အခန်း (၂၈၇)
Vol. 20 Ch. 287
စောဏကလေးတင် ကောင်းကင်မူလလောကကြီး၏ နဂါးအင်ပါယာအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုသည့် အကြောင်းကို သူက တွေးတောနေမိ၏။ သို့ပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရမည်ဆိုလျှင် တစ်ဖက်လူသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စနေပုံပေါ်သည်။ တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိသည့်ပုံ မပေါ်ချေ။
"ကောင်းပြီ" အင်ပါယာတိုင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ ခဏလောက် တွေးတောပြီးသည့် နောက် သူသည် ဘေးတစ်ဖက်ဆီသို့ အသာလှမ်းကာ ရှောင်ပေးလိုက်၏။ သူ၏ ကိုယ်ပိုင် အားအင်အဆင့် ကို သူ ကောင်းကောင်းနားလည်သည်။ သူ့အနေနှင့် တစ်ဖက်လောကတွင် ရှိနေသည့် ပြိုင်ဘက်ကို ချက်ချင်း သတ်ဖြတ်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာ ဆိုလျှင်တော့ မျှော်လင့်ချက်တချို့ ရှိနိုင်သည်။
ထို့အပြင် ဤလူသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လှမ်းလျှောက်ခဲ့သူတစ်ယောက်ဖြစ်၏။ ၎င်း၏ စိတ်ဆန္ဒများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ထို့အပြင် နှစ်ပေါင်းများစွာ ကြာရှည်နေထိုင်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်၏။
ယခုမှ အင်ပါယာဖြစ်လာခဲ့သည့် နဂါးတစ်ကောင်သည် ကောင်းကင် ဝမ်းနည်းခြင်း အင်ပါယာကို ရင်ဆိုင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ဖို့ ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။
"ဟင်း… ပြိုင်ဘက်ပြောင်းသွားပြီလား"
အောင်းရွှမ်သည် တွန့်ကနဲ ဖြစ်သွား၏။ သို့ပေမဲ့ ထူးမခြားနား သလိုပင်။ တစ်ဖက်လူ မည်သို့ ပြောင်းလဲ၊ ပြောင်းလဲ သူနေရာတွင် ရပ်နေမည်ဖြစ်ပြီး ရှေ့တည်နေရာလမ်းကြောင်းဆီ ဝင်သွားလိမ့်မည် မဟုတ်ချေ။
ထိုအတွေးကို တွေးပြီးသည့်နောက် သူသည် တည်ငြိမ်သည့် ဟန်ပန်အမူအရာမျိုးဖြင့် အေးစက်စက် မောက်မာစွာ ပြောဆို လိုက်သည်။ "အင်ပါယာလမ်းစဉ်ရဲ့ ထိပ်ဆုံးအခြေအနေမှာ ဘယ်သူက အစစ်အမှန် ထိပ်ဆုံးလဲ။ ကျုပ် မျက်လုံးထဲမှာ ခင်ဗျားဆိုရင်တောင်မှ ခင်ဗျားက ကျုပ်လမ်းမှာ ရှိနေတဲ့ အရိုးစုကြီးသာသာပဲ။ ကျုပ် ခရမ်းရောင်နက်နဲ လောကကို ချိုးဖြတ်ဝင်ရောက်တဲ့ အချိန်မှာ …."
"နားငြီးလိုက်တာ" ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် ဤစကားစုကိုသာ အေးစက်စက် ပြောဆိုလိုက်၏။ သူ၏လက်ထဲတွင် ရှိနေသည့် ဓားရှည်အား လေထုထဲသို့ ဝှေ့ယမ်းခုတ်ပိုင်းလိုက်၏။
ရွှီး
တောက်ပသည့် ဓားရောင်စဉ်အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ရှေးဆန်လှသည့် သင်္ကေတများသည် ထိုဓားချက်နှင့်အတူ ပါဝင်လာခဲ့၏။ နတ်ဘုရားနတ်ဆိုးကြီးတစ်ကောင် အသက်ဝင်နိုးထလာ သကဲ့သိုပင် ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အရှိန်အဝါမျိုး ဖြစ်တည်လာကာဖြင့် ဓားနှင့်အတူ လိုက်ပါလာသည်။
ဓားချက်ဖြတ်သန်းသွားရာ တည်နေရာတိုင်းရှိ လေထုကြီး တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ သာမန် ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းအထက်တွင် ရှိနေသော ဓားတိုက်ခိုက်ချက်တစ်ခု ဖြစ်သောကြောင့် ထိုဓားတိုက်ချက်သည် ရှေးခေတ်၊ ယခုခေတ်တွင် ရှိနေသည့် အရာအားလုံး တားဆီး၍ မရနိုင်သည့် အရာတစ်ခု ကဲ့သို့ပင်။
"သူ တကယ်တမ်း လှုပ်ရှားတိုက်ခိုက်ပြီးလား"
အောင်းရွှမ်၏ ရင်ခုန်နှုန်းများသည် မြန်ဆန်သွားခဲ့၏။ အံ့အားသင့်လျက် ရှိနေသည် ဆိုလျှင်တောင် သူသည် တည်ငြိမ်နေသေး၏။ သူသည် လက်ကို အသာယမ်းခါကာဖြင့် စည်းသင်္ကေတစ်ခုကို ဖန်တီးပြုလုပ်လိုက်၏။
လေထုထဲတွင်တော့ မှော်သင်္ကေတများ သည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာဖြင့် ထိုသင်္ကေတများထဲတွင် ခန့်မှန်း၍ မရနိုင်သော တာအို၏ စွမ်းအင်များလည်း ပါဝင်လျက် ရှိနေသည်။
ပြီးနောက် ထိတွေ့သံ ဘုန်းဟူသည့် အသံကြီး ပေါ်ပေါက်လာခဲ့ပြီး အင်ပါယာနှစ်ယောက်၏ တိုက်ခိုက်ချက် သည် ထိပ်တိုက် ရင်ဆိုင်ကြလေ၏။ လောကကြီးထဲတွင် ရှိနေသည့် အရာအားလုံးသည် ဝေါကနဲ တုန်ခါသွားခဲ့၏။
ဘန်း
နဂါးစစ်ရထားလုံးကြီးသည် ပေါက်ကွဲသွားခဲ့၏။ အောင်းရွှမ်သည် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် လေထု၏ မိုင်တစ်သောင်း အကွာအဝေးဆီသို့ ဆုတ်ခွာသွားရ၏။ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။ သူသည် သူ၏လက်များကို အသာဆုပ်လိုက်၏။ ရွှေရောင်သွေးများသည် အောက်သို့ ကျဆင်းလာခဲ့သည်။
မည်သို့ဖြစ်နိုင်မည်နည်း။ ရန်သူသည် အဘယ်ကြောင့် ဤမျှအားကောင်းရသနည်း။ သူသည် တိုက်ခိုက်ချက် တစ်ခုတည်းကိုသာ ခံယူရသေး၏။ သို့ပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိလုမတတ်ပင်။
ယခင်တုန်းက စီနီယာ နန်းဆောင်သခင်သည် တိုက်ခိုက်ချက် တစ်ခုတည်းနှင့် အင်ပါယာသုံးယောက်တို့အား လွယ်လွယ်ကူကူ အနိုင်ယူ တိုက်ခိုက်ခဲ့သည်။ သူ့ကျမှ အဘယ်ကြောင့် အခြေအနေက ပြောင်းလဲ သွားရသနည်း။
ကောင်းကင်မူလ လောကကြီး၏ လောကသားချင်း အတူတူ ဆိုလျှင်တောင် အဘယ့်ကြောင့် ဤမျှ စွမ်းဆောင်ရည် ကွာခြားနေရသနည်း။
မူလအားဖြင့် သူသည် တစ်ဖက်မှ အင်ပါယာနှစ်ယောက်ကို ရင်ဆိုင်နိုင်မည်ဟု တွေးတောခဲ့၏။ အနိုင်မယူနိုင်ဘူး ဆိုလျှင်တောင်မှ ကွာခြားချက်သည် သိပ်၍ ကြီးမားလှမည် မဟုတ်ဟု ထင်မှတ်ခဲ့၏။ ယနေ့တိုက်ပွဲကို မြင်ရသည့် အချိန်မှာတော့ တစ်ဖက်လောကတွင် ရှိနေသည့် အင်ပါယာများသည် ကိုယ်ပိုင်ဝှက်ဖဲများ တည်ရှိနေပြီး တစ်ယောက်ချင်းစီတိုင်းသည် ပြိုင်စံရှားသည့် အားအင်အဆင့်ကို ပိုင်ဆိုင်လျက် ရှိနေကြောင်း သိလိုက်ရသည်။
"သေစမ်း"
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာသည် အော်ဟစ်လိုက်၏။ သူ၏ သွေးချီများသည် တည်နေရာ တစ်ခုလုံး ကို ပျံ့နှံ့လျက်ရှိ၏။ ခေါင်းထက်တွင် ရှိနေသည့် ဆံနွယ်ရှည်များသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး ၎င်း၏ လက်ထဲတွင် ရှိနေသည့် ဓားရှည်သည် ကောင်းကင်တစ်ခုလုံးကို ကွဲအက်သွားစေခဲ့၏။ ခုခံ ကာကွယ်ရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
ဓားအလင်းတန်းသည် ဘုံကိုးပါးကို ဖြတ်သန်းကာဖြင့် အောင်းရွှမ်ဆီသို့ တည့်တည့်ကျဆင်းလာ၏။ ထိုအထဲတွင် နှိုင်းယှဉ်၍ မရနိုင်သည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပါဝင်လျက် ရှိနေပြီး တိုက်ခိုက်ချက် တစ်ခုတည်းနှင့် သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေ၏။
"မကောင်းတော့ဘူး"
အောင်းရွှမ်သည် အန္တရာယ်၏ အငွေ့အသက်ကို အာရုံခံမိသဖြင့် ထွက်ပြေးချင်နေမိ၏။ သို့ပေမဲ့ အောက်တွင် ရှိနေသည့် ရေတွက်လို့မရအောင် များပြားလှသည့် လူများကို မြင်ရသည့် အချိန်မှာတော့ အံကိုကြိတ်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်မိသည်။
သူသည် ဤတိုက်ခိုက်ချက်ကို ခုခံကာကွယ်ရန် ရည်ရွယ်ခဲ့၏။ သို့ပေမဲ့ ဓားအလင်း မရောက်ခင်မှာပဲ သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် မြင်ကွင်းကို မြင်လိုက်ရ၏။ ထိုအရာသည် သူ၏ ကျောရိုးမကြီး တစ်ခုလုံးကိုပင် စိမ့်တက်သွားစေခဲ့၏။
အင်ပါယာတိုင်သည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်ပြီးသည့်နောက် မိုးကောင်းကင်အလင်းတန်းများ ကို စုစည်းကာ လေထုထဲ၌ ရွှေရောင်လှံကြီးတစ်စင်းကို စုဖွဲ့လိုက်ခြင်းပင်။ ထိုလှံကြီး၏ထိပ်တွင် ဖျက်ဆီးခြင်း၏ အော်ရာများ ထွန်းတောက်လျက် ရှိနေပြီး စကြဝဠာကြီး တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်သည့် စိတ်ဆန္ဒမျိုး ပါဝင်နေသည်။
ဆွစ်
ဓားအလင်းတန်းနှင့် လှံတို့သည် အတူပေါင်းစပ်ကာဖြင့် သူ့ဆီသို့ ရောက်ရှိလာ၏။ အားအကောင်းဆုံးသော နိယာမ၏ စွမ်းအင်များ ပါဝင်လျက် ရှိနေပြီး အရာ အားလုံးကို ပျောက်ကွယ်ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိသော တိုက်ခိုက်ချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အင်ပါယာနှစ်ယောက် အတူပူးပေါင်း၍ တိုက်ခိုက်ချက်ကို ထုတ်ဖော်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ ခရမ်းရောင် နက်နဲလောကကြီး၌ တိုက်ခိုက်ခဲ့သည့် အခြေအနေနှင့် ခြားနားလျက်ရှိသည်။
အင်ပါယာတိုင်နှင့် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာတို့သည် အလွန်အမင်း ဒေါသထွက်လျက် ရှိနေ၏။ ၎င်းတို့ နှစ်ယောက်သည် အောင်းရွှမ်၏ စကားများကို အမှန်ပင် နားကြားပြင်းကပ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ၎င်းတို့၏ အားအင်အဆင့်အကုန်ကို ထည့်သွင်းကာဖြင့် တစ်ချက်ကလေးမှ နှောင့်နှေးမနေဘဲ တစ်ခါတည်း တိုက်ခိုက်ခဲ့ခြင်းပင်။
နှစ်သိန်းချီ အသက်ရှင် နေထိုင် ကျင့်ကြံခဲ့သည့် တော်ဝင်အင်ပါယာတစ်ယောက် ဆိုလျှင်တောင်မှ ဤကဲ့သို့သော တိုက်ခိုက်ချက်ကို ခုခံနိုင်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
"ဆိုးတာပဲ"
အောင်းရွှမ်သည် တကယ်ပဲ ကြက်သေသေလျက်ရှိ၏။ သူ မည်ကဲ့သို့ ခုခံရမည်နည်း။ အတင်း အားသုံးကာ ခုခံမည် ဆိုလျှင်တောင်မှ သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပေလိမ့်မည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်တစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေမျိုးကိုပင် ရင်ဆိုင်ရနိုင်၏။
သူသည် အင်ပါယာဖြစ်လာသည်မှာ မကြာသေးပေ။ ထို့ကြောင့် ယခု မသေချင်သေးပေ။
"စီနီယာ… ကျုပ်ကို ကယ်ပါအုံး"
ထိုအချိန်မှာတော့ အောင်းရွှမ်သည် တခြား ဘာကိုမှ မတွေးတောနိုင်ခဲ့ချေ။ အဆုတ်ကွဲလုမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
စီနီယာ၏ အားအင်အဆင့်ကို သူကောင်းကောင်း သိ၏။ ထို့ကြောင့် စီနီယာသည် ကျိန်းသေပေါက် ကြားရပေလိမ့်မည်။ စီနီယာသည်သာ ဝင်ရောက်ကာ ကူညီသည်ဆိုပါက ခရမ်းရောင်နက်နဲ လောကကြီးကို မဆိုနှင့် တခြားသော လောကမှ တိုက်ခိုက်ချက် များကိုပင် တားဆီးနိုင်စွမ်း ရှိ၏။