← Chapters

အပိုင်း (၄၅)

Vol. 4 Ch. 45

အပိုင်း (၄၅)

Vol. 4 Ch. 45

"သူတော်စင်ကောင်းချီး"

ပိုင်ချမ်းဟန် သည် တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးများသည် တောက်ပလျက် ရှိနေ၏။ ဤအရာသည် လွန်ခဲ့သည့် နှစ်ပေါင်းသန်းချီကတည်းက တော်ဝင်လီနိုင်ငံတော် ပိုင်ဆိုင်ခဲ့သည့် အရာဖြစ်ခုဖြစ်၏။ အလွန်လည်း အစွမ်းထက်လှပြီး နတ်ဘုရားနည်းစနစ်၊ သို့မဟုတ် အဲထက်ပိုသော နည်းစနစ်အဖြစ် သတ်မှတ်နိုင်သည်။ သာမန်လူတစ်ယောက်ပင်လျှင် ဤနည်းစနစ်၏ အကူအညီဖြင့် သူတော်စင်တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားနိုင်၏။ ထို့ကြောင့် ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် ဖြတ်လမ်းနည်းဟုလည်း သတ်မှတ်နိုင်၏။

ထိုနည်းစနစ်ကို အသုံးပြုရန်အတွက် အရေးကြီးဆုံး လိုအပ်သည့်အရာသည် ကံကောင်းခြင်းပင်ဖြစ်သည်။ နိုင်ငံတစ်ခု၏ ကံတရား၊ ဂိုဏ်းတစ်ခု၏ ကံတရား မည်သည့်ကံတရားပဲဖြစ်ဖြစ် အလုံးစုံ ကောင်းမွန်သည့် ကံတရားရှိပါက ထိုကံတရား၏ ကောင်းချီးကို ငှားရမ်းကာ သူတော်စင် နိုင်လာနိုင်သည်။

ထို့အပြင် လူတစ်ယောက်တည်းအဖြစ် ကန့်သတ်ထားသည့် နည်းစနစ်လည်း မဟုတ်ချေ။ လုံလောက်သည့် လူ နှင့် လုံလောက်သည့် ကံတရား၏ ကောင်းချီးသာ တည်ရှိသည် ဆိုပါက နိုင်ငံတစ်ခု၊ ဂိုဏ်းတစ်ခုအတွင်း၌ ရှိနေသော လူများအား တရစပ် သူတော်စင်အဖြစ် ပြောင်းလဲပေးရန်ဆိုသည်မှာ ပြဿနာ မဟုတ်ချေ။ ထိုမျှလောက် အစွမ်းထက်လှ၏။

သို့ပေမဲ့ နိုင်ငံ ၊ ဂိုဏ်းတစ်ခုခု၏ ဌာနေအတွင်းမှ အပြင်သို့ ထွက်လိုက်မည်ဆိုလျှင်တော့ ထို သူတော်စင် ၏ တိုက်ခိုက်နိုင်မှုစွမ်းရည် သည် ကောင်းကင်မူလအဆင့် (နတ်အဆင့်) ထိပ်ဆုံးအဆင့်တွင်သာ ရှိနေပေလိမ့်မည်။

ဟုတ်ပေသည်။ ဤစွမ်းအားမြင့်လှသော သိုင်းနည်းစနစ်သည် တခြားသော တန်ပြန်ဘေးထွက်ဆိုးကျိုးလည်း ရှိသေး၏။ ဂိုဏ်းတစ်ခုခု သို့မဟုတ် နိုင်ငံတစ်ခုခု၏ လူများသာ အသုံးပြု၍ ရနိုင်ပြီး တစ်ကိုယ်တော် ကျင့်ကြံသူများ အသုံးမပြုနိုင်ပေ။

ထိုသို့ဆိုလျှင်တောင်မှ လူပေါင်းများစွာတို့သည် သူတော်စင် ကောင်းချီး နည်းစနစ်ကို လိုက်လံ ရှာဖွေလျက်ရှိသည်။ လေထုထဲတွင် သူတော်စင်များကို ဖန်တီးထုတ်လုပ်နိုင်ခြင်း ။ အံ့ချီးဖွယ်ရာပင်။

နတ်နယ်မြေတွင် သူတော်စင်တစ်ယောက်သည် ထိပ်ဆုံးအဆင့် တိုက်ခိုက်နိုင်မှုစွမ်းရည်ကို ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်လိမ့်မည်။ သို့ပေမဲ့ လျစ်လျူရှု၍မရသော စွမ်းအားမြင့်ကျင့်ကြံသူဟု ပြောဆိုနိုင်၏။ ထို့ကြောင့် ဤနည်းစနစ်ကို မယူချင်သည့်သူဟူ၍ ဘယ်မှာ ရှိမည်နည်း။

အတိတ်တုန်းက တော်ဝင်ရင်နိုင်ငံသည် တော်ဝင်လီနိုင်ငံအား တစ်ခါတည်း သုတ်သင် ရှင်းလင်းခဲ့ပြီး နယ်မြေအားလုံးကို ယူဆောင် သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့ သိမ်းပိုက်ခံရခြင်း၏ အဓိက အကြောင်းအရင်းသည် သူတော်စင် ကောင်းချီး နည်းစနစ် ကြောင့် ဖြစ်သည်ဟုပင် အားလုံးက သတ်မှတ်ခဲ့ကြသည်။

မမျှော်လင့်ဘဲ နှစ်တစ်သန်းလောက် ကြာပြီးသည့်နောက် ဤနတ်ဘုရားနည်းစနစ်သည် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။

ပိုင်ချမ်းဟန်၏ လက်များသည် တုန်ယင်လျက် ရှိနေ၏။ သူသည် လီယွင်ကို အသာမော့ကြည့်ကာဖြင့် မေးမြန်းလိုက်သည်။ "စီနီယာ ဒီနည်းစနစ်ကို ဘယ်လိုလုပ်ပြီး ရှာတွေ့ရတာလဲ"

"ကောင်းကင်လျို့ဝှက်နန်းဆောင်ရှိနေရင် ဘယ်သတင်းမဆို ငွေကြေးကုန်ကျခံနိုင်တာနဲ့ ရရှိနိုင်တယ်"

လီယွင်သည် သူ၏လက်များကို ယမ်းခါပြီး ဟန်ပါပါ ပြောလိုက်၏။ "ခင်ဗျားရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ဖြေရမယ်ဆိုရင် ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်းကျတယ်။ ပေးမယ်ဆို ကျုပ်ဆက်ပြောပြမယ်"

ပိုင်ချမ်းဟန် "…….."

သူသည် လက်ရှိအချိန်တွင် သူတောင်စားကဲ့သို့ပင် တစ်ပြားမှ မရှိတော့ချေ သူ၏သိုလှောင်လက်စွပ် သည် သူ၏ မျက်နှာပြင်ထက်ပင် ပိုမိုကာ ရှင်းလင်းလျက် ရှိ၏။ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံး ဆယ်သန်း မဆိုနှင့် တစ်ခုဆိုလျှင်တောင်မှ သူမပေးနိုင်ချေ။

"စီနီယာရဲ့ လမ်းညွှန်မှုက ဂျူနီယာရဲ့ အသက်ကို ကယ်တင်တာနဲ့ တူညီတာပဲ။ ဒီလိုမျက်နှာသာပေးမှုကို ကျုပ်က ကျိန်းသေပါက် မှတ်ထားပါ့မယ်။"

ပိုင်ချမ်းဟန်သည် လေးလေးနက်နက်ဖြင့် ဦးညွှတ်လိုက်၏။ သူသည် ကျေးဇူးတင်မှုကို ပြသခဲ့ခြင်းသာ ဖြစ်၏။

"ကျုပ် အသက်ရှင်ရက် ပြန်လာနိုင်မယ်ဆိုရင် စီနီယာ့ကို ပြန်လည်ပေးဆပ်ပါမယ်"

"ကောင်းပြီ"

လီယွင်က ခေါင်းညိတ်လိုက်၏။ သူ၏ နှလုံးသားထဲမှာတော့ အမှန်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ လက်ရှိလောကထဲတွင် ဤကဲ့သို့သော နားလည်မှုရှိသည့် လူဆိုသည်မှာ ရှားပါးလွန်းလှသည်။ ရွှေချထားဖို့ ကောင်းသည့် လူပင်။

"စီနီယာ … ထပ်ပြီးတော့ ညွှန်ကြားစရာ မရှိတော့ဘူးဆိုရင် ဒီဂျူနီယာ သွားပါတော့မယ်" ပိုင်ချမ်းဟန်သည် ထပ်ပြောလိုက်သည်။

သူတော်စင်ကောင်းချီးနည်းစနစ် မည်သည့်နေရာတွင် ရှိသည်ကို သိရှိပြီးနောက် သူသည် ချက်ချင်းပြန်၍ အတည်ပြုရန် စိတ်အားထက်သန်လျက် ရှိနေ၏။ ထိုအရာသည်သာ အစစ်အမှန်ဆိုပါက တော်ဝင်ရင်နိုင်ငံတစ်ခုလုံး၏ ကံကြမ္မာကောင်းချီးကို အမှီအခို ပြု၍ သူသည် သူတော်စင် ဖြစ်လာနိုင်သည်။ အပြင်ဘက်သို့ ထွက်ခွာလျှင် အားနည်းနေမည် ဆိုလျှင်တောင်မှ သူတော်စင်သည် သူတော်စင်သည်သာ ဖြစ်၏။ အခွင့်အရေးကို သူ လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

"ဆက်လုပ်ပါ"

လီယွင်က ခေါင်းညိတ်လိုက်၏။ ပိုင်ချမ်းဟန် ထွက်ခွာသွားပြီးနောက် မြို့တော်ဝန်သည် ကြောင်အအဖြင့် မတ်တပ်ရပ်လျက် ရှိနေပြီး ခနအကြာတွင် နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့တော့၏။

ထိုသူတို့ ထွက်ခွာသွားပြီးသည့်နောက် လျှိုချမ်းရွှယ်က ထွက်လျှောက်လာခဲ့၏။ သူသည် ပိုင်ချမ်းဟန်၏ နောက်ကျောကို လှမ်းကြည့်ရင်းမှ ဇဝေဇဝါဖြင့် မေးလိုက်သည်။

"စီနီယာ ပိုင်ချမ်းဟန်က သူ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေ မပြည့်စုံအောင် သူ့အဖေ လုပ်ထားတယ်ဆိုတာ သိပြီးတာကို ဘာလို့ ခပ်ဝေးဝေးဆီ ရှောင်မနေဘဲ တော်ဝင်ရင်နိုင်ငံတော်ဆီ ပြန်ရတာလဲ”

"သူအလျင်စလို ပြန်ရမယ်လေ။ သူ့အဖေကို သတ်ရအုံးမှာကို "

လီယွင်သည် ရေနွေးကို မော့သောက်ကာဖြင့် ပြောလိုက်၏။ "ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းက နတ်အဆင့် ထိပ်ဆုံးအဆင့်မှာပဲ ရှိတယ်။ ဘယ်နေရာမှာ သွားပုန်းနေမှာလဲ။ ပြီးတော့ ထပ်ပြီးကျင့်ကြံစရာ နည်းစနစ်တွေ မရှိဘူးဆိုရင် အဆင့်တက်မှာ မဟုတ်ဘူး။ တော်ဝင်ရင်နိုင်ငံက သူတော်စင်တစ်ယောက်ကို စေလွှတ်ပြီးတော့ လွယ်လွယ်ကူကူ ဖမ်းဆီးခိုင်းနိုင်တယ်မလား"

ကျင့်ကြံခြင်းလောကတွင် သဲလွန်စ သေးသေးလေးတစ်ခုရလျှင်ပင် သူတော်စင်တစ်ယောက်သည် သူ့ထက် အဆင့်နိမ့်သော တစ်စုံတစ်ယောက်ကို မိုးအဆုံးမြေအဆုံး ရှာဖွေနိုင်စွမ်းရှိသည်။ အဆင့်နိမ့် ကျင့်ကြံသူများအနေဖြင့် သူတော်စင်တစ်ယောက်ဆီမှ လွှတ်မြောက်ရန်ဆိုသည်မှာ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဒါပေမဲ့ သွားပြီးတော့ အသေမခံသင့်ဘူးမလား" လျှိုချမ်းရွှယ်သည် အံ့အားသင့်မိနေ၏။

တော်ဝင်ရင်နိုင်ငံဆိုသည်မှာ တော်ဝင်ဓားဂိုဏ်းနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အရာမျိုးမဟုတ်ချေ။ ၎င်းတို့၏ နိုင်ငံအတွင်းတွင် သူတော်စင်သည်သာမက သူတော်စင်ဘုရင်များကလည်း တည်ရှိနေနိုင်၏။ တော်ဝင်သူတော်စင်ပင် ရှိနေနိုင်သေးသည်။

ပိုင်ချမ်းဟန်အနေဖြင့် သူတော်စင် ကောင်းချီး နည်းစနစ်ကို ရယူနိုင်သည် ဆိုလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။ အများဆုံးအနေဖြင့် သူတော်စင် ထိပ်ဆုံးအဆင့်ကိုသာ ရောက်ရှိနိုင်မည် ဖြစ်၏။ သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင်တို့သာ ပါ ဝင်လာသည် ဆိုပါက သူ့အနေဖြင့် သေဆုံးသွားမှာ သေချာ၏။

"ဒါကို ခင်ဗျားနားမလည်ဘူး"

လီယွင်သည် ပြုံးလိုက်၏။ “နိုင်ငံဆိုတာ ဂိုဏ်းနဲ့ ခြားနားတယ်။ ပိုင်ချမ်းဟန်တို့မျိုးဆက်က အလုံးစုံ အခွင့်အာဏာကို ပိုင်ဆိုင်တာ။ ဘယ်သူမဆို ထီးနန်းကို ဆက်ခံခွင့်ရှိတယ်။ ဒီလို ထီးနန်း ဆက်ခံတဲ့ ကိစ္စကို ဘိုးဘေးတွေ ဝင်ပြီး ရှုပ်ထွေးလို့မရဘူး။ တော်ဝင်အင်ပါယာက သူ့ရဲ့ သားရှစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တုန်းက ဘယ်သူဝင်ပြောခဲ့လဲ။ ဘယ်သူမှမပြောခဲ့ဘူး …. ဘာလို့လဲဆိုတော့ အင်ပါယာရဲ့ လက်ထဲမှာ အာဏာရှိနေလို့ပဲ။”

လီယွင်သည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ဆက်ပြောလိုက်သည်။ "မိသားစုအချင်းချင်း ဖြစ်တဲ့ ပြဿနာတွေက ခန့်မှန်းထားတာထက် ပိုပြီးတော့ ကြီးကျယ်တယ်။ လောကတွေ တစ်ခုနဲ့တစ်ခု မတူဘူးဆိုရင်တောင်မှ လောကတိုင်းမှာ ရှိနေတဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ အမူအကျင့်ကတော့ အတူတူပဲ"

လျှိုချမ်းရွှယ်သည် ကြောင်တောင်တောင်နှင့် ခေါင်းညိတ်လိုက်မိ၏။ တော်ဝင်ဓားဂိုဏ်းတွင် ကြီးပြင်းခဲ့သည် ဖြစ်သောကြောင့် သူမ ၊ စီနီယာအစ်ကိုနှင့် ဂျူနီယာများကြားတွင် မိသားစုဆက်ဆံရေးကို ပိုင်ဆိုင်၏။ ထိုသူများသည် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၏။ ထို့ကြောင့် ပိုင်ချမ်းဟန်၏ အပြုအမူများသည် သူ့ကို လုံးဝနားမလည်ချေ။

"အင်း ….. ခင်ဗျားနားမလည်တာ သာမန်ပါပဲ"

လီယွင်က ပြောလိုက်၏။ ပြီးနောက် စနစ်ဆီမှ ကောင်းကင်လျို့ဝှက်အမှတ်ကို ကြည့်ရှုလိုက်၏။ နောက်ထပ် လျို့ဝှက်အမှတ် ၂၆၀၀၀ ရရှိခဲ့၏။ ဂုဏ်ယူဝမ်းမြောက်စရာပင်။

သူ့အနေဖြင့် နောက်ထပ် နည်းနည်းလောက် ထပ်မံကာ စုဆောင်းနိုင်ပါက ကျင့်ကြံခြင်းအဆင့်ကို နောက်တဆင့်သို့ တိုးမြင့်နိုင်ပေလိမ့်မည်။

All Chapters