ်ဆုံးအ ငါးဆယ် အဆင့်ကိုတောင် ဝင်မှာမဟုတ်ဘူး။ "

"ရွှေရောင်အတောင်ပံ တော်ဝင်ဖန်းကလန်ရဲ့ နောက်ခံကို အထင်မသေးနဲ့"

ပါရမီရှင် နှစ်ယောက်တို့သည် ရန်စောင်လျက် ရှိနေတုန်းမှာပဲ အခြေအနေများသည် တင်းမာလျက် ရှိနေ၏။ မည်သူမှ လှုပ်ရှားမှု မပြုလုပ်သေးသော်လည်း လေထုထဲတွင် တိုက်ခိုက်လိုခြင်း အရှိန်အဝါများ ပေါ်ပေါက်လျက် ရှိနေ၏။

တိုင်ချူးနတ်သားတော်သည် ဖော်ရွှေသည့် ပုံစံပေါက်သော်လည်း သူ၏ အတွင်းစိတ်မှာတော့ အဲလိုမဟုတ်ပေ။ နတ်သားတော်များ အားလုံးတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ တည်ရှိကြ၏။ လမ်းကိုပိတ်ထားခြင်း ဆိုသည်မှာ ရန်စခြင်း သဘောပင် ဖြစ်၏။ ဤကဲ့သို့သော အခြေအနေတွင် နောက်သို့ဆုတ်ကာ ပြန်သွားပါက တိုင်ချူးကလန်၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားပေလိမ့်မည်။

အပြင်တွင် ကြည့်ရှုနေသည့် လူများမှာတော့ တိုက်ခိုက်မှုကို အားပေးလျက် ရှိနေ၏။ ကောင်းကင်ပါရမီရှင် စာရင်းနှစ်ခု၏ ကွာခြားချက်ကို ဖော်ပြနိုင်မည် မဟုတ်ပါလား။ ကျန်းချန်နှင့် နှိုင်းယှဉ်ရလျှင် တိုင်ချုး နတ်သားတော်၏ အဆင့်သည် နိမ့်ကျ၏။ ထို့ကြောင့် ရှုံးနိမ့်လျှင် ရှက်စရာ မဟုတ်ပေ။ အနိုင်ရရှိခဲ့လျှင်တော့ ကြီးမားသည့် နာမည် ဂုဏ်သတင်းကို ရရှိမှာ သေချာ၏။

All Chapters