← Chapters

အခန်း (၁၉၀)

Vol. 13 Ch. 190

အခန်း (၁၉၀)

Vol. 13 Ch. 190

သွေးနတ်ဆိုးကလန်၏ တည်နေရာအတွင်း ဆန်းကြယ်လွန်းလှသည့် ဟောခန်းကြီး၏ အထဲ၌ ဝူဝူရှမ်သည် မတ်တပ်ရပ်လျက် ရှိသည်။ ၎င်း၏ မျက်လုံးသည် ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်လျက်ရှိပြီး အေးစက်လွန်းလှသည့် အော်ရာများကို ထုတ်လွှတ်နေသည်။ နတ်ဆိုးအရှင်တစ်ပါး ကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ဆီမှ တဝုန်းဝုန်းနှင့် ထွက်ပေါ်နေပြီး ထိုစွမ်းအင်လှိုင်းများသည် ဟောခန်းကြီး၏ ထောင့်တည်နေရာများဆီသို့ပင် ရောက်ရှိကာ တည်ရှိနေသည့် လူပေါင်းများစွာတို့အား အသက်ရှူ ရပ်လုမတတ် ဖြစ်စေသည်။

“တာအိုရောင်းရင်းရန်” ဝူဝူရှမ်သည် အေးစက်ပြီး ကြမ်းတမ်းလွန်းလှသည့် လေသံဖြင့် ပြောဆိုလိုက်၏။ သူသည် ဖြည်းဖြည်းချင်း စတင်ပြောဆိုခဲ့သည် ဆိုသော်လည်း ထိုလေသံထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပါဝင်လျက်ရှိပြီး ဟောခန်းကြီးတစ်ခုလုံး ပဲ့တင်ထပ်လျက် ရှိနေ၏။

“ခင်ဗျားအနေနဲ့ ကျုပ်ကို အကောင်းဆုံး ရှင်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဘယ်လိုဖြစ်ပြီး ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက လူတွေက ကြိုပြီးသိနေရတာလဲ။ ခင်ဗျားအနေနဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက် တွေကို အစောကြီးကတည်းက တွက်ချက်ခဲ့ပြီးသားလို့ ပြောခဲ့တယ် မဟုတ်လား။ ဒီခရီးက ဘယ်လိုဖြစ်ကုန်ကြတာလဲ။ သူတော်စင် ဘုရင်နှစ်ပါးနဲ့ သူတော်စင်နှစ်ယောက် သေဆုံးခဲ့တဲ့အတွက် ခင်ဗျား ဘာပြောချင်သေးလဲ”

သူတော်စင်ဘုရင်နှစ်ပါးနှင့် သူတော်စင်နှစ်ယောက် - ဤအရာသည် မည်သည့် ဂိုဏ်းဂဏကိုမဆို သွားရောက်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည့် အင်အားစုတစ်ခုပင်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရုတ်တရက် သေဆုံးသွား ခဲ့သည်။ အားလုံးသောသူတို့အတွက် နာကျင်ဖွယ်ရာအတိပင်။ သွေးနတ်ဆိုးကလန်၏ အတွင်းထဲတွင် ၎င်းတို့သည် သွေးနတ်ဆိုးလောကကြီးကို လွှမ်းမိုးနိုင်သည့် ရာထူးရာခံ ပိုင်ဆိုင်သည့်လူများဖြစ်သည်။

သွေးနတ်ဆိုးလောကကြီးသည် ကြီးမားလှသည့် လူဦးရေကို ပိုင်ဆိုင်ပြီး လူဦးရေ သန်းထောင်နှင့်ချီ တည်ရှိ၏။ ၎င်းတို့၏ ရည်ရွယ်ချက်သည် ထိုလောကထဲတွင် ရှိနေသည့် လူသားနှင့် မွန်းစတားတို့ အပြင်းအထန် တိုက်ခိုက်စေချင်ခြင်းပင်။

ရွှေကျီးကန်းကလန်နှင့် အင်ပါရီယာကလန်များကိုပင် အထက်စည်းမှယူကာ တိုက်ခိုက်နိုင်စွမ်းရှိ၏။ ထိုကလန်များ၏ တော်ဝင်သူတော်စင်နှင့် သူတော်စင်များကိုပင် လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ခဲ့၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို သူတို့ မဖြေရှင်းနိုင်ခဲ့ကြချေ။ သူတော်စင် ဘုရင်နှစ်ယောက် သေဆုံးခဲ့ခြင်းသည် ၎င်းတို့၏ အင်အားစုကို လျော့ကျစေခဲ့၏။

လူသားနှင့် မွန်းစတားကလန်မှ လူများအားလုံးသည် နောက်ကွယ်မှ တိုက်ခိုက်သောသူမှာ သွေးနတ်ဆိုးကလန်မှ ဖြစ်သည်ကို သိရှိသွားသည်ဆိုပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်သည် ကြောက်ခမမ်းလိလိပင်။ လက်ရှိ လောကထဲတွင် မွန်းစတားကလန်များသည် ထိပ်ဆုံးက ရပ်တည်နေသည်မှာ သံသယမရှိလှချေ။ ၎င်းတို့အားလုံး စုပေါင်းကာဖြင့် ဝင်ရောက်ကာ တိုက်ခိုက်မည်ဆိုပါက တကယ့်ကို ကြောက်မက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မွန်းစတားကလန်များနှင့် လူသားကလန်များပါ ပူးပေါင်း ပါဝင်လိုက်မည်ဆိုလျှင် သွေးနတ်ဆိုးကလန်ကို မဆိုနှင့် သွေးနတ်ဆိုးလောကကြီးတစ်ခုလုံးပင်လျှင် ပျောက်ကွယ် သွားမှာ သေချာသည်။

“ကလန်ခေါင်းဆောင်”

ကျိုင်းတုတ်ကြီးကို မှီကာ ရပ်လျက်ရှိနေသည့် ရွှဲ့ရန်သည် တုန်ယင်စွာဖြင့် ရှေ့သို့ လှမ်းတက်လာခဲ့၏။ ၎င်း၏ မျက်နှာအိုကြီးပေါ်တွင် စိတ်မချမ်းမြေ့သည့် အမူအရာများ ဖြစ်တည်နေသည်။ လက်ရှိ အခြေအနေတွင် သူကိုယ်တိုင်သည်လည်း ဇဝေဇဝါ ဖြစ်လို့နေခဲ့သည်။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း တွက်ချက်ခဲ့၏။

သို့ပေမဲ့ အဘယ်ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် သည် ထိုအရာများ အားလုံးကို ကြိုတင်ကာ သိနေခဲ့ရသနည်း။ အဓိပ္ပာယ် မရှိလှချေ။

သွေးနတ်ဆိုးလောကကြီးအတွင်းတွင် သူသည် ထိပ်တန်းကံကြမ္မာဖတ်သူ တစ်ယောက်ဖြစ်၏။ လောကအသီးသီးတွင် သူ့ကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်သည့်လူရှိသည် ဆိုလျှင်တောင်မှ ရွှဲ့ရန်သည် ထပ်ဆုံးသုံးယောက်စာရင်းတွင် ဝင်နိုင်သေးသည်ဟု ယုံကြည်မိ၏။ ထို့အပြင် သွေးနတ်ဆိုး လောကကြီးသည် အားနည်းလှသည် မဟုတ်ချေေ။ အင်ပါရီယာများကို ပြုစုပျိုးထောင်နိုင်စွမ်းရှိသည့် လောကကြီး ဖြစ်သည်။ ထိပ်တန်းစွမ်းအင်သည် တူညီသည့်အခြေအနေတွင် ရှိလုနီးပါး ဖြစ်သောကြောင့် ကွာခြားချက်မှ မကြီးမားနိုင်ပေ။

“ကလန်ခေါင်းဆောင်... ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ ကောင်းကင်ဘုံ ကံကြမ္မာဖတ်ခြင်းနည်းလမ်းက ဘယ်လိုလဲဆိုတာ ကျုပ်တို့ မသိနိုင်ဘူး။ တကယ့်ကို မသေချာ၊ မရေရာပဲ။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ အရာ အားလုံးကို ကြိုတင်ခန့်မှန်းနိုင်ဖို့ဆိုတာ ဘယ်လိုမှ အာမခံချက် မရှိဘူး။ ကောင်းကင်ကို ပုန်ကန်ဖို့ဆိုတာ ဟာသ တစ်ခုပဲ။ လောကကြီးထဲမှာ ဘယ်သူကမှ ကောင်းကင်ကို မပုန်ကန်နိုင်ဘူး။ တော်တော်များများ သဘာဝရဲ့ နည်းဥပဒေသနောက်ကို လိုက်ရတာပဲ။ ကောင်းကင်ကို ပုန်ကန်ဖို့ ကြိုးစားတဲ့လူတိုင်းက ပြာအဖြစ်ပဲ ပြောင်းလဲ သွားခဲ့ကြတယ်” ရွှဲ့ရန်၏ မျက်နှာသည် တင်းမာခက်ထန်လာခဲ့သည်။

ကလန်ခေါင်းဆောင်က မေးမြန်းလိုက်သည်။ “ခင်ဗျား ဘာကိုပြောချင်တာလဲ”

“ဟားဟားဟား ....”

ရွှဲ့ရန်က ရယ်လိုက်၏။ ခဏလောက် သေချာစဉ်းစားပြီးသည့်နောက် သူသည် ဝူဝူရှမ်ကို လှည့်ကြည့်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။

“ကံကြမ္မာဖတ်တယ်ဆိုတာ ကောင်းကင်ရဲ့ ဆန္ဒကို သွေဖယ်တဲ့ နည်းလမ်းတစ်ခုပဲလေ။ ကောင်းကင်တာအိုရဲ့ လုပ်ဆောင်မှု နည်းလမ်းကို သေချာလေ့လာကြည့်တဲ့ နည်းလမ်း တစ်ခုလို့ ပြောရမယ်။ ကောင်းကင်တာအိုဆိုတာ တကယ့်ကို ကြီးမားတယ်။ လူတွေအားလုံး အသက်ရှင် နေထိုင်ခဲ့တဲ့ အတောအတွင်းမှာ နည်းနည်းလေးထက် ပိုပြီး နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒါကြောင့် ကောင်းကင်ရဲ့ နိယာမ လမ်းစဉ်တွေကို ကံကြမ္မာဖတ်တဲ့အချိန်မှာ အမှားအယွင်း ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ သဘာဝပါပဲ”

“ကျုပ်တို့ ကလန်ရဲ့ သူတော်စင်နှစ်ယောက် ကျဆုံးသွားတာ ကောင်းကင်ရဲ့ အလိုဆန္ဒလို့ ပြောချင်တာလား။ ဒါမှမဟုတ် ခင်ဗျား တွက်ချက်တာ မှားခဲ့တာလား” ဝူဝူရှမ်သည် ဒေါသထွက်လာခဲ့သည်။

အပြစ်ရှိသည်ကို ဝန်မခံဘဲ ကြံရာချေးပန်း ပြောဆိုလျက်ရှိသည်။ ကျင့်ကြံခြင်းလောကတွင် ကောင်းကင်၏ အလိုဆန္ဒကို မယုံကြည်သည့်လူဟူ၍ မည်သူရှိမည်နည်း။ ကောင်းကင်၏ အလိုဆန္ဒကို ခေါင်းစဉ်တပ်၍ အပြစ်ရှောင်ရန် ကြိုးစားနေသည်လား။

“အဟမ့် အဟမ့်”

ရွှဲ့ရန်က ချောင်းဟမ့်လိုက်၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းကာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိရာ နေရာဆီသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ်ဆိုလိုတာက ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်က သာမန်လူတစ်ယောက် မဟုတ်ဘူး။ အပြင်မှာ ရရှိတဲ့ သတင်းအချက်အလက်အရ ဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အန္တရာယ်တွေ ကြုံမှာကို သူက ကြိုသိနေပုံပဲ။ ဒါကြောင့် သူက သတိပေးခဲ့တယ်။ ဒီလူရဲ့ အားအင်က ကျုပ် အထင်အရဆိုရင် ဒီလောကကြီးထဲမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက် တွေကို ကံကြမ္မာဖတ်တဲ့နေရာမှာ ထိပ်တန်းအဆင့် ရှိရမယ်။ သူ့ကို ဘယ်သူမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

တခြားသော တစ်စုံတစ်ယောက်ဆီသို့ အပြစ်ဖို့ခြင်း ကိစ္စသည် မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် ရွှဲ့ရန်သည် ချက်ချင်းပဲ သူ၏ ချဉ်းကပ်ပုံကို ပြောင်းလိုက်လိုက်၏။ တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့ပြီးသည့်နောက် သူ၏ ကိုယ်ပိုင်အပြစ်ကို ဖျောက်ကွယ်ရန် ကြိုးစားလိုက်ပြန်သည်။ အနာဂတ်ကို ကြိုတင်မြင်နေရသည့် လူတစ်ယောက်သည် လောကကြီးထဲတွင် အလွန်တရာ အားကောင်းလှသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူတို့၏ သွေးနတ်ဆိုးလောကကြီးသည် တစ်ဖက်လူ၏ လောကကြီးနှင့် နှိုင်းယှဉ်၍ မရနိုင်အောင် အနည်းငယ် အားနည်းနေသည်။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အနောက်သို့ သူ ရောက်ရှိ နေခြင်းမှာ တကယ်ကို ယုတ္တိဗေဒ ကျလွန်းလှသည်။

All Chapters