← Chapters

အခန်း (၇၅၄)

Vol. 51 Ch. 754

အခန်း (၇၅၄)

Vol. 51 Ch. 754

“ဘာ.. မဖြစ်နိုင်တာ”

ရှန်းဘုရင်သည် ဒေါသတကြီးထကာ အော်ဟစ်လိုက်၏။ “လျှိုချင်းယု ဘာတွေ ပြောနေတယ်ဆိုတာ သိရဲ့လား။ ဟောခန်းထဲမှာ ကွာစီအင်မော်တယ် အင်ပါယာ ဘယ်လောက်များများ ရှိနေနိုင်မှာလဲ။ သူတို့ အသက်ရှင်နေသေးတယ်ဆိုရင် ဘာလို့ ထွက်မလာရတာလဲ”

ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်၏ တည်ရှိမှုကို လောကကြီးက ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာသည့် အချိန်တွင် လောကကြီး၏စည်းများ ပျက်စီးသွားနိုင်၏။ လက်ရှိအခြေအနေတွင် လောကကြီးသည် မည်သည့် အသက်ဓာတ်မှ မရှိသည်ကို ခံစားရသည်။

“ကျုပ်” လျှိုချင်းယုက ဆွံ့အနေ၏။ သူမည်ကဲ့သို့ ရှင်းပြရမည်ကို မသိချေ။ သို့ပေမဲ့ ဟောခန်းထဲတွင် ရှိနေသည့်မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် ဤအရာမှာ သေချာကြောင်းကိုတော့ သိရှိ၏။

“သူ အမှန်ကို ပြောနေတာပဲ”

ထိုအချိန်မှာ‌တော့ ထူးမခြားနားသည့် အသံတစ်ခုသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

“ဘယ်သူလဲ” လျှိုချင်းဟုန်သည် ခေါင်းကိုမော့လိုက်၏။ ပြီးနောက် အဝေးဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ လျှိုချင်းယု၏ နောက်ဘက်တွင် လူတစ်ယောက် ထပ်မံကာ ရောက်ရှိနေ၏။ ထိုလူသည် အမဲရောင်မြူများနှင့် ရစ်သိုင်းလျက်ရှိနေပြီး ထိုသူ့ကိုကြည့်ရှုရသည်မှာ ဤနေရာတွင် မတ်တပ်ရပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်၏။ သို့ပေမဲ့ သူတို့သည် ထိုလူတည်ရှိနေကြောင်းကို တချက်ကလေးမှ သတိမပြုမိခဲ့ပုံပင်။

ထိုသူသည် သူ၏အော်ရာများ အားလုံးကို ဖုံးကွယ်ထားခဲ့ပြီး အားကောင်းသည့် ဟိတ်ဟန်မျိုးကို ထုတ်ဖော် မထားခဲ့ချေ။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းသည် ဆိုခြင်းမှာတော့ သိသာလွန်းလှ၏။ ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ရပေလိမ့်မည်။

လက်ရှိလောကကြီးတွင် ကွာစီအင်မော်တယ် အင်ပါယာအဖြစ် လူသိများလှသည့်သူမှာ ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင်သာလျှင် ရှိ၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လည်း တည်ရှိသေး၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ၏ နန်းတော်ထဲတွင်သာ နေထိုင်တတ်သောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မဖြစ်နိုင်ချေ။ ထိုသူသည် ဝိညာဉ်နတ်ဆိုး တောအုပ်၏ ဌာနေအရှင်သာလျှင် ဖြစ်ပေလိမ့်မည်။

“ဂျူနီယာလျှိုချင်းယုက ဌာနေအရှင်ကို ဂါရဝပြုပါတယ်” အနီးအနားတွင် ရှိနေသည့် လျှိုချင်းယုသည် တစ်စုံတစ်ခုကို နားလည်သွား၏။ ချက်ချင်းပဲ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်၏။

ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင် ပေါ်ပေါက်လာခဲ့သည် ဖြစ်သောကြောင့် အရာအားလုံး စိတ်ချရပြီဖြစ်သည်။ လျှိုချင်းဟုန် မည်မျှအားကောင်းသည်ဆိုဆို ဝိညာဉ်နတ်ဆိုးတောအုပ် ဌာနေအရှင် ကိုတော့ လှည့်ပတ်နိုင်လိမ့်မည် မဟုတ်ချေ။ အခြေအနေသည် ရှင်းလင်းသွားခဲ့ပြီဖြစ်၏။ ထို့ပြင် သူသည် ငရဲလောကနှင့် ပူးပေါင်းထားသည့် လူတစ်ယောက်ဖြစ်၏။ တစ်ဖက်လူသည် သူနှင့် တူညီသည့် ဘက်ခြမ်းတွင် တည်ရှိနေသည်။

“အင်း” ဝိညာဉ်နှင့်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ခေါင်းကို အသာညိတ်လိုက်၏။ သူသည် ရှန်းဘုရင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။

ရှန်းဘုရင်သည် ချက်ချင်းပဲ ဦးကိုညွတ်ကာဖြင့် လေးလေးစားစား ပြောဆိုလိုက်သည်။ “ဂါရဝပြုပါတယ် ဌာနေအရှင်”

“အင်း.. လောကဝတ်တွေ လုပ်နေဖို့ မလိုဘူး”

ဤအချိန်မှာတော့ ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် ရှန်းဘုရင်ကို တကယ်ပင် အသိအမှတ်ပြုလျက်ရှိ၏။ သို့ပေမဲ့ သူ၏အကြည့်သည် လျှိုချင်းဟုန်ဆီသို့ ရောက်ရှိသွားသည့်အချိန်မှာတော့ အေးစက်သည့် အော်ရာများ ထွက်ပေါ်လာခဲ့၏။ “လျှိုကလန်ရဲ့ မျိုးဆက်လား”

“ဟုတ်တယ်” လျှိုချင်းဟုန်သည် တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။

“မကြာသေးခင်က ကျုပ်က မင်းတို့ လျှိုကလန်ရဲ့ အဖွဲ့ဝင်တော်တော်များများရဲ့ အသက်ကို ချမ်းသာ ပေးခဲ့တယ်။ အခု မင်းကိုကြည့်ရတာ သူတို့လောက် ကံမကောင်းတဲ့ပုံပဲ။ မင်းဆီမှာ ရွေးစရာနှစ်လမ်းရှိတယ်။ ငရဲလောကနဲ့ ပူးပေါင်းမလား ဒါမှမဟုတ် သေမလား”

ဤစကားစုသည် ထူးမခြားနားသည့် ခံစားချက်များ ပါဝင်လျက် ရှိနေ၏။ အတိအကျပင် ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အားလုံးသော သူတို့သည် အသက်ရှူရန်ပင် ခက်ခဲလာခဲ့၏။

"အတိတ်တုန်းက ငရဲလောကကြီးဆီမှာ အင်မော်တယ် အင်ပါယာတစ်ယောက် တည်ရှိခဲ့တယ်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့ ရှုံးနိမ့်သွားခဲ့တာပဲမလား။ အခု ငရဲလောကကြီးက အရင်လို အောင်မြင်မှုမျိုး ရှိတော့တာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ တစ်လောကလုံးကို လွှမ်းမိုးနိုင်မယ်ဆိုတာ ဖြစ်နိုင်မယ် ထင်လား။" လျှိုချင်းဟုန်သည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်၏။

"သနားစရာဝိညာဉ်လေးပဲ"

ဝိညာဉ်နတ်ဆိုးလောက၏ အရှင်သည် လျှိုချင်းယုအား လှမ်းကာ ကြည့်ရှုနေ၏။ သူသည် ထူးမခြားနားသလို ပြောဆိုလိုက်သည်။ "မင်း ငရဲလောကကို မဝင်ချင်ဘူးလား။”

“လျှိုချင်းဟုန်နဲ့ ငရဲလောကဆိုတာ ​တစောင်းစေးနဲ့မျက်ချေးပဲ။"

လျှိုချင်းဟုန်သည် အေးစက်စက်နှင့် ကြေညာလိုက်၏။ ပြီးနောက် သူသည် လျှိုချင်းယုကို လှမ်းကာ ကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် နောင်တတရားဟူ၍ တစ်ခုတည်းသာရှိ​၏။ ထိုအရာမှာ သစ္စာဖောက် လျှိုချင်းယုကို ကိုယ်တိုင်ကိုယ်ကျ မသတ်ဖြတ်ခဲ့ရခြင်းပင်။

အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သည် ဆိုလျှင်တောင်မှ သူသည် ဝိညာဉ်နတ်ဆိုးအရှင်၏ မျက်စိအောက်၌ လျှိုချင်းယုကို သတ်ဖြတ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

လျှိုချင်းဟုန်၏ အကြည့်များကို အာရုံခံပြီးနောက် လျှိုချင်းယု၏ နူတ်ခမ်းထက်တွင် အေးစက်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီကို ပိုင်ဆိုင်တော့ရော ဘာဖြစ်သနည်း။ ကွာစီအင်မော်တယ် အင်ပါယာ၏အောက် နံပါတ်တစ် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည်ဆိုလျှင်ရော ဘာဖြစ်သနည်း။ အလုံးစုံသော အားအင်အဆင့်နှင့် ရင်ဆိုင်ရသည့် အချိန်၌ ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွားရမှာ ဖြစ်သည်။ အားနည်းသည့်လူများသည် အဆုံးသတ်တွင် အသက်ရှင် ကျန်ရစ်လိမ့်မည် မဟုတ်ချေ။

"ဒါဆိုရင်လည်း နောက်ဘဝကို သွားလိုက်တော့"

လက်ဖျောက် တစ်ချက် တီးလိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် အရှိန်အဟုန်များသည် တည်နေရာကြီးတစ်ခုလုံးကို တုန်ခါစေခဲ့၏။

နည်းစနစ်သည် မယုံကြည်နိုင်စရာ ကောင်းလွန်း၏။ လက်ဖျောက်တစ်ချက် တီးလိုက်ရုံနှင့် ကြီးမားလွန်းသည့် လောကကြီးတစ်ခုက ဖြစ်တည်လာခဲ့ပြီး အင်မော်တယ်ဘုရင်တစ်ယောက်ကို ဖိနှိပ်ရန်အတွက် လုံလောက်ခဲ့သည်။

လျှိုချင်းဟုန်နှင့် တခြားသောသူများသည် လက်ရှိအခြေနေမှာတော့ အလုံးစုံ ချုပ်နှောင်ခြင်းကို ခံထားရသည်။ သူတို့ကို ဖိနှိပ်နေတာကို အတိုင်းသား ကြည့်ရှုနေရ၏။ ဤအရာမှာ အချိန်ခဏလေးသာ ကြာမြင့်သေး၏။

"အင်း"

ဌာနေ၏ တစ်ဖက်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။ ရှေးဆန်သည့် အသံကြီးတစ်ခုသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

ထိခိုက်ခံထားရသည့် ​ကြေးအိုးလက်နက်ကြီး တစ်ခုဖြစ်သည် ဆိုသော်လည်း ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မဲမှောင်လျက်ရှိသော လောကကြီးတစ်ခုလုံးကိုပင် လင်းလက်သွားစေခဲ့၏။ အားလုံးသော သူများသည် စူးရှသည့် အလင်းတန်းများကြောင့် မျက်လုံးကိုပင် ဖုံးကာမိကြ၏။

လက်နက်နှင့် လောကကြီးတို့သည် ထိပ်တိုက် တွေ့ဆုံလေသည်။

တစ်ဖက်ခြမ်းဆီမှ လောကကြီးတစ်ခု ကျဆင်းလာခဲ့ပြီး တစ်ခြားတစ်ဖက်တွင်တော့ အားကောင်းသည့် လက်နက်တစ်ခု ပေါ်ပေါက်လာခဲ့၏။ တကယ့်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းပင်။

"ဘယ်သူဝင်ပြီး တားဆီးချင်တာလဲ"

"ဒီကြေးအိုးကြီးကိုကြည့်ရတာ ရင်းနှီးနေတယ်"

"လွင့်မျောတိမ်ကြေးအိုးကြီးလား။"

All Chapters