← Chapters

အခန်း (၂၄၀)

Vol. 17 Ch. 240

အခန်း (၂၄၀)

Vol. 17 Ch. 240

"နှစ်သန်းပေါင်းငါးဆယ် ကျော်လွန်ခဲ့ပြီ "

ကျောက်စိမ်းစင်မြင့်၏ အေပါ်မှာတော့ ကျောဖက်တွင် တောင်ပံတစ်စုံသော လူတစ်ယောက်သည် မတ်မတ်ရပ် လျက်ရှိ၏။ ၎င်း၏ ဆံနွယ်များသည် ကျောဖက်သို့ ကျဆင်းလျက် ရှိနေပြီး ၎င်းသည် ဘီလူးကဲ့သို့သော အသွင်အပြင်မျိုး ရှိသည်။ ၎င်းသည် ကောင်းကင်ယံတွင် ရှိနေသော အက်ကွဲကြောင်းတစ်ခုကို ကြည့်ရှုကာ နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။

"အစစ်အမှန်ပဲ"

ဘီလူးလို သတ္တဝါ ၏ ဘေးတဖက် လေထုတွင်တော့ အစစ်အမှန် ရှေးနဂါးစစ်ရထားကြီးကလည်း တည်ရှိနေ၏။ သာမန်ထက် ပိုကြီးမားလွန်းသော စစ်ရထားကြီးသည် ခမ်းနားလွန်းလှ၏။ ၎င်းမှ ထွက်ပေါ်နေသည့် အော်ရာများသည် တည်ရှိနေသူပေါင်းများစွာတို့ကို ကြက်သီးထစေခဲ့သည်။

"နှစ်သန်းငါးဆယ် ကုန်လွန်ပြီးတဲ့နောက်မှာ ကျုပ်တို့ ဘိုးဘေးတွေရဲ့ဆန္ဒကို ပြည့်စုံအောင် မဖြည့်စီးနိုင်သေးဘူး။ ကောင်းကင်မူလလောကကြီးက အားမနည်းဘူး။ လက်ရှိ အင်ပါယာတွေလည်း အများကြီးရှိတယ်။ လက်ရှိ သူတို့ရဲ့ အားအင်အဆင့်က ကျုပ်တို့ ခရမ်းရောင် နက်နဲလောကထက် ဘယ်လိုမှ အားမနည်းဘူး။ တကယ်လို့ လောကကြီး နှစ်ခုသာ စစ်ဖြစ်ရင် ဘယ်သူနိုင်မယ်ဆိုတာ ပြောရခက်လိမ့်မယ်" ဘီလူးကဲ့သို့သော သတ္တဝါ သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“ဟမ့် …”

နဂါးစစ်ရထားလုံးပေါ်တွင် ထိုင်နေသည့် သူသည် အေးစက်စက်ရယ်မောလိုက်၏။

"ရှေးမှတ်တမ်းတွေအရဆိုရင် ကောင်ကင်မူလကြီးက မျိုးနွယ်စုတွေ အတူယှဉ်တွဲနေထိုင်တဲ့ နေရာကြီးတဲ့။ ဒါပေမဲ့ သူတို့က အချင်းချင်း တိုက်ခိုက်နေကြတယ်လေ။ အားလုံးက ရက်စက်ကြတယ်။ သူတို့လက်မှာ သွေးစွန်းပြီးသားပဲ။ ကျုပ်တို့ သူတို့လောကကြီးကို ဖျက်ဆီးလိုက်မယ် ဆိုရင် တရားမျှတပါတယ်။ အတိတ်တုန်းက ကောင်းကင်မူလလောကထဲကို ဝင်နိုင်ခဲ့တဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ကျုပ်တို့ လောကမှာ ရှိခဲ့ဖူးတယ်။ သူက ညဏ်အလင်းကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်မူလလောကက အင်ပါယာက သူ့ကို တားဆီးခဲ့တယ်လေ။ အင်ပါယာကျန်းဖန်သာ တိတ်တဆိတ် ချောင်းပြီးတိုက်ခိုက်တာ မဟုတ်ဘူးဆိုရင် ကျုပ်တို့အင်ပါယာက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်လာခဲ့မှာ မဟုတ်ဘူး။ ချောင်းမြောင်း တိုက်ခိုက်တတ်တဲ့ အင်ပါယာ ဆိုတာ ဘယ်လိုလူမျိုး ဖြစ်မလဲ ခန့်မှန်းကြည့်စမ်း”

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဘီလူးကဲ့သို့သော သတ္တဝါ သည် ဖြေညှင်းစွာ ပြောလိုက်၏။ “ရှေးမှတ်တမ်းတွေကို အပြည့်အစုံတော့ မယုံသင့်ဘူး။”

“ဒါပေမဲ့ အင်ပါယာတစ်ယောက်ချန်ထားတဲ့ မှတ်တမ်းကိုမှ ကျုပ်တို့မယုံရင် ဘာကိုသွားပြီးတော့ ယုံမှာလဲ" နဂါးစစ်ရထားလုံးထဲတွင် ရှိနေသောသူသည် တုံ့ပြန်လိုက်၏။ “အရင်တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ရင် ကျုပ်တို့ဘက်က အင်ပါယာ သေဆုံးခဲ့တယ်ဆိုတာ မငြင်းနိုင်ဘူး”

ဘီလူးကဲ့သို့သော သတ္တဝါ သည်ဆက်လက်ကာ မငြင်းခုံတော့ချေ။ ထိုအစား ရှေ့တွင်ရှိနေသော အက်ကွဲကြောင်းကြီးကို ကြည့်ကာ ပြောလိုက်သည်။

"ရှေးကောင်းကင်မြို့က နှစ်ထောင်နဲ့ချီပြီးတော့ ရပ်တည်ခဲ့တာလေ။ ဒါပေမဲ့ တစ်ဖက်ကို ဖြတ်ကျော်ဖို့က စွမ်းအားမြင့်ကျင့်ကြံသူတွေ စောင့်ကြပ်နေကြတယ်။ နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့ နောက်မှာ သူတို့ ဒီနေရာကြီးကို မေ့နေလောက်ပါပြီ"

"သူတို့မလာရင် ကျုပ်တို့သွားလို့မရဘူးလား" နဂါးစစ်ရထားလုံးထဲတွင် ရှိနေသည့် သူသည် တင်းမာ ခက်ထန်စွာ ပြောလိုက်၏။

"မဟုတ်ဘူး"

ဘီလူးကဲ့သို့သော သတ္တဝါသည် အလောတကြီးဖြင့် တားဆီးလိုက်သည်။ "တည်နေရာ အက်ကွဲကြောင်းရဲ့ တခြားတစ်ဖက်မှာ အင်ပါရီယာ အော်ရာတွေ ထွက်နေတုန်းပဲ။ ကျုပ်ထင်တာ အင်ပါယာအဆင့်သတ်ဖြတ်ခြင်း အစီအရင် ဒါမှမဟုတ် အင်ပါယာအဆင့် နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။"

"ကောင်းကင်မူလလောကကြီးရဲ့ သက်ရှိတွေက အရမ်းကို ရက်စက်ပြီး သွေးဆာလောင်လွန်းတယ်။ ကျုပ်တို့သာ သွားရင် အဆုံးအစမဲ့တဲ့ ကပ်ဘေးတွေကို ဆွဲခေါ်လိုက်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်" စစ်ရထားလုံးပေါ်တွင် ရှိနေသော သူသည် လေးလေးနက်နက် အမူအရာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။

နှစ်ပေါင်းများစွာ အတွင်းတွင် ရှေးမှတ်တမ်းများမှတဆင့် ဤလောကကြီးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို သူတို့က သိရှိပြီးဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လောကကြီးတစ်ခု ဖြစ်ကြောင်း အားလုံးကလည်း ယုံကြည်လို့နေခဲ့သည်။

"ကျုပ်တို့ ခရမ်းရောင် နက်နဲ လောကက လက်ရှိမှာ တကယ်ကောင်းတဲ့ ခေတ်ကာလကို ရောက်နေပြီ။ အင်ပါယာတွေ ဘာတွေးနေလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ ရှားပါးတဲ့ အခွင့်အရေးမှာ ကျုပ်တို့ ဒါကို ကျော်ဖြတ်နိုင်မယ်ဆိုရင် …."

နဂါးစစ်ရထားလုံးထဲတွင် ရှိနေသည့် လူသည်စကားကိုဆုံးအောင်မပြောလိုက်ချေ။ သူ၏ဆိုလိုရင်းမှာ အစောကြီးကတည်းက ရှင်းလင်းနေပြီ ဖြစ်၏။ သူတို့အားကောင်းနေတုန်းသာ လှုပ်ရှားမှုကို မပြုလုပ်ဘဲ ကောင်းကင်မူလလောကကြီး အားကောင်းလာသည်ကို စောင့်ဆို်င်းနေပါက အသုတ်သင်ခံရမည့် သူများသည် သူတို့ဖြစ်သွားနိုင်၏။

"အင်ပါယာ မိုယွမ်က ဟိုဖက်ကို ကူးဖြတ်ဖို့ ပြင်ဆင်နေတယ်တဲ့" ဘီလူးကဲ့သို့သော သတ္တဝါသည် တွေးတွေးဆဆဖြင့် ပြောဆိုလိုက်သည်။

ရှေးကောင်းကင်မြို့တွင် ရှိနေသော အက်ကွဲကြောင်းကြီးသည် မှတ်တမ်းများအရ တစ်ဖက်လောကကို သွားလို့ရသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရာများ ပြည့်နှက်နေပြီး အဆုံးအစမဲ့ မှောင်မဲနေသော နေရာကြီးတစ်ခု ထဲသို့ ရောက်သွားနိုင်သည် ဟုလည်း ရေးမှတ်ထား၏။ လွယ်လွယ်ကူကူနှင့် လမ်းပျောက်သွားနိုင်၏။ ထို့ပြင် နေရာတိုင်းတွင် အင်ပါယာ အော်ရာများ တည်ရှိနေသောကြောင့် အင်ပါယာတစ်ယောက်များ ရှိနေမလား ဆိုသည်ကို အာမ မခံနိုင်ချေ။

သူတို့ ဟိုဖက်လောကသို့ ရောက်ရောက်ချင်း ကောင်းကင်မူလလောကမှ အင်ပါယာတစ်ယောက်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရလျှင် မည်သို့ဖြစ်မည်နည်း။ အခြေအနေသည် ဆိုးရွားစွာ အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့အနေဖြင့် လမ်းသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန် အရင်ဆုံး ပြင်ဆင်ရပေလိမ့်မည်။

"ဟမ်"

နဂါးစစ်ရထားလုံးပေါ်တွင် ရှိနေသော သူသည် ထိုစကား ကို ကြားရသည့် အခါမှာတော့ မျက်လုံးများ တောက်ပသွားခဲ့၏။

"အင်ပါယာမိုယွမ်က ဘိုးဘေးအတွက် လက်စားချေဖို့ ပြင်ဆင်နေပြီးသားဖြစ်မယ်။ ဒီလိုဆိုရင် ကျုပ် သူနဲ့အတူတူ ကောင်းကင်မူလလောကဆီ လိုက်သွားရမယ်"

"အလျင်လိုဖို့ မလိုဘူး။ အချိန်တချို့ စောင့်ရမယ်။ ဒါပေမဲ့ အဲအချိန်ကလည်း သိပ်ကြာတော့မယ်လို့ ကျုပ် မထင်ဘူး" ဘီလူးကဲ့သို့သော သတ္တဝါနှစ်သိမ့်လိုက်သည်။

တည်နေရာ အက်ကွဲကြောင်းကြီးသည် ကြုံရာလူလာရောက်၍ ဖန်တီးနိုင်သည့် အရာမျိုး မဟုတ်ချေ။ ဆန်းကြယ်လှသော အင်ပါယာမိုယွမ်ပင်လျှင် သေသေချာချာ အားစိုက်ထုတ်ကာ သွားရပေလိမ့်မည်။ ထိုအရာကြီး ပွင့်သွားသည်နှင့် မည်သည့်နေရာကို ရောက်ရှိသွားမည်မှန်း သေသေချာချာလည်း မသိရှိချေ။ တခြားသော အင်ပါယာတစ်ယောက်၏ တံခါးဝဆီသို့ ရောက်ရှိသွားပါက မည်သို့ဖြစ်မည်နည်း။ ချဉ်းကပ်သွားသည်နှင့် တိုက်ခိုက်ခြင်း ခံရနိုင်၏။ ပိုမိုဆိုးရွားသည်ဆိုပါက ပြန်လမ်းမရှိသော လမ်းဆီသို့ ရောက်ရှိသွားနိုင်၏။

ထိုကဲ့သို့သော စွန့်စားမှုသည် အမှန်ပင် အန္တရာယ် များလွန်းလှ၏။ ပိုမို၍ ဆိုးရွားသည်မှာ တစ်ဖက်ခြမ်းတွင် ကောင်းကင်မူလလောကကြီး တည်ရှိသည်ကို သိသော်လည်း မည်သည့်နေရာတွင်ရှိမှန်း တိတိကျ မသိရှိခြင်းပင်။ သူတို့၌ မြေပုံတစ်ခုသာ ရှိပါက မျက်ကန်းတောတိုး လျှောက်သွားနေစရာ လိုလိမ့်မည်မဟုတ်ဟု သုံးသပ်လိုက်မိသည်။

"ကောင်းကင်မူလလောက ခန့်မှန်းလို့ မရဘူး။ အင်ပါယာမိုယွမ်ကို အမှီအခိုပြုရုံနဲ့ လုံလောက်မယ် မထင်ဘူး"

နဂါးစစ်ရထားလုံးထဲတွင် ရှိနေသည့်သူသည် မျက်မှောင်ကုတ်ကာ စဉ်းစားနေရင်းမှ တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်၏။ ပထမသတ္တဝါငည် သူ၏အနောက်ဖက်တွင် ရှိနေသော စစ်သည်များကို လှမ်းကြည့်ကာ ပြောလိုက်၏။ "

"တည်နေရာ တည်ငြိမ်သွားပြီဆိုရင် ရှေးကောင်းကင်မြို့ရဲ့ အရှင်အနေနဲ့ ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ။ ကျုပ်တို့ ရှေးကောင်းကင်မြို့တော်က ရှေးသန်းနဲ့ချီတဲ့ အမွေအနှစ်တွေ ပိုင်ဆိုင်တယ်လေ။ ကျုပ်တို့သာ ကောင်းကင်မူလလောကထဲ ဝင်နိုင်မယ်ဆိုရင် ကျုပ်တို့ကို ခုခံနိုင်တဲ့ ဂိုဏ်းက အနည်းငယ်ပဲ ရှိလိမ့်မယ်"

All Chapters