အပိုင်း (၂၀၃)
Vol. 14 Ch. 203
ဒေါင်
ကောင်းကင်ယံတွင် ရွှေရောင်နေကြီး ထွန်းလင်းသကဲ့သို့ပင် လောကကြီးတစ်ခုလုံးကို ပျံ့နှံ့စေ၏။ လောကထဲတွင် ရှိနေသည့် လူများအားလုံးတို့၏ မျက်နှာသည် ဖြူလျော်သွားကြ၏။ အားကောင်းလှပါသည်ဆိုသော သူများ၏ နှလုံးသားများပင်လျှင် လှုပ်ခါသွား၏။ မွန်းစတားအင်ပါယာ ခေါင်းလောင်းသည် ရွှေရောင်အလင်းတန်းများကို ဖြစ်ပေါ်စေပြီး အားလုံးသောသူများကို ဖိအားပေးခဲ့သည်။ ထိုအသံကို ကြားရသူများ အားလုံးတို့သည် နားစည်များ လှုပ်ခါရုံသာမက သွေးများပင်လျှင် ပြောင်းပြန်စီးဆင်းကုန်၏။ သွေးနတ်ဆိုးကလန်၏ အထက်တွင်တော့ ကွာစီအင်ပါယာ အစီအရင်သည် အသက်ဝင်လာခဲ့ပြီး အရာအားလုံးကို ကာကွယ်ပေးထားသည်။
မူလအားဖြင့် မာကြောလွန်းလှသော အစီအရင်ကြီးတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ အင်ပါယာရီယန်လက်နက်၏ တိုက်ခိုက်မှုအောက်တွင် ထိုအစီအရင်ဆီမှ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်နေပြီး အချိန်မရွေး ပျက်ဆီးတော့မည့် ပုံစံမျိုးပင်။ ကွာစီအင်ပါယာအစီအရင်သည် ကွာစီအင်ပါယာတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိ၏။ သို့ပေမဲ့ အင်ပါရီယာလက်နက်ကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာတစ်ယောက်ကိုတော့ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ရလာဒ်သည် တကယ့်ကို ခြားနားလွန်းလှ၏။
"မြန်မြန် …. ဘိုးဘေးကို ထွက်လာဖို့တောင်းဆိုလိုက်တော့" ဝူဝူရှမ်က အမိန့်ပေးလိုက်၏။ အစစ်အမှန်တရားမှာတော့ ထိုသို့ တောင်းဆိုနေစရာပင် မလိုချေ။ သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် ထိုင်နေ၍ ဖြစ်သည် အချိန်အခါ မဟုတ်သောကြောင့်ပင်။
ဘုန်း …..။
တောင်ကြီးတစ်ခု ပြိုလဲသွားပြီး ကျောက်တုံးကျောက်ခဲများသည် ဘေးတစ်ဖက်သို့ လွင့်စင်သွား၏။ ဖုန်များသည် တလိမ့်လိမ့် တက်လာ၏။ အနီရောင်ရောင်စဉ်များပေါ်လာပြီး မြင့်မားလွန်းလှသော အလင်းတိုင်ကြီးတစ်ခုသည် ကောင်းကင်၌ ပေါ်ပေါက်လာ၏။ ကောင်းကင်တွင် ရှိနေသည့် တိမ်များပင်လျှင် လွင့်စင်သွားခဲ့၏။
လေဟာနယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီးသည့်နောက် စုတ်ပြတ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ပေါ်ပေါက်လာ၏။ ၎င်းပေါ်ပေါက်လာသည် နှင့် တပြိုင်နက် ပြင်းထန်လွန်းသော ငလျင်ကြီး လှုပ်ခါသွားသလိုပင် တည်နေရာတစ်ခုလုံး ကွဲအက်ကုန်သည်။
ဘုတ်
ခြေသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အနီရောင်ဆံပင်နှင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ၎င်း၏ အော်ရာများသည် ကြယ်တာရာကဲ့သို့ပင် နက်ရှိုင်းလှပြီး လင်းလက်လွန်းလှ၏။ ၎င်း၏ ကွာစီအင်ပါယာ စိတ်ဆန္ဒသည် တည်နေရာတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။
၎င်း၏ အထက်တွင်တော့ အနီရောင် စက်ဝိုင်းကြီးတစ်ခု တည်ရှိနေခဲ့ပြီး ထိုစက်ဝိုင်းအတွင်းတွင်တော့ ပုံရိပ်ယောင် အရေးအကြောင်းများ တည်ရှိနေခဲ့ပြီး ထိုအရာဆီမှာ အင်ပါရီယန် စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေသည်။
လက်ရှိအချိန်တွင် မရေတွက်နိုင်အောင် များပြားလှသော လူများသည် တုန်လှုပ်လျက် ရှိနေ၏။
အဝေးတစ်နေရာကို ကြည့်ရှုမည်ဆိုလျှင် ရွှေရောင်အလင်းတန်းများ ဖြစ်တည်နေ၏။ တခြားတစ်ဖက်မှာတော့ အနီရောင် အလင်းတန်းများ ပေါ်ပေါက်နေသည်။ ကောင်းကင်ယံကို နှစ်ပိုင်းပိုင်းထားသကဲ့သို့ပင်။
ရွှေရောင်အလင်းတန်းများ လင်းလက်နေသည့်ဘက်တွင် ပြင်းပြင်းထန်ထန် ပူလောင်နေပြီး အခြားတစ်ဖက်တွင်တော့ တည်နေရာ တစ်ခုလုံး သွေးကဲ့သို့ နီးမြန်းနေခဲ့၏။ အလုံးခြုံ ခြားနားလျက် ရှိနေသော အော်ရာများသည် အားလုံးသောသူများကို လွှမ်းခြုံသွားခဲ့၏။ အားလုံးတို့သည် မခုခံနိုင်တော့ချေ။
၎င်းတို့သည် ကောင်းကင်ထက်တွင် နတ်ဘုရားနှစ်ပါးကို မြင်နေရသလိုပင် မထိန်းချုပ်နိုင်စွာဖြင့် ဒူးထောက်လိုက်မိကြ၏။
“ရွှေကျီးကန်းကလန်က တာအိုရောင်းရင်း … ကျုပ်တို့ဆီ ဘာတွေယူလာတာလဲ အနီရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူသည် အေးစက်တောက်ပသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောလိုက်သည်။
"သွေးနတ်ဆိုးကလန်က ဘောင်ကျော်ခဲ့တယ်"
ခြောက်ကပ်ကပ် အသံတစ်ခုက ပေါ်ပေါက်လာ၏ "ဒီနေ့မှာ သွေးနတ်ဆိုးကလန်က ပြုလုပ်ခဲ့တဲ့ အရာတွေအားလုံး အတွက် ပေးဆပ်ရတော့မယ်"
ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလျက် ရှိနေပြီး ထိုရွှေရောင် အလင်းတန်းများသည် ခြေထောက်သုံချောင်းနှင့် ရွှေကျီးကန်း တစ်ကောင်ကဲ့သို့ပင်။ အတောင်ပံများကို ဖြန့်ကျက်လိုက်သည့် အခါမှာတော့ များပြားလှသော တည်နေရာကြီးတစ်ခုလုံးသည် နေတစ်ခု၏ ပူလောင်မှုကို အစစ်အမှန် စတင် ခံစားလာရသည်။
ကောင်းကင်ယံထက်တွင် ကွာစီအင်ပါယာ၏ စိတ်ဆန္ဒများသည် လွှမ်းခြုံလျက် ရှိနေ၏။ ထိုအရာများသည် ရွှေရောင်မီးတောက်များကဲ့သို့ ဖြစ်ပေါ်လာပြီး ကျယ်ပြောလှသော တည်နေရာကြီး တစ်ခုလုံးကို မီးပင်လယ်ကဲ့သို့ ဖြစ်သွားစေခဲ့သည်။ တည်နေရာထဲတွင် ရှိနေသည့် အရာအားလုံးသည် မီးလောင်ကာ ပျောက်ကွယ်တော့မလိုပင်။
ရွှေကျီးကန်း ကလန်၏ ကွာစီအင်ပါယာသည် တောက်ပလွန်းသည့် မျက်ဝန်းအစုံနှင့်အတူ အောက်တွင် ရှိနေသော လူပေါင်းများစွာကို ကြည့်ရှုလိုက်၏။ ခန္ဓာကိုယ်တွင် သာမန်ထက်ပိုသော သင်္ကေတများ ထွက်ပေါ်နေပြီး လူပေါင်းများစွာတို့အား ချွေးစေးများပြန် ဒူးများခွေယိုင်စေခဲ့သည်။
ဖောက် ဖောက် ဖောက်
မီးကျွမ်းလောင်သည့် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အင်ပါရီယန် စိတ်ဆန္ဒ အစီအရင်ကြီးကို ဖျက်ဆီးလျက် ရှိနေ၏။ သွေးနတ်ဆိုးကလန်ဆီမှ အားနည်းလွန်းသော အဆင့်နိမ့် ကျင့်ကြံသူများသည် တချက်ကလေးမှ မအော်လိုက်ရဘဲ ပြာအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်ကုန်၏။ မွန်းစတားအင်ပါယာ ခေါင်းလောင်းနှင့် ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာတို့သည် တူညီသည့် စွမ်းအားကို ထုတ်ဖော်ကာဖြင့် အားလုံးတို့ကို ဖိနှိပ်ထားခဲ့၏။ ရှေးရွှေကျီးကန်းကလန်၏ အင်ပါယာ အသက်ပြန်ရှင်လာသကဲ့သို့ပင် အားလုံးတို့သည် မခုခံနိုင်ခဲ့ကြချေ။
"သွေးနတ်ဆိုးကလန်က ကောင်းကင်မူလလောကကြီးထဲမှာ ဘာတွေလုပ်ခဲ့တယ် ထင်လဲ"
ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည် မထူးခြားသလို ပြောလိုက်၏။ "ခင်ဗျားတို့က တကယ့်ကို မှားယွင်းတဲ့အရာတွေ ပြုလုပ်ခဲ့တယ်။ ကျုပ်တို့ ရွှေကျီးကန်းကလန်ရဲ့ လူတစ်ယောက်ကို သတ်ခဲ့တယ်လေ။ ဒီတော့ ကျုပ်က ခင်ဗျားတို့ကလန်တစ်ခုလုံးရဲ့ အသက်ကို ပြန်ယူရမယ်။ "
"မောက်မာလိုက်တာ"
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ သို့ပေမဲ့ သူ၏နှလုံးသားထဲတွင် စိုးရွံ့သည့် ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။ သွေးနတ်ဆိုးကလန်၏ အစီအစဉ်များသည် မြန်မြန်ဆန်ဆန်နှင့် ပေါ်ပေါက်သွားခဲ့ပြီး ရွှေကျီးကန်းကလန်ကို သတိပြုမိသွားစေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ကောင်းကင်၏ လျို့ဝှက်ချက်များကို ထုတ်ဖော်နေသည့် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်သည် မည်မျှဆန်းကြယ်လှသနည်း။ နတ်ဘုရား အပြစ်ဒဏ်ကို မကြောက်လန့်ပေဘူးလား။
ထို့ပြင် သွေးနတ်ဆိုးကလန်၏ သွေးမျိုးဆက်များသည် ကောင်းကင်တာအို၏ တန်ပြန်မှုကြောင့် ကြီးမားသည့် ကပ်ဘေးကြီးကို ခံစားခဲ့ရပြီး ဖြစ်၏။ သို့ပေမဲ့ ကောင်းကင်လျို့ဝှက် နန်းဆောင်းသခင်မှာတော့ ကောင်းကင်၏ လျို့ဝှက်ချက်များကို ထုတ်ဖော်ခဲ့သည်ဆိုသော်လည်း အဘယ့်ကြောင့် မည်သည့်အရာကိုမှ မခံစားရသနည်း။ ဤအရာသည် မမျှတလှချေ။
သွေးနတ်ဆိုးကလန်မှ အစီအစဉ်နှင့် မဟာဗျူဟာများသည် သိုသိုသိပ်သိပ်ဖြင့် လျို့ဝှက်စွာ ပြုလုပ်ခဲ့ကြသည့် အရာများ ဖြစ်ပြီး ကလန်၏ အဆင့်မြင့် ကျင့်ကြံသူများမှသာလျှင် သိရှိနိုင်မည့် အရာဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူများသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ပြီး သိရှိသွားလေသည်။ သောက်ကျိုးနည်းလှချေ၏။
လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်များကြား အချင်းချင်း ပဋိပက္ခဖြစ်ပွားကာ စစ်ပွဲကြီးဖြစ်လာအောင် ပြုလုပ်ခြင်းဖြင့် သွေနတ်ဆိုးကလန်သည် ကြီးမားသည့် အကျိုးအမြတ်ကို ရယူနိုင်လိမ့်မ်ဟု ရွှဲ့ရန်က တွက်ချက်ခဲ့သည်။ ထိုကဲ့သို့ တွက်ချက်ခဲ့သည့်အတွက် အချိန်တိုင်းလိုလိုပင် ကောင်းကင်တာအို၏ တန်ပြန်မှုများကိုလည်း ပြန်ခံခဲ့ရ၏။ ရွှဲ့ရန်တင်သာမက သွေးနတ်ဆိုးကလန် တစ်ခုလုံးသည်ပင် ထိုတန်ပြန်မှုကြောင့် ကပ်ဘေးသင့်ခဲ့ရသေးသည်။ အခက်အခဲများကြားမှ အခွင့်အရေးကို ရှာဖွေတွေ့ရှိချိန်မှာလည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ၎င်းတို့၏ အခွင့်အရေးကို ဖျက်ဆီးခဲ့ပြန်သည်။
"သေစမ်း"
ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည် ဝင်ရောက်ကာ လှုပ်ရှားတော့၏။ ၎င်း ပြောဆိုလိုက်သည့် အချိန်မှာပဲ အလင်းတန်းများ စီးဆင်းလာခဲ့ပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့၏။
အောက်တွင်ရှိနေသည့် လူများသည် ရေထဲ၌ နစ်မွန်းသွားခဲ့သကဲသို့ပင် ် အသက်ရှုမဝဖြစ်လာကြ၏။ မယုံကြည်နိုင်လောက်အောင် ထက်ရှလွန်းသော အော်ရာများသည် ထိုထဲတွင် ပါဝင်လျက် ရှိနေ၏။ မည်သူမှ လွတ်မြောက်မသွားနိုင်အောင် ရွှေကျီးကန်းကလန်၏ ကွာစီအင်ပါယာသည် ကြီးမားလှသည့် တိုက်ခိုက်ချက်ကို ထုတ်ဖော်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဟမ့်
ထိုကဲ့သို့ စွမ်းအားကောင်းလှသည့် တိုက်ခိုက်ချက်နှင့် ရင်ဆိုင်ရသည့် အခါမှာတော့ သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ ရောင်စဉ် အလင်းတန်းများ သူ့ဆီသို့ မရောက်ခင်မှာပဲ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏။ နတ်ဘုရားအလင်းတန်းများဖြင့် ထွန်းတောက်နေသည့် သူ၏ လက်သီးအစုံကို ထုတ်ဖော်ကာ တစ်ဖက်လူနှင့် တိုက်ခိုက်လိုက်၏။
ဘုန်း ……။
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ရောင်စဉ်အလင်းတန်းများသည် တည်နေရာ တစ်ခုလုံးကို ပြန့်နှံ့သွားစေခဲ့၏။ ချက်ချင်းပဲ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ ကြီးမားလှသော တွင်းများ ဖြစ်တည်လာခဲ့ပြီး လေဟာနယ်တစ်ခုလုံးသည်လည်း ကွဲအက်ကုန်သည်။
ကြည့်ရှုရမည်ဆိုလျှင် တည်နေရာကြီး တစ်ခုလုံးသည် အပျက်အစီး တည်နေရာကြီး တစ်ခုကဲ့သို့ပင် ပြောင်းလဲသွားခဲ့လေ၏။ တောင်များ ချောင်းများ အားလုံးတို့သည် မည်သည့်အခါကမှ မရှိခဲ့သလိုပင် ပျောက်ကွယ်ကုန်၏။